ဦးကရင်…
( ၂၀၁၂ ဧပြီလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသောဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
-----------------------------------------------------------------------------------------------------------
အင်း…ကိုယ့်အကြောင်းကိုယ် ရေးရမှာဆိုတော့ ဘယ်လိုစရေးရမလဲလို့
စဉ်းစားနေခဲ့တာနဲ့ မရေးဖြစ်ခဲ့တာပါ ။
ဘာကြောင့်မှန်းမသိ
ရေးရမှာ ရှက်သလိုလို ကြောက်သလိုလို လူသိမခံဝံ့သလိုလို သူများကဲ့ရဲ့မှာ စိုးရိမ်သလိုလို
ဟိုလိုလိုဒီလိုလိုနဲ့
ဘာလို့မှန်းမသိပါဘဲ မရေးဖြစ်ခဲ့တာ ခုဆို ရေးမယ်လို့ကြံရွယ်ခဲ့ချိန်နဲ့ သုံးလေးနှစ်လောက်တောင်
ကွာခြားနေပါပြီ
။ အဲ…စကားဦးသမ်းတာ များသွားတော့ စာဖတ်သူတွေက ဟိုအကြောင်းလား ၊ ဒီအကြောင်းလား
လူသတ်မှုလား
ပြန်ပေးဆွဲမှုလားလို့တောင် တွေးကုန်ကြတော့မယ် ။ ထူးထူးဆန်းဆန်းအကြောင်းအရာလို့ ဆိုချင်
ရင်
ဆိုနိုင်သလို လူတိုင်း ကြားဖူး ၊ လူတော်တော်များများကြုံဖူးကြတဲ့ လူဝင်စားအကြောင်းအရာလေးပါ
။ တစ်ခြား
သူတွေရဲ့လူဝင်စားအကြောင်းဆို
ကြားပြီးတာနဲ့မကြာ စာရွက်ပေါ်မှာ စာစီပြီးနေပေမဲ့ ကိုယ့်ရဲ့အကြောင်း ဖြစ်နေ
လေတော့
လက်တွန့်တွန့်နဲ့ပဲ ရေးသားလိုက်ရပါတော့တယ် ။
*******************************************************************************
လွန်ခဲ့သောနှစ်ပေါင်းအစိတ်ခန့်က ယခု က,တိုက်ရေလှောင်တမံနေရာတွင် က,တိုက်ကျေးရွာဟူ၍
ရှိခဲ့
သည်
။ က,တိုက်ရွာသည် ကျေးရွာဟုဆိုသော်လည်း ရွာသေးလေးတစ်ရွာသာဖြစ်ပြီး လူဦးရေလည်း နည်းပါးလှ
သည်
။ တောတောင်နှင့် နီးစပ်ခြင်းကြောင့် ထိုကျေးရွာမှ ရွာသူရွာသားများမှာ သစ်ခုတ်ဝါးခုတ်
မျှစ်ရှာမှိုရှာစသည့်
တောကိုမှီသောအလုပ်များကို
လုပ်ကိုင်ကြသလို တောကောင်ဖမ်း ကျော့ကွင်းထောင်ရန် တောထဲဝင်သော မုဆိုး
အချို့လည်း
ရှိခဲ့ကြသည် ။ ထိုသို့ မုဆိုးအလုပ်ကို လုပ်ကိုင်သူများထဲတွင် ဖထီးညွှန့်ဖေကတော့ စိတ်နှလုံးကောင်း
သော
မုဆိုးဟု ပြောစမှတ်ပြုကြရလောက်အောင်ပင် ။
ဟုတ်လည်း ဟုတ်သည် ။ ဖထီးညွှန့်ဖေက တောင်ကောင်ဖမ်းရာတွင်
ဇီး(ကိုယ်ဝန်)ရှိသော တောကောင်များ
ကိုမူ
ဘေးမဲ့ပေးသလို နို့စို့အရွယ် မိခင်ရင်အုပ် မကွာသေးသော တောကောင်လေးများကိုလည်း သတ်ဖြတ်ခြင်း
မပြုတတ်သောကြောင့်
