ထူးထူးဆန်းဆန်း အိပ်မက်
( ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
--------------------------------------------------------------------------------------------
လူတိုင်း အိပ်မက်မက်ဖူးကြပါလိမ့်မည် ။ အမျိုးမျိုးအထွေထွေ
အိပ်မက်တွေကို မြင်မက်ကြပေမဲ့ အကုန်
အစုံ
မှတ်မိတာ ရှိသလို နိုးလာသည့်အခါ မရေမရာနှင့် မေ့ပျောက်သွားသည့်အိပ်မက်တွေလည်း ရှိပါလိမ့်မည်
။
စာရေးသူလည်း
အမျိုးမျိုးသောအိပ်မက်အစုံစုံ မြင်မက်ခဲ့ဖူးပါသည် ။ သို့ပေမဲ့ များသောအားဖြင့် တစ်စုံတစ်ဦးကို
ပြောပြလိုက်သည်ဖြစ်စေ…နိုးလာပြီးခဏအကြာတွင်ဖြစ်စေ…ထိုအိပ်မက်အကြောင်းသည်
မေ့မေ့ပျောက်ပျောက်
ပြီးဆုံးသွားစမြဲ
။ သို့သော် ယခုမြင်မက်သည့်အိပ်မက်မှာ ထိုသို့မဟုတ်သောကြောင့် ထူးထူးဆန်းဆန်းအိပ်မက်
ဟု
ခေါင်းစဉ် တပ်လိုက်ရခြင်းသာ ဖြစ်ပါတော့သည် ။
******************************************************************************
ကျွန်မသည်
စာရေးခြင်းအလုပ်ကို ဝါသနာပါသလို ဂမ္ဘီရအကြောင်းအရာများကိုလည်း စိတ်ဝင်စားသူတစ်ဦး
ဖြစ်ပါသည်
။ ကျွန်မဖခင်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်တာကြောင့် ဘိုးတော် မယ်တော်
အကြားအ
မြင်ပုဂ္ဂိုလ်တို့နှင့်
မကင်းလှ…လုပ်ငန်းကိစ္စများ အဆင်ပြေချောမွေ့စေရန် ပွဲပေးခြင်း ယတြာချေခြင်း ပသခြင်းများ
ကို
မကြာမကြာဆောင်ရွက်နေသောကြောင့် ကျွန်မကလည်း ထိုအကြောင်းအရာများကို တစေ့တစောင်း လေ့
လာကြည့်မိသည်
။
အဘတို့
မယ်တော်တို့ မ,လျှင် အမှန်ပင် စီးပွားတက်မည်ဆိုသည်မှာ ဟုတ်မှဟုတ်ပါ့မလားဟု သံသယလည်း
ရှိမိသည်
။ မချွင်းမချန်ပြောပြရလျှင် ကျွန်မမှာ ထိုအကြောင်းအရာများကို စိတ်ဝင်စားသူတစ်ဦးဖြစ်ပါသော်လည်း
ကျွန်မမိခင်နှင့်
စိတ်သဘောထားချင်းတူညီတာကြောင့် အယုံအကြည်တော့ မရှိပေ ။ ကျွန်မမိခင်မှာ ထိုကိစ္စများ
ကို
ဆောင်ရွက်ခြင်းသည် အပိုငွေကုန်စေခြင်းဟု သတ်မှတ်ထားသူ ဖြစ်သည် ။
ကျွန်မဖခင်သည်
နှစ်စဉ်နှစ်တိုင်း အဘဘိုးမင်းခေါင်ထွက်ပွဲကျင်းပရာ ပုပ္ပါးတောင်ကလပ်ဆီသို့ ကျွန်မတို့
မိသားစုနှင့်အတူ
မရောက်ရောက်အောင် သွားလေ့ရှိသည် ။ ပုပ္ပါးတောင်ကလပ်သည် ကျောက်ပန်းတောင်းမြို့
နယ်ရှိ
ပုပ္ပါးရွာတွင် တည်ရှိပြီး အလွန်အေးချမ်းသာယာသော ဒေသလေးဖြစ်သည် ။ ကျွန်မတို့မိသားစုမှာ
ထိုသို့
သွားရောက်စဉ်တိုင်း
စိုက်ပျိုးရေးရိပ်သာတစ်ခုတွင် တည်းခိုပြီး ပုပ္ပါးရွာ ဈေးတန်းလေးတွင် ထမင်းဟင်း ဝယ်ယူ
စားသောက်ရသဖြင့်
အပျော်ခရီးထွက်လာသည့်သဘောမျိုးဖြစ်တာကြောင့် အလွန်စိတ်လွတ်လပ်ပေါ့ပါးရသည် ။
နောက်တစ်နေ့
