ထူးဆန်းသောပုဂ္ဂိုလ်
( ၂၀၁၂ အောက်တိုဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
---------------------------------------------------------------------------------------------
ကျွန်မစိတ်က တမျိုး…။ ဘိုးတော်တွေ မယ်တော်တွေ သိုက်အုပ်တွေ
သိုက်ချုပ်တွေ…စသည်စသည် ဘာတစ်
ခုမျှ
ယုံကြည်သူ မဟုတ် ။ နို့ပေမဲ့ ကျွန်မဖခင်ကတော့ ကျွန်မနှင့် မတူ…ထိုသူများ၏သတင်း သဲ့သဲ့ကြားသည်နှင့်
သွား
ရောက်မေးမြန်းလိုက်ရမှ
စီးပွားရေး လူမှုရေး ကျန်းမာရေး…အစစအရာရာ အဆင်ပြေမည်ဟု ယုံကြည်ထားသူ ။ သို့
ကြောင့်လည်း
ကျွန်မဖခင်နှင့်အတူ ………ဒေသသို့ သွားခဲ့ရာမှ
ယခုတင်ပြမည့် ထူးဆန်းသောပုဂ္ဂိုလ်နှင့် တွေ့ကြုံခဲ့ရ
ပါသည်
။
**********************************************************************************
မုံရွာမြို့မှ မြိုင်မြို့သို့ ရောက်ရှိစေရန်
လမ်းကြမ်းကြမ်းကို လေးငါးနာရီခန့် ခရီးပြင်းနှင်ခဲ့ရသည် ။ နံနက်မိုးလင်းစ
တွင်
ထွက်ခွာလာခဲ့၍ ပတ်ဝန်းကျင်တွင် မြူမှုန်မြူနှင်းတို့ အုပ်ဆိုင်းအေးမြနေသည့်အရသာကို
တငွေ့ငွေ့ခံစားရင်း
လမ်းတစ်ဖက်တစ်ချပ်ရှိ
စိုက်ခင်းကျယ်ကြီးများကို ငေးကြည့်ကာ ကျွန်မစိတ်ထဲ ကြည်နူးခြင်း ၀မ်းသာခြင်းတို့ဖြင့်
ပျော်
ရွှင်နေမိ၏
။
မြိုင်မြို့သို့ ရောက်ရှိတော့ ဖေဖေ သွားရောက်လိုသော
……ဒေသကို ရောက်ရှိနိုင်ရန် လမ်းမကြီးမှ
ခွဲထွက်ကာ
လမ်းကျဉ်းလေးထဲသို့
နှစ်နာရီခန့် ခရီးနှင်ရပြန်သည် ။
ရောက်ပါပြီ ။ ……ဒေသက ကျွန်မ မျှော်လင့်ထားသလိုပင် ထူးဆန်းအံ့သြဖွယ်ရာများဖြင့် ပြည့်နှက်လို့
နေ၏ ။
အ၀င်ဝမုဒ်ဦးကြီးတွင်
နဂါးနှစ်ကောင် ဦးချင်းဆိုင်လျက် အမြီးကော့ညွှတ်နေဟန် ၊ အတွင်း၌လည်း အဘပုံရုပ်ထုများ
၊
စေတီ
ဆင်းတုတော်များဖြင့် တစ်မျိုးတစ်ဘာသာ သပ္ပါယ်ကြည်နူးဖွယ် ကောင်းလှသည် ။
ပိုမိုထူးဆန်းသည်မှာ မြေပြင်ထဲမှ တူးဖော်ရရှိသည်ဟုဆိုသော
နဂါးပုံ(အင်ကြင်းကျောက်ဖြစ်)ရုပ်ကြွင်းကြီးက
