ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၁)
ရွေးကောက်ပွဲဝင်တဲ့ တစ္ဆေ
( ၂၀၁၅ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ - အတွေးအမြင်ကဏ္ဍတွင် ဖော်ပြခြင်းခံခဲ့ရသောဆောင်းပါးဖြစ်သည် )
ဂါဦးနွန်းကို .......... သုံးသပ်ရေးသားသည် ။
----------------------------------------------------------------------------------------------------------------
“ ဒါဆိုရင် ဒီရွေးကောက်ပွဲမှာ ကျွန်တော်
အနိုင်ရမယ်လို့ ခင်ဗျား ထင်သလား ။ ”
“ ကျွန်တော်တို့တိုင်းပြည်မှာ ကျင့်သုံးနေတဲ့နည်းနဲ့ ခင်ဗျား ပြိုင်ရင်တော့
ဒီရွေးကောက်ပွဲမှာ ခင်ဗျား နိုင်လိမ့်မယ် ။ အဓိက,က
တကယ်လို့ လူရိုးတွေ ပြိုင်တိုင်းသာ ရွေးကောက်ပွဲမှာ နိုင်မယ်ဆိုရင် ကျွန်တော်တို့လိုလူမျိုးတွေ
ဟိုးအရင်ကတည်းက အလုပ်
လက်မဲ့ဖြစ်နေတာကြာပြီပေါ့…။”
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ကျွန်မ ပြောပြချင်တဲ့-ရုပ်ရှင်ကတော့
ထိမိတဲ့ဒိုင်ယာလော့စကားလုံးတွေနဲ့ ပရိသတ်ကို ထိုင်ရာမထစွဲဆောင်သွားနိုင်တဲ့ အိန္ဒိယဇာတ်ကားတစ်ကားပါ
။ စ-လယ်-ဆုံး ပစ်ရက်စရာမရှိတဲ့ စကားလုံးအလှအကြွတွေနဲ့ ဇာတ်ရှိန်ကို မြင့်သထက်မြင့်အောင်
ဆွဲခေါ်သွားနိုင်ပါတယ် ။ တော်တော်များများလည်း ကြည့်ဖူးကြပါလိမ့်မယ် ။ ဇာတ်လမ်းရဲ့နာမည်ကတော့
“Bhoothnath Returns” ဖြစ်ပါတယ်
။
ဇာတ်လမ်းအကျဉ်းကို ကျွန်မ ပြောပြပါရစေ ။ မစ္စတာဘုတနာ-ဆိုတဲ့တစေ
္ဆက ကလေးတွေကို ကြောက်အောင် ချောက်ဖို့ ကြိုးစားခဲ့ပေမဲ့ အထမမြောက်လို့ စိတ်ညစ်ညစ်နဲ့
ထိုင်နေတုန်း အာ့ကရော့-ဆိုတဲ့ကလေးနဲ့ ဆုံဆည်းခဲ့တယ် ။ အဲဒီကလေးက တစ္ဆေတွေကို မြင်တွေ့နိုင်သူပါ
။ မစ္စတာဘုတနာနဲ့အာ့ကရော့တို့ တစ်ဦးကိုတစ်ဦး အပြန်အလှန်ကူညီရင်း ခင်မင်သွားကြတယ် ။
ဆင်းရဲသားရပ်ကွက်မှာ
နေထိုင်ကြီးပြင်းလာခဲ့တဲ့-အာ့ကရော့ဟာ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်သူပါ ။ နိုင်ငံခြားသား
တွေကို နုံချာတဲ့နေရာဒေသတွေ လိုက်လံပြသခြင်းအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပါတယ်