အဘထွက်ပွဲနေ့သို့ ရောက်သည့်အခါ ပုပ္ပါးတောင်ကလပ်ရှိရာတောင်ခြေသို့ ကားဖြင့် တစ်ဝက် ၊
ခြေလျင်တစ်ဝက်
ကြိုးကြိုးစားစား တက်ရသလို တောင်ခြေမှ တောင်ပေါ်သို့ ရောက်အောင်လည်း တိုးဝှေ့တွန်း
ထိုး
တက်ရသေးသည် ။
ပုပ္ပါးတောင်ကလပ်သည် အမှန်ပင် ကလပ်တစ်ခုနှင့်
ဆင်တူသလို ပုပ္ပါးတောင်မကြီးနှင့်လည်း ဘေးတိုက်
အနေအထားတွင်
တည်ရှိသည် ။ ပုပ္ပါးတောင်မကြီး မီးတောင်အသွင် ရှိခဲ့စဉ်က ချော်ရည်များစုပုံကာ ပုပ္ပါးတောင်
ကလပ်ဖြစ်ခဲ့ရသည်ဟု
ဖေဖေပြောပြ၍ ကျွန်မ သိခဲ့ရသည် ။ ကျွန်မတို့နှစ်စဉ်နှစ်တိုင်း သွားရောက်ခဲ့သော်လည်း
ကျွန်မမှာ
တောင်ပေါ်သို့ လူတိုးတက် ၊ ဘုရားကို ကဆုန်ပေါက် ရှိခိုး ၊ နေရာမျိုးစုံ၌ ဓါတ်ပုံရိုက်သောအလုပ်များ
မှလွဲ၍
ထူးထူးခြားခြား မကြုံတွေ့ခဲ့ရဖူး ။ သို့သော် လွန်ခဲ့သောနှစ်(မနှစ်)ကမူ ကျွန်မ ရေးသားမည့်
အိပ်မက်နှင့်
ပတ်သက်သည့်
ထူးဆန်းသောအကြောင်းအရာတစ်ခုကို ကြုံဆုံဖို့ရာ ကျွန်မတို့မိသားစု ထုံးစံအတိုင်း ပုပ္ပါးတောင်
ကလပ်ဆီသို့
သွားရောက်ခဲ့ကြသည် ။
ပုပ္ပါးတောင်ကလပ်အထက်တွင် မြူခိုးငွေ့တို့
ရစ်သိုင်းကာ တစ်ဦးနှင့်တစ်ဦးပင် မသဲကွဲလောက်အောင်
မှုန်မှိုင်းဖြူဝေလျက်
ရှိသလို အလွန်လည်း အေးမြချမ်းစိမ့်လို့ နေသည် ။ ကျွန်မ အနွေးထည်ဇစ်ကို လည်ပင်းနား
အထိ
ဆွဲတင်လိုက်ရင်း တစ်ဖက်တောင်မကြီးကို ငေးမောကြည့်နေမိသည် ။ တောင်မကြီးမှာလည်း မြူခိုးများ
ကြားတွင်
မှုန်ဝါးဝါးသာ မြင်တွေ့ရတော့သည် ။
“ သမီး သမီးကို သမီးဘဝဟောင်းက ဆွေမျိုးတွေ အမျက်ထွက်နေကြပြီ
။”
ကျွန်မ
အဝေးသို့ ငေးကြည့်နေစဉ် နဘေးမှ အသံတစ်သံကြောင့် ဖြတ်ခနဲ လှည့်ကြည့်လိုက်တော့ မုတ်ဆိတ်မွှေး
ထိုးထိုးထောင်ထောင်
ယောဂီရောင်ခေါင်းပေါင်းခပ်ညစ်ညစ်ကို ပေါင်းထားသော၊အထက်အောက် ယောဂီဝတ်စုံ
နှင့်
အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည် ။ အဘိုးအို၏လက်ထဲတွင်တော့ လက်ကိုင်ကို နဂါးဦးခေါင်းပုံ
ထွင်းထု
ထားသော
တုတ်ကောက်တစ်ခုကို ဆုပ်ကိုင်ထားသည် ။ ကျွန်မက ဒီအဘိုး ဘယ်သူ့ကိုများ ရည်ရွယ်ပြောနေပါ
လိမ့်…ဟူသောအတွေးဖြင့်
နဘေးပတ်ဝန်းကျင်ကို စောင်းငဲ့ကြည့်ရှုလိုက်သည် ။
“ ဒီက သမီးကို ပြောနေတာ ။ သမီးက စနေသမီး ဟုတ်တယ်
မဟုတ်လား ။”
ကျွန်မက
အဘိုးအို၏ပြောစကား မှန်နေသည်ကြောင့် အူကြောင်ကြောင်နှင့် ခေါင်းညိတ်အဖြေပေးလိုက်သည်
။
စိတ်ထဲ၌လည်း
ဒီအဘိုး ငါ့ကို ဘာတွေလာဟောနေတာပါလိမ့်…ဟု တွေးနေမိသည် ။
“ အိမ်း…လူဆိုတဲ့အမျိုးက မသိလို့ မိုက်နေကြတာပဲလေ
။ သမီးရဲ့ဟိုးဟိုဘဝက တော်စပ်ခဲ့တဲ့ဆွေတော်မျိုး
တော်တွေကို အသေအချာ မေတ္တာပို့သ အမျှအတန်း ပေးဝေလိုက်ဦး