နဂါးတစ်ကောင်နှင့်မခြား
တွေ့မြင်ခဲ့ရ၍ သံသယကြီးလှသော ကျွန်မမှာ အကြောင်းအရာများကို ယုံရခက်ခက် ကြား
သိခဲ့ရ၏
။
“ အဖေ နေလည်း ပူသေးတယ် ။ ဒီမှာပဲ နားကြတာပေါ့ ။
နေအေးမှ ပြန်ကြမယ်လေ ။”
“ အင်းလေ ။ သမီးကြီးနဲ့သမီးငယ်ရဲ့ သဘောပဲ ။ အဖေကတော့
ဟိုနားမှာ သွားထိုင်ပြီး ပုတီးစိပ်နေရတာပေါ့ ။”
နွေရာသီဖြစ်၍
နေ့လည်ခင်း နေကလည်း ပူပြင်းနေသေးသောကြောင့် ကျွန်မတို့မိသားစု ထိုအနီးအနားက ကျောင်း
ဆောင်လေးတွင်
တစ်ထောက်နားနေတုန်း အမျိုးသမီးတစ်ဦး တက်လာပြီး…
“ ဘကြီးတို့ ညီမတို့ ကျွန်မက ဟိုနားကဆိုင်ရဲ့ ပိုင်ရှင်ပါ
။ ကျွန်မဆိုင်မှာ ဆေးနဲ့အိမ်ပြန်လက်ဆောင်အမျိုးမျိုး
ရောင်းပါတယ် ။ ဘကြီးတို့ မပြန်ကြသေးဘူးဆိုရင်
ဒီက အဘနဲ့ တွေ့သွားပါလား ။ ဟို…ဆန္ဒရှိမှပါ ။”
သာယာလှပသောရှုခင်းများကို
ငေးကြည့်နေရင်း ကျွန်မ သူမ၏ပြောစကားများကို နားထောင်နေလိုက်၏ ။ သူမ၏
စကားဆုံးတော့
ကျွန်မမေမေနှင့်ကျွန်မကတော့ တုတ်တုတ်မျှ မလှုပ် ။ သိကြသည့်အတိုင်း ကျွန်မနှင့်ကျွန်မမေမေက
ထိုသို့
ဘိုးတော်တွေ အဘတွေဆိုလျှင် မယုံရေးချ မယုံ မဟုတ်လား ။ ဖေဖေက စိတ်ဝင်စားသွားဟန်ဖြင့်…
“ အဘဆိုတာ ဒီဒေသကြီးကို စည်ပင်သာယာလာအောင် လုပ်ဆောင်ခဲ့တဲ့
ဦးတင့်ဆန်းမဟုတ်လား ။ ဟာ…တွေ့
တာပေါ့ ။ ဦးလည်း ဆုံဖူးချင်နေတာ ။ လာ…သီရိရော
သမီးတို့ရော…။ အဘကို သွားတွေ့ကြစို့ ။”
ဖေဖေ၏စိတ်ဆန္ဒအရ
အဘဆိုသော ထိုပုဂ္ဂိုလ်ကို သွားရောက်တွေ့ဆုံရန် လိုက်ပါလာရပေမဲ့ ကျွန်မစိတ်ထဲတော့
စိတ်
သိပ်မပါလှ ။ ဖေဖေနှင့်ပတ်သက်ပြီး ဘိုးတော် မယ်တော် အတော်စုံစုံကိုလည်း တွေ့ကြုံဖူးခဲ့ပြီ
။ အများစုမှာ
ပညာထက်
အမူအရာသာ ပိုကဲပြီး လှိမ့်လုံး ခြောက်လုံးတွေနှင့် အလှူငွေ ကောက်ခံနေကြသူတွေသာ များခဲ့တာ
ကြောင့်
ကျွန်မစိတ်ထဲ ယခု အဘဟူသော ပုဂ္ဂိုလ်ကိုလည်း အထင်မကြီးလှ ။ ယခင်ကြုံခဲ့ဖူးသောအဖြစ်အပျက်
အချို့ကို
ပြန်တွေးရင်း ရင်လေးနေမိ၏ ။
