ရေတိမ်နစ်သော ပန်းတစ်ပွင့်…
( ၂၀၁၂ ဒီဇင်ဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
------------------------------------------------------------------------------------
အို…မဟုတ်ရပါဘူး
။ မပြောကြပါနဲ့…ကျွန်မ့သမီးလေး တကယ် မသေသေးပါဘူးရှင် ။ သမီးလေးက
စကားပြောနိုင်
စားနိုင်သောက်နိုင်နဲ့ အကောင်းကြီးပဲ ရှိပါသေးတယ် ။ ဟော…အမေရေ…ဆာလိုက်တာတဲ့ ။ ကျွန်မ့
သမီးလေး
ပြောတာ ကြားကြရဲ့လား ။ ကျွန်မ…ကျွန်မ့သမီးလေးကို ထမင်းသွားကျွေးရဦးမယ် ။ သြော်…ဒါပေမဲ့လေ
သမီးလေးက
ပိန်ချုံးသွားလိုက်တာ အရိုးပေါ်အရေတင်ပဲ ကျန်တော့တယ် ။ မျက်နှာလေးကလည်း အမြဲတမ်း ညှိုး
ငယ်လို့…တစ်ခါတစ်လေလည်း
“ သမီး မသေချင်သေးဘူး အမေရယ် ။ သမီးရဲ့အသက် ငယ်ငယ်လေးပဲ ရှိသေးတာ
ကို…”လို့
ပြောပြီး ကျွန်မ ခြေစုံကို မျက်နှာအပ်ရင်း ငိုတတ်တယ် ။ ကျွန်မ့သမီးလေး ငိုတော့ ကျွန်မလည်း
မျက်ရည်
တွေ
တသွင်သွင် ကျရစမြဲပါပဲ…ဟင့်ဟင့်…။ ဟုတ်ပါတယ်…ကျွန်မ့သမီးလေးဟာ ကျွန်မ့တို့ရဲ့ဗဟုသုတနည်းပါးမှု
ကြောင့်
သေဆုံးသွားခဲ့ရတာပါ ။ တစ်နည်းအားဖြင့် ကျွန်မ့သမီးလေးကို ကျွန်မတို့ကိုယ်တိုင် ပူးပေါင်းကြံစည်ပြီး
သေ
ရွာကို
ပို့ခဲ့ကြတာ ။ ကျွန်မတို့ ဥာဏ်မရှိခဲ့လို့ သမီးလေး ရေတိမ်နစ်ခဲ့ရတာပါရှင် ။ အခု…အခုတော့
အမေ့အသည်း
တွေ
ပဲ့ကြွေကုန်ရပါပေါ့လား သမီးလေးရယ် ။
*********************************************************************************
မြမျက်ချယ်…။ ခရမ်းမြို့မျက်နှာဖုံး ဦးဘလူ
ဒေါ်မြချယ်တို့၏ တစ်ဦးတည်းသော သမီးချောလေးဖြစ်သည် ။
တစ်ဦးတည်းရှိသော
သမီးလေးဖြစ်သည်ကြောင့် အလိုလိုက် အကြိုက်ဆောင်ကာ သမီးလေး မျက်နှာ မညှိုးစေရန်
မိဘများက
အရိပ်တကြည့်ကြည့်ရှိခဲ့ ချစ်ခဲ့ကြရ၏ ။ မြမျက်ချယ် အရုပ်လိုချင်လျှင် အရုပ် မြမျက်ချယ်
မုန့်လိုချင်လျှင်
မုန့်…နှုတ်တစ်ချက်
လှုပ်လိုက်ရုံဖြင့်ပင် မြမျက်ချယ်၏ဆန္ဒပြည့်ဝခဲ့ရသည်ချည်းသာ ။ ထိုမျှလောက်အထိ မိဘနှစ်ပါး
သည်
မြမျက်ချယ်ကို ငုံထားလုမတတ် ချစ်မြတ်နိုးတန်ဖိုးထားခဲ့ကြသည် ။ ဤသို့ တောင်းတိုင်းရ
တတိုင်းပြည့်သော
ဘ၀ဖြင့်
နေထိုင်ကြီးပြင်းလာရင်း မြမျက်ချယ်သည် အသက်(၁၆)နှစ်အရွယ် အပျိုဖော်ဝင် အလှသွေးကြွယ်ချိန်သို့
ရောက်ရှိလာခဲ့သည်
။
ထိုအခါ မြမျက်ချယ်သည် နာမည်နှင့်အပြိုင် လှပကျော့ရှင်းထင်ပေါ်လာ၏
။ မျက်လုံးလေးများသည် စိန်ပွင့်
လေးများကဲ့သို့
တဖျတ်ဖျတ်ရွှန်းလဲ့နေပြီး မျက်ခုံးနှင့်ဆံကေသာသည် မဟူရာလို နက်မှောင်တောက်ပ၏ ။ နှုတ်ခမ်း
လေးများကလည်း
သန္တာရောင်ရှပ်ပြေးနေသလို အသားအရေမှာလည်း ပုလဲလို ၀င်းဝင်းဝါ၀ါလေး ဖွေးဖွေးဖြူလို့နေ
သည်
။ သို့ကြောင့်လည်း မြမျက်ချယ်သည် နာမည်နှင့်လိုက်ဖက်ညီလောက်အောင် ကျောက်မျက်ရတနာတွေ
ချယ်
စီထားသကဲ့သို့
လှပချောမောတင့်တယ်သူဖြစ်၍ အရွယ်လေး ရောက်လာသည်နှင့် ခရမ်းမြို့မှ ကာလသားအများစု
၏
စိတ်ဝင်စားမှုကို ခံယူနေရလေပြီ ။