။ သူတို့ကို သမီးက မေတ္တာမပို့သလို့
အမျက်တော် ရှနေကြတယ် ။”
ကျွန်မက
ဘာရယ်ညာရယ် မသိသော်လည်း ခေါင်းညိတ်အဖြေပေးလိုက်မိသည် ။ အဘိုးအို လှည့်ထွက်သွားမည်
ပြင်ခါမှ
ကျွန်မ တစ်စုံတစ်ရာကို မေးမြန်းဖို့ သတိရသွားမိသည် ။
“ ဟို…ဟို အဘိုး သမီး ဆွေတော်မျိုးတော်တွေဆိုတာ
ဘာတွေလဲဟင် ။ သမီးမှ မသိတာ ။ ဘာကို ရည်စူးပြီး
မေတ္တာပို့သရမှာလဲ ။”
“ သြော်…နဂါးမင်း နဂါးမယ်တော် နဂါးသိုက်မှ ဆွေတော်မျိုးတော်တွေလို့
ရည်မှန်းပြီး မေတ္တာပို့ ဟုတ်ပြီလား ။”
အဘိုးအိုက
စကားဆုံးသည်နှင့် တုတ်ကောက်ကို ထောက်ကာထောက်ကာ ဆက်လျှောက်သွားသည် ။ ကျွန်မ
မှာသာ
အူလည်လည်ဖြင့် ကျန်ရစ်ခဲ့သည် ။ သို့ပေမဲ့ အယုံမလွယ် သံသယများသည့်ကျွန်မ ထိုကိစ္စကို
ခဏလေး
အတွင်းပင်
မေ့ဖျောက်ထားလိုက်တော့သည် ။
ထိုအဖြစ်အပျက်က တစ်နှစ်ခန့် ကြာခဲ့ပါပြီ ။ အယုံအကြည်
မရှိလှသော ကျွန်မကိုယ်တိုင်လည်း မေ့မေ့
ပျောက်ပျောက်
ရှိနေခဲ့သော်လည်း တိုက်ဆိုင်သောအကြောင်းအရာတစ်ခုက ပေါ်ပေါက်လို့ လာသည် ။ တစ်နေ့
ကျွန်မသူငယ်ချင်းများနှင့်
သာဓုကန်ဘုရားသို့ အလည်သွားကြပြီး ကန်နဘေး အုတ်ခုံလေးတွင် ထိုင်ကာ စကား
စမြည်ပြောဆိုကြစဉ်
ကျွန်မစိတ်တွေ ဘယ်လိုဖြစ်လာသည် မသိ…။ တစ်စုံတစ်ခုကို သတိရတမ်းတကာ ငိုကြွေး
ချင်လာသည်
။ နို့ပေမဲ့ ကျွန်မစိတ်ကို ကျွန်မ ထိန်းသိမ်းပြီး သူငယ်ချင်းများကို ဖျားချင်သလို ဖြစ်လာလို့
ဟု အ
ကြောင်းပြကာ
ကျွန်မတို့ ပြန်ခဲ့ကြသည် ။
ထိုသို့အဖြစ်အပျက်မျိုးကို
ကျွန်မ အသက်ဆယ့်သုံးနှစ်ခန့်ကလည်း ကြုံခဲ့ဖူးသည် ။ ထိုစဉ်က ကျွန်မတို့
မိသားစု
ပန်းတစ်ပွင့်တောင်သို့ ဘုရားဖူးသွားခဲ့ကြသည် ။ ပန်းတစ်ပွင့်တောင်မှာ မှော်ဘီမြို့နယ်ထဲတွင်
တည်ရှိ
ပြီး
တောင်ပေါ်တွင် ပန်းတစ်ပွင့်တောင်ဆရာတော် တည်ထားသော စေတီ ရှိသည် ။ တောင်ခြေမှ တောင်ပေါ်အ
ထိ
တက်လမ်းလှေကားလက်တန်းများတွင် နဂါးရုပ်ကြီးနှစ်ကောင်ကို ထွင်းထုထားသလို တောင်ပေါ်တွင်လည်း
နဂါးများက မြတ်စွာဘုရားကို မိုးလေဒဏ်မှ ကင်းဝေးစေရန်
အုပ်မိုးပေးထားသောနဂါးဘုရားဆင်းတုများ မြောက်
များစွာကို
ထုဆစ်အပူဇော်ခံထားသည် ။ တောင်ထိပ်မှ အခြားတစ်ဖက်သို့ မျှော်ကြည့်လိုက်လျှင် အလွန်သာယာ
လှပသော
ဆည်တစ်ဖြစ်လဲ ကန်ကြီးတစ်ကန်ကို တွေ့မြင်နိုင်သည် ။ ပါးစပ်ရာဇဝင်ဟုပင်ဆိုဆို တစ်ချိန်က
ထို
ကန်ကြီးတွင်
နဂါးများ မြူးထူးကျက်စားခဲ့သည်ဟု ပြောစမှတ်ပြုကြသည် ။
ထူးဆန်းသည်မှာ ထိုနေရာဒေသသို့ ကျွန်မ
တစ်ကြိမ်တစ်ခါမျှ မရောက်ရှိဖူးပါဘဲ ထိုဒေသကို ကျွန်မ
အတွေးစိတ်ကူးထဲတွင်
အကြိမ်ကြိမ်အခါခါ မြင်ယောင်ခဲ့ဖူးသည် ။ ကျွန်မ မြင်ယောင်ခဲ့သည်မှာ တောင်ပေါ်တွင်