အခိုင်အခန့်ဆောက်လုပ်ထားသော ဇရပ်တစ်ခုပေါ်သို့ တက်သွားရပြီး
အခန်းတစ်ခန်းသို့ ၀င်သွားရာ အခန်း
အလယ်တွင်
ကျွန်းစားပွဲခုံတစ်လုံးကို ဆက်တီခုံငါးခုံ ၀ိုင်းပတ်ထား၏ ။ ထိုဆက်တီခုံတစ်လုံးစီတွင်
ကျွန်မတို့ကို နေ
ရာယူစေပြီး
ထိုအမျိုးသမီးက တစ်ဖက်ရှိ သူ့ဆိုင်ခန်းဆီသို့ ထွက်ခွာသွားသည် ။ ကျွန်မ နဘေးပတ်ဝန်းကျင်ကို
ဝေ့၀ဲ
ကြည့်လိုက်ရာ
ခပ်လှမ်းလှမ်းတွင် အမျိုးသားတစ်စု စုရုံးကာ ဆွေးနွေးပြောဆိုနေကြပြီး ဇရပ်ထိပ်တွင်တော့
ဆင်းတု
တော်တစ်ဆူကို
ဖူးတွေ့ရ၏ ။
ကျွန်မမျက်လုံးကို ပြန်ရုတ်လိုက်တဲ့အခိုက် ဇရပ်ဆောင်၏အခန်းတစ်ခန်းထဲမှ
လည်ကတုံးဖြူနှင့်ပုဆိုးအညိုကွက်
ကို
ဝတ်ဆင်ထားသောလူတစ်ယောက် ထွက်လာကာ ကျွန်မတို့ရှိရာဆီသို့ လျှောက်လာလေသည် ။ အဘဟူသော
ပုဂ္ဂိုလ်ဖြစ်မည်ဟု
ကျွန်မ တွက်ဆလိုက်မိ၏ ။ အဘဟုဆိုထားသော်လည်း ယခင်က တွေ့ဖူးခဲ့သော မုတ်ဆိတ်ညှင်း
သိုးသိုး
ဆံပင်ရှည်ဖွာဖွာတို့နှင့်အဘပုံစံမျိုးတွေ မဟုတ်ဘဲ ဆံပင်တိုတိုကို သပ်သပ်ရပ်ရပ် ဖီးသင်ထားပြီး တစ်ကိုယ်
လုံးလည်း
သပ်သပ်ရပ်ရပ်သန့်သန်ရှင်းရှင်းနှင့် အသက်၆၀ကျော် ဦးလေးကြီးတစ်ယောက် ဖြစ်လေသည် ။ ထိုသူက
ကျွန်မဖေဖေ၏အနီးရှိ
ဆက်တီခုံတွင် ၀င်ထိုင်လိုက်ပြီး…
“ ဒီကိုရောက်လာပြီဆိုကတည်းက ……ဒေသအကြောင်းကို စိတ်ဝင်စားလို့လို့
ယူဆမိပါတယ် ။ ပိုပြီး စိတ်ဝင်စား
သွားအောင် ကျွန်တော် အသေးစိတ်ရှင်းပြပါမယ် ။”
ထိုသို့ဆိုကာ
အဘဆိုသောထိုသူက ကျွန်းစားပွဲခုံအောက်မှ အယ်လ်ဘမ်တစ်အုပ်ကို ဆွဲယူထုတ်လိုက်ပြီး ဓါတ်ပုံများ
ကို
တစ်ရွက်ချင်းလှန်ကာ ဘယ်ပုံက ဘယ်နှယ်ဖြစ်ခဲ့ကြောင်း ၊ ဘယ်တုန်းက ဘယ်လို ထူးထူးခြားခြား
တွေ့ကြုံခဲ့၍
မှတ်တမ်းတင်
ရိုက်ကူးထားကြောင်း…စသည်ဖြင့် စိတ်ဝင်စားစဖွယ် သေသေချာချာရှင်းပြလေသည် ။ ကျွန်မမှာလည်း
ထိုအချိန်ထိ
ယုံကြည်စိတ်အရှိလှကြီး မဟုတ်သော်လည်း အတန်ငယ်တော့ ထူးဆန်းခြင်း အံ့သြခြင်းများကို ခံစားမိ
၏
။(……ဒေသအကြောင်းကို အသေးစိတ် ရေးသားတင်ပြချင်သော်လည်း