။ အမေတစ်ခုသားတစ်ခု ဘဝနဲ့ ဆင်းတောင့်ဆင်းရဲရပ်တည်နေရတဲ့-ဒီကလေးကို မစ္စတာဘုတနာက သနားစိတ်ဝင်ပြီး
ပိုက်ဆံရအောင် အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့တယ် ။ သူ့ဆုံးဖြတ်ချက်ကို ပံ့ပိုးပေးတာကတော့
ဒေသတွင်းက ဆောက်လက်စအဆောက်အအုံတွေမှာ နေထိုင် နှောင့်ယှက်နေတဲ့ တစ္ဆေတွေပေါ့ ။
အာ့ကရော့က အဆောက်အအုံပိုင်ရှင်-သူဌေးတွေနဲ့
ဈေးညှိပါတယ် ။ မစ္စတာဘုတနာကတော့ အဆောက်အအုံမှာ နေထိုင်နှောင့်ယှက်နေတဲ့သရဲတွေနဲ့ ညှိနှိုင်းပါတယ်
။ အဲဒါအခါ အဆောက်အအုံတွေမှာ တည်ရှိနေတဲ့ဝိညာဉ်တွေက သူတို့ ရင်ဆိုင် ခဲ့ရတဲ့-မတရားမှုတွေကြောင့်
မကျွတ်မလွတ်ဖြစ်နေရကြောင်းကို သိရှိခဲ့ရတယ် ။ ဆိုရရင်တော့ လာဘ်စားတဲ့-အရာရှိတွေနဲ့
အာမခံ ကုမ္ပဏီက လူတွေရဲ့မရိုးသားမှုတွေပေါ့ ။ ကျန်ရစ်သူမိသားစုခမျာ ရသင့်ရထိုက်တဲ့ငွေကြေးကို
မရရှိဘဲ ဆင်းဆင်းရဲရဲနေထိုင်နေရ တဲ့ဒုက္ခကို မစ္စတာဘုတနာ သိရှိသွားပြီးနောက် မတရားမှုကို
ပြုပြင်လို့ အမှန်တရားကို ဖော်ဆောင်ပေးဖို့ ကြိုးပမ်းခဲ့ပါတယ် ။
အကျင့်ပျက်အရာရှိတွေနဲ့အာမခံကုမ္ပဏီကလူတွေကို
ခြောက်လှန့်ပြီး အကုသိုလ်ပြုလုပ်ရမှာကို ကြောက်ရွံ့သွားအောင် ဆုံးမလိုက်တယ် ။ ဒီလိုနဲ့
ရပ်တန့်ထားတဲ့အဆောက်အအုံတော်တော်များများဟာ မစ္စတာဘုတနာရဲ့ကျေးဇူးနဲ့ ပြန်ပြီးလည်ပတ်ခွင့်
ရခဲ့သလို အာ့ကရော့ရဲ့တစ္ဆေနှင်လုပ်ငန်းဟာလည်း တစ်စတစ်စ လူသိများလာခဲ့ပါရော ။ တစ်နေ့မှာ
အာ့ကရော့ဆီကို ဘောင်ဆာ ဟစ်-ဆိုတဲ့လူက ဆက်သွယ်လာတယ် ။ ဘောင်က သူတို့နယ်မြေရဲ့အာဏာရ
အမတ်တစ်ယောက်ပါ ။ တစ်ချိန်က နယ်မြေခံလူဆိုး လည်း ဖြစ်ခဲ့တဲ့-ဘောင်ကို ကြောက်ရွံ့ရတဲ့အတွက်
သူတို့အဆောက်အအုံကို ရှင်းလင်းပေးဖို့ အာ့ကရော့ လက်ခံလိုက်ရတယ် ။ ဘောင်ရဲ့အဆောက်အအုံကိုရောက်မှ
ဒီကိစ္စဟာ မစ္စတာဘုတနာတို့ ထင်ထားသလို ခပ်ပေါ့ပေါ့မဟုတ်ဘဲ နိုင်ငံနဲ့ချီတဲ့ပြဿနာ တစ်ခုဖြစ်နေကြောင်းကို
သူတို့နှစ်ယောက် သိရှိလိုက်ရပါတော့တယ် ။
ဘောင်ရဲ့အဆောက်အအုံမှာ
ကွန်းခိုနေတဲ့တစ္ဆေတွေက ကြီးမားတဲ့မတရားမှုတွေကြောင့် နာကျည်းချက်တွေနဲ့ သေဆုံး ခဲ့ရသူတွေပေါ့