စေတီတစ်ဆူ
ထိုမှမျှော်ငေးကြည့်လိုက်လျှင် အလွန်သာယာလှပသော ကန်ကြီးတစ်ကန် ။ ပန်းတစ်ပွင့်တောင်
ပေါ်သို့
ကျွန်မ ရောက်ရှိသည့်အခါ ကျွန်မစိတ်ကူးထဲက နေရာလေးကို ရောက်ရှိသွားသလို ခံစားမိပြီး
တစ်စုံတစ်
ခုကို
သတိတရဖြစ်ကာ ငိုချင်လာမိသည် ။ ထိုစဉ်က ကျွန်မအသက်ဆယ့်သုံးနှစ်သာ ရှိသေး၍ ကျွန်မမိဘများက
ကျွန်မ
စားချင်တာ မစားရသဖြင့် ဂျီကျသည်ဟု ယူဆခဲ့ကြသည် ။ ယခုမူ ကျွန်မ ထိုအဖြစ်မျိုးနှင့် တိုက်တိုက်ဆိုင်
ဆိုင်
လာတူနေသောကြောင့် ဘာကြောင့် ထိုသို့ ဝမ်းနည်းရသည်ကို ကျွန်မ ဘယ်လိုမျှ စဉ်းစားတွေးခေါ်၍
မရ ။
ထိုနေ့ညတွင်ပင်
အိပ်မက်က စတင်ပါတော့သည် ။
အိပ်မက်ထဲတွင် ကျွန်မ တစ်ယောက်တည်း မဟုတ်
။ ကျွန်မနှင့်ညီအစ်မတမျှ ခင်မင်ရင်းနှီးသော အချစ်
ဆုံး
သူငယ်ချင်းတစ်ယောက်နှင့် ပန်းခြံတစ်ခုထဲတွင် လျှောက်သွားနေကြသည် ။ (သူကိုယ်တိုင်လည်း
စနေသမီး
ဖြစ်ပြီး
နဂါးသိုက်မှ လာသည်ဟု ငယ်စဉ်ကတည်းက အကြားအမြင်ဆရာမတစ်ယောက် ဟောခဲ့ဖူးသော်လည်း
သူကတော့
ကျွန်မကဲ့သို့ပင် အယုံအကြည် မရှိပေ ။) ပန်းခြံသည် ကျွန်မ မြင်ဖူးသော အမျိုးသားကန်တော်ကြီး
ပန်းခြံ
မဟာဗန္ဓုလပန်းခြံတို့နှင့် မတူ ။ အတော့်ကို ထူးထူးခြားခြား သာယာလှပလွန်းနေသည် ။ ပန်းမျိုးစုံတို့
ညီညီညာညာဖူးပွင့်ဝေဆာနေပြီး ပန်းတို့ကလည်း အရောင်စုံအသွေးစုံ ပုံသဏ္ဍာန်မျိုးစုံ…။ နောက်ပြီး
နေရာ
တိုင်းတွင်
ရေတံခွန်လေး စမ်းချောင်းလေးများ စီးဆင်းသွားလာယှက်သန်းလို့နေသောကြောင့် ကျွန်မစိတ်ထဲတွင်
အေးချမ်းပျော်ရွှင်နေမိသည်
။
ကျွန်မတို့နှစ်ယောက် လျှောက်သွားရင်း တစ်နေရာအရောက်
ရေကန်ကြီးတစ်ကန်ကို ဘွားခနဲ တွေ့မြင်
လိုက်ရသည်
။ ရေကန်ကြီးသည် စိမ်းညို့နေသလို ကြာနီကြာဖြူတို့နှင့် အလွန်သာယာအေးမြလို့နေ၍ ကျွန်မ
ကန်ဘောင်နဘေး
ကျောက်တောင်များကို ကိုင်တွယ်ရင်း လျှောက်သွားမိသည် ။ ကန်ကြီးသည် ဒန်အိုးကြီးလို
ပုံသဏ္ဍာန်မျိုးဖြစ်၍
ကန်စပ်နား၌ပင် အတော်နက်ရှိုင်းပုံရပြီး ကန်ဘောင်ကလည်း ရေနှင့်လူတစ်ရပ်ခန့် ဝေးကွာ
တာကြောင့်
ကျွန်မ ချော်မကျစေရန် အတော်သတိထားပြီး သွားရသည် ။
ထိုစဉ် ကန်အတွင်းမှ ဝုန်းခနဲ ရေဂယက်ရိုက်သံများနှင့်အတူ
ရေထဲမှ ယောက်ျားကြီးခြောက်ဦးခုနစ်ဦးခန့်
ပေါ်လာသည်
။ ယောက်ျားကြီးများမှာ အပေါ်ဗလာကျင်းဖြစ်ပြီး အသားအရေ နီကျင်ကျင်ညိုတိုတိုအရောင်မျိုး
ဖြစ်သည်
။ ခါးတစ်ဝက်ကတော့ ရေထဲတွင် နစ်လျက်ရှိသည် ။ ထိုသူတို့ကို မြင်တော့ ကျွန်မ အထိတ်တလန့်
ဖြစ်သွားကာ
ကျွန်မသူငယ်ချင်း ကျန်ရစ်ခဲ့ရာကန်တစ်ဖက်ဆီသို့ ကျောက်တောင်များကို ကုတ်တွယ်ရင်း အပြေး
ပြန်လာသော်လည်း
