Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

သွားမယ် ကြွားမယ်…



သွားမယ် ကြွားမယ်…


( ၂၀၁၁ နိုဝင်ဘာလထုတ် သောကြာမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတို ဖြစ်သည် )

 

ရေးသူ  -  မိနွန်းကို(ကွန်ပျူတာတက္ကသိုလ်)

 

--------------------------------------------------------------------------------------------------------------

 


        မင်္ဂလာပါ ခင်ဗျာ ။ ကျွန်တော်ကတော့ အစီအစဉ် တင်ဆက်သူ ကော်ကပ်ပါ ။ ယနေ့ သွားမယ်…ကြွားမယ်
…အစီအစဉ်မှာ ရွေးချယ်ထားတဲ့ စားသောက်ဆိုင်ကတော့ ဗိုလ်ချုပ်ဈေးနဲ့ မျက်စောင်းထိုး မီးပွိုင့်နားလေးမှာ ဖြစ်
သလိုလေး ဆိုင် ခင်းကျင်းထားတဲ့ ရွှေဝက် စားတော်ဆက်ပဲ ဖြစ်ပါတယ် ။ ကဲ…ကျွန်တော်တို့ လေ့လာလိုက်ကြရ
အောင်ဗျာ…။
   ဟာ…အံ့ပါ့တော်…အံ့ပါ့…အဲ အဲ…အံ့သြ ငေးမောချင်စရာပါပဲ ခင်ဗျာ ။ အဝင်ဝမှာ ချယ်သထားတဲ့ အပြင်အဆင်
များကိုက ဆွဲဆောင်မှု အားကောင်းနေပါပြီ ။ အုတ်နံရံ ကတ္တရာရောင်ပေါ်မှာ ရွှေဝက်ဆိုတဲ့ စာလုံးကို အနက်ရောင်
နဲ့ ထင်းထင်းရှင်းရှင်း ရေးသားထားပါတယ် ။ နောက်ပြီး ဆိုင်ခြံဝန်းထဲကို ဝင်လိုက်တာနဲ့ ဝက်ခြံကြီးကို ဘွားခနဲ တွေ့ 
လိုက်ရတာဟာ တကယ့်ကို romantic ဆန်စေပါတယ် ။ ကဲ…ကျွန်တော်တို့ ဆိုင်ထဲကို ဆက်ကြည့်ကြရအောင်ဗျာ ။
    “ မင်္ဂလာပါရှင့် ။ ရွှေဝက် စားတော်ဆက်က ကြိုဆိုပါတယ်ရှင့် ။ ဘာများ သုံးဆောင်ပါမလဲရှင့် ။”
        “ ဟို…ဘာတွေများ ရနိုင်မလဲ ?”( ကော်ကပ်က နိုင်ငံခြားမင်းသား ဒီဇိုင်း ဖမ်းကာ မေးစိကို ပွတ်ရင်း ပြော
လိုက်ရာ မေးစိတွင်လိမ်းကျံထားသည့် လက်လေးသစ်ခန့်အနက်ရှိသော မိတ်ကပ်များသည် ကွက်ခနဲ ပျက်သွား
လေသည် ။ ဤကား အထူး အတင်း…။)
     “ ဟဲ့…ဟိုကောင်မတွေ…ဒီမှာ ကိုကော်ကပ် ရောက်နေပြီ ။ ပြင်တာ ဆင်တာတွေ ရပ်ပြီး Menu ကပ်လေး
       လာပေးကြပါဦး ။ တကတည်းမှပဲ…”
     “ ခဏနေပါဦး…အန်တီဝက်ရဲ့  ။ သမီးတို့ ပြင်လို့ ဆင်လို့ ပြီးတော့ပါမယ် ။”