။ ဒီနေရာမှာ အဆောက်အအုံ ဆောက်ဖို့ကိစ္စကို ဆန့်ကျင်မိလို့ မီးလောင်တိုက်သွင်းပြီး အသတ်ခံလိုက်ရတဲ့
မြေပိုင်ရှင်တွေ ၊ ဘောင်ရဲ့မကောင်းမှုကို အသံမြှင့်ဖို့ ကြိုးစားမိလို့ အပျောက်ရှင်းခံလိုက်ရတဲ့
ကိုယ်ကျိုးစွန့်တွေ ။ သူတို့ ဘယ်လိုလုပ် ကျွတ်လွတ်နိုင်ပါ့မလဲ ။ ဒီအကြောင်းတွေကို သိလိုက်ရတဲ့အခါ
မစ္စတာဘုတနာ အကြီးအကျယ်စိတ်တုန်လှုပ်သွားခဲ့ရ ပါပြီ ။
-
ရှေးက မတရားမှုအသေးအဖွဲတွေကို သူ ဖြေရှင်းပေးနိုင်ပေမဲ့ ဒီမတရားမှုကြီးကိုကျ သူ ဘယ်လိုလုပ်ဖြေရှင်းရမလဲ
။ ဘောင်လို
သူတော်ယုတ် ကြီးစိုးနေတဲ့ဒေသကို ဘယ်လိုနည်းလမ်းနဲ့
ကူညီကယ်တင်ရမလဲ ။
တွေဝေနေတဲ့ဘုတနာရဲ့စိတ်ကို တွန်းအားပေးခဲ့သူက
အာ့ကရော့ပါ ။ အာ့ကရော့ရဲ့အခါခါတိုက်တွန်းမှုကြောင့် နောက်ဆုံးမှာ ဘုတနာဟာ (ပျောက်ဆုံးနေတဲ့အမှန်တရားကို
ရှာဖွေပေးဖို့အတွက်) ဘောင်နဲ့ယှဉ်ပြိုင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါ တယ်
။
ဒီအပိုင်းမှာ ကျွန်မ
သဘောအကျဆုံးဒိုင်ယာလော့တွေကို ကောက်နုတ်တင်ပြရရင် …
* လူတွေက အိပ်နေကြတယ် ။ ဒီနိုင်ငံကတော့
အသက်ငင်နေပြီ ။
* ခင်ဗျားက ပြည်သူတွေရဲ့ပိုက်ဆံကို အလွဲသုံးစားလုပ်ဖို့
ဆန္ဒရှိလို့လား (မဟုတ်ပါဘူး) ၊ ခင်ဗျားမိသားစုနာမည်နဲ့ တရားမဝင်တဲ့
မြေတွေ လိုချင်လို့လား (မဟုတ်ပါဘူး) ၊ ပြည်သူ့ငွေတွေနဲ့ နိုင်ငံခြားကို အပျော်ခရီးထွက်ချင်လို့လား
(မဟုတ်ပါဘူး) ၊ နိုင်ငံရေး
သမားလုပ်ပြီး နိုင်ငံ့တာဝန်ကို ထမ်းချင်လို့လား (ဟုတ်တယ်)
။ သေပြီးတာတောင် အသိတရားမဝင်သေးဘူး ။
* ဈေးကွက်ထဲမှာ ဆပ်ပြာမှုန့်ကုမ္ပဏီနှစ်ခုရှိတယ်
။ နှစ်ခုလုံးက အကောင်းဆုံးဖြူစင်မှုကို ပေးနိုင်တယ်လို့ဆိုကြလိမ့်မယ် ။ ဒါဆို
လူတွေက ဘယ်တစ်ခုကို ရွေးမလဲ ။ နိုင်ငံရေးမှာ နောက်ထပ်ရှိတဲ့အကျိုးကျေးဇူးကတော့
သူတို့ပေးထားတဲ့(ဖြူစင်မှု)ကတိကို
မဖြည့်ပေးတဲ့ဆပ်ပြာမှုန့်ကိုဝယ်ပြီးရင် (၅)နှစ်တော့ အဲဒါနဲ့ပဲ နှစ်ပါးသွားရမယ်လေ
။ (၅)နှစ်ပြီးရင် ခင်ဗျား ဆပ်ပြာမှုန့်အသစ်ကို
ထုတ်လို့ရတယ် ။ ဒါမှမဟုတ် ဆပ်ပြာမှုန့်အဟောင်းကို ဖော်မြူလာအသစ်နဲ့ ပိုပြီးဖြူစင်လာမယ်ဆိုပြီး
ပြန်တင်လို့ရတယ် ။