ကြောက်လန့်သည့်စိတ်ကြောင့် ကျွန်မလက်များက ကတုန်ကယင်နှင့် မခိုင်မြဲတော့ ။
“ အမလေး…”
လူကလည်း
ခြေချော်လက်ချော်နှင့် ပြုတ်ကျတော့မလို ဖြစ်သွားတာကြောင့် ကျွန်မ ကြောက်လန့်တကြား အော်
ဟစ်လိုက်မိပေမဲ့
တော်သေးသည်က ပြုတ်ကျမသွားဘဲ နဘေးမှ ကျောက်တုံးကြီးကို အတင်းဖက်ထားမိသည် ။
ထိုအခိုက်
ရေထဲက လူထွားကြီးထံမှ စကားသံ ထွက်ပေါ်လာသည် ။
“ အေး…ပုံစံကိုက ခုထိ မရင့်မကျက်နဲ့ ။ ပြောရခက်ပါဘိ…ငါတို့ကိုလည်း
သတိတောင် မရတော့ဘူး ။ ကဲ…
မှာစရာရှိတာပဲ မှာခဲ့လိုက်တော့မယ် ။ မေတ္တာပို့
အမျှဝေ ကြားလား…။”
အသံက
သြသြရှရှဖြစ်ပေမဲ့ ရင်းရင်းနှီးနှီးရှိသည့်အသံမျိုးဖြစ်တာကြောင့် ကျွန်မ နဂိုကလောက်
ထိတ်လန့်မှု မရှိ
တော့။
တစ်ခုထူးဆန်းသည်မှာ အိပ်မက်ထဲတွင် ထိုသူတို့ကို လူယောင်ဖန်ဆင်းထားသောနတ်နဂါးများဟု
ကျွန်မ
စိတ်က
အလိုလို သိရှိသွားခြင်းပင်…။ သို့ကြောင့်လည်း ကျွန်မက…
“ အာ…ဟို ဟို မေတ္တာပို့ အမျှဝေပါတယ် ။ ကျွန်မ
ဘုရားရှိခိုးတိုင်း သတ္တဝါအားလုံးကို မေတ္တာပို့ အမျှဝေနေ
ကျပါ ။”
ဟု
အထွန့်တက်လိုက်သေးသည် ။
“ မဟုတ်ဘူး ။ နောင်ဆို နဂါးမင်း နဂါးမယ်တော်
နဂါးသိုက်မှ ဆွေတော်မျိုးတော်အပေါင်းကို မေတ္တာပို့ပါ
တယ် ။ အမျှဝေပါတယ်လို့ ရည်စူးရေရွတ်ပြီး သီးသီးသန့်သန့်ပို့ပေး…။
”
ထိုလူကြီးက
ကျွန်မကို ဆူသလိုငေါက်သလို မှာတမ်းခြွေသလို အသံခပ်ပြတ်ပြတ်ဖြင့် ပြောဆိုပြီးနောက် ရေ
အောက်သို့
ပြန်လည်ငုပ်လျှိုးသွားကြတော့သည် ။
ထိုစဉ် ကျွန်မ အိပ်နေရာမှ လန့်နိုးလာခဲ့သည်
။ မနက် မိုးမလင်းသေးသော်လည်း ကျွန်မ ပြန်အိပ်လို့ မရ
တော့
။ အိပ်မက်က ယခုပင် ချက်ချင်း ဖြစ်ပျက်သွားသလို ခံစားရသည် ။ အိပ်မက်ဆိုသည်မှာ အစွဲအလန်းတစ်
ခုခုကြောင့်သာ
မြင်မက်ရခြင်းဖြစ်သည်ဟု ဆိုရအောင်ကလည်း ကျွန်မ ထိုအိပ်မက်ကို မြင်မက်ရန် ထိုအိပ်မက်
နှင့်ပတ်သက်သည့်
မည်သည့်အကြောင်းအရာကိုမျှ စွဲလန်းမနေခဲ့ ။ တွေးရင်းတွေးရင်းနှင့် လွန်ခဲ့သည့်နှစ်က
ပုပ္ပါး
တောင်ပေါ်တွင်
အဘိုးအို ပြောသွားသောစကားကို ရုတ်တရက် သတိရလိုက်မိသည် ။
“ သမီးကို ဆွေတော်မျိုးတော်တွေက အမျက်ထွက်နေပြီ
။”
အယုံအကြည်
မရှိလှသော်လည်း သတ္တဝါတွေကို မေတ္တာပို့ အမျှပေးဝေတာ ကုသိုလ်ရတဲ့အလုပ်ပဲလေဟု တွေး
ကာ
ထိုနေ့မှစ၍ ကျွန်မ ထိုသူတို့ကို သီးသီးသန့်သန့် မေတ္တာပို့သ အမျှပေးဝေခဲ့သည် ။
ထိုအိပ်မက် မေ့မေ့ပျောက်ပျောက်ဖြစ်လုဖြစ်ခင်မှာပင်
အရေးပေါ်ကိစ္စတစ်ခုက ပေါ်ပေါက်လာခဲ့သည် ။
ထိုကိစ္စက
ငွေရေးကြေးရေးကိစ္စ ။ ကျွန်မမိဘများ လုပ်ငန်းကိစ္စနှင့် ပတ်သက်၍ နယ်သို့ နှစ်လခန့် သွားနေရခိုက်
ကျွန်မတို့ညီအစ်မတတွေပဲ