ယခုရေးသားမည်မှာ ထိုဒေသနှင့် ပတ်
သက်သော
ပုဂ္ဂိုလ်အကြောင်းဖြစ်သဖြင့် ယခုအပုဒ်၌ ချန်လှပ်ထားလိုက်ရခြင်း ဖြစ်ပါသည် ။)
ဦးတင့်ဆန်းက
အယ်လ်ဘမ်တစ်အုပ် ကုန်သည်အထိ ရှင်းပြပြီးသော်လည်း မောပန်းသွားဟန် မရှိ ။ ကျွန်မဖခင်
ကတော့
……ဒေသအကြောင်းကို စုံစုံလင်လင် သိရှိလိုက်ရသဖြင့်
အတော်ယုံကြည်ကိုးစားကာ စိတ်အားတက်ကြွ
လျက်
ရှိ၏ ။ ထိုသို့ ရှင်းပြပြီးနောက် ဦးတင့်ဆန်းက ထိုင်ခုံနဘေးရှိ ဗီဒိုငယ်လေး၏အံဆွဲကို
ဆွဲယူလိုက်ပြီး အံဆွဲတွင်း
မှ
အထုပ်ငယ်လေးများကို ဆွဲထုတ်ယူလိုက်ကာ စားပွဲပေါ် ချလိုက်သည် ။
“ ကဲ…ဒီဒေသကို လူတိုင်း မရောက်နိုင်ဘူး ။ ပဋ္ဌာန်းဆက်ရှိမှ
ရောက်ဖြစ်ကြတာ ။ နောက်ပြီး ဒီဒေသကို ရောက်
လာသူတိုင်းလည်း အဘနဲ့ မဆုံဖြစ်ကြဘူး ။ ဒါ့ကြောင့်
အဘက အဘဆီကို ရောက်လာသူတွေအတွက် စီးပွား
တက် လာဘ်ပွင့် ကျန်းမာရေး အဆင်ပြေစေဖို့ အဆောင်လေးတွေ
လုပ်ထားတယ် ။”
ဟူ၍ဆိုကာ
အထုပ်ငယ်လေးများအတွင်းမှ ကပ်ပြား လေးခု သစ်သားတုံး လေးခု သေးငယ်သော နဂါးရုံဘုရားဆင်း
တုတော်
လေးဆူကို စားပွဲပေါ်တင်လိုက်ပြီး ပလတ်စတစ်အိတ်ငယ် လေးအိတ်ကို ကျွန်မတို့လေးယောက်ရှေ့သို့
တစ်
အိတ်စီ
ချပေးလိုက်၍ ကျွန်မ မျက်လုံးပြူးသွားရတော့သည် ။ ကျွန်မစိတ်ထဲ …
“ ဗုဒ္ဓေါ…ပုံမှန်ဘိုးတော်တွေဆို အဖေတစ်ယောက်တည်းအတွက်
ဝယ်နေကျ ။ ဒီတစ်ယောက်ကျမှ ငါတို့အကုန်လုံး
ကို ဇွတ်အတင်း ၀ယ်ခိုင်းတော့မယ်ထင်ရဲ့ ။”…
ဟူ၍
တွေးလိုက်မိသည် ။ ထိုသို့သောအတွေးနှင့် ကျွန်မ ဦးတင့်ဆန်းဟူသော ထိုအဘကို ဆတ်ခနဲ မော့ကြည့်လိုက်
မိရာ
ဦးတင့်ဆန်းက နားလည်ရန်ခက်သော အပြုံးတစ်ပွင့်ကို ပြုံးလျက် ကျွန်မကို လှမ်းကြည့်လိုက်၍
ကျွန်မ ခေါင်းပြန်
ငုံ့လိုက်မိသည်
။
ထို့နောက်တော့ ဦးတင့်ဆန်းက ပစ္စည်းတစ်ခုချင်းစီ၏
အစွမ်းအာနိသင်များကို ရှင်းပြပြန်သည် ။
“ ဒါက လာဘ်ခေါ်ရုပ်လို့ ဆိုလို့ရတယ် ။ ကတ်ကင်း အစီအမံပေါ့
။ တကယ်လို့ ကားအရောင်းအ၀ယ် အိမ်အရောင်း