စိတ်နှလုံးကောင်းသောမုဆိုးဟု ပြောစမှတ်ပြုရခြင်းဖြစ်သည် ။ ထို့အပြင် ဖထီးညွှန့်ဖေက
မုဆိုးဟုဆိုသော်လည်း
အမြဲတမ်း သူတစ်ပါးအသက်ကို သတ်ဖြတ်နေတတ်သူမျိုးမဟုတ်ဘဲ ဥပုသ်နေ့ကဲ့သို့ အခါ
ကြီးရက်ကြီးများတွင်
တရားနာ သီလယူပြီး ဘုရားကျောင်းကန်တွင် ပုတီးစိပ် တရားအားထုတ်လေ့ရှိသဖြင့် မုဆိုး
ဟုတောင်
ပြောရခက်ခက် ။ သို့ပေမဲ့ ဖထီးညွှန့်ဖေက အမှန်ပင် မုဆိုးတစ်ယောက်ဖြစ်သည် ။
ဖထီးညွှန့်ဖေသည် မုဆိုးအလုပ်ကို အသက်နှစ်ဆယ်အရွယ်လောက်ကတည်းက
လုပ်ကိုင်လာခဲ့သူဖြစ်၍ ယခု
ဆိုလျှင်
သူ သတ်ဖြတ်ခဲ့သော တောကောင်တွေ၏အသက်မှာ သူ့အသက်ထက်ပင် များဦးမည်ဟု တစ်ခါတစ်ရံ
သံဝေဂရသည့်လေသံဖြင့်
ပြောပြတတ်သည် ။ ဖထီးညွှန့်ဖေ၏အသက်က ငါးဆယ်ကျော်လို့နေပြီ ။ ထိုအချိန်တွင်
တော့
သားကောင်သတ်ဖြတ်သောမုဆိုးအလုပ်ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကာ ဇနီးသည်နှင့်အတူ တောင်ယာ
လုပ်ငန်းကို
ကြိုးစားလုပ်ကိုင်နေသည် ။
“ ဟာ…မောင်ခင်မောင် လာသဝေ့ ။”
ခြံဝဆီသို့
ဖထီးညွှန့်ဖေ ပြေးထွက်လာရင်း အိမ်ပေါ်မှ ဇနီးသည်နော်အေးမူ ကြားလောက်အောင် အော်ပြောလိုက်
သည်
။ ခြံဝတွင်တော့ ဖထီးညွှန့်ဖေ၏ငယ်သူငယ်ချင်း ဦးတိုးမောင်ရဲ့သား ခင်မောင် ။ ခရီးဆောင်အိတ်ကို
ဆွဲ
ကာ
ရပ်လျက်ရှိသည် ။ ဖထီးက ခြံတံခါးကို ဖွင့်ရင်း…
“ မောင်ခင်မောင် မင်းအဘဲ့(အဖေ)ကော ။”
အဘဲ့ဆိုသည်မှာ
မွန်လို အဖေကို ခေါ်ခြင်းဖြစ်သည် ။ ကိုခင်မောင်နှင့်ဦးတိုးမောင်တို့က မွန်လူမျိုးများဖြစ်ကြသည်။
“ အဘဲ့က မအားသေးဘူး ဖထီးရ ။ ဒါ့ကြောင့် ကျွန်တော့်ကို
အရင် လွှတ်လိုက်တာ ။ လက်ဦးကတော့ အတူ
လာဖို့ပဲ ။”
“ ကဲ…လာကွာ ။ ဖထီးတို့ဆီမှာ ပျော်သလောက်သာနေ ။
မင်းအဘဲ့လည်း သူအားရင် လိုက်လာလိမ့်မယ် ။”
ကိုခင်မောင်
အိတ်ကို ဆွဲရင်း ဝင်လာလိုက်သည် ။ ဖထီးညွှန့်ဖေဆိုတာ သူ့အတွက်တော့ ဦးရီးတစ်ယောက်လို
၊
ဆွေရင်းမျိုးချာတစ်ယောက်လို
ရင်းနှီးနေပြီ ။ သူ ငယ်စဉ် ကိုးနှစ်ဆယ်နှစ်ကတည်းက ဖထီးတို့ဆီ အဘဲ့နှင့်အတူ
လာလည်နေကျ
။ ဖထီးနှင့်အဘဲ့က ညီအကိုတမျှ ခင်မင်ကြသူတွေ ။
ကိုခင်မောင်တို့ လာလည်လျှင် ဖထီးညွှန့်ဖေတစ်ယောက်
တောပစ်ထွက်ပြန်သည် ။ တောတွင်းမှ ဂျီ ဆတ်
တောဝက်ကဲ့သို့
တောကောင်သားများကို ကိုခင်မောင်အား ကျွေးချင်သောကြောင့်ဖြစ်သည် ။ ယခုလည်း အသက်
အရွယ်