သို့သော်လည်း မြို့မျက်နှာဖုံးဖြစ်သည့် ဦးဘလူ
ဒေါ်မြချယ်တို့၏ တစ်ဦးတည်းသောသမီးလေးဖြစ်သည်ကြောင့်
မည်သူကမျှ
ပြောင်ပြောင်တင်းတင်း မချည်းကပ်ဝံ့ကြ…။ နောက်ပြီး မြမျက်ချယ်ကိုယ်၌ကလည်း မည်သည့်ကာလ
သားကိုမျှ
အရေးထားဆက်ဆံခြင်း မရှိပါဘဲ မိဘရင်ခွင်တွင်သာ ပီဘိကလေးငယ်လေးကဲ့သို့ ဆိုးနွဲ့မြဲ ပူဆာမြဲ
ဖြစ်
သည်
။
“ ဟဲ့ မြမျက်ချယ် ညည်းကို သူဌေးသားကိုဘအုန်းက မေတ္တာရှိလို့တဲ့
။ ကျုပ်ကို အောင်သွယ်ခိုင်းတယ်အေ့ ။”
“ အိုတော်…ကျုပ်က အခုမှ ငယ်ငယ်လေးပဲ ရှိပါသေးတယ်
။ ညည်းလူ ကိုဘအုန်းက ခုနစ်ဆွေးရှစ်ဆွေးကြီး…”
“ သြော်…ယောက်ျားပဉ္ဖင်း မိန်းမပုခက်တွင်းဆိုတဲ့စကားပုံလည်း
အရှိသားနဲ့ ။ ညည်းကလည်း…ကိုဘအုန်းက
သူဌေးသား မျိုးကောင်းရိုးကောင်းနော့ ။ ညည်းနဲ့ဆို
နေနဲ့လ ရွှေနဲ့မြပဲ ။ ညည်း စိတ်ကူး မလွဲနဲ့ ။”
“ အို…ဘယ့်နှယ့်လုပ် ရွှေနဲ့မြ ဖြစ်မှာတုံး ။ ဒီက
မြကတော့ ဟုတ်နေပေမဲ့ သူ့နာမည်က ကိုဘအုန်းလေ ။ မောင်
ရွှေမှ မဟုတ်တာ ။ ဒီတော့ ညည်း ပြောချင်ရင် အုန်းနဲ့မြလို့
ပြောရမှာ…ဟင်းဟင်း ။ ကဲပါလေ အတင့်ကို မျက်
ချယ် ကျီစားနေတာပါ ။ မျက်ချယ်က အိမ်ထောင်ပြုဖို့တွေဘာတွေ
မစဉ်းစားသေးပါဘူး ။ ဒါတွေစဉ်းစားဖို့ ငယ်
ပါသေးတယ် ။ မျက်ချယ် မိဘရဲ့ရင်ခွင်မှာပဲ နေချင်သေးတယ်
။”
အပေါင်းအသင်းများမှတဆင့်
အောင်သွယ်ခိုင်းသူတွေကိုလည်း မြမျက်ချယ်က ထိုသို့ ငြင်းပယ်လွှတ်လိုက်၍ တပ်
ခေါက်ပြန်သွားရသည်ချည်း…။
ထိုသို့ မိဘကိုသာ တွယ်တွယ်တာတာ ချစ်ခင်ရှာသော မြမျက်ချယ်တစ်ယောက်
ဘ၀တစ်လျှောက်လုံး
ကံကောင်းခြင်းများ ဆုံဆည်းလာခဲ့ရာမှ ကံဆိုးမှုတစ်ခုသည် တိမ်ညိုတိမ်မည်းများကဲ့သို့
နည်းနည်းချင်းအုပ်စုဖွဲ့လာကာ
မမျှော်လင့်ခိုက် မုန်တိုင်းဆင်ရန် ဟန်ပြင်ခဲ့လေ၏ ။
တစ်နေ့…မိုးသောက်လာခဲ့စဉ်ကတည်းက မြမျက်ချယ်၏မျက်နှာ
မသာမယာ…။ ရက်ပေါင်းများစွာကတည်းက
ဖြည်းဖြည်းချင်း
နှိပ်စက်လာခဲ့သောဝေဒနာတစ်ခုသည် ယနေ့တွင်တော့ ပို၍ပင် ပြင်းထန်ဆိုးရွားလာသလို…။ ၀မ်း
ဗိုက်ကို
လက်ဖြင့် အသာအယာဖိနှိပ်ရင်း ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်၏ ။ ရုတ်တရက် ၀မ်းဗိုက်ထဲက
ထိုးအောင့်လာ
ပြန်သဖြင့်
မြမျက်ချယ်၏မျက်နှာလှလှလေး ရှုံ့မဲ့သွားရလေသည် ။
“ သမီးလေး ဗိုက်ထဲက အောင့်လာပြန်ပြီလား ?”
“ အင်း…ဟုတ်တယ် မေမေ ။ တော်တော်ကြီး အောင့်နေသလိုပဲ
။”
“ ဟုတ်လား…လာ လာ မေမေ သွေးဆေး တိုက်မယ် ။”
မိခင်ဒေါ်မြချယ်သည်
သမီးငယ်အတွက် သောကပွေစွာဖြင့် စားပွဲပေါ်မှ သွေးဆေးပုလင်းကို ယူကာ သမီးငယ်၏
လက်ဖ၀ါးပြင်ပေါ်သို့
ဆေးအနည်းငယ်ကို သွန်ထည့်လိုက်၏ ။
“ သမီးလေး အဲ့ဒါကို ရေနွေးနဲ့ သောက်လိုက် ။ ဒီလိုအရွယ်မှာ
ဒီလိုပဲ ဖြစ်တတ်ပါတယ်ကွယ် ။ မေမေငယ်ငယ်
ကလည်း သမီးအရွယ်တုန်းက ဒီလိုပဲ ဖြစ်ခဲ့တာပဲ
။ ဒီဆေး သောက်လိုက်ရင် သက်သာသွားရော ။”
မိခင်၏အားပေးစကားကြောင့်
မြမျက်ချယ် အနည်းငယ်အားတက်သွား၏ ။ မိခင် တိုက်သောဆေးကို ရေနွေးဖြင့်
ခပ်သွက်သွက်သောက်လိုက်ပြီး