အ၀ယ် အဆင်မပြေဘူးဆိုရင် နံနက်စောစော ဒီအရုပ်လေးကို
ရောင်းချင်တဲ့ပစ္စည်း နေရာဆိုလည်း နေရာပေါ့ ။
အဲ့ဒါကို ဟော့ဒီလို ခေါက်ပြီး ဇော်ဂျီ ဇီးကွက်ရုပ်လေးရယ်
အရောင်းအ၀ယ်အဆင်ပြေအောင် ကူညီပါလို့ ရေရွတ်
ပြီး ရောင်းကြည့် ။”
ဟူ၍ပြောပြီး
ကျွန်မတို့လေးယောက်ရှေ့သို့ တစ်ခုစီ ချပေး၏ ။ တိုက်ဆိုင်သည်မှာ ထိုအချိန်၌ ကျွန်မ၏မိဘနှစ်ပါး
သည်
ကားရော အိမ်ပါ ရောင်းထွက်စေရန် ကြိုးစားနေရချိန် ဖြစ်၏ ။ သို့ပေမဲ့ ထိုမျှဖြင့် ကျွန်မစိတ်ထဲတွင်
ထူးဆန်း
အံ့သြခြင်း
မရှိသေး ။ ဆက်လက်၍ ဦးတင့်ဆန်းက…
“ ဒါက အဆောင်ပြားလေး ။ ဒီအကွက်မှာ နေ့နံနံပါတ်ကို
ရေးရတယ် ။ မွေးရက်လေးတွေ ပြောကြပါဦး ။”
ဟုဆို၍
ကျွန်မတို့အားလုံး ကိုယ့်မွေးရက်ကို တစ်လှည့်စီ ပြောပြီးနောက် ဦးတင့်ဆန်းက စနေဆို
၇ဂဏန်း ၊ တနင်္ဂနွေ
ဆို
၁ဂဏန်း ၊ အင်္ဂါဆို ၃ဂဏန်း…စသည်ဖြင့် ရေးသားပြီး…
“ ဒီဘေးကအကွက်လေးမှာ ဆန္ဒရှိတာကို ရေးလို့ရတယ် ။
အလုပ်အကိုင် အဆင်ပြေစေချင်ရင် အလုပ်အကိုင်ပေါ့ ။
စာမေးပွဲအဆင်ပြေချင်ရင် စာမေးပွဲပေါ့ ။ ဥပမာ…အထက်လူကြီးနဲ့
အဆင်ပြေပါစေတို့ ၊ မူလနေရာဒေသသို့ ပြန်
လည် ပြောင်းရွှေ့နိုင်ပါစေတို့ ၊ လျှောက်ထားတဲ့
အလုပ် အဆင်ပြေပါစေတို့…ဘဏ်လုပ်ငန်းလျှောက်ထားရင်
ဘဏ်လုပ်ငန်း အဆင်ပြေပါစေလို့ ရေးပေါ့ ။”
ဥပမာ၏နောက်မှ
စကားများကို ကြားသည့်အခါ ကျွန်မတို့မိသားစု မျက်လုံး ပြူးသွားရလေတော့၏ ။ အဘယ့်ကြောင့်
ဆိုသော်
ကျွန်မတို့မိသားစု ကြုံတွေ့နေသောအခက်အခဲများက ဦးတင့်ဆန်း ပေးခဲ့သည့်ဥပမာများအတိုင်း
ဖြစ်နေ
သောကြောင့်ပင်
။ ကျွန်မဖေဖေက ရန်ကုန်မှနေ နယ်သို့ပြောင်းခဲ့ရပြီး ယခုနယ်မှ အထက်လူကြီးကလည်း အတန်
ငယ်လောဘကြီးသောကြောင့်
အလုပ်အကိုင်အဆင်မပြေသဖြင့် ရန်ကုန်သို့ ပြန်ပြောင်းချင်နေခိုက် ဖြစ်သလို ကျွန်မ
အစ်မကလည်း
ထိုစဉ်က ဘဏ်လုပ်ငန်း လျှောက်ထားသောကြောင့်ဖြစ်၏ ။ ကျွန်မစိတ်ထဲ နည်းနည်းတော့ အံ့သြ
သွားမိသည်
။