     “ ဟဲ့…ဗိုင်းနာမ…မိကျင်…နင် ငါ့ကို ဘယ်လို ခေါ်လိုက်တယ် ။ ဒီမှာ ဓါတ်ရှင်သမားတွေ ရှေ့ မှာ နင် ငါ့ကို တော
        က နာမည်ကြီး ခေါ်စရာလား ?”
     “ အဒေါ် ပြောကာမှ ကျွန်မတို့ကိုပါ တောကမှန်း သိကုန်ပါဦးမယ် ။” ( ကိုယ့်အကြောင်းကို ကိုယ့်ဘာသာ ဖော်
လျက် နောက်ဘက်ခန်းများဆီမှ မိန်းမငယ်လေး တစ်သိုက် ခပ်သွက်သွက် ပြေးထွက်လာလေသည် ။)
      “ အောင်မလေးဂျာ့…” ( ကော်ကပ်၏ ငယ်သံပါပါ ညှစ်အော်လိုက်သော အသံ ။)
      “ ဘာ…ဘာဖြစ်လို့လဲ…ကိုကော်ကပ် ။”
      “ ဘာ…ဘာညှမဖစ်ပါဖူး …” ( မျက်နှာပြင်တွင် ပြာအိုး မှောက်လာသကဲ့သို့ တရုတ်သရဲရုပ် ပေါက်နေကြသော
မိန်းမပျို တစ်သိုက်ကို ကော်ကပ် မဝံ့မရဲ ကြည့်ရင်း ကမန်းကတန်း ဖြေလိုက်သည် ။)
    “ ကဲ…Menu ဒီမှာ…။ ဒါတွေက ဒီနေ့အတွက် အထူး ဟင်းလျာ ။”
     “ ဝက်…ဂွေး…တောက်…”( ကော်ကပ် ဆက် မဖတ်ဝံ့တော့ ။ သို့ပေမဲ့ ဟန်ကိုယ်ဖို့မို့ ခပ်တည်တည် ဆက်ဖတ်လိုက်သည် ။)(အမှန်တော့ menu cardတွင် စာလုံးပေါင်းမှားနေခြင်း ဖြစ်၏ ။)
   “ ဝက်ဂွေးတောက်ရွက်ကြော်…။ ဝက်ဘီးစိပ် ။ ( ဘီးစကိတ်လည်း မဟုတ်ဘူး ) ဝက်ခါးတူးကြော် ။ ဝက်အခေါက်
    ကင် ။ ဝက်တုံးလုံးကင် ။ ဝက်ဒညင်းသီးနှပ် ။ ဝက် ဒူးရင်းသီးပေါင်း ။ ဝက်အူချောင်းသုတ် ။ ….အင်း ! ဝက်ဒူးရင်း
   ပေါင်းရယ် ၊ ဝက်တုံးလုံးကင်ရယ် ၊ နောက် အသီးရွက်ကြော်အနေနဲ့ ဝက်ဂွေးတောက်ကြော် ၊ ဟင်းချိုက ဝက်သား
   စွတ်ပြုတ် ဟင်းချို ။ အချိုပွဲက မြန်မာမုန့်ပဲ မှာတော့မယ် ။ ဆနွင်းမကင်း ၊ ထိုးမုန့် ၊ လမုန့် ၊ ဟာလဝါ   ဒီလောက်
   ပါပဲ ။” ( မိန်းမပျိုလေးများသည် သူထက်ငါ အလျင်အမြန် တိုးဝှေ့ပြုံးပြကာ နောက်ဖေး မီးဖိုချောင်ထဲသို့ အသီးသီး
ဝင်သွားကြလေသည် ။)
        ဆိုင်အတွင်း အပြင်အဆင်ကတော့ တကယ့်ကို ဆန်းကြယ်ပါပေတယ် ။ ဘယ် စားသောက်ဆိုင်ကြီးမှာမှ မမြင်
တွေ့ နိုင်တဲ့ ထနိမိုး ၊ ထရံကာ ဒီဇိုင်းကို ဤဆိုင်မှာ တွေ့ မြင်နိုင်ပါတယ် ။
      “ အန်တီက ဒီဆိုင်ရှင် ထင်တယ် ။”