ထိုင်ခုံတွင် ထိုင်ကာ အနားယူနေမိသည် ။ ဆေးသောက်ပြီးမကြာ သက်သာသလို
ရှိလာ၏
။
“ ဟုတ်တယ် မေမေ ။ နည်းနည်း သက်သာသွားသလိုပဲ ။
သမီး အိပ်ရာထဲမှာ ခဏမှိန်းနေလိုက်ဦးမယ် ။”
မြမျက်ချယ်သည်
ဝေဒနာ သက်သာသလို ရှိ၍ စိတ် အနည်းငယ် ပေါ့ပါးသွား၏ ။ သို့ကြောင့် မိခင်ကို ခွင့်တောင်းပြီး
အိပ်ရာထက်တွင်
လှဲလျောင်းအိပ်စက်နေမိစဉ် ရုတ်တရက် ၀မ်းဗိုက်နှင့်ဆီးစပ်နေရာမှ မတရားထိုးအောင့်လာသည်။
မြမျက်ချယ်
လက်နှစ်ဖက်ဖြင့် ဗိုက်ကို ဖိရင်း တစ်စုံတစ်ယောက်ကို အော်ဟစ်အကူအညီတောင်းရန် ကြိုးစားကြည့်
သော်လည်း
အသံထွက်ဟစ်အော်ရန်ပင် အားအင်မရှိတော့ ။ နားထင်စပ်နှင့်နှဖူးတို့တွင် ချွေးသီးချွေးပေါက်များက
ရီးလေးခိုကာ
နာကျင်မှုကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်လာသည် ။ ခါးနေရာ ဆီးစပ်နေရာ ၀မ်းဗိုက်
နေရာတို့မှ
စုပြုံကိုက်ခဲနာကျင်မှုတွေကို တပြိုင်နက်ခံစားလိုက်ရပြီးနောက် မြမျက်ချယ်သည် လူ့လောကကြီးနှင့်
လုံးဝအဆက်အသွယ်
ပြတ်တောက်သွားလေတော့သည် ။
************************
ညနေစောင်းသည်အထိ သမီးငယ်မြမျက်ချယ်တစ်ယောက်
အိပ်ခန်းထဲက ထွက်မလာသေး…။ နေမကောင်း
သောကြောင့်
ရေထွက်မချိုးသည်ကို အပြစ်မဆိုလိုသော်လည်း ထမင်းစားချိန်ထိ အခန်းအောင်းနေသည်ကိုတော့
ဒေါ်မြချယ်
သဘောမတွေ့ ။
“ သမီးရေ သက်သာသွားပြီလား ? လာ…ထမင်းလေး ဘာလေး
လာစားလိုက်ဦး ။ ပြီးရင် သွေးဆေး ထပ်သောက်
လိုက် ။”
ဒေါ်မြချယ်
အခန်းအပြင်မှ အော်ပြောပေမဲ့ အတွင်းမှ တုံ့ပြန်သံ မကြား ။ ဒီကောင်မလေး အိပ်ပျော်နေတာများလား
?
“ သမီးလေး အိပ်နေတာလား ?”
တစ်စုံတစ်ရာ
အသံမကြားရသဖြင့် ဒေါ်မြချယ် အခန်းတံခါးကို တွန်းဖွင့်ဝင်သွားလိုက်၏ ။
“ သမီးလေး သမီးလေး အိပ်ပျော်နေတာလား ? ထ…ထမင်းစားရအောင်
။ ဟင်…အမလေး ။”
အိပ်ရာပေါ်တွင်
တစောင်းအနေအထားရှိနေသောသမီးငယ်ကို ဒေါ်မြချယ် ဆွဲကိုင်လှုပ်လိုက်စဉ် သမီးငယ်မြမျက်
ချယ်သည်
အသက်ဝိညာဉ်ကင်းမဲ့သူတစ်ယောက်ကဲ့သို့ ပျော့ခွေနေပြီး အသားအရည်တို့သည်လည်း အေးစက်ဖြူ
ဖျော့လို့နေလေသောကြောင့်
ဒေါ်မြချယ် အလန့်တကြား ဟစ်အော်လိုက်မိပါတော့သည် ။
***************************
ဦးဘလူ ဒေါ်မြချယ်တို့က မြို့မျက်နှာဖုံးသူဌေးလင်မယားဖြစ်သဖြင့်
တစ်ဦးတည်းသောသမီးလေး မြမျက်
ချယ်ကို
ခရမ်းမြို့၏တစ်ခုတည်းသောဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည် ။ သို့ပေမဲ့ လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ကျော်
ကဖြစ်၍
ယခုခေတ်ကဲ့သို့ ခေတ်မီစက်ပစ္စည်းတွေနှင့်ဆေးဝါးအစုံအလင် မပေါ်ပေါက်သေးချေ ။ ဆေးရုံဟုဆိုရသော်
လည်း
ထိုကာလက ဆရာဝန်တစ်ဦး ဆေးမှူးနှင့်သူနာပြုဆရာမနှစ်ဦးသာရှိသော ဆေးခန်းသာသာ ဆေးရုံငယ်လေး
ဖြစ်၏
။
“ ဆရာ ကျွန်မတို့သမီးလေး အသက်ရှိသေးပါတယ်နော် ။
ကျွန်မတို့သမီးလေး ဘာ ဘာမှမဖြစ်နိုင်ပါဘူးနော် ။”
ဒေါ်မြချယ်
ကယောင်ကတမ်းနှင့် ပြောဆိုသောစကားများကို ဆရာဝန်က ခေါင်းခါငြင်းဆိုရင်း..