“ အဘကတော့ မြင်နေတဲ့အတိုင်းပဲ ။ ကျွန်တော်တို့အဖြစ်က
အဘပြောတဲ့အတိုင်းပါပဲလား ။”
ဖေဖေက
တလေးတစားပြောလိုက်၏ ။ ဦးတင့်ဆန်းကတော့ ပြုံးရုံသာ ပြုံးလိုက်ပြီး ထိုနံပါတ်ရေးထားသော
ကတ်ပြား
လေးများကို
နေ့နံအလိုက် ကျွန်မတို့ရှေ့သို့ ချပေးလိုက်သည် ။ ထိုသို့ ချပေးနေတုန်း…
“ အဆောင်ဆိုတာ အမှန်တော့ ပံ့ပိုးရုံလောက်ပါပဲ ။
ကိုယ်ကတော့ ဘာမှမလုပ်ဘဲ ဒီအဆောင်ကြီးကိုင်ပြီး ငါတော့
စာမေးပွဲ အောင်ပြီလို့ ယုံကြည်နေရုံနဲ့ ဘာမှဖြစ်လာမှာ
မဟုတ်ဘူး ။ အဓိကကတော့ ကိုယ်ကိုယ်တိုင်လည်း ကြိုး
စားရမယ် ။ ကိုယ်ကလည်း ကြိုးစားတယ် အဆောင်ကောင်းလည်း
ရှိတယ်ဆိုရင်တော့ ၈၀ဖိုး ကြိုးစားလို့ ကံပေး
ရင် ၁၀၀ဖိုးလောက် ဖြစ်လာနိုင်တယ် ။ ဒါ့ကြောင့်
အဆောင်ဆောင်ထားတာကတော့ မမှားဘူးပေါ့ ။”
ဟူ၍
မေမေကို မသိမသာဝေ့ကြည့်ရင်း ပြောလိုက်သဖြင့် မေမေ့ခမျာ ချွေးပျံလျက် ခေါင်းငုံ့သွားသည်ကို
ကျွန်မ တွေး
ရခက်စွာ
တွေ့မြင်လိုက်ရသည် ။
“ ဒီဟာက ငွေဝင်စေဖို့အတွက် အဆောင် ။ ငါးထောင်တန်လေးနဲ့
မတူဘူးလား ။”
ဦးတင့်ဆန်းက
ပလက်စတစ်လောင်းထားသော စက္ကူပြားလေးကို ကျွန်မတို့ဘက်သို့ ထောင်ပြလိုက်ရာ အမှန်ပင် ငါး
ထောင်တန်နှင့်
အရောင်ရော အရွယ်ပါ ဆင်တူနေသဖြင့် ကျွန်မစိတ်ထဲပင် တုပြီး ထုတ်ထားလေသလားဟု တွေးထင်
လိုက်မိ၏
။
“ ဒီအဆောင်က ငါးထောင်တန်ရဲ့အရင် ထုတ်ထားတာနော်
။ မယုံရင် ဒီကို ဟိုးအရင်ကတည်းက လာဖူးတဲ့သူတွေ
ဆီက တောင်းကြည့်ကြည့် ။ ငါးထောင်တန်က မနေ့တစ်နေ့ကမှ
ထွက်တာ ။ ဒီအဆောင်က လေးနှစ်ကျော်သွား
ပြီ ။ ဒါလေးကို ပိုက်ဆံအိတ်ထဲ ဆောင်ထား ။ ငွေမြဲတယ်
။ ငွေဝင်တယ် ။ ကဲ…ရော့ ။”
ဟူ၍
ပေးပြန်သည် ။
“ ဒါကတော့ နဂါးရုံဘုရား ။ တစ်ခါတစ်လေ ကိုယ့်စိတ်ထဲ
ဘာရယ်မှန်းမသိ နောက်ကျိလာတာမျိုး စိတ်ညစ်လာတာ
မျိုး ခေါင်းကိုက်လာတာမျိုးဖြစ်ရင် ပန်းကန်ပြားထဲ
ရေသန့်သန့်ထည့် ပြီးရင် ဒီဆင်းတုကို ရေသပ္ပါယ်ပြီး သက်သာ
စေဖို့ ဆုတောင်း ။”
ထိုသို့ဆိုကာ