     အို ! ဘယ့်နှယ့် အန်တီလဲ ? မမလို့ ခေါ်တာ မဟုတ်ဘူး ။ ဟုတ်တယ်…မမက  ဒီဆိုင် ပိုင်ရှင်ပါ ။”
     “ သြော်…ဟုတ်ကဲ့ ။ မမက ဒီဆိုင်ကို ဘယ်နှခုနှစ်က စဖွင့်ဖြစ်ခဲ့တာလဲ ?”
     “ အင်း…ဆယ်နှစ်ခွဲလောက်တော့ ရှိပြီ ။ ဒါပေမဲ့ ခုထိ အရင်း မကျေသေးဘူး ။ ဒါကြောင့် ခုလို TV  ကနေ
      တစ်နိုင်ငံလုံးကို ကြေညာလိုက်ရတာပါ ။”
    “ ရွှေဝက်ဆိုတဲ့ ဆိုင်နာမည်နဲ့ ပတ်သက်ပြီး အမှတ်တရ ရှိရင် ပြောပြပါဦး ။”
    “ အမှတ်တရတော့ သိပ်မရှိပါဘူး ။ ဒီလို လမ်းလေးခွဆုံရာမှာ ဆိုင်ဖွင့်မယ်လို့ မမတွေးမိတုန်းက နာမည်ကလည်း
      လူ နှစ်သက်တဲ့နာမည် ဖြစ်ရမယ် ။ ဆွဲဆောင်မှုလည်း ရှိရမယ် ဆိုတဲ့ စိတ်ကူးနဲ့ ရွှေဝက်လို့ ပေးဖြစ်သွားတာပါ ။
       အဲ့သည့်တုန်းက မမကလည်း ငယ်ငယ် ချောချောဆိုတော့ မမ ရွာမှာ နာမည်ကြီးပေါ့ ။ နောက်ပြီး မမ မိဘတွေ
       ထားခဲ့တဲ့ အမွေတွေကလည်း တပုံတပင်ကြီးလေ ။ ဒါပေမဲ့ မမက မာနမင်းသမီးလေးဆိုတော့ ရွာက ဘယ်ကာ  
       လနာ အဲ ဘယ်ကာလသားကိုမှ စိတ်မဝင်စားမိခဲ့ဘူး ။ ဒါ့ကြောင့် ခုထိ အပျိုကြီး ဖြစ်နေတာ ။ ဒါပေမဲ့ ခုလို ဆိုင်
        ကြီး တစ်ဆိုင်ကို မိန်းမသားတန်မဲ့ ဦးဆောင်နေရတဲ့ အတွက် မမ့ကိုယ်ကို အရမ်း ဂုဏ်ယူမိတယ် ။ မမဟာ
        အင်မတန် အရည်အချင်း ရှိတဲ့ မိန်းကလေးပဲလို့ ကိုယ့်ကိုကိုယ် သုံးသပ်မိတယ် ။”
    “ သြော်…ဟုတ်ကဲ့ ။” ( မဆိုင်တဲ့ စကားတွေကို ကြော်ငြာ ထည့်ပြောနေတဲ့ ဒေါ်ဝက်ကို သတင်း တင်ဆက်သူ
ကော်ကပ်က ကြော်ငြာခ မရတဲ့ ထုတ်လုပ်သူ ဒီဇိုင်းနဲ့ မိုက်ကန်းကန်း ကြည့်လိုက်သည် ။)
   “ ခုလို ပြောကြွား အဲ ဖြေကြားပေးတဲ့ အတွက် အမကို ကျွန်တော်က တကယ်ပဲ ကျေးဇူးအများကြီးတင်ပါတယ် ။”
   အို ! မမက ကျေးဇူးတင်ရမှာပဲ ။ ခုလို ရောင်းမကောင်းတဲ့ မမဆိုင်ကို တကူးတက လာစားပေးတဲ့အတွက် မောင်
   လေးကို မမက ကျေးဇူး အထူးတင်ပါသတဲ့ရှင့် ။”( မျက်လုံး ကလယ်ကလယ် လုပ်ကာ စပ်စလူး ခါပြနေသော ဒေါ်