“ စိတ်မကောင်းပါဘူး ဒေါ်မြချယ် ။ မြမျက်ချယ် ဆုံးပါးသွားပါပြီ
။”
“ ဟင်…မဖြစ်နိုင်ဘူး ။ သမီးလေး…အမလေး… အမေ့သမီးလေး
။”
ဒေါ်မြချယ်
ဆေးခန်းအတွင်းသို့ ပြေးဝင်သွားကာ သမီးငယ်မြမျက်ချယ်၏ရုပ်အလောင်းကို ဖက်ရင်း အော်ဟစ်ငို
ကြွေးလေသည်
။ ဆေးရုံကုတင်ထက်မှ မြမျက်ချယ်လေးသည် သေဆုံးပြီဟု ဆိုသော်လည်း အိပ်ပျော်နေသကဲ့သို့
ရှိပြီး
အသားအရည်များကလည်း ပျော့ပျော့ပျောင်းပျောင်း ။ ငိုရင်းရှိုက်ရင်းနှင့် ဒေါ်မြချယ် တက်သွားသောကြောင့်
သူနာပြုဆရာမတွေနှင့်
ဆေးမှူးတို့ အလုပ်ရှုပ်သွားရပြန်သည် ။ ဦးဘလူခမျာမှာလည်း တစ်ဦးတည်းသောသမီး
လေး
သေဆုံးမှုကြောင့် စိတ်ဆင်းရဲရခြင်း ၊ လူးလိမ့်ငိုကြွေးနေသောဇနီးသည်ကြောင့် စိတ်ထိခိုက်ရခြင်းတို့ဖြင့်
ယောက်ျားကြီးတန်မဲ့နှင့်
မျက်ရည်ဝေ့၀ဲနေရလေပြီ ။
ဆေးရုံတွင် မြမျက်ချယ် ဆုံးပါးသွားလေပြီဟူသောသတင်းကား
ခရမ်းမြို့သူမြို့သားအားလုံး၏စိတ်နှလုံးကို
ထိခိုက်ပွန်းရှသွားစေခဲ့ရသည်
။ မြမျက်ချယ်အပေါ် တိတ်တခိုး မေတ္တာရှိနေကြသော ကာလသားများမှာလည်း
အရက်ပုလင်းဖက်ရင်း
တိတ်တိတ်လေး ကြေကွဲနေရသလို မြမျက်ချယ်ကို ခင်မင်ရင်းနှီးကြသော သူငယ်ချင်းအ
ပေါင်းအသင်းများမှာလည်း
ဝမ်းနည်းငိုကြွေးရလေ၏ ။ မည်သူတွေ မည်သို့ပင်ဝမ်းနည်းပူဆွေးနေရပါစေ…ဆေးရုံမှ
ဆရာဝန်လေး
စမ်းသပ်ပြီးသည့်နောက်တွင် မြမျက်ချယ်ကို သေလူတစ်ယောက်အဖြစ် အားလုံးက သဘောတူလက်
ခံလိုက်ကြရပြီ
မဟုတ်ပါလား ။
မြမျက်ချယ်၏ရုပ်အလောင်းကို ချက်ချင်းမပုပ်သိုးစေဘဲ
သုံးလေးရက် အထားခံစေရန် ထိုစဉ်အခါက ရေခဲ
တိုက်ဟူ၍လည်း
မရှိသေးသဖြင့် ပြုမြဲပြုလုပ်တတ်သော အလောင်းကို ၀မ်းဗိုက်ခွဲကာ ရေနံချေးလောင်းရန် ရပ်ရွာက
စီမံပေးကြတော့သည်
။ ထိုသို့ ပြုလုပ်ထားမှသာ အနံ့အသက်ဆိုးများ ထွက်ရှိခြင်းမှ ကင်းဝေးကာ နယ်ဝေးမှ ဆွေမျိုး
များ
ရောက်လာသည်အထိ ရက်ရှည်ထားရှိနိုင်မည် မဟုတ်ပါလား ။
မြမျက်ချယ်၏၀မ်းဗိုက်ကို
ခွဲကာ ရေနံချေးလောင်းထည့်သောအလုပ်ကို ရွာမှ သုဘရာဇာကလုပ်ဆောင်ရလေ
သည်
။ ထိုအလုပ်သည် လုပ်သောသူ မဆိုထားနှင့်…နဘေးမှ ကြည့်သောသူများပင် ပြို့အန်ချင်လာသည်
။ သို့ပေမဲ့
သုဘရာဇာကိုသြအတွက်တော့
သေဆုံးသူမှာ ခရမ်းမြို့၏ အချောအလှမိန်းကလေး သူဌေးသမီးမြမျက်ချယ်ဖြစ်နေ
ခြင်းကြောင့်
အနည်းငယ် စိတ်မကောင်းဖြစ်ရုံမှလွဲ၍ လုပ်နေကျလုပ်ရိုးလုပ်စဉ်ကိစ္စတစ်ခုဖြစ်ခြင်းကြောင့်
ထူးထူးခြား
ခြား
မခံစားရ ။ သို့ပေမဲ့ အသိပညာနည်းပါးလေသောကိုသြတစ်ယောက် သတိမပြုမိသည်က မြမျက်ချယ်၏အသား
အရည်များသည်
သူ ယခင် ကိုင်တွယ်ပြုလုပ်ခဲ့ဖူးသောအလောင်းများကဲ့သို့ မာကျောတောင့်တင်းခြင်း မရှိဘဲ
ပျော့
ပျောင်းနုညံနေခြင်းပင်
။
မြမျက်ချယ်သည်
အသက်ရှင်စဉ်ကာလက ရုပ်ရည်ချောမောရုံသာမက ဆက်ဆံရေးလည်း ပြေပြစ်ခြင်းကြောင့်
လူချစ်လူခင်ပေါများသဖြင့်
အသုဘ လူစည်သည်ဟု ဆိုရပေမည် ။ ခရမ်းမြို့မှ လူတော်တော်များများ မြမျက်ချယ်၏
အသုဘသို့
လိုက်ပို့ကြ၏ ။ မြမျက်ချယ်၏အလောင်း မြေချပြီးသည့်နောက် သင်္ချိုင်းမြေတွင် ငိုသံယိုသံများ
တစတစ
လျော့နည်းသွားပြီး
ညအချိန်ကာလသို့အရောက်၌တော့ တစ်ချက်တစ်ချက် ဆွဲဆွဲငင်ငင်အူမြည်လိုက်သော ခွေးအူ
သံမှအပ