ကျန်ရစ်ခဲ့စဉ် အဖေ့ဘက်မှ ဆွေမျိုးများ လာရောက်လည်ပတ်ကြသည် ။ နယ်မှ လာ
ကြခြင်းဖြစ်တာကြောင့်
အိမ်၍ ပျော်သလောက်နေမည်ဟု သဘောထားကာ ရွှေတိဂုံဘုရား တိရစ္ဆာန်ဥယျာဉ်ကဲ့
သို့
ရန်ကုန်မြို့ရှိ အထင်ကရနေရာအားလုံးကို ကျွန်မတို့အား လိုက်ပို့ခိုင်းသည် ။ ကျွန်မမိဘများက
ကျွန်မတို့ကို
စည်းစနစ်နှင့်
ထားခြင်းဖြစ်တာကြောင့် ကျွန်မတို့သုံးယောက် လောက်ငှရုံလောက်သာ ပိုက်ဆံကို ထားရစ်ခဲ့၍
ကျွန်မတို့မှာ
ကြားထဲက အနေရအထိုင်ရကျပ်ကာ ငွေရေးကြေးရေးအတွက် ခေါင်းရှုပ်လာကြရသည် ။ မိဘတွေ
ဆီ
ငွေလှမ်းတောင်းဖို့ကလည်း မရဲ ၊ ဆွေမျိုးတွေကို အကျိုးအကြောင်း ဖွင့်ပြောဖို့လည်း မဝံ့နှင့်
ဆွေမျိုးတွေ
ရောက်လာပြီး
တစ်ပတ်ကျော်လောက်တွင် ကျွန်မတို့နှစ်လစာသုံးဖို့ မိဘတွေ ထားရစ်ခဲ့သည့်ပိုက်ဆံမှာ အနည်း
ငယ်သာ
ကျန်တော့သည် ။
“ မမကြီးရေ ပိုက်ဆံလည်း နည်းနည်းပဲ ကျန်တော့တယ်
။ အဒေါ်တွေ အဘွားတွေကို ပြောပြလိုက်ရင်
ကောင်းမလား ။”
“ ဟာ…မဖြစ်ပါဘူး ။ တော်ကြာ အမျိုးတွေက သူတို့ကို
မသဒ္ဒါလို့လို့ ထင်နေမှ ခက်မယ် ။ ကြံကြပါဦးဟာ ။”
အစ်မအကြီးနှစ်ယောက်ပင်
ကြံစည်မရသည့်ကိစ္စကို ကျွန်မလည်း ဘာမျှ ဝင်မကြံတတ် ။ အားလုံးကလည်း
ကျောင်းသားအရွယ်တွေချည်း
ဖြစ်တာကြောင့် ငွေရှာဖွေဖို့ဆိုတာကလည်း မဖြစ်နိုင် ။ မိဘတွေ ပြန်လာရန်ကို
သာ
ဆုတောင်းရင်း အဆင်ပြေစေဖို့ ဘုရားအကြိမ်ကြိမ် ရှိခိုးနေမိသည် ။
ထိုနေ့ညက အိပ်ခါနီး ဘုရားရှိခိုးအပြီးတွင်
ထုံးစံအတိုင်း မေတ္တာပို့သ အမျှပေးဝေသည် ။ စိတ်ထဲမှ ဘာ
ရယ်မဟုတ်
တိုင်တည်ကြည့်လိုက်မိသည် ။
“ ဟိုးဟိုဘဝက ဆွေတော်မျိုးတော်တို့ သင်တို့ကို
ကျွန်မ နေ့စဉ်နေ့တိုင်း မေတ္တာပို့သ အမျှပေးဝေပါတယ် ။
ယခု ကျွန်မတို့အိမ်မှာ ငွေကြေးအဆင်မပြေဖြစ်နေပါတယ်
။ ဒါ့ကြောင့် ကူညီလို့ရရင် အကူအညီပေးကြပါ ။”
စိတ်ထဲရှိသလို
တိုင်တည်လိုက်ရင်း အိပ်ရာဝင်ခဲ့လိုက်သည် ။ ထိုနေ့ညတွင်လည်း အိပ်မက်မက်ပြန်သည် ။
အိပ်မက်ထဲတွင် တစ်ခါမျှမရောက်ဖူးသော ဘုရားတစ်ဆူတွင်
ကျွန်မ ပုတီးစိပ်နေခိုက် ယောက်ျားတစ်
ယောက်
မိန်းမတစ်ယောက် ကျွန်မအနားသို့ ရောက်လာသည် ။ ကျွန်မ ပုတီးစိပ်ပြီး၍ ကြည့်လိုက်သည့်အခါ
ကျွန်မအိမ်သို့
ရောက်နေသော အဒေါ်နှင့်ဦးလေး ဖြစ်နေသည် ။ ကျွန်မအဒေါ်နှင့်ဦးလေးက ကျွန်မကို ထမင်း
ဆိုင်သို့
ခေါ်သွားကာ သူတို့စိတ်ကြိုက် ထမင်းဟင်းမျိုးစုံ မှာစားကြသည် ။ ကျွန်မကို သူတို့နှင့်
အတူစားရန် ပြော
သော်လည်း
စားသောက်ပြီး ကုန်ကျသမျှ ကျွန်မ ရှင်းပေးရမည်ကို ကြိုသိနေတာကြောင့် ကျွန်မ စားမဝင်တော့
။
ကျွန်မ
ထိုင်နေတုန်း ကျွန်မအစ်မလတ် ကျွန်မအနားသို့ ရောက်လာပြီး နားနားသို့ကပ်ကာ စကားတစ်ခွန်း