ဝက် မျက်ခွက်ကြီးကို ကြည့်ကာ ကော်ကပ် ပျို့ အန်လာမည် စိုး၍ နောက် တစ်ကတ် ပြောင်းလိုက်သည် ။)
         ကဲ…ပရိသတ်ကြီး ခင်ဗျာ…ဒီနေ့တော့ ကျွန်တော် မှာထားတာ ရောက်မလာသေးခင်မှာ ဆိုင်အတွင်းက စား
သုံးသူတို့ ဆီက သတင်းစကားလေးတွေကို အရင် နားထောင်ကြည့်ကြရအောင်ဗျာ ။ ဟော ဟိုနားက ဘီယာခွက်
တကိုင်ကိုင် နဲ့ အကို တစ်စုဆီက သတင်းစကားအချို့ မေးစမ်းကြည့်မယ်ဗျာ ။ ပရိသတ်ကြီး…နားဆင်ကြည့်ပါဦး ။
    “ အကိုတို့ မင်္ဂလာပါ ။”
    “ ဟာ…ဟိတ်ကောင် …မင်္ဂလာပါ မလုပ်နဲ့ ။ ငါတို့ မှာထားတဲ့ မြန်မာ တစ်ဂျား မြန်မြန်ချကွာ ။ ဒီမှာ ပြတ်လို့ မဖြစ်
      ဘူး ။ ငါ မရစ်ချင်ဘူးနော် ။”
    ဟိုက် ! ဟို…ကျွန်…ကျွန်တော်က ကော်ကပ်လေ ။”
     “ ဘာ ကော်ကပ်လဲ ? မင်းဘာသာ ကော်ပဲ ကပ်ကပ် စူပါဂလူးထက်ပဲ ကပ်ကပ် ငါ ဂရုမစိုက်ဘူး ။”
(အမူးသမားများ၏ ရိုင်းပြသောစကားများကြောင့် ကော်ကပ်၏ မျက်နှာသည် မီးဖုတ်ထားသော ပေါင်မုန့်ကြီးအလား
နီရဲလို့ သွားလေသည် ။ ဒေါသကြောင့် သူ့နှာခေါင်းကြီးသည် ရထား စက်ခေါင်းကဲ့သို့ တရှူးရှူး တရှဲရှဲ ဖြစ်နေသည် ။ )
   “ ဒီမှာ ခင်ဗျားတို့ လွန်လာပြီနော် ။ ကျွန်တော်က အစီအစဉ်တင်ဆက်သူ ကော်ကပ်ဗျာ့ ။ ခု သွားမယ် … ကြွားမယ်
     အစီအစဉ် အတွက် ခင်ဗျားတို့ကို မေးမြန်းချင်လို့ လာခဲ့တာ ။ ခင်ဗျားတို့အပြုအမူတွေကို ရုပ်မြင်သံကြား ကြည့်
     ပရိသတ်တွေသာ သိသွားရင် ခင်ဗျားတို့ ဘာဖြစ်သွားမယ် ထင်လဲ ?”( ကော်ကပ်က ခပ်ငေါက်ငေါက် ဟောက်
လိုက်ရာ အမူးသမား တစ်သိုက်ခဗျာ ငြိမ်ကျသွားလေသည် ။)
    “ ဟာ…မ…မလုပ်ပါနဲ့ ကိုကော်ကပ်ရယ် ။ အကို့ကို ကျွန်တော့် မိန်းမက အရမ်း သဘောကျတာ ။ နောက်ပြီး
     အကိုပါတဲ့ ဒီအစီအစဉ်ကို သဘောကျလွန်းလို့ အကို ကြော်ငြာသမျှ ဆိုင်ပေါက်စေ့ကို လိုက်ဝယ်စားရင်း ခုဆို
     ပေါင် နှစ်ရာအချစ် ဇာတ်လမ်းတောင် ရိုက်လို့ ရအောင် ဝနေပြီ ။ ဒါ့ကြောင့် ကျွန်တော့် မိန်းမနဲ့ ကျွန်တော့်ကို
     ကွဲအောင်တော့ ဒီအကြောင်းတွေကို မလွှင့်လိုက်ပါနဲ့ ။ ကျွန်တော့်မိန်းမက ကျွန်တော်နဲ့ ကွဲပြီး ကိုကော်ကပ်ဆီ