သုသာန်တစပြင်တစ်ခုလုံး ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေတော့
သည်
။
**********************
ဒေါ်မြချယ် အိပ်ပျော်နေရာမှ ဆတ်ခနဲလန့်နိုးလာမိသည်
။ တစ်နေ့လုံး တစ်ညလုံး ငိုကြွေးထားခြင်းကြောင့်
ဒေါ်မြချယ်၏တစ်ကိုယ်လုံး
နုံးချိပျော့ခွေလို့နေသည် ။ အိပ်ရာထက်တွင် ငုတ်တုတ်ထထိုင်လျက် တစ်စုံတစ်ခုကို
ငူငူငိုင်ငိုင်ကြီး
စဉ်းစားနေရင်းမှ ရုတ်တရက် အကြောင်းအရာတစ်ခုကို သတိရသွားမိ၏ ။
“ ဟင်…ငါ့ ငါ့သမီးလေး မရှိတော့ဘူးပဲ ။”
ထိုအတွေးကြောင့်
ဒေါ်မြချယ်၏မျက်ဝန်းတွင် မျက်ရည်တို့ဖြင့် ပြည့်လျံသွားသည် ။ အော်ဟစ် ငိုကြွေးပစ်လိုက်ချင်
ပေမဲ့
အသံက မထွက်…အသည်းနှလုံးတွေ အက်ကွဲလုမတတ် တဆစ်ဆစ် နာကျင်နေမိသည် ။
“ မေမေ…မေမေ…”
ငိုကြွေးနေရင်း
သမီးလေး၏အသံကို ကြားယောင်လိုက်မိသည် ။
“ ဟင်…သ သမီးလေးရဲ့အသံ…။ သြော်…သမီးလေးက ဆုံးပါးသွားပြီပဲ
။”
တွေးရင်းတွေးရင်း
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာသည် ။ သြော်…သမီးလေး၏အသံကို ယခုထက်ထိ နား
ထဲတွင်
ကြားယောင်နေရတုန်း…
“ မေမေ သမီးကို ကြည့်ပါဦး မေမေရယ် ။”
ဟော…နောက်ထပ်တစ်ကြိမ်
ကြားရပြန်ပြီ ။ ဤတစ်ကြိမ်တော့ ကြားယောင်နေခြင်းမဟုတ်မှန်း ဒေါ်မြချယ် သိရှိ
လိုက်၍
နဘေးပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်လိုက်မိခိုက်…
“ ဟင်…သ သမီးလေး ။ သမီးလေးရယ် မေမေ အိပ်မက်မက်နေတာများလားကွယ်
။”
အိပ်ရာနဘေးတွင်
ယို့ယို့ကလေး ရပ်နေသော သမီးငယ်ကို တွေ့လိုက်ရ၏ ။ သမီးငယ်၏မျက်နှာလေးသည် ညှိုး
ငယ်နွမ်းလျလို့နေသည်
။
“ မေမေရယ် သမီးအပေါ်ကို လုပ်ရက်လိုက်ကြတာ ။”
တုန်တုန်ယင်ယင်အသံလေးနှင့်
သမီးနှုတ်ဖျားမှ ထွက်ပေါ်လာသော စကားသံကို ဒေါ်မြချယ် နားမလည်နိုင်သေး ။
“ ဘယ်လို…မေမေတို့
သမီးကို ဘာလုပ်မိလို့လဲကွယ် ။ သမီးလေးကို မေမေ အသက်လောက်ချစ်တာပါ ။ သမီး
လေးအစား မေမေပဲ သေလိုက်ချင်တာပါကွယ် ။”
“ ဒါဆို မေမေတို့ ဘာဖြစ်လို့ ဗိုက်ခွဲပြီး ရေနံချေးလောင်းရတာလဲ
။ တကယ်တော့ သမီး မသေသေးဘူး ။ သမီး
မြောသွားတာပါ ။ အိပ်ရာထဲမှာ သမီး သတိလစ်သွားပြီး
သမီးရဲ့စိတ်တွေက ဟိုးတောနက်ကြီးထဲကို ရောက်
သွားခဲ့တယ် ။ တောထဲမှာ သမီးချစ်တဲ့ တိရစ္ဆာန်ငယ်လေးတွေက
သမီးကို အထူးအဆန်းသတ္တ၀ါလိုမျိုး ၀ိုင်း
ကြည့်ကြတယ် ။ သမီးလည်း မေမေတို့ စိတ်ပူနေမှာစိုးလို့
အိမ်ကို အပြေးပြန်လာတုန်း လမ်းမှာ စံပယ်တို့နဲ့
တွေ့တယ် ။ စံပယ်တို့က သမီးကို မတွေ့ဘဲ ဟဲ့…မျက်ချယ်
ဆုံးလို့တဲ့ ။ သနားပါတယ်ဟယ်…လို့ ပြောသံကြား
တော့ သမီးလေ… အရမ်းထိတ်လန့်သွားခဲ့ရတယ်။ သေရမှာကို
မကြောက်တဲ့သူ ဘယ်ရှိပါ့မလဲ မေမေရယ် ။
သမီးခန္ဓာကိုယ်ထဲကို မြန်မြန်ပြန်ဝင်မှ ဖြစ်မယ်ဆိုတဲ့အသိနဲ့
သမီး သင်္ချိုင်းကို လိုက်လာတော့ ကိုသြက သမီးရဲ့
ခန္ဓာကိုယ်ကြီးကို ဗိုက်ခွဲပြီး ရေနံချေးတွေ လောင်းထည့်လိုက်ပြီ
မေမေရဲ့ ။ သမီး ဘယ်လိုမှ ပြန်ဝင်လို့မရတော့
ဘူး ။ အီးဟီးဟီး…”
မြမျက်ချယ်က
သူ့အဖြစ်ကိုသူ ယူကြုံးမရဖြစ်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေသည် ။ ဒေါ်မြချယ်လည်း သမီးငယ်၏
စကားကြောင့်
ရင်တစ်ခုလုံး ဆို့တက်သွား၏ ။
