စွဲလမ်းဝိညာဉ်
( ၂၀၁၂ စက်တင်ဘာလထုတ် ပြစ်မှုမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ဂါဦးနွန်းကို ...... ရေးသားသည် ။
---------------------------------------------------------------------------------------------
လူဟူသော အမျိုးသည် အရာရာကို စွဲလန်းတတ်ကြသည် ။
ဘာမဟုတ်တဲ့ သွားတိုက်တံလေးက အစ
…နောက်ဆုံး
ကိုယ် ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများအထိ စွဲလန်း တွယ်တာ တတ်ကြသည်မှာ
ပုထုဇဉ်လူသားများ
သာ
ဖြစ်သည် ။ ထို့သို့ စွဲလန်းတတ်ခြင်း ကြောင့်လည်း သေလွန်သွားသောအခါ မကျွတ်မလွတ်သော
ပေတ ဟူ
သည့်
စွဲလန်းခြင်း ဝိညာဉ်များ ဖြစ်တည်နေကာ မိမိတွယ်တာ စွဲလန်းရာ အနီးအနားတွင် ဝေ့ဝဲ တည်ရှိနေတတ်
ကြသည် ။
ယခု ကျွန်မတို့ သွားရောက်ခဲ့သော လေ့လာရေး ခရီးစဉ်တွင်လည်း မိမိ နေရာ ဒေသလေးကို
စွဲလန်း
တွယ်တာပြီး
မကျွတ်လွတ်သေးသော စွဲလန်းခြင်းခရီးသည် တစ်ယောက် နှင့် တွေ့ကြုံခဲ့ရပါသည် ။
ကျွန်မတို့ ဘူမိဗေဒ ကျောင်းသူ ကျောင်းသား တစ်စုသည်
ရှမ်းပြည်နယ် ပျဉ်ညောင်ဒေသသို့ လေ့လာ
ရေး ခရီး
ထွက်လာခဲ့ရပါသည် ။ ဤ ခရီးစဉ်သည် ကျွန်မ တို့လို ဂုဏ်ထူးတန်း တက်ရောက် သင်ကြားနေသော
ကျောင်းသား
ကျောင်းသူများ အတွက် အထူး အဆန်း ခရီးစဉ် တစ်ခု မဟုတ်သဖြင့် လုပ်ရိုးလုပ်စဉ်
သွားရိုး သွား
စဉ် ပုံစံများ
အတိုင်း ကျွန်မတို့အဖွဲ့ ရထားစီးကာ ခရီး ထွက်ခဲ့ကြသည် ။ ရထားသည် ရန်ကုန် ဘူတာမှ
တအိအိ ခုတ်မောင်း ထွက်ခွာ လာခဲ့သည် ။ ရထားစီးရသည်မှာ ကားစီး ရသည်နှင့် မတူညီပါပေ ။
ရထားသည် ခပ်ဖြည်း
ဖြည်း
လှုပ်ရမ်း နေပြီး ရထားဘေး မြင်ကွင်း တွေကလည်း ရိုးရှင်း ဆင်တူ နေခြင်းကြောင့်
ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းလှပါသည် ။ ပျင်းပျင်းဖြင့် အိပ်ငိုက် သွားလိုက်တာ
မည်မျှ ကြာသွားသည် မသိ ။ သူငယ်ချင်းများ လှုပ်
နိုးလိုက်၍
သာစည်ဘူတာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည် ။ သာစည်ဘူတာမှ
ပျဉ်ညောင်ဆီသို့
ရထားပြောင်း
စီးရဦးမည် ဖြစ်၍ အထုပ်အပိုးများ ကိုယ်စီဆွဲကာ ရထားပေါ်မှ ဆင်းခဲ့ကြသည် ။
ပျဉ်ညောင်သို့
ရောက်တော့ ညနေစောင်းနေပြီ ။ ယခင်နှစ်များ field ဆင်းစဉ်က ဆရာများကိုသာ အားကိုး
နေတတ်သော ကျွန်မတို့ တတွေ ယခုတော့
ကိုယ့်အားကိုယ်ကိုးရတော့မည် ။ ပျဉ်ညောင်ဘူတာမှ (ဘိလပ်မြေ
ထုတ်လုပ်ရန်) ထုံးကျောက် ရှာဖွေရေး စခန်းဆီသို့
ခြေလျင် လျှောက်ခဲ့ကြသည် ။ သူငယ်ချင်းများ နှင့် တပျော်
တပါးကြီးမို့ မောသည်ဟုပင် မထင် ။ စုစုပေါင်း လူက ငါးယောက်
။ မိန်းကလေး လေးယောက် ၊ ယောက်ျားလေး
က တစ်ယောက် ဖြစ်သည် ။ အားလုံး သူငယ်ချင်းများ ဖြစ်ကြ၍
စကြ နောက်ကြ ဖြင့် ထုံးကျောက် ရှာဖွေရေး
စခန်း ရှိရာသို့ ရောက်ရှိခဲ့ကြသည် ။ စခန်းမှ
တာဝန်ရှိသူ အကိုကြီးနှစ်ဦးက ဆီးကြို ဧည့်ခံကြသည် ။
“ ညီမတို့က ဆရာကြီးလွှတ်လိုက်တဲ့
ကျောင်းသားတစ်စု ထင်တယ် ။”
“ ဟုတ်ပါတယ်ရှင့် ။ ကျွန်မတို့က ဘူမိဗေဒ
ဂုဏ်ထူးတန်း ကျောင်းသူတွေပါ ။”
ကျွန်မတို့
အဖွဲ့ထဲမှ သွက်သွက်လက်လက်ရှိသူ ဇာခြည်သွေးက ဖြေလိုက်သည် ။
“ လာကြ…လာကြ ။ ဆရာကြီးက ကျောင်းသားတွေ
လာရင် နေရာ ထိုင်ခင်း ကူညီဖို့ အကိုတို့ကို တာဝန်
ပေးထားတာ ။”
ဆရာကြီးဆိုသည်မှာ
ကျွန်မတို့ တက္ကသိုလ်မှ ဆရာကြီး ဦးကျော်မြင့်မှူးကို ဆိုလိုခြင်းဖြစ်သည် ။ ထိုသူ နှစ်ဦး၏
နောက်သို့