ဘောင်-လိုမျိုးပေါ့ ။
* ရူပီသန်း-နှစ်ထောင် ခိုးတဲ့သူကို မဲပေးသင့်သလား
၊ ရူပီသန်း-တစ်ထောင် ခိုးတဲ့သူကို မဲပေးသင့်သလား ၊ ဒါမှမဟုတ် ရူပီသန်း
နှစ်ရာ ခိုးတဲ့သူကို မဲပေးသင့်သလား ။ သန်းနှစ်ထောင် ၊ သန်းတစ်ထောင်နဲ့ယှဉ်ရင်
သန်းနှစ်ရာခိုးတဲ့သူက ရိုးသားတဲ့ပုံပဲ ။
ဒါ့ကြောင့် သူ့အတွက် မဲပေးကြရအောင် ။ ကျွန်တော်တို့မှာ တခြားရွေးချယ်စရာမရှိဘူးလေ
။ ဒါက ကျွန်တော်တို့တိုင်းပြည်ရဲ့
အကြီးမားဆုံးပြဿနာပဲ ။ ကျွန်တော်တို့အနှစ်သက်ဆုံးသူကို မဲပေးသင့်တယ် ။ ဒါပေမဲ့
ကျွန်တော်တို့ မနှစ်သက်မှု အနည်း
ဆုံးသူကိုပဲ မဲပေးရတယ် ။
* မဲပေးကြပါ ။ ဒီမိုကရေစီမှာ ခင်ဗျားတို့မဲက
ခင်ဗျားတို့အသံပါ ။ ခင်ဗျားတို့အသံကတဆင့် ခင်ဗျားတို့တိုင်းပြည်ကို ခင်ဗျားတို့
ပြောတာနားထောင်အောင် လုပ်နိုင်ပါတယ် ။ ဒါ့ကြောင့် ကျယ်ကျယ်ပြောကြပါ ။ မဲမပေးတဲ့သူတွေက
သူတို့တိုင်းပြည်ကို
သူတို့ ပြောတာ မကြားစေချင်လို့ပါ ။ ဒါ ပြောင်းလဲရမယ့်အချိန်ပဲ ။ ဒီပြောင်းလဲမှုကို
ခင်ဗျားတို့ ဖြစ်အောင် လုပ်ရမယ် ။
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ရွေးကောက်ပွဲမတိုင်ခင်နေ့မှာ
ဘောင်ရဲ့တပည့်တွေက အာကရော့ကို လုပ်ကြံခဲ့တယ် ။ အာကရော့က ဘောင်ရဲ့တပည့် တွေ ဒုက္ခပေးမှာကို
သိသိချည်းနဲ့ ဘုတနာ နောက်မဆုတ်ဖြစ်အောင် နှုတ်ဆိတ်နေခဲ့သူပါ ။ (၁၀)နှစ်/(၁၂)နှစ်အရွယ်
ဆင်းရဲသား လေးတစ်ယောက်ရဲ့ရဲရင့်မှုက ကြက်သီးထလောက်အောင်ပါပဲ ။
မဲပေးမယ့်နေ့မှာ ဖြစ်နိုင်ချေရှိတဲ့-အခြေအနေနှစ်ရပ်ကို
(ရှေ့နေဖြစ်သူ)ဂက်ဒီနဲ့ မစ္စတာဘုတနာတို့ အပြန်အလှန်ပြောဆို နေပုံကတဆင့် ရုပ်လုံးဖော်ထားပါတယ်
။ တကယ်ပဲ စိတ်လှုပ်ရှားစရာကောင်းသလို ဘယ်သူပြောတာက ဖြစ်နိုင်ချေ ပိုရှိမလဲဆိုတဲ့ အတွေးနဲ့
ပရိသတ်ကို ဦးနှောက်စားပြီး စိုးရိမ်ပူပန်စိတ်များအောင် ပြုလုပ်ဖမ်းစားသွားနိုင်ပါတယ်
။
“ ဘောင်က ငွေလိုသူကို ငွေပေးမယ် ။ လွှမ်းမိုးလို့ရသူကို
လွှမ်းမိုးမယ် ။ ခြိမ်းခြောက်လို့ရသူကို ခြိမ်းခြောက်မယ် ။ မတရားတဲ့
နည်းပေါင်းစုံကို သုံးပြီး ရွေးကောက်ပွဲကို