ထောက်နေပြီမို့(သူတစ်ပါးအသက်ကို ကြိုးစားပမ်းစား မသတ်ဖြတ်ချင်တော့သည်က တစ်ကြောင်း)
တော
ဝက်
ဆတ်ကဲ့သို့ တောကောင်မျိုးတွေ ပစ်ခတ်ဖမ်းမနေတော့ဘဲ ထောင်ဖမ်း၍ရသော ကိုခင်မောင်လည်း နှစ်သက်
သည့်
ဒေါင်းသားကိုသာ မွှေးကြိုင်သင်းပျံ့စွာ ချက်ပြုတ်ကျွေးရှာသည် ။
“ ကောင်းလိုက်တာ ဖထီးရာ ။ ဒေါင်းသား မစားရတာ ကြာပြီ
။”
“ ကောင်းဆို မင်းမနော်ရဲ့လက်ရာကိုး ။ စားဝေ့…။”
ဖထီးက
စားဖို့ ပြောသလို ကိုခင်မောင်ကလည်း ခေါင်းမဖော်တမ်း စားသည် ။ ဒေါင်းသားသည် ကြက်ဆင်သားကဲ့
သို့ပင်
နူးညံ့အိစက်လှသော်လည်း နိုင်ငံခြားကြက်ကဲ့သို့ ပွစိစိဖွာယောင်ယောင် မဟုတ် ၊ အသားစိုင်တစ်ခုနှင့်တစ်
ခုကြား
ကြွက်သားများ၏တင်းရင်းမှုကြောင့် အသားတစ်ဖတ်ကို ကိုက်ဖဲ့ဝါးလိုက်တိုင်း အချိုဓါတ်တွေ
စိမ့်ထွက်လာ
ကာ
အရသာထူးကဲလှသည် ။
“ ဒါနဲ့ ဖထီးကို ပြောရဦးမယ် ။ ကျွန်တော် ဆယ်တန်းအောင်လို့
ရန်ကုန်မှာ ကျောင်းသွားတက်ရတော့မယ် ။”
ကိုခင်မောင်က
စားသောက်ပြီးသည်နှင့် လာရင်းသတင်းကိစ္စကို ပြောချလိုက်သည် ။ ကိုခင်မောင်၏စကားဆုံး
တော့
ဖထီးတစ်ယောက် ဝမ်းသာအားရ ထခုန်လေသည် ။
“ ဟ…ဒီလိုမှပေါ့ကွ ။ မင်း ပညာတတ်ကြီး ဖြစ်တော့မှာပေါ့
။”
ဖထီးက
ဝမ်းသာသလောက် ကိုခင်မောင်ကတော့ ဝမ်းမသာ ။ ရန်ကုန်မြို့ကြီးတွင် ကျောင်းသွားတက်လျှင်
ယခု
လို
ဖထီးတို့ဆီ အလည်လာခွင့် မရတော့ ။ အို…ဖထီးတို့ဆီ မပြောပါနှင့် ။ ရွာက အဘဲ့နဲ့အမဲ့(အဖေနဲ့အမေ)ဆီကို
တောင်
အနိုင်နိုင်ရယ် ။
“ ပညာတတ်ကြီးဖြစ်မှာ မှန်ပေမဲ့ ဖထီးတို့နဲ့တော့
ဝေးပြီပေါ့ ဖထီးရ ။ ရန်ကုန်ဆိုတာ ဟိုးအဝေးကြီးမှာ ။ ဒီကို
ခဏ ခဏ ဘယ်လာနိုင်ပါ့မလဲ ။”
ဖထီးက
ကိုခင်မောင့်စကားကို ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံရင်း…
“ အင်း…ဟုတ်တာပဲ ။ မင်းက မင်းပညာရေးကို မင်းဂရုစိုက်ရမှာပေါ့
။ ဘာမှ မပူနဲ့…မင်း မလာနိုင်ရင် ဖထီးတို့
အလည်လာမှာပေါ့ ။ မင်းသာ ပညာတတ်ကြီးဖြစ်အောင်လုပ်
။ ငါတို့က ပညာမတတ်လို့ မုဆိုးလုပ်စား တောင်
ယာလုပ်စားနေရတာ ။ မင်းကျရင် အရာရှိကြီးဖြစ်အောင်လုပ်
။ ဒါမှ ငါလာလည်ရင် စားကောင်းသောက်ဖွယ်
တွေ ဝယ်ကျွေးနိုင်မှာ ။”
ဖထီးက
ပေါ့ပေါ့ပါးပါးပြောလိုက်၍ ကိုခင်မောင်လည်း ဝမ်းနည်းမနေတော့ဘဲ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်တော့
သည်
။