ကျွန်မတို့အဖွဲ့ လိုက်လာခဲ့ကြသည် ။ ဝင်ဝင်ချင်း အိမ်၏ အနောက်ဘက်ရှိ ဘန်ဂလိုသဖွယ်
ဆောက်
လုပ်ထားသော
တဲအိမ်ကလေးတွင် ကျွန်မတို့ အဖွဲ့ကို နေရာ ချပေးကြသည် ။ အိမ်ကလေးသည် တဲအိမ်လေး
ဖြစ်သော်လည်း
နေချင်စဖွယ် ဆောက်လုပ်ထားသည် ။ အိမ်ရှေ့မျက်နှာစာ တွင်လည်း အမိုးကလေး ထုတ်ထား
ပြီး
ကွပ်ပျစ် ခပ်သေးသေး တစ်ချပ်ကိုလည်း ခင်းထားသေးသည် ။ အိမ်အတွင်းတွင် အခန်း နှစ်ခန်း
ကန့်ထားပြီး နောက်ဘက် နောက်ဖေးခန်း အနီးတွင် အခန်းငယ် တစ်ခန်း ကိုလည်း
ထုတ်ထားသေးသည် ။ ကျွန်မတို့ အဖွဲ့
သည်
လူငယ်များပီပီ အိမ်ကလေး အတွင်းသို့ ပြေးဝင် သွားကြပြီး အထုတ် အပိုးများကို ချကာ
ခြေပစ် လက်ပစ်
ထိုင်ချလိုက်ကြသည်
။
“ ကဲ…အားလုံး နားကြဦး ။
အကိုတို့နာမည်တွေလည်း မှတ်ထားကြ…အကိုက ကျော်သူ ၊ သူက နန္ဒ ။
ဒီမှာ အကိုတို့က တာဝန်ခံတွေပေါ့ ။ နောက်ပြီး
စာရေးမကြီး ဒေါ်နန်းမူ ဆိုတာလည်း ရှိတယ် ။ သူက
ဒီမှာ မနေဘူး ။ အကူအညီ လိုအပ်ရင် ပြော ။”
အရပ်မြင့်မြင့်
အသားညိုညိုနှင့် ထိုသူနှစ်ဦးကို ကြည့်ကာ ရှမ်းလူမျိုးမှဟုတ်ပါ့မလားဟု သံသယဖြစ်လာ၍
ကျွန်မ
စပ်စုလိုက်မိသည် ။
“ ဟို…အကိုတို့က ရှမ်းလူမျိုးလား ? စကားသံက
သိပ်မဝဲဘူးနော် ။”
“ မဟုတ်ပါဘူးဗျာ ။ အကိုတို့က အညာသားတွေပါ ။
ဘူမိနဲ့ ကျောင်းပြီးတော့ ဒီမှာ အလုပ် ရအောင် ဆရာ
ကြီး ကူညီခဲ့တာ ။ ကဲ…ရေချိုးချင်
ချိုးကြဦး ။ ခဏနေရင် ဒေါ်နန်းမူ ဆီက ထမင်းဟင်း အကူအညီ
တောင်း
ပေးမယ် ။ အကိုတို့ကတော့ ဒီမှာ ဖြစ်သလိုပဲ စားကြတာ ။ အရင်ကတော့ ခွန်သိုက် ချက်ကျွေး
သေးတယ် ။”
ကိုကျော်သူ၏
စကားကြောင့် ကိုနန္ဒ မျက်စိ မျက်နှာ ပျက်သွားသည် ။ ဘာကြောင့် မျက်စိ မျက်နှာ ပျက်ရသလဲ
တော့
မသိ ။ ကျွန်မတို့အဖွဲ့လည်း နေရာ ထိုင်ခင်းပေးသည်ကိုပင် အားနာလှပြီ ဖြစ်၍
အစားအသောက်အတွက်
ဒုက္ခ
မပေးလိုသဖြင့်…
“ နေ…နေပါစေ ။ ကျွန်မတို့အဖွဲ့မှာ
မိန်းကလေး များသားနဲ့ ။ ကျွန်မတို့ဘာသာပဲ ချက်စားပါ့မယ် ။”
“ ဟုတ်ပါတယ် ။ အကိုတို့ တတွေ ဒုက္ခမရှာပါနဲ့
။ သူတို့က မိန်းကလေးတွေပဲ ။ ချက်ပါစေ ။ ကျွန်တော်တို့
ဘာသာပဲ
ချက်ပြုတ်စားပါ့မယ် ။”
ကျွန်မတို့အဖွဲ့ထဲမှ
တစ်ဦးတည်းသော ယောက်ျားလေးက ခပ်မြှောက်မြှောက် ပြောလိုက်၍ အားလုံး မျက်ပြင်း
ကပ်သွားကြသည်
။ သို့ပေမဲ့ ရန်မဖြစ်လိုသဖြင့် ဘာမှ ပြန်မပက်ဖြစ်တော့ဘဲ ထိုအကိုများထံမှ အိုးခွက် ပန်းကန်
အနည်းငယ်ကိုသာ
တောင်းယူကာ ထမင်းဟင်း ချက်ပြုတ်ရန် ပြင်ဆင်ကြသည် ။
ကျွန်မတို့ အဖွဲ့ရေမိုးချိုးပြီးနောက် အဖွဲ့ထဲမှ
ဇာခြည်သွေး နှင့် ကေသီဖူးတို့ ချက်ပြုတ်ထားသော
ထမင်းနှင့်
ကြက်ဥကြော်၊ဟင်းနုနွယ်ဟင်းချိုဖြင့် မြိုန်မြိုန်ကြီး တီးပစ်လိုက်ကြသည် ။
ရှမ်းပြည်နယ်၏ ရာသီဥတု အေးအေးဖြင့် ထမင်းဟင်း ပူပူနွေးနွေးက အလွန် ပနာရလှသည် ။ အားလုံး
တစ်နေကုန် ပင်ပန်းလာကြ သဖြင့် စားသောက်ပြီးသည်နှင့် အိပ်ရာအိပ်ခင်းပြင်ကာ
လှဲကြတော့သည် ။ လူက စုစုပေါင်းငါးယောက် ဖြစ်သော်လည်း
ယောက်ျားလေးက
တစ်ယောက်တည်း ပါ၍ ဝင်ဝင်ချင်း ပထမဆုံး အခန်းထဲတွင် သူ တစ်ယောက်တည်း အိပ်ရ
ရှာသည်
။ ကျွန်မတို့ မိန်းကလေး လေးယောက်က အတူတူ အိပ်ကြမည် ပြင်သော် သွဲ့မြင့်လှိုင်က
တစ်စခန်း
ထလေသည်
။
“ အမလေး
! အခန်းကျဉ်းလေးထဲမှာ လူ လေးယောက် မအိပ်နိုင်ပါဘူးဟယ် ။ မီးဖိုချောင် ဘေးခန်းလေးမှာ
ငါ သွားအိပ်မယ် ။”
“ သွဲ့…ဖြစ်ပါ့မလား ။ နင် တစ်ယောက်တည်း ။
မကြောက်ဘူးလား ?”