အနိုင်ရအောင် လုပ်လိမ့်မယ် ။ လူတွေက မစ္စတာဘုတနာကို သတိရပြီး ကျေးဇူး
တင်နေမှာမှန်ပေမဲ့ ဘောင်ကို ကြောက်ရလို့ ၊ မျက်နှာထောက်ရလို့
၊ သူ့ဆန်စား ရဲရမှာမို့ သူ့ကိုပဲ မဲပေးကြလိမ့်မယ်…”
လို့ ဂက်ဒီက ညှိုးငယ်စွာနဲ့ ဆိုပါတယ်
။ ဂက်ဒီရဲ့စကားကို ပါဝင်တဲ့ဇာတ်ကောင်တွေနဲ့ တစ်ကွက်ချင်းစီ သရုပ်ဖော်သွားတဲ့အခါ ပရိသတ်ရဲ့စိတ်ထဲမှာ
အဲဒီလိုများ ဖြစ်တော့မှာလား-ဆိုတဲ့အတွေးနဲ့
မချင့်မရဲခံစားမိလာစေအောင် ဖန်တီးထားပါတယ် ။
အဲဒါက
ဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့ မနက်ဖြန်ဟာ ဒီနိုင်ငံမှာ တစ်ခါမှ မမြင်ဖူးသေးတဲ့မနက်ခင်းတစ်ခုကို
သယ်ဆောင်လာပါ လိမ့်မယ်-ဆိုတဲ့စကားနဲ့ အစချီပြီး ဘုတနာက ဂက်ဒီရဲ့အယူအဆနဲ့
ဆန့်ကျင်ဘက်အခြေအနေတွေကို ချပြလိုက်တယ် ။
“ နိုင်ငံနဲ့ဆိုင်တဲ့အားလပ်ရက်ကို ကိုယ်ပိုင်ခွင့်ရက်အဖြစ်
ပျော်ပွဲစားထွက်ပြီး အသုံးချမယ့်လူတွေဟာ အကြောင်းတစ်ခုခုကြောင့်
စိတ်ပြောင်းသွားလိမ့်မယ် ။ ငွေကြေးနဲ့ ဝယ်ယူဖို့
ကြိုးစားခံရတဲ့သူတွေက သူတို့ဟာ ရောင်းဖို့မဟုတ်တဲ့အကြောင်း ဘောင်တို့
အဖွဲ့ကို ပြန်ပြောလိမ့်မယ် ။ အာဏာနဲ့ လွှမ်းမိုးခံရသူတွေက
သူတို့မှာ အသိတရား ကျန်သေးတဲ့အကြောင်း ပြန်အော်လိမ့်
မယ် ။ နောက်ဆုံး…ကိုယ်အင်္ဂါ ချို့တဲ့သူတွေကတောင်
နိုင်ငံအတွက် မဲလာပေးလိမ့်မယ် ။”
*
မတိုက်ခိုက်ဘဲ အရှုံးပေးလိုက်တာထက် တိုက်ဖို့ကြိုးစားပြီး
နိုင်သွားတာမျိုးလည်း ဖြစ်နိုင်တာပါပဲ ။ ဘာမှ လုပ်လို့မရဘူးလို့
မတွေးတော့ဘဲ သူတို့ တစ်ခုခုလုပ်ရင် ကောင်းတာတွေဖြစ်လာလိမ့်မယ်လို့ လူတွေ တွေးပေးကြပါလိမ့်မယ်
…
အစရှိတဲ့စကားတွေနဲ့ ဘုတနာရဲ့အတွေးကို
တစ်ကွက်ချင်းစီ သရုပ်ဖော်သွားပုံက ကြည့်ရသူအဖို့ မျက်ရည်ဝဲလောက်အောင်ပါပဲ ။ တပြိုင်နက်တည်းမှာ
စိတ်အားတက်ကြွမှုကိုလည်း ဖြစ်ပေါ်လာစေပါတယ် ။
ဇာတ်သိမ်းမှာ မဲပေးပွဲကို
တကယ်မပြတော့ဘဲ အာကရော့ ပြန်သတိရလာတာရယ် ၊ (မစ္စတာဘုတနာ ဝင်ရောက်ယှဉ်ပြိုင် တဲ့)ပြည်နယ်ကလူတွေ
ပျော်ရွှင်ကခုန်နေကြတာရယ်နဲ့ လှလှပပအဆုံးသတ်ထားပါတယ် ။ ဒါဆို သိလိုက်ပြီလေ ။ ရွေးကောက်ပွဲ
မှာ ဘယ်သူ အနိုင်ရသွားသလဲဆိုတာ…။