*******************************************************************************
ထိုကာလတွေက ကြာခဲ့ပါပြီ ။ ကိုခင်မောင်တောင်
အရာရှိကြီးဖြစ်လို့ ရန်ကုန်မြို့တွင် အခြေချကာ ဇနီးပင်
။ ဖထီးညွန့်ဖေကတော့ သူ့စကားအတိုင်း ရန်ကုန်မြို့တော်ကြီးကို အလည်ရောက်မလာသေး ။ ကိုခင်မောင်
ကလည်း
ဖထီးညွှန့်ဖေဆီကို ငယ်စဉ်ကလို အလည်အပတ်သွားချင်ပေမဲ့ အလုပ်တာဝန် အိမ်ထောင့်တာဝန်တွေ
ကြောင့်
စိတ်ကူးဖြင့်သာ ရောက်လျက်ရှိသည် ။
ထိုသို့ နေ့ရွှေ့ညရွှေ့စီမံကိန်းချနေစဉ် ရွှေ့ဆိုင်းမရသောသေခြင်းတရားက
အနီးအနားကို ရောက်ရှိလာကာ တံ
ခါးခေါက်လိုက်သည်ကြောင့်
ဖထီးညွှန့်ဖေတစ်ယောက် ဆုံးပါးလို့သွားလေသည် ။
ဖထီး ဆုံးပါးသွားတော့ ကိုခင်မောင်တစ်ယောက် ဖထီး၏အသုဘကို
မရောက်ရောက်အောင် သွားကာ ကူညီ
လုပ်ကိုင်ပေးသည်
။ သို့ပေမဲ့ သူ့ကိုယ်သူ ယူကြုံးမရ…ဖထီးညွှန့်ဖေက ကိုခင်မောင်၏အဘဲ့ပြီးလျှင် ကိုခင်မောင့်
အတွက်အရင်းနှီးရဆုံးသူ
။ ယခုများတော့ ရန်ကုန်ကိုပင် အလည်အပတ် ခေါ်ငင်ခွင့်မရလိုက် ။ ဖထီး ပြောခဲ့သလို
ကောင်းနိုးရာရာတွေပင်
ကျွေးမွေးခွင့် မရလိုက် ။
“ ခင်မောင်ရေ မင်းနှမကို ခေါ်သွားပါကွယ် ။ သူ့အစ်မ
မင်းဇနီးလည်း အဖော်ရတာပေါ့ ။ နောက်ပြီး သူ့အတွက်
လည်း အမြင်ကျယ်တာပေါ့ ။”
ဖထီးအသုဘ
ရက်လည်ဆွမ်းသွပ်အပြီး ကိုခင်မောင်အပြန်မှာ မနော်က သူ့သမီးကို ရန်ကုန်သို့ ထည့်ပေးလိုက်
သည်
။ အမှန်တော့ မနော်အတွက် ငွေရေးကြေးရေး အဆင်မပြေတာကြောင့် မအေးခိုင်ကို အိမ်ဖော်သဘောမျိုး
ထည့်ပေးလိုက်ခြင်းဖြစ်သည်
။ သူတစ်ပါးဆီမှာဆို အိမ်ဖော်သဘောမျိုးဖြစ်ပေမဲ့ ကိုခင်မောင်အတွက်ကတော့
ဖထီးသမီးမအေးခိုင်က
ညီမလေးတစ်ယောက်လိုပင် ။
ဖထီးညွှန့်ဖေနှင့်မနော်အေးမူက
အသက်အတော်ကြီးမှ ကလေးရတာကြောင့် မအေးခိုင်လေးခမျာ ဖအေဆုံး
ပါးတော့
အသက်ဆယ့်သုံးနှစ်လောက်သာ ရှိသေးသည် ။
မအေးခိုင်လေး ပါလာတာကြောင့် ကိုခင်မောင့်ဇနီး မအေးသန်းအတွက်လည်း
အတော် အဆင်ပြေသွား
သည်
။ မအေးခိုင်က အလိုက်သိတတ်ပြီး ဖင်ပေါ့တာကြောင့် မအေးသန်းလည်း အတော် သက်သာသွားသည် ။
သို့ပေမဲ့
ကံကောင်းခြင်း ကံဆိုးခြင်း ကောင်းခြင်း ၊ ဆိုးခြင်းတွေက အမြဲ ဒွန်တွဲလျက် ရှိနေသည်
မဟုတ်ပါလား ။
“ ရှင်…ရှင် ဘယ်သူလဲ ။”
မအေးသန်း
တထိတ်တလန့် မေးလိုက်မိသည် ။ ပုံစံက တကယ့်ကို ဘာမထီ…ဘယ်သူ့ကိုမှ အရေးမစိုက်သည့်