ဇာခြည်သွေးက
ခပ်တိုးတိုးမေးလိုက်ပေမဲ့ သွဲ့မြင့်လှိုင်ကတော့ အာကျယ်အာကျယ် အော်ပြောလိုက်သည် ။
“ ဟား…ဟား…ဘာကြောက်ရမှာလဲ ? သရဲလား ?
ကြောက်ပေါင် ။”
သွဲ့မြင့်လှိုင်က ကြောက်ပေါင်ဟု ခပ်မော့မော့
ပြောလိုက်သဖြင့် ကျွန်မ မြင်ပြင်း ကပ်သွားသည် ။ ဒီလူ နှင့်
ဒီလူ
မကြောက်တတ်ပါဘူး ဆိုလျှင်တောင် ထိတ်တတ် လန့်တတ် သူတွေမှန်း ကျွန်မ သိနှင့်ပြီးသား
။ ထစ်ခနဲ
ဆိုလျှင်
အမလေး…အဘလေး တသူများတွင် သူတို့က ထိပ်ဆုံး ။
“ နင် မကြောက်လည်း ပြီးတာပဲဟယ် ။ နောက်မှ
သရဲနဲ့ တွေ့ခဲ့ပါပြီလို့ လာမပြောနဲ့ ။”
ကျွန်မ
အမြင်ကပ်ကပ်ဖြင့် စကားသေနတ် ပစ်သွင်းလိုက်သည်ကို သွဲ့မြင့်လှိုင်က လျှာကလေးတစ်လစ် ထုတ်ပြ
ကာ
တုံ့ပြန်လိုက်သည် ။
ညည့်ကား တဖြည်းဖြည်း နက်လာချေပြီ ။ တောထဲ တောင်ထဲတွင်
ဖြစ်၍ တောပန်း တောင်ပန်းရနံ့များ ဝေ့ဝဲ
သင်းကြိုင်နေပြီး
ပုဇဉ်းရင်ကွဲ အော်သံ ၊ တောက်တဲ့အော်သံများဖြင့် တစ်မျိုး တစ်ဘာသာ ဆန်းပြားလျက် ရှိလေ
သည်
။ ရာသီကလည်း ချမ်းစီးစီးဖြစ်၍ ကျွန်မတို့ သုံးယောက် စောင်ခြုံအတွင်းတွင်
ကွေးနေကြမိသည် ။ ကျွန်မ
၏
အတွေး စိတ်ကူးများ ပျံ့လွင့်နေ၍ အိပ်မပျော်သေးပေ ။ ဟိုဘက် အခန်းတွင် တစ်ယောက်တည်း
အိပ်နေရှာ
သော
စိုးထက်အောင် တစ်ယောက် အိပ်ပျော်နေပြီလား ? ဒီအကောင်က ခပ်ခြောက်ခြောက်ရယ်နှင့်
ကြောက်က
လည်း
ကြောက်တတ်သေးသည် ။ တစ်ဖွဲ့လုံးတွင် သူ တစ်ဦးတည်း ယောက်ျားပါလို့ အားကိုးရလိမ့်မည်
မထင်
နှင့်
။ ထစ်ခနဲ ငိုပြီဆို သူ ထိပ်ဆုံးက ။ အထုပ် အပိုးတွေဆို ကူသယ်ခိုင်း ရမည်ဟု မတွေးနှင့်
။ မိန်းကလေးတွေ
က
သူ့ကို ကူ မသယ်ပေးရအောင် ကြည့်ကြပ်ရှောင်နေရသည် ။ သူက ထိုသို့သော ယောက်ျားမျိုး ။ အသား
ဖြူ
ဖြူ
နှင့် ခင်မင်စရာကောင်းသော သူငယ်ချင်း တစ်ယောက် ဖြစ်၍ ကျွန်မတို့က စိုးစိုးဟု
နောက်ပြောင် ခေါ်တတ်
ကြသည်
။
ကျွန်မ အတွေးများကို ဖြတ်တောက်ပြီး
အိပ်ဖို့ ကြိုးစားကြည့်လိုက်သည် ။ တစ်နေကုန် ပင်ပန်း နေပါ
လျက်နှင့်
ကျွန်မ အိပ်မပျော်နိုင်သေးပေ ။ ထို့ကြောင့် ဟိုအကြောင်း
ဒီအကြောင်းတွေးရင်းမှေးနေလိုက်မိသည် ။
သူငယ်ချင်းတွေ
နှင့် မအိပ်ပါဘဲ မီးဖိုချောင်ဘေးက အခန်းလေးတွင် တစ်ကိုယ်တည်း အိပ်နေရှာသော သွဲ့မြင့်
လှိုင်ကို
သတိရသွားပြန်သည် ။ ကျွန်မတို့ အင်မတန်မှ ခင်မင်ကြ ပေမဲ့ လူ တစ်ကိုယ် စရိုက် တစ်မျိုး
ပေမို့ တစ်
ယောက်
နှင့် တစ်ယောက် အကျင့် စရိုက်ချင်း တော့ မတူညီကြပါပေ ။ သွဲ့မြင့်လှိုင်က အမြဲတမ်း တစ်ယောက်
တည်း
အိပ်စက်တတ်သူ ဖြစ်သည် ။ တစ်နေကုန် တပူး တွဲတွဲ နေတတ် သော်လည်း ညအိပ်လျှင် တစ်ဦးတည်း
အိပ်စက်တတ်သော သူ့အကျင့်ကို ကျွန်မတို့ အတတ်နိုင်ဆုံး နားလည်ပေးကြရသည် ။ သို့သော်
ယခုကဲ့သို့ လူ
နည်းရုံသာမက
ဆရာ သမားများ မပါသော ဤ ခရီးစဉ်တွင် သွဲ့မြင့်လှိုင် တစ်ယောက်တည်း မအိပ်စက်သင့်ဟု
ကျွန်မ တွေးမိသည် ။
“ ဟဲ့
! ပါကြီး…”
နဘေးမှ ကေသီဖူးက လက်ကလေး အသာကုပ်ကာ
ကျွန်မကို ခပ်တိုးတိုး ခေါ်လိုက်၍ ကျွန်မ့ အတွေးများ ကွယ်ပျောက်သွားပြီး သူ့ဆီသို့
အာရုံရောက်သွားသည် ။
“ ဟဲ့
! နင် မအိပ်သေးဘူးလား ?”