ÿ ÿ ÿ ÿ ÿ ÿ ÿ ÿ ÿ
ကျွန်မ ပြောပြချင်တဲ့
ရုပ်ရှင်ဇာတ်လမ်းအစအဆုံးကို အတတ်နိုင်ဆုံး အတိုချုံ့လို့ ပြောပြပြီးခဲ့ပါပြီ ။ ဒီဇာတ်ကားလေးမှာ
ပေးချင်တဲ့ဒဿနတွေ ပြည့်နှက်နေတယ်လို့ ယူဆမိပါတယ် ။ ထိမိတဲ့စာသားတွေကလည်း အတုယူဖို့ကောင်းသလို
သရုပ်ဆောင် တွေကလည်း ကျရာဇာတ်ရုပ်မှာ အပိုအလိုမရှိ ကွက်တိသရုပ်ဆောင်သွားကြပုံကလည်း
အားကျစရာပါပဲ ။ ဒီဇာတ်လမ်းဟာ သူတို့ နိုင်ငံတစ်ခုတည်းကိုသာ ကိုယ်စားပြုတာမဟုတ်ဘဲ ဒီမိုကရေစီအသွင်
ကူးပြောင်းစနိုင်ငံအားလုံးရဲ့အခြေအနေကို လှစ်ဟဖွင့်ချ လိုက်သလိုမျိုး ခံစားရစေလိမ့်မယ်လို့
ကျွန်မ ထင်တယ် ။
(၁)
- နိုင်ငံရေးရဲ့နောက်ကွယ်မှာ ၊ ရွေးကောက်ပွဲရဲ့နောက်ကွယ်မှာ ဘယ်လိုအခက်အခဲတွေ ရှိနေနိုင်တယ်ဆိုတာကို
(ကျွန်မလို)
ဘာမှမသိတဲ့လူတွေ အနည်းအကျဉ်း မျက်စိပွင့်နားပွင့်ဖြစ်အောင်
တင်ပြထားနိုင်တဲ့အချက်ရယ် ၊
(၂)
- နိုင်ငံတစ်နိုင်ငံ ပြောင်းလဲဖို့အတွက် ကယ်တင်ရှင် ဒါမှမဟုတ် အင်မတန်ထက်မြက်ထူးချွန်တဲ့
ခေါင်းဆောင်းကောင်းလောင်းလျာ
ကို ထိုင်စောင့်မနေနဲ့ ။ နိုင်ငံသားတွေရဲ့စည်းလုံးညီညွတ်မှုကပဲ
အဓိကကျတယ် ။ နိုင်ငံကို ပြောင်းလဲစေချင်ရင် အဲဒီနိုင်ငံသား
အားလုံးကပဲ တတ်နိုင်လိမ့်မယ် ။ ကလေးကအစ လူကြီးအဆုံး
တာဝန်ရှိတယ် ။ နိုင်ငံကို အမှန်တကယ် တိုးတက်စေချင်ရင်
လူတိုင်းကိုယ်စီ စည်းကမ်းရှိရှိနဲ့ တတ်နိုင်တဲ့ဘက်က
ကြိုးပမ်းဖို့လိုတယ် ။ ကိုယ်ကျိုးစွန့်ပြီး ရေရှည်အတွက် စဉ်းစားသင့်တယ် ၊
တွေးခေါ်ကြိုးပမ်းသင့်တယ်ဆိုတဲ့အချက်ရယ် ၊
ဒီနှစ်ချက်ကတော့ ဒီဇာတ်လမ်းလေးကတဆင့်
ကျွန်မ ရရှိခဲ့တဲ့အတွေးအခေါ်တွေဖြစ်တာကြောင့် စာဖတ်သူတွေထံ လက်ဆင့်ကမ်း မျှဝေရင်း ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားအဖြစ်
မှတ်တမ်းတင်ပါရစေ ။
ကျွန်မ မျှော်လင့်မိပါတယ်
။ ကျွန်မရဲ့လက်ဆင့်ကမ်းမှုက စာဖတ်သူရဲ့ဦးနှောက်နဲ့နှလုံးအိမ်ကို တစ်စုံတစ်ခု အကျိုးပြုခွင့်ရလိမ့်
မယ်လို့…။ ။
ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ……
စေတနာရှေ့ထားလျက်…
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။