တိုးတိုး
ပြောလိုက်သည်
။
“ ပွင့်ရေ…ငါ့မှာ ငွေမရှိတော့ဘူး ။ ငါတော့ ပြေးပြီ
။”
ထိုသို့ပြောပြီး
အမှန်ပင် သူ ထွက်ပြေးသွားသည် ။ ကျွန်မမှာလည်း ပိုက်ဆံတစ်ပြားမှမရှိတာကြောင့် ဘုရားဘုရား
ငါတော့
အိုက်တိုးပဂေးဆန်ရတော့မယ့် ကိန်းပဲဟု တွေးကာ ရင်လေးနေစဉ်…
ထမင်းဆိုင်ထဲသို့ မိန်းမကြီးတစ်ဦး ဝင်လာသည်
။ ကျွန်မမျက်လုံးထဲတွင် ထိုအမျိုးသမီးကို ရင်းရင်းနှီးနှီး သိ
နေသလို
ခံစားမိသဖြင့် ထိုမိန်းမကြီးကို ငေးကြည့်နေလိုက်သည် ။ မိန်းမကြီးဟုဆိုသော်လည်း အသက်သုံးဆယ့်
ငါးနှစ်လောက်သာ
ရှိသေးပုံရပြီး အပေါ်အင်္ကျီအနီတစ်ဝက် အစိမ်းတစ်ဝက်အဆင်ကို လုံချည်စိမ်းရင့်ရင့်နဲ့ တွဲ
ဖက်ဝတ်ဆင်ထားသည်
။ အသားဖြူပြီး အကြည့်စူးရှရှဖြစ်သည် ။ ထိုအမျိုးသမီးက ကျွန်မကိုမြင်တော့ တစ်ချက်
ပြုံးပြပြီး
ကောင်တာတွင် ဆိုင်ရှင်နှင့် စကားပြောလျက် ရှိသည် ။
အစားအသောက်အလွန်ခုံမင်သော ကျွန်မအဒေါ်လင်မယားသည်
မှာထားသမျှကို နှစ်ကိုယ်အတူ ကုန်စင်
အောင်
စားပြီးနောက် ထိုင်နေရာမှ ထသွားကြတော့သည် ။ ကျွန်မမှာတော့ ထပြေးရကောင်းနိုးနိုး ဆိုင်ရှင်ကိုပဲ
ပြေးတောင်းပန်ရကောင်းနိုးနိုး
တွေးဆနေတုန်း စားပွဲထိုးလေးက စားပွဲလာရှင်းလေသည် ။
“ မောင်လေးရေ…ဘယ် ဘယ်လောက်ကျလဲဟင် ။”
“ဆိုင်ရှင်နဲ့ ရှင်းလိုက်ပါ အစ်မ ။ ကျွန်တော်တို့က
စားပွဲရှင်းတာလောက်ပဲ တာဝန်ယူထားလို့ ။”
စားပွဲထိုးလေး၏စကားကြောင့်
ကျွန်မ ဆိုင်ရှင်ကို အားနာနာနှင့်ပင် ကုန်ကျစရိတ်ကို သွားမေးလိုက်သည် ။
“ သြော်…အစ်မက ညီမ သွားပြီတောင် ထင်တာ ။ နှစ်သောင်းလေးထောင်
ကျတယ် ။”
ဈေးနှုန်းက
မသက်မသာ…စားတာတွေကလည်း များတာကိုး ။ ကျွန်မ အချိုသာဆုံးပြုံးပြရင်း ဆိုင်ရှင်ကို တောင်း
ပန်ရတော့သည်
။
“ ဟို…ဟိုလေ ကျွန် ကျွန်မမှာ ရှင်းစရာ ပိုက်ဆံမပါဘူး
အစ်မ ။”
ဘာ…ခနဲ
အော်လိုက်တော့မလားဟု ကျွန်မ ထိတ်လန့်နေပေမဲ့…
“ ညီမကလည်း…ညီမတို့ဝိုင်းက ရှင်းပြီးသားလေ ။”
ကြားလိုက်ရတဲ့စကားကြောင့်
ကျွန်မနား ကျွန်မ မယုံနိုင်အောင် ဖြစ်သွားမိသည် ။
“ ရှင်…ဘယ် ဘယ်လို ။ ဘယ်သူ ရှင်းသွားတာလဲ ။”
“ ခုနက အနီအစိမ်းဝမ်းဆက်နဲ့ မိန်းမလေ ။ သူ ရှင်းပေးသွားတာ
။”
“ သြော်…ဟုတ်လား ။”
ကျွန်မ
ဝမ်းသာအားရ ရေရွတ်ရင်း ထိုအမျိုးသမီးကို ကျေးဇူးတင်စကား ပြောချင်တာကြောင့် လိုက်ရှာဖွေကြည့်
နေစဉ်
အိပ်မက်က လန့်နိုးလာခဲ့ပြန်သည် ။ ထူးဆန်းသည်မှာ အိပ်မက်ထဲတွင် ထိုအမျိုးသမီးကို လူယောင်
ဖန်
ဆင်းထားသော
နဂါးမဟု အလိုလို သိနေပြန်လေသည် ။
စိတ်ကူးယဉ်အိပ်မက်တွေပင်ပြောပြော တစ်ခါတစ်လေ
တိုက်ဆိုင်မှုတွေက ဆန်းကြယ်လွန်းလှသည် ။