ကျွန်မ့အမေးကို
ကေသီဖူးက ခေါင်းညိတ်ပြလိုက်ပြီး နှုတ်ခမ်းနားသို့ လက်ညှိုးကလေး ထောင်ပြကာ
တိုးတိုးနေ
ခိုင်းလိုက်၍
ကျွန်မ ပါးစပ်ပိတ်ကာ သူ့ဆီမှ စကားကိုသာ နားစွင့်နေလိုက်မိသည် ။
“ နင် အသံကြားလား ?”
ကေသီဖူးက
စကားကို အစမရှိ အဆုံးမရှိ ပြောချလိုက်သဖြင့် ကျွန်မ အူကြောင်ကြောင် ဖြစ်သွားသည် ။
“ နင့်စကားကလည်း…ငါက ဘာကြားရမှာလဲ ?”
“ ဂစ်တာသံလေဟာ ။ ဂစ်တာသံ…”
ကေသီဖူး
ပြောမှ ကျွန်မ အာရုံစိုက်ကာ နားထောင်ကြည့်လိုက်မိတော့ ဟုတ်ပါသည် ။ Rဇာနည် ၏
ရှင်းပြခွင့်
ပေးပါ
သီချင်းကို အသေအချာ တီးခတ်နေသည့် ဂစ်တာသံ လွင်လွင်လေး ။
“ အမယ်
! ဘာများလဲလို့ ။ ဘာလဲ ? နင်က ဂစ်တာပိုင်ရှင်လေးကို စိတ်ဝင်စားလို့လား ?”
“
သေပါလားဟဲ့ ။ ငါက ဒီအချိန်ကြီး ဘယ်သူများ ဂစ်တာတီးမလဲလို့ ။ သ…သရဲများလား လို့ ?”
ကေသီဖူးက ထိုသို့သော လူမျိုးဖြစ်သည် ။ သရဲဝတ္ထုများ
ဖတ်ရှုကာ ထစ်ခနဲဆို သရဲ ထင်တတ်သည် ။
“
မဟုတ်ပါဘူးဟယ် ။ ဟိုအကိုတွေ ဂစ်တာတီးတာ နေမှာပါ ။ ဘယ်သရဲက ဂစ်တာတီးမှာလဲ ။ ဦးနှောက်
ကိုက…ကဲ ! ငါတို့ အိပ်ကြစို့ ။”
ကျွန်မ့မျက်လုံးများ မှေးစင်းစ ပြုလာ၍ တစ်ဖက်သို့
လှည့်ကာ အိပ်လိုက်တော့သည် ။
ရှမ်းပြည်နယ်၏ ရာသီဥတုက အသည်းခိုက် လုအောင်
ချမ်းအေး လှသလို ကြည်နူး ပျော်ရွှင်ဖွယ်
လည်း ကောင်းလှသည် ။ ကျွန်မတို့ မနက်စာအဖြစ်
ရှမ်းခေါက်ဆွဲကို ဒေါ်နန်းမူက ဈေးမှ အပြန်တွင် ဝယ်လာ
ပေးသည် ။ မနက်စာ စားသောက် ပြီးသွားသောအခါတွင်
ကျွန်မတို့ အဖွဲ့သည် ထုံးကျောက်ရှာဖွေ တူးဖော် နေ
ရာများသို့ သွားရောက် လေ့လာကြရသည် ။ မှတ်စရာ ရှိသည်များကို
စာအုပ်များဖြင့် မှတ်ယူခြင်း ၊ မရှင်းလင်း
သည်များကို မေးမြန်းခြင်းများ ပြုလုပ်ရင်း နေ့လည် မွန်းတည်ချိန်
လောက်တွင် တည်းခိုရာ နေရာသို့ ပြန်ရောက်
လာခဲ့ကြသည် ။ ကျွန်မ တစ်လမ်းလုံး သတိထားမိသည်မှာ
တစ်လမ်းလုံး သွဲ့မြင့်လှိုင်၏ မျက်နှာမှာ မသာမယာ
ဖြစ်နေသည် ။ သို့ကြောင့် တဲအိမ်ကလေး အရောက်တွင် ကျွန်မ
မနေနိုင်တော့၍ သွဲ့ကို မေးလိုက်မိသည် ။
“ ဟဲ့ ! သွဲ့…နင် ဘာဖြစ်နေတာလဲ ?
မျက်နှာကလည်း သုန်မှုန်လို့ ။”
“
ပါကြီး…ဟို… ငါ နင့်ပဲ ပြောပြမှာနော် ။ တစ်ခြား ဘယ်သူ့ကိုမှ နင်ပြန် မပြောရဘူး ။
ဟိုဟာမတွေက သိပ်
ဆရာ
လုပ်တာ ။”
သွဲ့မြင့်လှိုင်က ဘေးဘီကို တစ်ချက် လှည့်ကြည့်ရင်း
ကျွန်မ့ကို ခပ်တိုးတိုး ပြောလိုက်သည် ။ တစ်ခြား သူငယ်
ချင်း များကို မသိစေလိုသော သူ့ဆန္ဒကြောင့် ကျွန်မ
ပြန်မပြောပါဘူးဟု ကတိပေးလိုက်သည် ။
“ ဒီလိုဟ
။ မနေ့ညကလေ ငါ တစ်ရေးနိုးတော့ အပေါ့အပါး ထသွားတယ် ။ ငါ အိမ်သာက ပြန်လာတော့
မီးဖိုနားက
အဖြတ်မှာ ငါ့အခန်းထဲက လူတစ်ယောက် လှစ်ခနဲ ထွက်ပြေးသွားတာကို ငါ မြင်လိုက်ရတယ် ။
ငါ
အသေအချာ မြင်လိုက်ရတာဟ ။ မီးဖိုနဲ့ ငါ့အခန်းက ဘယ်လောက် ဝေးလို့တုန်း ။ ငါလည်း
ပစ္စည်းတွေ
ဘာတွေများ
ခိုးသလားလို့ စိတ်ပူသွားတာပေါ့ ။ ဒါပေမဲ့လေ အခန်းထဲ ရောက်တော့ ငါ ဘာတွေ့တယ်လို့
နင် ထင်လဲ ?”