မျက်နှာ
။
“ ငါ ဘယ်သူလဲတောင် နင် မသိဘူးလား ။”
ထိုသူက
ထိုသို့ပြောလိုက်၍ မအေးသန်း အံ့သြသွားကာ ကြောက်လန့်စိတ်ကို ထိန်းချုပ်ရင်း ထိုသူ့ကို
အသေအချာ
အကဲခတ်ကြည့်လိုက်သည်
။
“ ဟို…ဟို မအေးခိုင်နဲ့တော့ တူသလိုပဲ ။ မအေးခိုင်ရဲ့အဖေလား
။”
“ အေး…ဟုတ်တယ် ။ အမလေး…မောလိုက်တာ ။ လူကို အိမ်ထဲ
ပေးမဝင်တော့ဘူးလား ။ ရောက်တာနဲ့ ဆီး
မေးတော့တာပဲ ။ အဝေးကြီးက လာရတာ လမ်းမှာလည်း ဂိတ်တွေ
ဖြတ်ရသေးတယ် ။ အမောလေးဘာလေး
ဖြေပါရစေဦး ။”
“ ဟို…အိမ် အိမ်ထဲကို ဝင်ပါ ။”
မအေးခိုင်၏ဖခင်ဆိုသူက
ဧည့်ခန်းထဲကို ဝင်ချလာပြီး ဆက်တီပေါ်ထိုင်ရင်း အမောဖြေနေတုန်း မအေးသန်းတစ်
ယောက်
ခေါင်းမီးတောက်ရတော့သည် ။
ဘယ့်နှယ့်…ဘယ်လိုပါလိမ့် ။ ပိုင်စိုးပိုင်နင်း ပုံစံကြီး
။ တော်သေးတာပေါ့ ။ သူ့နောက်က မည်းမည်းသတ္တဝါတွေ
လိုက်ဝင်မလာလို့ ။ နေပါဦး…မအေးခိုင်ရောက်နေတာဖြင့်
သုံးလပြည့်တော့မယ် ။ သူက ဘာလို့ ခုမှ ပေါက်ချလာ
ရတာလဲ ။ နောက်ပြီး ဘယ်လောက်ကြာအောင်များ နေမှာပါလိမ့်
။
“ ငါက နင်တို့နဲ့ တစ်သက်လုံး နေမှာ ။ နင်တို့ ငါ့ကို
အစားကောင်းတွေလည်း ကျွေးရဦးမှာ ။”
မအေးသန်း
စိတ်ထဲက တွေးတောနေသည်ကို ထိုသူက ကြားသွား၍ပဲလား မပြောတတ် ။ ငါက နင်တို့နဲ့ တစ်သက်
လုံး
နေမှာဟု ပြောချလိုက်သည်။ မအေးသန်း ငြင်းချင်ပေမဲ့ သူ့ပုံစံက ကုတ်နှင့်ကော်ချလျှင်တောင်
ဆင်းမည့်ပုံမရ။
နောက်ပြီး
ကိုခင်မောင်၏မျက်နှာကလည်း ရှိသေးသည်ကြောင့် မအေးသန်းခမျာ ဘာမျှ မပြောနိုင်ရှာဘဲ…
“ အင်းပါ ဖထီးရယ် ။ ဖထီး နေချင်လည်း နေပါ ။”
လို့ပဲ
ခွင့်ပြုလိုက်မိပါတော့သည် ။
“ အိပ်မက်ကတော့ အဲ့ဒါပါပဲ ကိုကိုရယ် ။ အိပ်မက်ထဲမှာ
ဖထီးက အဲ့လိုပြောတယ် ။ ခု ကိုယ်ဝန်လည်း ရှိနေပြီ
ဆိုတော့ ဒီကိုယ်ဝန်က ဖထီးဝင်စားတာပဲလား မပြောတတ်ဘူး
။”
ကိုယ်ဝန်ရှိနေပြီဟူသောသတင်းကြောင့်
ကိုခင်မောင်၏မျက်နှာမှာ ဝမ်းသာမှုကြောင့် ဝင်းထိန်သွားသည် ။ သို့ပေမဲ့
ကိုယ်ဝန်က
ရိုးရိုးတန်းတန်း ရရှိခြင်းမဟုတ်…။ အိပ်မက်ပေးပြီးမှ ရရှိလာသောကိုယ်ဝန် ။
“ နေပါဦး အေးရဲ့ ။ ဖထီးဆိုတာကော သေချာလို့လား
။ အေးက ဖထီးကိုလည်း မမြင်ဖူးဘဲနဲ့ ။”
ကိုခင်မောင်က
စိတ်စွဲလန်းမှုကြောင့် မြင်မက်တာများဖြစ်လေမလားဟုတွေးကာ သေချာအောင် မေးလိုက်သည် ။
“ အင်း…မပြောတတ်ပါဘူး ကိုကိုရယ် ။ ဟို…မအေးခိုင်နဲ့တော့