     သွားမယ် တကဲကဲ လုပ်နေတာ ။ သူနဲ့ အကိုနဲ့က ရှေ့ သွား နောက်လိုက် ညီတယ်တဲ့လေ ။”
(ကော်ကပ် တွန့်ခနဲ ဖြစ်သွားသည် ။ ဘုရား…ဘုရား…ငါဟာ နေတိုး နီးပါး နာမည်ကြီးနေပါတကား…ဟူသော
ဘဝင်လုံးက ရင်ကို ဆောင့်လိုက်၍ တွန့်သွားခြင်းမျိုး မဟုတ် ။ ထိုဖက်တီးမကြီးနှင့်သူ မည်သို့ ရှေ့ သွားနောက်လိုက်
ညီနေသနည်း ဟု ဝမ်းနည်းပက်လက် တွေးလိုက်မိသောကြောင့် ဖြစ်သည် ။)
     “ ကဲ…ကဲ…ဒါဆိုလည်း ခုနက ဟာတွေ ဆင်ဆာဖြတ် ။ ခု ဆက်ရိုက်မယ် ။”
              ကဲ…ပရိသတ်ကြီး ခင်ဗျာ ။ ခု ကျွန်တော် စားသုံးနေသူ အချို့  ရဲ့  ရင်တွင်းစကားနဲ့ အကြံပေးချက်များကို
မေးစမ်းကြည့်မှာ ဖြစ်ပါတယ် ။
   “ မင်္ဂလာပါ  အကိုတို့ ။”
   “ ဟာ…ကိုကော်ကပ်ကြီးပါလား…လာဗျာ…။ ထိုင်…ရော့…မြို ။ ဒါက ဝက်တုံးလုံးကင်…ဒါက ဝက်ဆီဖူးကင်…။
     ဟောဒါက ဝက်ဝတ်လစ်စလစ်ကင်…။ ဝက်( ဝှေး ) တောက်တောက်စင်းပြုတ် ။ ဟောဒီဟာက ဝက်နှပ်ချေး
     သုပ် ။ ဒီဟာက ဝက်ချေးခါးချက် ။ ဒါက ဝက်နားဖာချေးစင်းကော ။”
    “ ဝေါ့…!”( အမူးသမား တစ်သိုက်ရဲ့  ပီပြင်လွန်းတဲ့ အမူအရာတွေကို ယှဉ်ပြိုင်ခြင်းငှာ မစွမ်းသာ၍ ကော်ကပ်
ပြေးထွက်လာခဲ့လေသည် ။)
            ဟော ! မှာထားတဲ့ ဟင်းလျာတွေ ရပါပြီ ။ ကဲ…ပထမဆုံး ဝက်ဒူးရင်းသီးပေါင်းကို မြည်းစမ်းကြည့်ပါမယ် ။  ပရိသတ်ကြီး မြင်တွေ့ တဲ့ အတိုင်းပါပဲ ။ အမြင်လေးကိုက စားချင်စဖွယ် အရောင်အသွေး စုံလင်နေပါတယ် ။ အင်း !
ကျွန်တော် ထင်တယ် ။ ဒါ ဒူးရင်းသီးကို အသားနွှာပြီး သုံးထပ်သားနဲ့ ပေါင်းထားတာ ဖြစ်မယ် ။ ကဲ…ပို သေချာသွား
အောင် ကျွန်တော် စားကြည့်လိုက်တော့မယ် ။”(ကော်ကပ်က ပန်းကန်အတွင်းမှ သုံးထပ်သားလွှာကို သံတူဖြင့် ဟန်
ပါပါ ခပ်ကာ ပါးစပ်ထဲသို့ ခပ်လှလှ ထည့်လိုက်သည် ။)
   အိုး……!” ( ဘာစကားမှ မဆိုနိုင်သေးဘဲ မျက်လုံးကို အစွမ်းကုန် ပြူးကာ နားရွက် နှစ်ဖက်ကို လက်နှစ်ဖက် နှင့်
ပိတ်ရင်း နတ်ပူးသလို ခါနေသည် ။ ခဏကြာမှ ရေခဲရေကို မတ်ခွက်လိုက် မော့ချလိုက်ပြီး…)