အရေးထဲမှ
သွဲ့မြင့်လှိုင်က ပဟေဠိတွေ ဝှက်နေသေးသဖြင့် ကျွန်မ အနည်းငယ် ကျွဲမြီးတိုသွားမိသည်
။ ထို့
ကြောင့်…
“
ဘယ်သိမလဲ ။ နင်ပြောပြမှ သိမှာပေါ့ ။”
“
သြော်…နင်ကလည်း ။ ပြောပြမှာပေါ့ ။ ဘာတွေ့သလဲဆိုတော့ အခန်းထောင့်မှာ ဂစ်တာ တစ်လုံး
ထောင်
ထားတာဟ
။ ငါလေ ခုထိကို နားမလည်နိုင်သေးဘူး ။ ဟိုအကိုကြီး နှစ်ယောက်ထဲက တစ်ယောက်
ယောက်က
ဘာအတွက်ကြောင့် ဒီအခန်းထဲမှာ ဂစ်တာ လာထားရတာလဲ ? သူတို့က ဟိုဘက် အဆောင်
မှာ
နေတာလေ ။ ထားချင်းထား သူတို့ အခန်းမှာ ထားပေါ့ ။”
သွဲ့မြင့်လှိုင်
ပြောသည့်အတိုင်း အနည်းငယ် ထူးဆန်းနေတာတော့ အမှန်ပင် ။ သို့ပေမဲ့ သက်သက်မဲ့ အထင်
အမြင် လွဲကုန်မည် စိုး၍ ကျွန်မ သူ စိတ်သက်သာအောင်သာ
ပြောလိုက်မိသည် ။
“ ငါတို့
အဲ့သည့် အခန်းမှာ နေမှန်း သူတို့ မသိလို့ နေပါလိမ့်မယ် ။ အခန်းထဲ ဝင်ပြီး ဂစ်တာ ထားပြီးကာမှ
နင်နေမှန်း
သိသွားလို့ ထွက်ပြေးတာ နေမှာပေါ့ ။ စိတ်ထဲ မထားပါနဲ့ဟာ ။”
သွဲ့မြင့်လှိုင်က အေး ဟု ပြောလိုက်သော်လည်း
သူ့မျက်ဝန်းထဲတွင်တော့ တစ်စုံတစ်ယောက်ကို သံသယ ဖြစ်
နေပုံရ၍ ကျွန်မ သက်ပြင်း ချလိုက်မိသည် ။
သွဲ့မြင့်လှိုင်က သူ့ မိသားစု တွင် အငယ်ဆုံး သမီးလေး ဖြစ်၍ အနည်းငယ်
ဆိုးနွဲ့တတ်သည် ။ တစ်ခုခုကို မကျေ မနပ် ဖြစ်လျှင် ဗွမ်းဗွမ်းကြီး
ဖြေရှင်းတတ်သဖြင့် ကျွန်မတို့က ကြားကပင် ဝင်ထိန်းပေးရသည် ။ ယခုလည်း
သူ့စိတ်ဓါတ်ကို သိ၍ ကျွန်မ ရင်လေးနေမိသည် ။
သို့သော်
ရင်လေးစရာများက လျော့နည်းမသွားသည့် အပြင် တစ်ခုပြီးတစ်ခု တိုးလာရလေတော့သည် ။
ညနေခင်းတွင် ကျွန်မတို့ တဲရှေ့ ကွပ်ပျစ်လေးတွင် ဝိုင်းဖွဲ့ထိုင်ကာ ယနေ့
လေ့လာခဲ့ကြသည့် အကြောင်း
အရာ များကို တစ်ယောက် နှင့် တစ်ယောက် အပြန်အလှန်
ဆွေးနွေး ပြောဆိုလျက် ရှိသည် ။ ကျွန်မတို့ အဖွဲ့
သည် ဤ ထုံးကျောက်ရှာဖွေရေး စခန်းရုံးတွင် သုံးညအိပ်
သုံးရက် နေရမည် ဖြစ်ပြီး စခန်း လေးခုကို လေ့လာ
ရေး ဆင်းရမည် ဖြစ်သည် ။ စားသောက်ရေး အတွက်ကတော့
အလှည့်ကျ ချက်ပြုတ်ကြရမည်သာ ဖြစ်သည် ။
ကျွန်မတို့ ထိုသို့ ဝိုင်းဖွဲ့ ပြောဆိုနေကြစဉ် ကိုကျော်သူ
နှင့် ကို နန္ဒ တို့သည် ကျွန်မတို့ ရှိရာဆီသို့ လျှောက်လာ
ကြသည် ။
“
ဘယ်လိုလဲ ? ငါ့ ညီမတို့ရော ၊ ငါ့ညီရော ညက အိပ်ပျော်ကြရဲ့လား ? အစားအသောက် ကော အဆင်
ပြေလား
? ”
“
ဟုတ်ကဲ့ ။ အားလုံး အဆင်ပြေပါတယ် ။”
ကျွန်မက သွဲ့မြင့်လှိုင် တစ်ခုခု ပြောမည်ကို
စိုးရိမ်မိသဖြင့် ခပ်သွက်သွက်ပင် ဖြေလိုက်မိသည် ။ သွဲ့မြင့်လှိုင်ကို
တစ်ချက်ကြည့်လိုက်တော့ မျက်နှာ စူပုတ်ပုတ်ဖြင့်
တစ်ဖက်သို့ လှည့်လျက် ရှိသည် ။ သွဲ့မြင့်လှိုင် ဘာမှ မပြော
၍ ကျွန်မ စိတ်သက်သာရာ ရသွားစဉ် ကေသီဖူးက တစ်ဇာတ် ကပြန်သည်
။
“ ညက
ဂစ်တာသံလေးက အရမ်း နားထောင်လို့ ကောင်းတာပဲ ။ ဘယ် အကို တီးတာလဲ ? ကေသီ စီးရီး
ထုတ်ပေးမယ်လေ
။”
ကေသီဖူး၏
စကားကြောင့် ထိုအကိုနှစ်ဦး အူကြောင်ကြောင် ဖြစ်သွားရှာသည် ။ အမှန် ပြောရရင် ကျွန်မ