အတော်တူတယ် ။ အရပ်က ပုပြတ်ပြတ်နဲ့ ။
ဆံပင်တွေ ဖြူနေပြီ ။ အဲ အင်္ကျီဝတ်မထားဘူး ။
ရင်ဘတ်မှာ နဂါးရုပ်ကြီး ထိုးထားတယ် ။ နှုတ်ခမ်းမွေးရေး
ရေးနဲ့ အသားဖြူဖြူ ။ ဖထီးညွှန့်ဖေက အဲ့လိုပုံစံမျိုး
ဟုတ်ရဲ့လား ကိုကို ။”
ကိုခင်မောင်
အံ့သြသွားသည် ။ ဇနီးသည်အေးသန်းခမျာ ဖထီးတို့ရွာကို တစ်ခါမျှ မရောက်ဖူးသလို ဖထီးကိုလည်း
တစ်ခါမျှ
မမြင်တွေ့ဖူးချေ ။ ခုများတော့ ဖထီးပုံသဏ္ဍာန်ကို ပြောလိုက်သည်မှာ အတိအကျ ။ ဤကိုယ်ဝန်က
ဖထီး
ဝင်စားတာ
အမှန်ပင်လား ။
အကယ်၍ မွေးလာမည့်ကလေးမှာ ဖထီးဝင်စားတာသာမှန်ခဲ့လျှင်
ကိုခင်မောင်လောက် ပျော်ရွှင်မည့်သူ ကမ္ဘာမှာ
ရှိတော့မည်
မဟုတ် ။ တစ်ချိန်က ဖထီးကို ကျွေးခွင့်မရခဲ့တာတွေကို မွေးလာမည့်ရင်သွေးလေးကျလျှင် အတိုးချ
ကာ
ကျွေးရမည် ။ ဖထီးကို ပို့ခွင့်မရခဲ့တဲ့နေရာတွေကို အတိုးချကာ ပို့ရမည် ။ ဖထီး ဝင်စားတာမှန်သော်လည်း
ထို
ကလေးငယ်လေးမှာ
ဟိုဘဝက အကြောင်းအရာတွေကို မှတ်မိနေပါ့မလား…မမှတ်မိလျှင် ဖထီးဝင်စားတာ ဟုတ်
မဟုတ်
မည်သို့ အတည်ပြုရပါ့မလဲ ။ ရုတ်တရက် ကိုခင်မောင်တစ်ယောက် ဖထီးတို့၏ရွာဓလေ့ကို သတိရသွားမိ
သည်
။
“ အေးခိုင်ရေ…အေးခိုင်…”
“ ရှင်…ကိုကိုကြီး ။”
“ လာပါဦးဟ…ဒီကို ။”
မအေးခိုင်က
မီးဖိုချောင်တွင် အလုပ်လုပ်နေရာမှ ပြေးထွက်လာသည် ။ ကိုခင်မောင်မှာ မေးချင်လွန်းလို့
ဖင်တကြွ
ကြွဖြစ်နေပြီ
။
“ ဘာခိုင်းမလို့လဲ ကိုကိုကြီး ။”
“ ဘာမှမခိုင်းဘူး ။ မေးစရာရှိလို့ ။ ဖထီး ဆုံးတော့
ဘာတွေ အမှတ်အသားလုပ်လိုက်သေးလဲ ။ နင်တို့ရွာဓလေ့
လေဟာ ။”
“ မသိဘူး ကိုကိုကြီးရဲ့ ။ အေးခိုင် အဲ့သည်တုန်းက
ငိုနေတာ ။”
မအေးခိုင်က
မျက်နှာငယ်လေးနှင့် ပြောရှာသည် ။ ဖထီး ဆုံးသွားတာ သုံးလကျော်ပြီဖြစ်သော်လည်း မေ့သေးပုံ
မရ
။ သြော်…မိဘဆိုတာ သားသမီးအတွက် ဘယ်သောအခါမျှ မေ့ကောင်းတဲ့အရာ မဟုတ်ပါဘူးလေဟု ကိုခင်
မောင်
တွေးမိပေမဲ့ သိချင်စိတ်ကိုတော့ ထိန်းချုပ်လို့ မရ ။
“ စဉ်းစားပါဦးဟ ။ နင်ကလည်း…”
မအေးခိုင်
ခေါင်းကို ကုတ်ရင်း စဉ်းစားနေသည် ။ ခဏကြာမှ…
“ သြော်…မှတ်မိပြီ ။ ဟို…အခေါင်းထဲထည့်ခါနီး မနော်က
ဖထီးလက်မောင်းကို အိုးမည်းနဲ့ တို့လိုက်တာ တွေ့
တယ် ။”
“ ဘယ်ဘက်လက်မောင်းလဲ ။”
ကိုခင်မောင်
ဝမ်းသာအားရမေးလိုက်မိသည် ။
“ ညာလက်မောင်းကိုပါ ကိုကိုကြီး ။”