“ အမလေး…ဖြစ်မှဖြစ်ရလေ သမီးလေးရယ် ။”
ဒေါ်မြချယ်
သမီးငယ်ကို ဆွဲယူပွေ့လိုက်ပြီး နှစ်ဦးသားတစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာ ဖက်တွယ်ထားမိ
သည်
။ ဘ၀ချင်း ခြားသွားပါပြီလား…။ သမီးငယ် သေဆုံးခြင်းမှာ မိမိအပြစ် မကင်းဟု တွေးမိ၍ ဒေါ်မြချယ်
မျက်
ရည်မဆည်နိုင်
။ တကယ်ဆို သမီးလေး သတိလစ်မေ့မြောနေတာများလားဟု စောစောကတည်းက မိမိ တွေးခဲ့မိ
သင့်သည်
။ ယခုတော့ အရာအားလုံး နောက်ကျသွားခဲ့ပြီ ။
“ မေမေ သမီး သမီး အခု ဘယ်မှာနေရမလဲဟင် ။ သမီး ဘယ်သွားလို့
ဘယ်လာရမှန်းလည်း မသိဘူး ။”
“ အို…သမီးကလည်း ။ ဒါ သမီးအိမ်ပဲ ။ ဒီအိမ်မှာပဲ
သမီး နေပေါ့ ။”
ဒေါ်မြချယ်က
သမီးငယ်၏မျက်နှာလေးကို ပွတ်သပ်ကိုင်တွယ်ရင်း နှစ်သိမ့်လိုက်မိသည် ။
“ နေလို့ မရဘူး မေမေ ။ အိမ်မှာက အစောင့်အကြပ်ပုဂ္ဂိုလ်တွေ
ရှိတယ် ။ သူတို့ ခွင့်ပြုကြမှာ မဟုတ်ဘူး ။”
“ ဟင်…ဒါ ဒါဆို သမီးလေး ဘယ်မှာနေလို့ရလဲ ။”
“ ဟို…ဟိုအပင်ကြီးမှာတော့ နေလို့ရမယ် ထင်တယ် ။”
မြမျက်ချယ်က
ခြံထောင့်ရှိ သရက်ပင်ကြီးကို မေးငေါ့ပြရင်း ဒေါ်မြချယ်၏ခါးကို တင်းကြပ်စွာ ဖက်တွယ်ထားသည်
။
ဒေါ်မြချယ်လည်း
သမီးငယ်ကို တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားမိသည် ။
“ အို…သမီး အဲ့ဒီ့မှာနေရင် စားဖို့သောက်ဖို့အတွက်
ဘာမှ မပူနဲ့ ။ အမေ နေ့တိုင်း သမီးကြိုက်တတ်တာတွေကို
ချက်ပြီး လာပို့ပေးမယ် ။ သမီး ဘယ်ကိုမှ သွားစရာမလိုဘူး
။ လိုချင်တာရှိရင် အမေ့ကို ပြော ။ သမီးလေးကို
အရင်ကလိုပဲ ပြည့်ပြည့်စုံစုံထားမယ် ။ ဘာမှ
ဝမ်းမနည်းနဲ့နော်…သမီးလေး ။”
ဒေါ်မြချယ်
တင်းကြပ်စွာ ထွေးပွေ့ထားလျက်နှင့်ပင် မြမျက်ချယ်သည် လေဟာနယ်လို ဖြတ်ခနဲ လွင့်မျောပျောက်
ကွယ်သွားလေသည်
။
“ သမီးလေး သမီးလေး…အမေ့ကို ထပ်ခွဲမသွားပါနဲ့ သမီးလေးရယ်
။ သမီးလေး…”
“ မြချယ်…မြချယ် အိုကွယ် ။ သတိထားစမ်းပါဦး ။
တို့သမီးလေး ဆုံးပါးသွားပြီလေ ။”
အိပ်ရာထက်တွင်
လူးလိမ့်အော်ဟစ်ယောင်ယမ်းနေသောဒေါ်မြချယ်ကို ဦးဘလူ လှုပ်ရမ်းနှိုးရင်း စကားဆိုလိုက်မိ
သည်
။
“ အို…ကျုပ်သမီးလေး မသေသေးဘူး ။ ကျုပ်ကို ခုပဲ
လာတွေ့သွားတယ် ။ သူ ဟိုသရက်ပင်မှာ ရှိနေတယ်တဲ့ ။
ကျုပ်သမီးလေးကို အရင်ကလိုပဲ ကျုပ် ပြည့်ပြည့်စုံစုံ
ထားမှာ ။”
“ ဟင်…မြချယ် မင်း ဘာတွေပြောနေတာလဲ ။ စိတ်ကို
ထိန်းစမ်းပါ ။ အိပ်…အိပ်ပျော်အောင် ပြန်အိပ်လိုက် ။ မင်း
ကိုကြည့်ရတာ စိတ်တွေ အရမ်းလှုပ်ရှားနေပုံရတယ်
။”
ဒေါ်မြချယ်ကို
ဦးဘလူက အတင်းပြန်အိပ်ခိုင်းနေ၍ ဒေါ်မြချယ် ပြန်လှဲနေလိုက်သည် ။ အင်း…အဘိုးကြီးကို ပြောပြ
နေလည်း
ယုံမှာမဟုတ်မယ့်အတူတူ မပြောပြတော့ပါဘူးလေ ။ မိမိတစ်ယောက်တည်း သမီးလေးကို စောင့်ရှောက်
မည်ဟု
ဒေါ်မြချယ် ဆုံးဖြတ်လိုက်သည် ။
မနက်မိုးလင်းသည်နှင့်
ဒေါ်မြချယ် ခြံထဲသို့ ဆင်းကာ သရက်ပင်ကြီးဆီသို့ ဦးတည်လျှောက်သွားလိုက်သည် ။
နွေဦးကာလဖြစ်၍
သရက်ပင်တွင် သရက်ကင်းလေးများက ရီးလေးခိုနေသည် ။ ဒေါ်မြချယ် သရက်ပင်ပေါ် ငေးမော့
ကြည့်ရင်း…
“ သမီးရေ… သမီး ရှိနေလားဟင် ။ သမီး ရှိနေတယ်ဆိုရင်
မေမေ့ကို အရိပ်အရောင်တစ်ခုခု ပြပါလားကွယ် ။”
အပင်ကို