ကျွန်မတို့ကို တစ်ယောက်တစ်ဆူစီ ပေးပြန်သည် ။ ထပ်ပြီး တိုက်ဆိုင်သည်ဟု ဆိုရဦးမည် ။
ကျွန်မမှာ
ဦးတင့်ဆန်း
ပြောသကဲ့သို့ မကြာမကြာဖြစ်တတ်သဖြင့် ကျွန်မကိုများ ရည်ရွယ်ပြောလေသလားဟုပင် တွေးလိုက်မိ
သေးသည်
။
ပစ္စည်းအားလုံး ပေးပြီးနောက် ဦးတင့်ဆန်းက အတန်ငယ်မောပန်းသွားဟန်ဖြင့်
နဘေးရေသန့်ဘူးထဲမှ ရေကို ဖန်
ခွက်ထဲ
ထည့်ပြီး မော့သောက်နေစဉ် ကျွန်မ တောင်တောင်အီအီ တွေးမိပြန်သည် ။
“ ဟူး…တစ်ယောက်ကို အဆောင်ဖိုး ဘယ်လောက်ကျမလဲ မသိဘူး
။ ဒီအဘက နည်းနည်းတော့ ထူးဆန်းသား ။
သူ ပြောသမျှ တော်တော်များများ တိုက်ဆိုင်နေတယ်
။ အို…အဆောင်ဖိုး တစ်ယောက် ငါးထောင်လောက် ပေး
ရရင် ငါကတော့ ကျွန်မ မလိုဘူးဆိုပြီး အတင်း ပြန်ပေးရမယ်
။ အမေလည်း ဒီလိုလုပ်လောက်မှာပဲ ။”
ကျွန်မစိတ်ထဲမှ
ရေရွတ်ပြောဆိုနေသော စကားများ ။ ထိုစကားများကို ဦးတင့်ဆန်း ကြားသွားလေသလား မသိ ။ ရေ
သောက်ပြီးသည်နှင့်
ချက်ချင်းပင်…
“ ကျွန်တော်က အဆောင်တွေကို ရောင်းတာ မဟုတ်ပါဘူး
။ ဒီကိုရောက်လာတဲ့ပဋ္ဌာန်းဆက်ရှိသူတိုင်းကို မေတ္တာ
လက်ဆောင် ပေးတာပါ ။ စိတ်ချလက်ချသာ ဆောင်ထားကြတော့
။ တကယ်လို့ ဟိုကကျောက်ကြွင်းနဂါးမှာ ဆု
တောင်းပြည့်ရင်သာ အဓိဋ္ဌာန်အတိုင်း ပြန်လာပြီး
လုပ်ကြဦး ။”
အံ့သြပြီးရင်း
အံ့သြချင်စဖွယ် ။ ကျွန်မ တွေးသမျှကို အဘဟူသော ဦးတင့်ဆန်းက မြင်တွေ့နေသလိုပင် ။ ကျွန်မစိတ်
ထဲ
အားနာသလိုပင် ဖြစ်သွားမိသော်လည်း နဂိုရင်းစွဲ ဘိုးတော်ဆိုလျှင် မယုံချင်သောစိတ်ကတော့
မပျောက်သေး ။
နောက်တစ်မျိုး
လှည့်တွေးပြန်သည် ။
“ မရောင်းဘူးဆိုရင် အလှူတော့ ခံမှာပဲ ။ ဖြစ်နိုင်တယ်
။ စားပွဲထောင့်က ဖလားကြီးမှာ ပိုက်ဆံထည့်ခိုင်းတော့မယ်
ထင်ပါရဲ့ ။”
ယခင်
တွေ့ကြုံခဲ့ဖူးသော အတွေ့အကြုံတို့နှင့် နှိုင်းဆပြီး တွေးတောနေမိ၏ ။ ထိုသို့တွေးလိုက်မိသည့်အခိုက်
ဦးတင့်
ဆန်း
လုပ်လိုက်သည့်အပြုအမူကြောင့် ကျွန်မ ပါးစပ်အဟောင်းသားဖြစ်ကာ ငိုင်ကျသွားရတော့သည် ။
ဦးတင့်ဆန်း
ပြုလုပ်လိုက်သည်က