ညာလက်မောင်း…ညာလက်မောင်း…ဟုကိုခင်မောင်
ရေရွတ်လိုက်သည်ကို မအေးခိုင်က အူကြောင်ကြောင်ဖြင့်
တစ်ချက်ငေးကြည့်ရင်း
မီးဖိုချောင်ထဲသို့ လုပ်စရာရှိတာ လုပ်ရန် ပြန်ဝင်သွားလေသည် ။ ကိုခင်မောင်ကတော့
မည်သူ့ကိုမျှ
ဂရုမစိုက်နိုင်သေး…အတွေးထဲတွင် ရစ်ဝဲနေတုန်း ။ ကလေးလေး မွေးလာလျှင် ကိုခင်မောင် ပထမ
ဆုံးလုပ်ချင်သည့်အလုပ်မှာ
ကလေး၏ညာလက်မောင်းတွင် အမှတ်ရှိမရှိ ကြည့်ချင်ခြင်းပင် ။ ကလေးက ကိုယ့်
ကလေးမို့
ဘယ်လိုပဲဖြစ်ဖြစ် ချစ်မည်မှန်သော်လည်း အကယ်၍ ဖထီးဝင်စားတာသာ မှန်ခဲ့လျှင်တော့ အတိုင်းထက်
အလွန်
ဝမ်းသာမိမှာ အသေအချာ ။
*******************************************************************************
ကျွန်မ ကိုယ့်လက်မောင်းကိုယ်ပြန်ကြည့်ရင်း အဖေဆက်ပြောမည့်စကားကို
နားစွင့်နေမိသည် ။ စိတ်ထဲ
တွင်လည်း
ပျော်ရွှင်သလိုလို ကြည်နူးသလိုလို ဝမ်းနည်းသလိုလို အတွေးစိတ်ကူးပေါင်းစုံက ယှက်ဖြာလျက်
။
“ သမီးလေးရဲ့လက်မောင်းက ဒီအမှတ်လေးလည်း မြင်ရော
ဖေဖေလေ ဝမ်းသာလိုက်တာ မပြောနဲ့တော့ ။ ဟ…
ဖထီး ဝင်စားတာဟေ့လို့ အော်ပစ်လိုက်ချင်စိတ်တောင်
ပေါက်တယ် ။ နောက်ပြီး ဖထီး ပြောခဲ့သလိုပဲ ။ ခုဆို
ဖေဖေက သမီးကို အစားကောင်းတွေ ကျွေးနေရပြီ မဟုတ်လား
။”
ဖေဖေ့စကားကြောင့်
ကျွန်မ ပြုံးလိုက်မိသည် ။ ဟုတ်၏…ကျွန်မက ဟင်းမကောင်းလျှင်တောင် ထမင်းမစားချင် ။
အကောင်းအတော်ကြိုက်သူဖြစ်သည်
။
“ ဟင်…ဒါပေမဲ့ သမီးက ဟိုဘဝတုန်းက ယောက်ျားဖြစ်ပြီး
ဒီဘဝကျတော့ မိန်းမဖြစ်ရတယ်နော် ။”
“ ဒါကတော့ သမီးရယ် အတိတ်ဘဝက ပြုခဲ့တဲ့ကံအကျိုးပေးတွေပေါ့
။ ခုပဲကြည့်…ဖထီးဘဝက သူများအသက်
တွေ သတ်ခဲ့တော့ သမီး ဒီဘဝမှာ ခေါင်းကိုက်တယ်
ဖျားတယ် နာတယ် ။ မကျန်းမာဘူးပေါ့ကွယ် ။ ဒါပေမဲ့
သီလယူ စိတ်ကောင်းမွေးခဲ့လို့ ခုလို ပြည့်ပြည့်စုံစုံနေရတယ်
။ စိတ်ချမ်းသာရတယ်ပေါ့ ။”
“ ဟုတ်တယ်နော် ။ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာဆိုတာ
တကယ်မှန်တာပဲ ။ ဒါနဲ သမီးသမီးလေးရော… အဲ
မအေးခိုင်လေးရော ။”
ဟုတ်သည်…မအေးခိုင်လေး
အဆင်မှပြေရဲ့လားလို့ ကျွန်မ သိချင်သည် ။ ဘာပဲပြောပြော သူက ဟိုဘဝက ကျွန်မ
ရဲ့သမီးလေး
မဟုတ်လား ။
“မအေးခိုင်လေးကတော့ သမီးကို သူ့အဖေဝင်စားမှန်း
သိတော့ ဝမ်းသာလွန်းလို့ အတော်ဂရုစိုက်ခဲ့တယ် ။ အဲ..