ကျွန်မတို့ညီအစ်မတွေ
ပိုက်ဆံပြတ်တော့မည်ဖြစ်သောကြောင့် ကြောက်ကြောက်လန့်လန့်နှင့် မိဘတွေဆီ အ
ကြောင်းကြားရန်
ဆုံးဖြတ်လိုက်ခိုက် အိမ်သို့ ဧည့်သည်တစ်ယောက် ရောက်လာသည် ။ အိပ်မက်ထဲက နဂါးမ
တော့
မဟုတ်…။ မေမေ့သူငယ်ချင်းဟု ပြောကာ ကျွန်မတို့သုံးယောက်ကို တစ်ယောက် မုန့်ဖိုးတစ်သိန်းစီ
ပေး
ခဲ့လေသည်
။ ကျွန်မတို့သုံးယောက် အားတုံ့အားနာနှင့် အကြောက်အကန်ငြင်းဆန်ကြသေးပေမဲ့ ထိုဧည်သည်
အန်တီက
အတင်းအကြပ်ပေးသွားတာကြောင့် ကျွန်မတို့ လက်ခံထားလိုက်ရသည် ။ တိုက်ဆိုင်ပုံမှာ ထိုအမျိုး
သမီးသည်လည်း
အထက်အနီ အောက်အစိမ်းရင့် ဝတ်စုံကို ဝတ်ဆင်ထားပြီး အသားဖြူဖြူနှင့် ဖြစ်သည် ။
အမျိုးတွေက တစ်ပတ်ခန့်ထပ်နေပြီး ပြန်သွားကြသည်
။ အမျိုးတွေ ပြန်သွားပြီး သုံးရက်ခန့်အကြာတွင် မိဘ
တွေ
ပြန်ရောက်လာကြသည် ။ မိဘများက ဆွေမျိုးတွေ ရောက်လာသည်ကို ဖုန်းဆက်အကြောင်းမကြားသော
ကြောင့်
ကျွန်မတို့ကို ဆူပူကာ ပိုက်ဆံမလောက်မငှနှင့် တစ်ခါတစ်ရံမှသာ လာလည်တတ်သောဆွေမျိုးတွေများ
အဆင်မပြေဖြစ်သွားလေမလားဟု
စိုးရိမ်နေကြသည် ။ သို့ကြောင့်လည်း ကျွန်မအစ်မတွေက မေမေ့မိတ်ဆွေ အ
မျိုးသမီးကြီး
ရောက်လာကာ မုန့်ဖိုးပေးသွားသောကြောင့် အဆင်ပြေသွားကြောင်း ရှင်းပြလိုက်သောအခါ မေမေ
ခမျာ
အရမ်းကို တအံ့တသြဖြစ်သွားရတော့သည် ။
“ ဟယ်…ဘယ်သူလဲ ။ မေမေ့မှာ အဲသလောက် ရက်ရောပြီး
ငွေကြေးအဆင်ပြေတဲ့ မိတ်ဆွေမရှိပါဘူး ။”
“ အာ…မေမေကလည်း
သူက မေမေ့ကို အရမ်းခင်တာတဲ့ ။ နိုင်ငံခြားမှာ အနေကြာတာ ကြာပြီတဲ့ ။ မြန်မာ
ပြည်လာလည်တုန်း အမေ့ကို တွေ့ချင်လို့ လာခဲ့တာတဲ့
။ အို စုံလို့ စုံလို့ ။ သူက ညီမလေးကိုလည်း အရမ်း
ချောတာပဲလို့ ပြောသွားသေးတယ် ။ ဘာတဲ့…နာမည်က……သြော်…ဒေါ်နန်းနွယ်ရီဆိုပဲ
။”
“ အယ်…မရှိပါဘူး ။ မေမေတို့ငယ်ငယ်က ခရမ်းမှာ ကြီးခဲ့တာဆိုတော့
ဒီလို အပေါင်းအသင်းမျိုးလည်း မရှိခဲ့
ပါဘူး ။ နင့်အဖေ အသိဆို တော်သေး ။ အံ့သြစရာ…။”
မေမေတို့တတွေ
တအံ့တသြဖြစ်နေကြပေမဲ့ ကျွန်မကတော့ မအံ့သြမိ ။ ထိုအန်တီကြီးကို ကျွန်မအိပ်မက်ထဲမှ
အမျိုးသမီးဟု
ယုံကြည်နေမိသည် ။
အိပ်မက်အမျိုးမျိုးကို ကျွန်မ မြင်မက်ခဲ့ဖူးပေမဲ့
ယခုပြောပြခဲ့သည့် အိပ်မက်နှစ်ခုကတော့ ကျွန်မဘဝအတွက်
အဆန်းတကြယ်ဖြစ်စေခဲ့သည်ဟုဆိုလျှင်
မှားမည်မထင်…။ တိုက်ဆိုင်မှုဟု ဆိုလျှင်လည်း ဆိုနိုင်ပါသည် ။ မည်
သို့ပင်ဖြစ်စေ…ဘာသာတရား
ကိုင်းရှိုင်းပြီး သတ္တဝါတွေအပေါ် မေတ္တာပို့သသောအကျိုးများကို ကျွန်မ ပြန်လည်
ခံစားရခြင်းဟုသာ
ယုံကြည်နေမိပါတော့သည် ။
စေတနာရှေ့ထားလျက်
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။