စားပွဲထောင့်မှ ဖလားကို စားပွဲခုံအောက်သို့ ထိုးထည့်သိမ်းဆည်းလိုက်ခြင်းပင် ။
“ ကဲ…ကျွန်တော် လုပ်စရာလေးတွေ ရှိသေးလို့ ခွင့်ပြုပါဦး
။ အားလုံးလည်း နားနားနေနေ နေပြီးမှ ပြန်ကြပါ ။”
ဦးတင့်ဆန်းက
သူ ပေးစရာရှိသည်များကို ပေးပြီးသွားပြီမို့ ထိုင်ရာမှထကာ အခန်းတွင်းသို့ ပြန်ဝင်သွားသည်
။ ကျွန်မ
အတွက်တော့
စောစောက အတွေ့အကြုံအားလုံး အသစ်အဆန်းသက်သက် ။ အဘဦးတင့်ဆန်းကိုလည်း သံသယ
ပေါင်းစုံ
ဝင်ခဲ့မိသည့်အတွက် အားနာလာပြီး စိတ်ထဲကပင် တောင်းပန်လိုက်မိသည် ။ ဦးတင့်ဆန်းက အကြားအမြင်ရ
ပုဂ္ဂိုလ်များလား
။ သို့မဟုတ် သူတစ်ပါး၏ အတွေးစိတ်သန္တာန်ကို ဖောက်ထွင်းသိမြင်နိုင်သူလား ။ သို့တည်းမဟုတ်…
အမျိုးမျိုး
တွေးတောရင်း ဝေခွဲမရတော့ ။
အပြန်ခရီးတွင် မိသားစုဝင်တွေ တစ်ယောက်နှင့်တစ်ယောက်
အတွေးအမြင်တွေ ဖလှယ်ကြတော့ ကျွန်မကဲ့သို့
မေမေကိုယ်တိုင်လည်း
ကြုံတွေ့ခဲ့ကြောင်း သိလိုက်ရ၏ ။ မေမေ့စိတ်ထဲ တွေးလိုက်မိသည်က အဆောင်ပစ္စည်းလေး
ဆောင်ထားရုံနဲ့
ဖြစ်ချင်တာတွေ ဖြစ်မလာနိုင်ဘူး…ဟူ၍ ။ သို့ကြောင့်လည်း ဦးတင့်ဆန်းက…အဆောင်ဟူသည်မှာ
ပံ့ပိုးပေးရုံသက်သက်ဖြစ်ကြောင်း
၊ တကယ်ဖြစ်ချင်လျှင် မိမိကိုယ်တိုင် ကြိုးစားရမည်ဖြစ်ကြောင်း ရှင်းပြခဲ့ခြင်းဖြစ်လေ
သည်
။ ဖေဖေနှင့်ကျွန်မအစ်မကတော့ အံ့သြလေးစားယုံကြည်မိရုံမှတပါး အခြားတစ်စုံတစ်ရာ မတွေးမိကြောင်း
၊
တိုက်ဆိုင်မှုတော်တော်များများကြောင့်
တအံ့တသြဖြစ်ခဲ့ရကြောင်း ရင်ဖွင့်ကြသည် ။ ဖေဖေ၏အယူအဆက ဦးတင့်
ဆန်းဟာ
အတော့်ကို ပေါက်မြောက်နေသော ပုဂ္ဂိုလ်ထူး ဖြစ်နိုင်သည် ဟူ၍ ။ မေမေ၏တွေးထင်ချက်ကတော့
နှစ်၂၀
ကျော်
တရားအားထုတ် ပုတီးစိပ်သည့်အကျိုးများကြောင့် အကြားအမြင် ရနေလောက်ပြီ ဟူ၍ ။
မည်သို့ပင် ဖြစ်ပါစေ…ဤခရီးစဉ်တွင် ဦးတင့်ဆန်းဟူသောထိုအဘက
ကျွန်မအတွက် ထူးဆန်းသောပုဂ္ဂိုလ်တစ်ဦး
ပင်
ဖြစ်နေခဲ့ရပါတော့သည် ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို