ရိုးတိုးရိပ်တိတ် ခြောက်လှန့်သူ…
( ၂၀၁၂ နိုဝင်ဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
-------------------------------------------------------------------------------------
အစ်မက
ပက်လက်မအိပ်တတ်ဘူး ။ အိပ်ရင် တစောင်းပဲ အိပ်တတ်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ ပုသိမ်
စက်ရုံက
အိမ်ကြီးမှာ နေကတည်းက အကျင့်ပါသွားရတာပဲဆိုပါတော့ကွယ် ။ သြော်…အဲ့ဒီ့အိမ်ကြီးမှာက ပက်လက်
မှ
အိပ်လို့ မရတာ ။ ပက်လက်အိပ်မိရင် ဘီလူးစီးသလိုလို တစ်ယောက်ယောက် တက်ဖိထားသလိုလို လှုပ်မရတော့
ဘူး
။ တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်တွေကျ ရုန်းကန်အော်ဟစ် နောက်ဆုံး ဘုရားစာတွေဘာတွေ
ရွတ်မှ လန့်နိုး
လာရတာ
။ အာ…မဟုတ်ဘူး ။ တိုက်ဆိုင်တယ်လို့ဆိုရအောင် ပက်လက်အိပ်မိလို့ ဒီလိုအဖြစ်မျိုးကြုံတာ
အစ်မတစ်
ယောက်တည်းမှ
မဟုတ်တာ ။ အစ်မတို့တစ်အိမ်လုံး ကြုံဖူးတယ် ။ ညီမပြောသလို သွေးလေ မညီညွတ်လို့ဖြစ်တယ်
ပြောရအောင်ကလည်း
တစ်မိသားစုလုံး ကြုံဖူးတာဆိုတော့ ကျန်းမာရေးကိစ္စကြောင့် ဖြစ်ရတာ မဟုတ်ဘူးကွယ့် ။
ကဲပါလေ…အစ်မ
ဒီအကြောင်း အစအဆုံးပြောပြရင်တော့ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ ညီမ သဘောပေါက်
သွားလိမ့်မယ်
။ ကြောက်တော့ မကြောက်နဲ့နော်…
*********************************************************************************
ဤအိမ်ကြီးသို့ လွင်မာမြင့်တို့ မရောက်လာခင်က ကရင်မိသားစုတစ်စု
ခဏနေသွားဖူးသည် ။ ထိုကရင်မိသားစု
သည်
ဗုဒ္ဓဘာသာဝင်များတော့ မဟုတ် ။ ထိုကြောင့်လည်း ထိတ်လန့်ခြောက်ခြားပြီး ဘာလုပ်လို့ ဘာကိုင်ရမည်မှန်း
မသိဖြစ်ကြကာ
ခဏတဖြုတ်သာ နေထိုင်ပြီး အခြားစက်ရုံသို့ ပြောင်းပြေးသွားကြ၍ မလွင်မာမြင့်တို့မိသားစု
ရောက်
ရှိလာခဲ့ရခြင်းဖြစ်သည်
။
အိမ်ကြီးသည် စက်ရုံဝင်းအတွင်းတွင် တည်ရှိပြီး
သာမန်အိမ်သေးလေးတစ်အိမ်သာ ဖြစ်သည် ။ အိမ်သေးလေး
ဆိုပေမဲ့
လွင်မာမြင့်တို့မိသားစု ချောင်ချောင်လည်လည် နေထိုင်နိုင်၏ ။ မလွင်မာမြင့်တို့မိသားစုတွင်
မိသားစုဝင်
က
စုစုပေါင်း ငါးယောက်…။ ဖခင် စက်ရုံမှူး ဦးအောင်မြင့် မိခင် ဒေါ်ခင်မာ သမီး လွင်မာမြင့်
သီတာမြင့် ဇင်မာမြင့်
ဟူ၍
မိသားစု ငါးဦး ချောင်လည်စွာ နေထိုင်နိုင်သော နှစ်ထပ်အိမ်ကလေးတစ်လုံး ဖြစ်၏ ။ အိမ်လေး၏ပုံသဏ္ဍာန်မှာ
တံခါးမကြီးမှဝင်လျှင်
ဧည့်ခန်းကျယ်တစ်ခန်း ၊ ထိုမှ ထမင်းစားခန်းနှင့်ကပ်လျက် အိပ်ခန်းတစ်ခန်း ။ ထမင်းစားခန်း
နဘေးတွင်
အပေါ်ထပ်သို့ တက်ရန် လှေကား ရှိ၏ ။ လှေကားမှ တက်သွားလျှင် ဘုရားခန်းနှင့် အိပ်ခန်းနှစ်ခန်းရှိ
သည်
။ မိဘနှစ်ပါးမှာ အပေါ်ထပ် ဘုရားခန်းနှင့်ကပ်လျက် အိပ်ခန်းတွင် အိပ်စက်ကြပြီး လွင်မာမြင့်ကတော့
ကျန်
တစ်ခန်းတွင်
နေထိုင်သည် ။ ကျန်ညီအစ်မနှစ်ယောက်ဖြစ်သူ သီတာမြင့်နှင့်ဇင်မာမြင့်တို့ကတော့ အိမ်အောက်ထပ်
ရှိ
အိပ်ခန်းတွင် နေထိုင်ကြသည် ။
ရောက်လာပြီး သုံးလေးရက်အတွင်းတော့ မည်သည့်ထူးခြားချက်မျှ
မရှိ ။ မိုးလင်းသည်နှင့် ဦးအောင်မြင့်က
စက်ရုံသို့
သွားရောက်အလုပ်လုပ်ကိုင်သလို လွင်မာမြင့်တို့သားအမိလေးယောက်မှာ ပုသိမ်မြို့အနီးအနားရှိ
ဘုရား
များသို့
သွားရောက်ဖူးမျှော်ကြသည် ။ မရောက်ဖူးသော နေရာများသို့ သွားရောက်လည်ပတ်ကြသည် ။ အိမ်သို့
ပြန်
ရောက်သည်နှင့်
ချက်ပြုတ်စားသောက်ပြီး ဘုရားရှိခိုး မေတ္တာပို့ အမျှပေးဝေကာ အိပ်စက်ကြလေ၏ ။ ထိုသို့
နေထိုင်
လာရင်း
ငါးရက်မြောက်သောနေ့သို့ ရောက်ရှိခဲ့သည် ။ ထိုနေ့တွင် လွင်မာမြင့်တို့သားအမိတတွေ အပြင်သို့
မသွား
ဖြစ်ကြ…။
အိမ်၌ပင် ချက်ပြုတ်စားသောက်ကာ အနားယူအိပ်စက်ကြသည် ။ ထိုအခါမှ လွင်မာမြင့်တို့ရှေ့က
ကရင်
မိသားစု
ဤအိမ်ကြီးမှ ထွက်ပြေးသွားရခြင်းအကြောင်းအရင်းကို ရေးတေးတေးလေး သဘောပေါက်မိတော့၏ ။
ပထမဆုံး ကြုံတွေ့ရသောသူသည် လွင်မာမြင့်ကိုယ်တိုင်ဖြစ်သည်
။ လွင်မာမြင့်သည် ထမင်းစားသောက်ပြီး
သောအခါ
အားလပ်နေသောကြောင့် မိမိ၏အိပ်ရာတွင် နေ့လည်နေ့ခင်း တရေးတမောအိပ်စက်မိသည် ။ ထိုစဉ်က
လွင်မာမြင့်သည်
ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာမေဂျာဖြင့် ဘွဲ့ပူပူနွေးနွေးရထားသူ ဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်နေခိုက်
ဖြစ်၏
။ လွင်မာမြင့်သည် မိမိကုတင်ပေါ်တွင် ပက်လက်လဲလျောင်းအိပ်စက်နေပြီး အိပ်မပျော်တပျော်
အခြေအနေ
တွင်…
`ပါးစပ်
ဟ……ပါးစပ် ဟ……´
နားထဲ၌
ထိုအသံကြီးကို ပီပီသသ ကြားလိုက်ရသဖြင့် လွင်မာမြင့် အိပ်ချင်မူးတူးနှင့် ပါးစပ်ဟမိတော့မလို
ဖြစ်သွား
ပြီးမှ
ရုတ်တရက် သတိဝင်လာကာ ကြောက်ကြောက်လန့်လန့်ဖြင့် ၀ုန်းခနဲ ထထိုင်ဖို့ ကြိုးစားလိုက်မိသည်
။ မရ…
တစ်ကိုယ်လုံး
အကြောတွေ တုံ့ဆိုင်းနေသလို မိမိခန္ဓာကိုယ်ပေါ်တွင်လည်း တစ်စုံတစ်ယောက် တက်ဖိထားသလို
မျိုး
လှုပ်ရှားလို့ မရတော့ ။ အသံကား ပျောက်ကွယ်သွားပြီဖြစ်ပေမဲ့ ထိတ်လန့်ခြောက်ခြားစိတ်ကတော့
ထိန်းမနိုင်
သိမ်းမရဖြစ်ကာ
ထိုနေရာမှ အောက်ထပ်သို့ အမြန်ပြေးဆင်းချင်စိတ်ဖြင့် အတင်းရုန်းကန်ထတော့ တစ်ယောက်
ယောက်က
တွန်းဖိထားသည့်အလား လှုပ်လို့မရ…အော်ဖို့ကြိုးစားပြန်တော့လည်း ပါးစပ်ကို လက်နှင့် ဖိပိတ်ထား
သကဲ့သို့
ဟလို့အော်လို့ မရ…။ တကယ့်ကို ဘေးကျပ်နံကျပ်ချောက်ချားဖွယ်ရာအခက်အခဲများကြောင့် လွင်မာမြင့်
ချွေးသီးချွေးပေါက်များ
ကျလာသည် ။ စိတ်တွေ ဂဏှာမငြိမ် ယောက်ယက်ခတ်နေရာမှ ရုတ်တရက် ရတနာသုံးပါး
မှလွဲ၍
အားကိုးစရာ မရှိသည်ကို သတိရသွားမိသဖြင့်…
` ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သဃံသရဏံ ဂစ္ဆာမိ´
ဟု
စိတ်ထဲမှရွတ်ဆိုလိုက်ရာ ခြေထောက်နှစ်ဖက်မှာ အနည်းငယ်လှုပ်ရှားလို့ ရသွားသည် ။ နောက်ထပ်
အကြိမ်မည်
မျှမှန်း
မမှတ်မိလောက်အောင် အခေါက်ခေါက်အခါခါ ရွတ်ပွားလိုက်သည့်အခါ တစ်ကိုယ်လုံး လှုပ်ရှားလို့ရသွား၍
အိပ်ရာမှ
ဝုန်းခနဲ ထရပ်လိုက်ပြီး အိမ်အောက်ထပ်သို့ ပြေးဆင်းလာခဲ့လိုက်တော့သည် ။
ထိုအဖြစ်အပျက်ကို ကျန်မိသားစုဝင်များအား
ပြောပြခဲ့ရာ သူတို့တွေက လွင်မာမြင့် အိပ်မက်ဆိုး မက်သည်
ဟုသာ
ယူဆကြပြီး ထိုကိစ္စကို ပေါ့ပေါ့ဆဆပင် နေလိုက်ကြ၏ ။ နောက်ပိုင်း ထိုဘီလူးစီးသလိုမျိုးအဖြစ်အပျက်ကို
တစ်ယောက်ပြီးတစ်ယောက်
ကြုံတွေ့လာမှ အားလုံး တအံ့တသြဖြင့် လက်ခံယုံကြည်လာကြတော့သည် ။ အငယ်
ဆုံးညီမလေးဇင်မာမြင့်အလှည့်ကဆို
အတော်ဆိုးသည် ။ ဇင်မာမြင့်မှာ ပက်လက်အိပ်နေရင်း ပါးစပ်ဟ ပါးစပ်ဟဟု
အသံကြားသဖြင့်
ပါးစပ်ဟလိုက်မိရာ သတိပြန်မလည်လာ၍ ရေမန်းတောက်ရ ဆေးဆရာပင့်ရသည်အထိ ဖြစ်ခဲ့ရ
သည်
။ ဇင်မာမြင့်၏ပြန်လည်ပြောပြချက်အရ ပါးစပ်ဟလိုက်ရာ ပါးစပ်အတွင်းသို့ အမဲသားတစ်ကြီးတစ်တုံး
ထည့်
လိုက်သည်ကို
ခံစားလိုက်ရကြောင်း အသည်းယားဖွယ် နားဆင်ခဲ့ရ၏ ။
ထိုကိစ္စများ ဖြစ်ပျက်ပြီးနောက်ပိုင်း လွင်မာမြင့်တို့မိသားစုဝင်တွေအားလုံး
ဘုရားတရားကို ဖိဖိစီးစီး လုပ်ဖြစ်
ကြသည်
။ အမြဲတမ်း ဘုရားရှိခိုး မေတ္တာပို့သောကြောင့် ထိုသို့သောအဖြစ်အပျက်များကို မကြုံတွေ့ရတော့
။ သို့ပေ
မဲ့
သူတို့တွေ ရှိနေကြောင်းကိုတော့ ရိုးတိုးရိပ်တိတ်မျှ ပြတတ်သည် ။ တစ်ခါက လွင်မာမြင့်တို့တစ်မိသားစုလုံး
အပြင်
သွားရမည့်နေ့၌
သီတာမြင့် နေထိုင်မကောင်းသဖြင့် တစ်ယောက်တည်းနေခဲ့ရသည် ။ အခြောက်အလှန့်လည်း အ
တော်အသင့်ကင်းဝေးနေပြီဖြစ်၍
သီတာမြင့် တစ်ယောက်တည်းနေရန် မကြောက်ရွံ့တော့ ။ သို့ကြောင့် အိမ်တွင်
အေးအေးဆေးဆေးပင်
တစ်ယောက်တည်း နေခဲ့သည် ။ နေ့လည် ထမင်းစားသောက်ပြီးချိန်တွင် သီတာမြင့် စာ
အုပ်ဖတ်ရင်း
အိပ်ငိုက်လာ၍ တရေးတမောအိပ်စက်လေသည် ။ နို့ပေမဲ့ ပက်လက်တော့ မအိပ်ဝံ့တော့…။ တစောင်း
အိပ်နေရင်းနှင့်မှ
အိပ်၍ မပျော်တပျော်အချိန်တွင် တစ်အိမ်လုံး သောသောညံလို့လာသည် ။ အိမ်အပေါ်ထပ်တွင်
လည်း
ကလေးများက ဆော့ကစားအော်ဟစ်လို့ ၊ သီတာမြင့်၏နဘေးနားမှလည်း လူကြီးသုံးလေးယောက် စကား
ပြောရင်း
ဖြတ်သွားကြသည် ။ ထိုသို့ အိပ်မက်လိုလိုအဖြစ်များကြောင့် သီတာမြင့် မျက်လုံးဖွင့်ကာ
ဝုန်းခနဲ ထထိုင်
လိုက်တော့
အသံများက သူ့အလိုလို တိခနဲ တိတ်ဆိတ်သွားသည်ကို အံ့သြဖွယ် တွေ့မြင်ရ၏ ။
လွင်မာမြင့်၏မိခင် ကြုံတွေ့ပုံကတော့ အကောင်အထည်လိုက်လို့
ဆိုရပေမည် ။ လွင်မာမြင့်တို့ပြောင်းလာ
ပြီး
တစ်လကျော်ကျော်လောက်တွင် ဤအိမ်၌ အခြောက်အလှန် ရှိသည် မမြင်အပ်သည့် ပုဂ္ဂိုလ်တွေ ရှိသည်ကို
သိ
ရှိလာ၍
လွင်မာမြင့်တို့တစ်မိသားစုလုံး ဘုရားတရားကို ယခင်ကထက် ပိုမိုပြုလုပ်အားထုတ်လာချိန်
တစ်နေ့ လွင်မာ
မြင့်၏မိခင်သည်
အပြင်က ပြန်လာခိုက် ပင်ပန်းသောကြောင့် အိပ်ရာပေါ် လှဲလိုက်ရာ အိပ်ပျော်သွားလေသည် ။ ထို
အခါ
အိပ်မက်ထဲတွင် မိမိကို တစ်စုံတစ်ယောက် စူးစူးရွားရွားစိုက်ကြည့်နေသလို ခံစားမိသဖြင့်
ဖြတ်ခနဲ လန့်နိုးလာ
ခဲ့သည်
။ အိပ်ရာမှလန့်နိုးလာသော လွင်မာမြင့်၏မိခင်သည် ခြင်ထောင်အပြင်ဘက်ကို ဝေ့၀ဲကြည့်လိုက်မိရာ
အမှန်
ပင်
ခြင်ထောင်အပြင်ဘက်တွင် မိမိကို ကျောပေးလျက် ထိုင်နေသောအမျိုးသမီးတစ်ဦးကို မီးရောင်မှောင်မှောင်တွင်
တွေ့လိုက်ရ၏
။ လွင်မာမြင့်၏မိခင်လည်း ကြောက်လန့်ခြင်းမရှိဘဲ ထိုအမျိုးသမီးကို ရည်စူးကာ မေတ္တာပို့သ
အမျှ
ပေးဝေရင်း
ခြင်ထောင်ကို လှပ်ပြီး အပြင်သို့ခေါင်းပြူကြည့်လိုက်ရာ ထိုအမျိုးသမီးသည် ခဏအတွင်း၌ပင်
ပျောက်
ချင်းမလှ
ပျောက်ကွယ်သွားတော့သည် ။
လွင်မာမြင့်၏ဖခင် ရာထူးမတိုးမချင်း ထိုရိုးတိုးရိပ်တိတ်
ခြောက်လှန့်နေသည့်အိမ်၌ အချိန်ကြာမြင့်စွာ
နေထိုင်ခဲ့ကြရ၏
။ သို့သော် လွင်မာမြင့်တို့မိသားစုမှာ ဘာသာတရား ကိုင်းရှိုင်းသည်က တစ်ကြောင်း ၊ အခြောက်
အလှန်ခံရပါများ၍
ရိုးရှင်းသွားသည်က တစ်ကြောင်းကြောင့် ယခင်ကလောက် မကြောက်လန့်ကြတော့ ။ တစ်နေ့
လွင်မာမြင့်၏ဖခင်
ရာထူးတိုးသွား၍ အခြားနေရာသို့ ပြောင်းရွှေ့ခွင့် ရသဖြင့် လွင်မာမြင့်တို့မိသားစု အလွန်ပျော်ရွှင်
သွားခဲ့ကြသည်
။ လွင်မာမြင့်ကိုယ်တိုင်လည်း ဖြစ်နိုင်လျှင် ဤအိမ်ကြီးတွင် မနေထိုင်ချင်တော့ ။ ထို့ကြောင့်
လွင်မာ
မြင့်၏ဖခင်
ရာထူးတိုးသွားသည့်အတွက် အလွန်အမင်းပျော်ရွှင်နေမိသည် ။
သို့ရာတွင် လွင်မာမြင့်၏မိခင်မှာ ဤအိမ်မှ မကျွတ်လွတ်သူတို့အပေါ်
သံယောဇဉ်ငြိတွယ်မိနေ၍ မပြောင်းခင်
ဘုန်းကြီးပင့်
ဆွမ်းကပ် အမျှအတန်းပေးဝေသည့်အလှူတစ်ခု ပြုလုပ်ချင်သည်ဟု တိုင်ပင်လာသောကြောင့် လွင်မာ
မြင့်တို့လည်း
ဝမ်းသာအားရ ထောက်ခံကာ ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးကြသည် ။ ချက်ပြုတ်ကြော်လှော်ပေးကြ
သည်
။
လွင်မာမြင့်တို့ အိမ်ပြောင်းမည်က တနင်္ဂနွေနေ့ဖြစ်၍
မပြောင်းခင် စနေနေ့၌ သံဃာတော်သုံးပါးကို ပင့်ဖိတ်
ကာ
ဆွမ်း ဟင်း ခဲဖွယ် ဘောဇဉ်တို့ ကပ်လှူကာ ဤအိမ်တွင် ကပ်ငြိနေထိုင်နေကြသော မကျွတ်လွတ်သူတွေကို
မေတ္တာပို့
အမျှပေးဝေကြရာ ထူးထူးခြားခြားပင် အိမ်နောက်ဖေး၌ အပေါ်ဂျက်ထိုးကာ ပိတ်ထားသောတံခါးသည်
သူ့
အလိုလို
ဂျက်ပြုတ်ကျလာပြီး ၀ုန်းခနဲ ပွင့်သွားသည် ။ ထို့နောက် အိမ်အတွင်းမှ လူတစ်စု ထွက်ခွာသွားသည့်အလား
တရှပ်ရှပ်မြည်သံများကို
လွင်မာမြင့်တို့အပါအ၀င် အလှူလာရောက်သူအားလုံး တအံ့တသြ ကြားသိလိုက်ရပါတော့
သည်
။
စေတနာ
ရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။