ကြည့်ရင်း ဒေါ်မြချယ် အရူးတစ်ယောက်ပမာ တစ်ယောက်တည်း တတွတ်တွတ်ရေရွတ်ပြောဆိုနေမိသည်။
“ ဖျောက် ဖရော ဖရော…”
လေမတိုက်ပါဘဲ
ရုတ်တရက် သစ်ရွက်ခြောက်တွေ ဝေါခနဲ ကြွေကျလာလေသည် ။ ဒေါ်မြချယ်၏မျက်ဝန်းအစုံ ၀ိုင်း
စက်ပြူးကျယ်သွားရသလို
အံ့သြလွန်းလို့ နှုတ်ခမ်းတစ်စုံလည်း ပွင့်ဟသွားမိသည် ။
“ သမီးလေး ဘာမှအားမငယ်နဲ့ ။ မေမေ ရှိတယ် ။ သမီး
အရင်ကလို စားချင်တာတွေ စားရမယ်နော် ။ လိုချင်တာ
ရှိရင် မေမေ့ကို ပြော ။ မေမေ ၀ယ်ပေးမှာပေါ့
။”
ရစ်ဝဲနေသောမျက်ရည်စတွေဖြင့်
ဒေါ်မြချယ် ၀မ်းသာအားရ ရေရွတ်လိုက်ပါတော့သည် ။
**********************
သုံးလေးလ ရှိပြီ ။ မမမြချယ်၏ခြံထောင့်က
သရက်ပင်ကြီး၏သတင်းသည် ခရမ်းမြို့ကျဉ်းလေးတစ်မြို့လုံး
တောမီးပမာ
ပျံ့နှံ့လို့နေသည် ။ ထိုသရက်ပင်ကြီးတွင် မြမျက်ချယ် မကျွတ်မလွတ်သေးဘဲ ခြောက်လှန့်လျက်
ရှိ
သည်…တဲ့
။ ထိုအကြောင်းကိုကြားတော့ ဒေါ်အုန်းခင် လုံးလုံးအယုံအကြည် မရှိ ။ တူမလေး မြမျက်ချယ်
ဆုံးပါသွား
တာ
လေးလကျော်ပြီမဟုတ်လား ။ မြမျက်ချယ်ကဲ့သို့ လိမ္မာရေးခြားရှိသောမိန်းကလေးသည် တစ္ဆေသရဲတစ်ကောင်
ဖြစ်နိုင်ပါ့မလား
။ နို့ပေမဲ့ ညနေစောင်းပြီဆို လူတော်တော်များများ မမမြချယ်၏အိမ်နဘေးက ဖြတ်သန်းမသွားဝံ့ကြ
။
ဖြတ်သန်းသွားသူတိုင်းလည်း
တစ်နည်းမဟုတ်တစ်နည်း ခြောက်လှန့်ခံရသည်ချည်း ။ ထိုလူအများစု ပြောပြသည်က
တော့
သရက်ပင်ကြီးဂွဆုံပေါ်တွင် မြမျက်ချယ် ထိုင်ကာ လမ်းပေါ်မှ လမ်းသွားလမ်းလာတွေကို ပြုံးပြနှုတ်ဆက်နေ
သတဲ့
။
“ မမရေ အုန်းခင်ကို ဗွေမယူဘူးဆိုရင် တစ်ခုလောက်
မေးပါရစေ ။”
“ ဟယ်…နင်နဲ့ငါက ညီအစ်မ၀မ်းကွဲတွေပဲဟာ ။ မေးစရာရှိ
မေးစမ်းပါ ။”
“ မြို့ထဲကလူတွေ ပြောပြောနေတာက မြမျက်ချယ်လေးတစ်ယောက်
မကျွတ်လွတ်သေးဘဲ သရက်ပင်မှာ တစ္ဆေ
ဖြစ်နေတယ်တဲ့ ။ အဲ့ဒါ တကယ်ပဲလား မမ ။ အုန်းခင်ကို
အမှန်အတိုင်း ပြောပြပါနော် ။”
ဒေါ်မြချယ်၏မျက်နှာ
ပျက်သွားကာ တစ်ဖက်သို့ လှည့်သွားသည်ကို ဒေါ်အုန်းခင် သတိပြုလိုက်မိ၏ ။
“ အိုကွယ်…ညည်း ဘာတွေ ကြားလာတာလဲ ။ ငါ မသိပါဘူး
။”
“ မမရယ် မမနဲ့အုန်းခင်နဲ့က ၀မ်းကွဲတွေဆိုပေမဲ့
အရင်းအချာတွေလို ချစ်ခင်ကြတာ မဟုတ်လား ။ အုန်းခင်ကို
မသိုဝှက်ထားပါနဲ့ မမရယ် ။”
“ ဒါဆို နင် နှုတ်လုံစေနော် ။ ဟုတ်တယ်…သမီး သမီးလေး
ရှိနေတယ် ။”
“ ဘယ်လို…မဖြစ်နိုင်တာ ။ တူမလေးက သေသွားပြီလေ ။”
“ အဲ့ဒီ့လို မဟုတ်ဘူး ။ သေသွားတာက သမီးလေးရဲ့ခန္ဓာကိုယ်
။ သမီးလေးရဲ့ဝိညာဉ်ကတော့ မမမြအနားမှာ ရှိ
နေသေးတယ် ။”
ဒေါ်မြချယ်၏စကားကြောင့်
ဒေါ်အုန်းခင် အံ့အားသင့်သွားရသည် ။ ဒါဆို… မြို့ထဲမှာ ပြောဆိုနေတဲ့သတင်းတွေက အမှန်တကယ်ပါလားဟု
ဒေါ်အုန်းခင် တွေးလိုက်မိ၏ ။
“ ဟင်…ဒါ ဒါဆို တူမလေး မကျွတ်လွတ်သေးဘူးပေါ့ ဟုတ်လား
မမမြ ။ သရက်ပင်မှာ ရှိနေတယ်ဆိုတာ အမှန်ပဲ
လား ။”
“ အေး…ဟုတ်တယ် ။”
“ မမမြရယ် ဒီလိုဆိုလည်း တူမလေး ကျွတ်လွတ်သွားအောင်
အမျှအတန်း ပေးဝေပါလား ။ ဘာဖြစ်လို့ သရက်ပင်
မှာ ခေါ်ထားရတာလဲ ။”
“ ဘာပြောတယ် ။ အမျှဝေရမယ် ဟုတ်လား ။ နင် ငါ့သမီးနဲ့ငါ့ကို
ထပ်ကွဲစေချင်လို့လား ။ ငါ့သမီးလေးကို ငါ့ဆီက
ထပ်ခေါ်သွားခွင့် မပြုနိုင်တော့ဘူး ။”
ဒေါ်မြချယ်၏အသံတွေက