ဒါပေမဲ့ သမီးလေး လေးနှစ်သားလောက်လည်း ရောက်ရော
ရပ်ကွက်ထဲက စာရေးလေးတစ်ယောက်နဲ့ ချစ်
ကြိုက်နေတာကြောင့် အမေတို့ကပဲ မင်္ဂလာဆောင်ပေးလိုက်တယ်
။ ခုတော့ နယ်ကို ပြောင်းသွားတာ ကြာပြီ
ကွဲ့ ။”
အမေကပါ
ကျွန်မ၏ လူဝင်စားဇာတ်လမ်းကို ပြန်ပြောင်းပြောဆိုရာတွင် ပါဝင်လာသည် ။ ထိုဇာတ်လမ်းကို
ကျွန်မ
ငယ်စဉ်ကတည်းက
ခဏခဏကြားဖူးခဲ့ပေမဲ့ ယခုလို အသေးစိတ်ပြန်မမေးဖြစ်ခဲ့ ။ ခုကျမှ စာရေးရန်စိတ်ကူးရလာ
၍
ပြန်လည်မေးမြန်းနေရခြင်းဖြစ်သည် ။
“ အမေ အခုရော သမီးအရင်ဘဝက နေခဲ့တဲ့ရွာ ရှိသေးလားဟင်
။”
“ မရှိတော့ဘူး သမီးရဲ့ ။ သမီး ခြောက်နှစ်ခုနစ်နှစ်လောက်မှာပဲ
က,တိုက်ဆည်ဆောက်ဖို့ ရွာကို ရွှေ့လိုက်ရ
တယ် ။ ရွာရှိလည်း မသွားဖြစ်တော့ပါဘူးကွယ် ။
မနော်အေးမူလည်း သမီးမွေးပြီး သိပ်မကြာခင်မှာ ဆုံးသွား
ရှာတယ် ။”
မနော်
ဆုံးသွားပြီကြားတော့ ကျွန်မ့စိတ်ထဲက မကောင်းလှ ။
“ ဒါနဲ့ သမီး ငယ်ငယ်က ဘာတွေ မှတ်မိလဲဟင် ။”
“ သမီးသုံးနှစ်လောက်အထိတော့ ဟိုဘဝကို ကောင်းကောင်းမှတ်မိတယ်
ထင်တယ် ။ သမီးအဖေကို တစ်ခါ
တစ်လေ မောင်ခင်မောင်လို့ ခေါ်တတ်တယ် ။ နောက်ပြီး
ဟင်းမကောင်းတဲ့နေ့များဆိုရင် `မောင်ခင်မောင်
မင်းမိန်းမက ကောင်းကောင်းမကျွေးဘူး´လို့ သမီးအဖေကို
တိုင်တတ်တယ် ။ နောက်ပိုင်းကျတော့ သမီး
ဟိုဘဝနဲ့ ပတ်သက်ပြီး ဘာမှ မပြောတော့ဘူး ။”
ကျွန်မ့မေမေနှင့်ဖေဖေက
ကျွန်မ့မေးသမျှကို စိတ်ရှည်လက်ရှည်နှင့် ပြန်ပြောင်းပြောပြကြသည် ။ ကျွန်မကလည်း
အသေးစိတ်
မှတ်သားထားမိသည် ။
လူ့ဘဝဆိုတာ သံသရာဆိုတဲ့ရထားကြီး မောင်းနှင်နေခိုက်
ခဏတက်စီးရုံမျှသာဖြစ်တာကြောင့် အမှန်တော့ လူ
ဝင်စားရယ်ဆိုတာလည်း
မဆန်းကြယ်လှပါဘူး ။ သို့ပေမဲ့ ဟိုဘဝက ဘာတွေဖြစ်ခဲ့တယ်…ဘာတွေလုပ်ခဲ့၍ ယခု
ဘဝ
ဘာတွေဖြစ်ရတယ်ဆိုတာကို သံဝေဂယူနိုင်စေဖို့ရာ ဤကဲ့သို့ ကိုယ်တွေ့လူဝင်စားဖြစ်ရပ်လေးကို
စာဖတ်သူ
များထံ
တင်ပြလိုက်ရပါတော့သည် ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။