   “ တကယ် ကောင်းတဲ့ ဟင်းတစ်ခွက်ပါပဲ ။ စားစားချင်း ပထမဆုံး ခံစားရတာတော့ ခါးတူးတူး အဲ အဲ ချိုအီအီ သုံး
    ထပ်သားလွှာလေး လျှာပေါ်မှာ ပျော်ဝင်သွားပါတယ် ။ အီစိမ့်စိမ့် ချိုမွှေးမွှေး အရသာလေးကိုမှ အချိုပြင်းပြင်းလေး
     က နောက်က အုပ်လိုက်တဲ့အခါမှာတော့ အရမ်းကို စားလို့ ကောင်းတဲ့ ဟင်းတစ်ခွက် ဖြစ်သွားစေပါတယ် ။”
( ထိုစကားများကို ကော်ကပ် အတတ်နိုင်ဆုံး ကြိုးစားပြုံးကာ ပြောလျက် ရှိသည် ။)
    “ ကဲ…နောက်တစ်ခွက် အနေနဲ့ ဝက်တုံးလုံးကင်ကို စားကြည့်ရအောင် ။ တကယ်ကို နာမည်လေးနဲ့ လိုက်ဖက်ပါ
  ပေတယ်ဗျာ ။ ဝက်ပျိုမလေးကို ဘာမှ ဝတ်ဆင်ပေးခြင်း မရှိဘဲ အကောင်လိုက် ကင်ထားတာ ဖြစ်ပါတယ် ။ ( ဘယ်
ဝက်ကိုများ အင်္ကျီ ဝတ်ပြီး ကင်လို့လဲလို့…။) ကဲ…ကျွန်တော် စားကြည့်တော့မယ်နော် ။( ကော်ကပ်ခမျာ ခဲမှန်ဖူး
သော စာသူငယ်ကဲ့သို့ ကတုန်ကယင်နဲ့ တုန့်ဆုတ်တုန့်ဆုတ် ဖြစ်နေရှာသည် ။)
    “ အိုမိုး…အရမ်းကို စားကောင်းပါတယ် ။ ကဲ…မြန်မြန်ပြီးချင်လှပါပြီ အဲ…အဲ နောက်တစ်ခွက် မြန်မြန် မြည်းချင်လှ
  ပါပြီ ။ ဟောဒါကတော့ ဝက်ဂွေးတောက်ရွက်ကြော် ဖြစ်ပါတယ် ။ ဝက်သားကို နုတ်နုတ်စင်းပြီး ဂွေး(ခွေး)တောက်
ရွက် ပါးပါးလှီးနဲ့ သမအောင်ကြော်ထားတဲ့ ပဲငံပြာရည်အုပ် ဟင်းတစ်ခွက် ဖြစ်ပုံ ရပါတယ် ။ ကဲ…ကျွန်တော် အရသာ
ခံကြည့်လိုက်ပါဦးမယ် ။( တစ်ခါသေဖူး ပျဉ်ဖိုး နားလည်တဲ့ မသာလို တွန့်ဆုတ် တွန့်ဆုတ်ဖြင့်…ဤကား အင်တာနေ
ရှင်နယ် ဘူး အဲ နယူး )
    အား…!(အသံနက်ကြီးဖြင့် အော်လိုက်၍ မမဝက်က ထောင့်တစ်ကွက်ကနေ ဝက်ခုတ်ဓါးမ ထောင်ပြလိုက်သဖြင့်
  အလျင်အမြန် ဘရိတ်ဖမ်းလိုက်ရင်း ) ပါးပါး…အားပါးပါး…ကောင်းလိုက်တဲ့ လက်ရာဗျာ ။ ပရိသတ်ကြီး တစ်ခါတစ်
  ခေါက် လာရောက် မြည်းစမ်းသင့်ပါတယ် ။ လျှာပေါ် ရောက်ရောက်ချင်း ခါးသက်သက် စိမ့်တိမ့်တိမ့် အရသာကို အ
   ရင်ဆုံး ခံစားရပါလိမ့်မယ် ။ အဲ့သည့်နောက်မှာမှ ဝက်သားရဲ့  နူးနပ် မွှေးချိုတဲ့ အရသာ ဒီအရသာ နှစ်မျိုး ပေါင်းစပ်