ကိုယ်တိုင်လည်း ဂစ်တာ ပိုင်ရှင်လေးဟာ ဘယ်သူဘယ်ဝါဆိုတာ
ရိုးရိုးသားသား စိတ်ဝင်စား နေမိသည် ။
သို့သော်…
“ ဘယ်…ဘယ်လို ! ညက ဂစ်တာသံ ကြားသေးတယ် ။
ဟုတ်…ဟုတ်လား ။”
ကိုကျော်သူ၏ အထစ်ထစ် အငေါ့ငေါ့ မေးရင်း
တုန်တုန်လှုပ်လှုပ် ဖြစ်သွားရှာသော သူ့အမူအရာကြောင့် ကျွန်မ့
အံ့သြသွားမိသည် ။
“ ဟုတ်ပါ့
။ ဂစ်တာ တီး မတီးတော့ မသိပါဘူး ။ ဒါပေမဲ့ ဂစ်တာကြီးကိုတော့ သွဲ့အခန်းထဲ လာ ထားသွား
သေးတယ်လေ
။”
ဒီတစ်ခါတော့ အတော် ပြောချင်နေတဲ့ သွဲ့မြင့်လှိုင်က
ဝင်နှောက်လိုက်၍ ကိုနန္ဒပါ မျက်နှာပျက်သွားပြီး…
“ တောင်းပန်ပါတယ်ဗျာ
။ မနေ့က ဒီကောင် အရက်မူးပြီး လျှောက်လုပ်နေတာ ထင်ပါရဲ့ ။ အနှောက်အယှက်
ဖြစ်သွားရင်
တောင်းပန်ပါတယ် ။ စိတ်ထဲ ဘယ်လိုမှ မထားပါနဲ့နော် ။”
“ အေးလေ ။
သွဲ့ကလည်း အားနာစရာကြီး ။ နင် သွားအိပ်တဲ့ အခန်းက ဂစ်တာ ထားတဲ့ အခန်းမို့ နေမှာ
ပေါ့ ။”
ဇာခြည်သွေးကပါ အားနာသွားပုံ ရ၍ သွဲ့မြင့်လှိုင်ကို
တစ်ချက် ဝင်ဟောက်လိုက်သည် ။ ကိုနန္ဒတို့က တောင်း
ပန် ၊ ကျွန်မတို့ အဖွဲ့ကလည်း ဘာမဟုတ်တဲ့ အကြောင်း အရာလေးကို
ပုံကြီးချဲ့ နေသော သွဲ့မြင့်လှိုင်ကြောင့်
အားနာသွားသဖြင့် ထို ဂစ်တာ ကိစ္စကို မေ့မေ့
ပျောက်ပျောက်ပင် သဘောထားလိုက်ကြသည် ။
ယနေ့ညတော့ အားလုံး၏ ဝိုင်းဝန်း
မာန်ဆဲမှုကြောင့် သွဲ့မြင့်လှိုင်ခဗျာ လေးယောက် တစ်ခန်း အိပ်ရ
ရှာသည် ။ စိုးထက်အောင်က သူလည်း ကြောက်တတ်၍ လာအိပ်ချင်သည်ဟုဆိုသော်လည်း
အားလုံး ဝိုင်းအော်
လိုက်သဖြင့် ပြန်ကုပ်သွားရှာသည် ။ ကိုနန္ဒကတော့ ယနေ့ ည
ဂစ်တာသံ မကြားစေရပါဘူး ၊ နှစ်နှစ် ခြိုက်ခြိုက်
အိပ်ကြပါ ဟု ကတိပြုထားသည် ။ အမှန်ပင် ဂစ်တာသံ
မကြားရတော့ပါဘဲ ကျွန်မ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်
သွားပါသည် ။ အရေးထဲမှ ကေသီဖူးက ဂစ်တာသံလေးကို
တမ်းတနေမိသည်ဟုပင် ကဗျာဆန်နေသေးသည် ။
နောက်
တစ်နေ့တွင် နံနက်စာကို ဒေါ်နန်းမူ လာချက်ပေးထားပုံ ရသည် ။ ပဲပုပ်ရနံ့ သင်းသင်း
နှင့် ထမင်း
ကြော် ပူပူ နွေးနွေး လေး မှာ စားလို့ အလွန် ကောင်းလှသည်
။ စားသောက် အပြီးမှာတော့ အလုပ်စခန်း နောက်
တစ်ခုဆီ ထွက်ခဲ့ရပြန်သည် ။ စခန်းတွင် နေ့လည်
ဆယ့်တစ်နာရီခန့် အထိ နေပြီး စခန်းရုံးရှိရာသို့ ပြန်လာခဲ့ကြ
သည် ။ စခန်းရောက်ခါမှ ပြဿနာက စတော့သည် ။
“
လုပ်ပါဦး ။ ငါ့ ခရီးဆောင်အိတ်က ပုံမပျက်ဘဲ အထဲက ငါ့ ရေမွှေးပုလင်း ပျောက်နေတယ်ဟ ။”
စိုးထက်အောင်၏ စကားကြောင့် ကျွန်မတို့ အားလုံး စိတ်
မသက်မသာ ဖြစ်သွားကြရသည် ။ စိုးထက်အောင်က
သူ့ခရီးဆောင်အိတ်ကို ကျကျနန သော့ခတ်ထားသည် ။ ထို
သော့ခတ်ထားသည့်ကြားမှ အထဲက ပစ္စည်းတွေ
နေရာ မရွေ့ပါဘဲ ရေမွှေးပုလင်းက ပျောက်နေသည် ။
“ နင်
အထား မှားတာ များလားဟယ် ? တော်ကြာ အားနာစရာတွေ ဖြစ်နေဦးမယ် ။”
ကျွန်မက သေချာစေရန် မေးလိုက်မိသည် ။ တကယ်တမ်းတော့
စိုးထက်အောင်က သူ့ပစ္စည်းတွေကို နေရာတ
ကျ သိမ်းဆည်းတတ်မှန်း ကျွန်မတို့ အားလုံး သိကြသည် ။
“
မဟုတ်ပါဘူးဟာ ။ ငါ ဒီနေရာမှာ သေချာ ထည့်ထားခဲ့တာ ။”
“ ဟယ် ! လုပ်ပါဦး ။ ငါ့ ခေါင်းလျှော်ရည်
ပုလင်းလည်း ပျောက်နေတယ် ။ ငါ ဒီစားပွဲပေါ်မှာ သေချာထား
ခဲ့တာ
။”
ဇာခြည်သွေးကပါ ထိတ်လန့်တကြား ပြောလိုက်သဖြင့်
ကျွန်မတို့ အားလုံး ကိုယ့်အိတ်တွေ ကိုယ်ပြန် စစ်ဆေး
ကြည့်ကြသည် ။ သွဲ့မြင့်လှိုင်က ပိုက်ဆံအိတ်
ပျောက်နေပြီး ပိုက်ဆံအိတ်အတွင်းမှ ပိုက်ဆံနှင့် အခြား အရေး
ကြီး ပစ္စည်း အားလုံးကို ခရီးဆောင်အိတ် ဘေးအိတ်တွင်
အထပ်လိုက် ထည့်ထားသည် ။ ပိုက်ဆံအိတ် အခွံသာ
ယူသွားပြီး ပိုက်ဆံအားလုံး ထားခဲ့၍ အံ့သြစရာ ဖြစ်နေသည်
။ ကေသီဖူးက ခေါင်းညှပ် ကလစ်တစ်ခု ပျောက်နေ
ပြီး ကျွန်မကိုယ်တိုင်ကတော့ စပို့ရှပ် တစ်ထည်
ပျောက်နေသည် ။ ကျွန်မတို့ အပြင်ထွက်သွားခိုက် တစ်စုံ တစ်
ယောက်က လာရောက် ခိုးယူသွားခြင်းဟု တထစ်ချ
မှတ်ယူရအောင်ကလည်း အိတ်တွေအားလုံး ပုံစံမပျက်ပါဘဲ
ပစ္စည်းများသာ ပျောက်နေခြင်း ဖြစ်သည် ။ နောက်ပြီး
ဘယ်သူက အဖိုးမတန်သည့် အရာများကို အချိန်ကုန်ခံပြီး
ခိုးယူမည်နည်း ။ ကျွန်မတို့ အားလုံး ပဟေဠိများဖြင့်
ခေါင်းနောက်သွားကြသည် ။ နောက်ဆုံး ကိုနန္ဒတို့ကို ပြော
ပြဖို့ ဆုံးဖြတ်လိုက်ကြသည် ။
“
သြော်…ကဲပါလေ ။ ခွန်သိုက်အကြောင်း ပြောပြလိုက်ပါတော့ နန္ဒရာ ။”
ကျွန်မတို့
စကားအဆုံးမှာတော့ ကိုကျော်သူက ခေါင်းကို လက်နှစ်ဖက်ဖြင့် ကုတ်ရင်း ထိုစကားကို
ဆိုလိုက်
သည် ။ ကျွန်မတို့ အားလုံးလည်း ခွန်သိုက်ဆိုသော
နာမည်ကြား၍ ကိုနန္ဒ ပြောပြမည့် အကြောင်းအရာကို စိတ်
ဝင်စားစွာ နားစွင့်နေမိသည် ။
“
တကယ်တမ်းတော့ ခွန်သိုက်က သူခိုးမဟုတ်ပါဘူး ။ ဒီလိုပဲ ပျော်တတ်လို့ ကျီစားတာပါ ။”
“ ဒါပေမဲ့ အကိုရယ် ။ ဒီလို
နောက်ပြောင်တာကြီးကတော့ မကောင်းဘူးပေါ့ ။ ကျွန်တော်တို့ကို ကိုခွန်သိုက်
နဲ့
တွေ့ပေးပါလား ။”
စိုးထက်အောင်၏ စကားအဆုံးမှာတော့ ကိုနန္ဒက ကျွန်မတို့အဖွဲ့ကို
ခပ်တွေတွေ ငေးကြည့်လိုက်လေသည် ။
နောက်မှ…
“
တွေ့ပေးလို့ မရတော့ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူက သေသွားပြီ ။ ညီလေးတို့ အဖွဲ့ မရောက်ခင်
နှစ်ရက်ကမှ
ငှက်ဖျားပိုး ခေါင်းထဲ ရောက်ပြီး သူ ဆုံးသွားတာ ။”
“ ဘယ်လို !”
ကေသွယ်ဖူးက ကယောင်ကတမ်းဖြင့် အာမေဍိတ် တစ်လုံးကို
ရေရွတ်လိုက်သည် ။
“
ဟုတ်ပါတယ် ။ တစ်နေ့ညက ဂစ်တာ တီးတယ်ဆိုတာလည်း ခွန်သိုက် ခြောက်တာပါ ။ ခွန်သိုက်
မဆုံး
ခင်ကဆို
ညတိုင်း သူကတီး ၊ အကိုတို့ကဆို…လုပ်နေကျ ။ သူ ဆုံးသွားတော့ ဂစ်တာကို ညတိုင်းယူတီး
နေတုန်း ။ ခုတောင် ဂစ်တာကို သေတ္တာထဲ သော့ခတ်ပြီး ဖွက်ထားရတယ် ။”
ကိုကျော်သူ၏ ဝမ်းနည်းကြေကွဲသံ အဆုံးမှာတော့
မကြောက်တတ်ပါဘူး ဟု ဆိုသည့် သွဲ့မြင့်လှိုင်က ကျွန်မ့ လက်မောင်းကို ဆွဲပြီး
ကြောက်အားလန့်အား ပြောလိုက်သည် ။
“
ဒါ…ဒါဆို ဟို…ဟိုတစ်နေ့ညက တွေ့လိုက်တာ ကို…ကိုခွန်သိုက် ဝိညာဉ်ပေါ့နော် ။ အ… အမလေး !
ကြောက်စရာကြီး
။”
“
မကြောက်ပါနဲ့ ။ သူက ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်ပါဘူး ။ အမြဲတမ်း ကူညီတတ်တဲ့ သူ တစ်ယောက်
ပါ ။
ညီမတို့ ပစ္စည်းတွေ အားလုံးလည်း မနက်ဖြန် မနက် အကုန် ပြန် ရစေရပါမယ် ။ ကဲ…အကို တို့
သွားတော့မယ်
။ ကြောက်မနေကြနဲ့ ။ ညီမတို့ ကြောက်နေရင် ဂစ်တာကိုတော့ ဖွက်ထားလိုက်ပါ့မယ် ။”
ကိုကျော်သူနဲ့ ကိုနန္ဒတို့၏ မျက်နှာတွင် စိတ်မကောင်း ဖြစ်နေပုံများ
အထင်းသား ပေါ်လျက် ရှိ၍ ဇာတ်လမ်းဆင်
ပြောနေခြင်း မဟုတ်နိုင်ပေ ။ နောက်တစ်ချက် အနေဖြင့်
သော့ခတ်ထားသော ခရီးဆောင်အိတ် အတွင်းမှ တိုလီ
မုတ်စ ပစ္စည်းများကို ပုံစံမပျက် ယူနိုင်သည်မှာ
ဝိညာဉ်တစ်ဦးမှ လွဲ၍ အခြားမဖြစ်နိုင်ပေ ။ ကျွန်မတို့ တစ်ညလုံး
ကြောက်ကြောက်လန့်လန့်ဖြင့် အိပ်ခဲ့ရသော်လည်း
တစ်စုံတစ်ရာ ခြောက်လန့်ခြင်း မရှိပါပေ ။ တစ်ဖွဲ့လုံး ညနက်
သည်အထိ အိပ်မပျော်ကြသော်လည်း မနေ့က ပင်ပင်ပန်းပန်း
လမ်းလျှောက်ခဲ့ရသည် များကြောင့် မိုးလင်းခါနီး
တွင် အားလုံး အိပ်ပျော်သွားကြသည် ။
မနက်ခင်းတွင် အားလုံး အိပ်ရာထ နောက်ကျကြပြီး
လိုင်းကား မီစေရန် ကမန်းကတန်း ပြင်ဆင်ကြရ
သည် ။ ထိုအခါကျမှ ထူးထူး ခြားခြား ပျောက်နေသော
ပစ္စည်းများကို ပြန် တွေ့ကြသည် ။ ရေမွှေး ပုလင်းကို
မီးဖိုချောင်တွင် ပြန် ရှာတွေ့ပြီး ခေါင်းလျှော်ရည်ဘူးကိုတော့
အိမ်သာ ထဲတွင် ပြန်တွေ့သည် ။ သွဲ့မြင့်လှိုင်၏
ပိုက်ဆံအိတ်ကိုတော့ ပိုက်ဆံတွေ နဲ့ အခြားပစ္စည်းများကို
ပြန်ထည့် ပေးလျက်သား နှင့် သူ့ ခရီးဆောင် အိတ်ထဲ
တွင် ပြန်တွေ့သည် ။ ပို ထူးဆန်းသည်မှာ ကေသီဖူး၏
ကလစ်ကို သူ့ ခေါင်းတွင် ပန်လျက်သား ပြန်တွေ့ရပြီး
ကျွန်မ့ စပို့ရှပ်ကိုတော့ မီးဖိုချောင်တွင်
လှန်းလျက်သား ပြန်တွေ့ရ၍ အားလုံး ကြောက်လန့်နေကြသည် ။ သို့
ကြောင့် ဒေါ်နန်းမူ ကြော်ပေးထားသော ထမင်းကြော်ကို
မြန်မြန် စားကြကာ ဤ စခန်းရုံးမှ အမြန်ဆုံး ခွာနိုင်ရန်
အသည်းအသန် ကြိုးစားနေမိသည် ။
“
ကိုနန္ဒတို့ ကိုကျော်သူတို့ ကျေးဇူးအများကြီးတင်ပါတယ်နော် ။ ဆရာ့ကိုလည်း
ကိုနန္ဒတို့ ကူညီကြောင်း
ပြောပြလိုက်ပါ့မယ်
။”
“
ရပါတယ်ဗျာ ။ အကိုတို့ ဆီလည်း နောင် ကြုံရင် ဝင်လည်ဦး ။ နောက်ပြီး မနေ့က ကိစ္စကို ရောက်က
တည်းက
မပြောပြ ဖြစ်တာ ခွင့်လွှတ်ပါ ။ ပြဿနာ မဖြစ်ရင် အကိုတို့ မပြောပြ တော့ဘူးလို့ ဆုံးဖြတ်
ထားလို့ပါ
။”
“ ရပါတယ်
။ ကဲ…ကျွန်တော်တို့ သွားတော့မယ် ။”
စိုးထက်အောင်က နှုတ်ဆက်လိုက်ပြီး စခန်းရုံးမှ
ဦးဆောင်ပြီး ထွက်လာခဲ့သည် ။ ရုံးအဝတွင် ဈေးခြင်းတောင်း
ကြီး ဆွဲရင်း ဈေးမှ ပြန်လာသော ဒေါ်နန်းမူကို တွေ့လိုက်ရသည်
။
“
ဝေ့…ငါ့ သမီးတို့ ပြန်ကြတော့မလို့လား ?”
“
ဟုတ်ကဲ့…ဒေါ်နန်း ။ သမီးတို့ နောင်ကျရင် လာလည်ပါဦးမယ် ။ ဒေါ်နန်းကိုလည်း
သတိရနေမှာပါ ။”
“
အို့…မနက်စာ ရှမ်းခေါက်ဆွဲတွေ ဝယ်လာတာရို ။ စားသွားပါဦးလား ။”
ဒေါ်နန်းမူက ထမင်းကြော် ကြော်ပေးခဲ့ရုံသာမက
ရှမ်းခေါက်ဆွဲတွေပါ ထပ်ဝယ်လာပုံ ရသည် ။ ဗိုက်ပြည့်နေပြီ
ဖြစ်၍ ကျွန်မတို့ အားလုံး အားနာနာဖြင့် ငြင်းလိုက်ရသည်
။
“
ဒေါ်နန်း ကြော်ထားခဲ့တဲ့ ထမင်းကြော်တွေ စားတာနဲ့တင် ဗိုက်ပြည့်လှပါပြီ ။ ကျေးဇူး
အများကြီး တင်ပါ
တယ် ။”
ကျွန်မ့ စကားကြောင့် ဒေါ်နန်းမူ မျက်လုံး ပြူးသွားသည် ။
“
ဘာထမင်းကြော်ရုံး ။ ဒေါ်နန်းလည်း မကြော်ထားရပါလား ။”
“ ရှင် ! မနက်က မီးဖိုချောင်ထဲမှာ
ကြော်ထားတာလေ ။ မ…မနေ့ကလည်း ကြော်ကျွေးသေးတယ်လေ ။”
“
အိုကွယ် ။ ဒေါ်နန်း မကြော်ရပါဘူး ။ မနေ့က ဒေါ်နန်း မအားရို့ မလာဖြစ်ဘူး ။ ဆရာ
တို့ကို ခွင့်တိုင်
ထားတယ်ဝေ့
။”
“ ရှင် !”
“ ဗျာ !”
ကျွန်မတို့၏
အာမေဋိတ်သံများဖြင့် စခန်းရုံးရှေ့လေးမှာ ကျွတ်ကျွတ်ညံ သွားတော့သည် ။ ဤ……ဤသို့
ဆိုလျှင် ကျွန်မတို့ အဖွဲ့ နှစ်ရက်တိတိ စားသောက်လာခဲ့သော ထမင်းကြော်
နှစ်နှပ်သည်………
စေတနာရှေ့ထားလျက်...