   ကာ ပရိသတ်ကြီးကို ထမင်း မြိန်စေပါလိမ့်မယ် ။ နောက်ဆုံးမှာတော့ ပဲငံပြာရည်ရဲ့  ခပ်လေးလေးအရသာက လျှာ
   ပေါ်ကို စွဲသွားစေပါတယ် ။ အင်း…တကယ် ကောင်းတယ်ဗျာ့ ။”
    “ကဲ…နောက်တစ်မျိုး ။”( ကော်ကပ် ထွက်ပြေးတော့မလို အမူအရာဖြင့် ဖင်တကြွကြွ ဖြစ်နေ၍ အခြေအနေကို
ဝင်ထိန်းနိုင်ရန် ရိုက်ကွင်းထဲသို့ မမဝက် ဝင်လာလေသည် ။)
   “မောင်လေး တစ်ယောက်တည်း စားရတာ ပင်ပန်းရောပေါ့ ။ ဒီတစ်ခါ မမ ကူညီမယ် ။” ( ကော်ကပ် ပြုံးသွား
သည် ။ ငါးရှည့်ပြုံး ၊ ငါးမြွေထိုးပြုံးမျိုးတော့ မဟုတ်…ရိုးရိုး လူအပြုံး ၊ ဝမ်းသာပြုံးသာ ။ မမဝက် သူ့လက်ရာ သူ စားပြီး
ခံစားရတော့မည်ကို သိ၍ ဝမ်းသာသွားသော အပြုံး ။)
   “ ဟ…။”
   “ ဗျာ !”
   “ ရော်…သူကလည်း ဟ ဆိုမှတော့ ပါးစပ် ဟခိုင်းတာပေါ့ ။ သူ့မှာ ဘာဟစရာ ရှိလို့လဲ ?”
   “ ဘာ…ဘာလုပ်မလို့တုန်း ။”
   “ ခွံ့ ကျွေးမလို့ပေါ့ ။ ဟဆို…မဟရင် ဇွတ်ခွံ့ မှာနော် ။”
   “ ဟာ…မလုပ်ပါနဲ့ ။ နေ..နေပါစေ ။” ( ကော်ကပ် တားသော်လည်း မရ ။ အတင်းအဓမ္မ ကြံစည်ဖို့ မမဝက်က
အနားသို့ ကပ်လာလေသည် ။)
    “ အား……………!”
    “ ဗွီပွမ်…ဗွီပွမ်…”
ဇာတ်လမ်းအဆုံးတွင် ကော်ကပ် လျှာကျက် ၊ သွေးတိုးကာ ဆေးရုံသို့ ရောက်သွားသည် ။ သည် အစီအစဉ်ကို
TV ကလည်း အလကား မထားနိုင်၍ သတင်းလွှင့်လိုက်ရာ ဒေါ်ဝက်လည်း အရင်းပြုတ်ကာ ရွာပြန်ရ၏ ။ ဤတွင်
သွားမယ်…ကြွားမယ် အစီအစဉ် နိတ္ထိ တန်ပါပြီ ။ 

(စာချစ်ဆွေတို့ ပျော်ရွှင်စေဖို့ ရေးသားခြင်းသာ ဖြစ်ပါတယ်)


                                                                                                       စေတနာရှေ့ထားလျက်....
                                                                               မိနွန်းကို(ကွန်ပျူတာတက္ကသိုလ်) 


www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


 

- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။