တုန်ယင်နေသည် ။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်နှင့်အညီ မကျွတ်လွတ်သေးသော
ဝိညာဉ်ကို
အမျှအတန်းပေးဝေရမည်မှန်း ဒေါ်မြချယ် မသိ မဟုတ် သိ၏ ။ သို့ပေမဲ့ သမီးလေး မိမိအနားမှ လုံးဝ
ပျောက်ကွယ်သွားမည်ကို
စိုးကြောက်နေမိသည် ။
“ မမမြ ဘယ်လိုခံစားနေရမလဲဆိုတာကို
အုန်းခင် သိပါတယ် ။ ဒါပေမဲ့ မြမျက်ချယ်လေးက သေသွားပြီလေ ။ ဘဝ
ချင်းခြားနေတဲ့သူ့ကို ကျွတ်လွတ်အောင် ကူညီပေးလိုက်ပါ
။ မျက်ချယ်လေးလို စိတ်နှလုံးကောင်းမွန်တဲ့သူဟာ
ကောင်းရာသုဂတိကို ရောက်မှာ သေချာပါတယ် ။ ဒါမှလည်း
တူမလေးအပေါ်မှာ မမမြ ချစ်ရာရောက်မှာ မဟုတ်
လား ။”
ဒေါ်အုန်းခင်၏စကားဆုံးတော့
ဒေါ်မြချယ် ငိုင်ကျသွားသည်။ အုန်းခင် ပြောသွားတာတွေက အမှန်တွေချည်းပါလား ။
ဝေခွဲရခက်စွာနှင့်
မျက်ဝန်းမှ မျက်ရည်များ စီးကျနေရင်းနှင့်မှ ဒေါ်မြချယ်၏ခေါင်းထဲတွင် အလင်းတစ်ပွင့် တောက်ပ
သွားသည်
။
“ ဟုတ်ပါတယ် ညီမလေးအုန်းခင် ပြောတာ မှန်တယ် ။ ခုဆို
သမီးလေးခမျာ တစ်ယောက်တည်း အထီးကျန်စွာနဲ့
နေထိုင်နေရမှာ ။ ဒါ့ကြောင့်သာ လမ်းသွားလမ်းလာတွေကို
ကိုယ်ထင်ပြပြီး နှုတ်ဆက်နေရှာတာ ။ သမီးလေးက
သိပ်အဖော်မင်တာ ။”
“ မမမြ အခုလို အမြင်မှန်ရသွားလို့ အုန်းခင် အရမ်းဝမ်းသာတာပဲ
။ ဒါဆို သဘက်ခါ ငါးလပြည့်အသုဘဆွမ်းကျွေး
ဖို့ ဘုန်းကြီးတွေ ပင့်ထားလိုက်မယ် ။ ချက်ဖို့ပြုတ်ဖို့လည်း
အုန်းခင်ပဲ စီစဉ်လိုက်မယ်နော် ။”
“ အေးပါကွယ် ။ အုန်းခင်ပဲ အဆင်ပြေသလို လုပ်လိုက်ပါတော့
။”
ဒေါ်အုန်းခင်က
စိတ်အေးသက်သာစွာဖြင့် စီစဉ်စရာရှိသည်များကို စီစဉ်ရန် ထိုင်နေရာမှ ထွက်ခွာသွားသည် ။
ဒေါ်မြ
ချယ်တစ်ယောက်သာ
ဝမ်းနည်းကြေကွဲစွာနှင့် ထိုင်နေရာ ခြံထောင့်မှ သရက်ပင်ကြီးကို ငေးကြည့်နေမိသည် ။ ရုတ်
တရက်
`သြော်...သမီးလေးကို ညနေစာ သွားပို့ရဦးမှာပဲ´ဟု သတိရသွား၍ မီးဖိုချောင်ဆီသို့ ခပ်သွက်သွက်
ထွက်
ခွာလာလိုက်တော့သည်
။
ဦးဘလူ ဒေါ်မြချယ်တို့၏အိမ်တွင် တရားနာပရိသတ်များဖြင့်
စည်ကားလျက်ရှိသည် ။ လူအုပ်၏ရှေ့ဆုံးတွင်
တော့
အလှူရှင် ဦးဘလူနှင့် ရေစက်ခွက်ကိုင်ထားသူဒေါ်မြချယ်တို့က နေရာယူလို့နေသည် ။
“ လွန်ခဲ့သောငါးလက သေဆုံးသွားရှာပြီဖြစ်သော တကာမလေးမြမျက်ချယ်နှင့်တကွ
ေ၀ေနယ်သတၱ၀ါအားလံုး
အမျှ အမျှ အမျှ ပေးဝေပါကုန်၏ ။”
“ သာဓု သာဓု သာဓု ”
သာဓုခေါ်သံအဆုံးတွင်တော့
သရက်ပင်ကြီးသည် လေမတိုက်ပါဘဲ ထူးထူးခြားခြား သစ်ရွက်ခြောက်တွေ တဝေါဝေါ
ကျဆင်းသွားတော့သည်
။
**********************
“ အမေ အမေ…”
“ ဟင်…သ သမီးလေး မကျွတ်လွတ်သေးဘူးလား ။”
ဒေါ်မြချယ်၏အမေးကို
မြမျက်ချယ်က ခေါင်းခါပြလိုက်ရင်း…
“ ဒီမှာလေ သမီးရဲ့အ၀တ်အစားတွေကို ကြည့်ပါဦး ။
သမီး ကောင်းမြတ်တဲ့ဘုံဘ၀ကို သွားရတော့မှာ ။ ဒါကြောင့်
သမီး မေမေ့ကို လာနှုတ်ဆက်တာပါ ။”
“ ၀မ်းသာလိုက်တာ သမီးလေးရယ် ။”
ဝမ်းသာသည်မှန်သော်လည်း
ခွဲရတော့မည်မှာ သေချာပြီဖြစ်၍ ဒေါ်မြချယ် ငိုကြွေးချင်မိပေမဲ့ သမီးလေး စိတ်မဖြောင့်
မည်စိုး၍
စိတ်ကို တင်းထားရသည် ။
“ သွားပြီနော် မေမေ ။”
သည်တစ်ခါတော့
သမီးလေးကို ပထမအကြိမ် အိပ်မက်မြင်မက်စဉ်ကလို ဒေါ်မြချယ် အော်ဟစ်လန့်နိုးလာရခြင်းမျိုး
မဟုတ်ဘဲ
ဆောင်းလေအေးတစ်ချက် ဝေ့၀ဲတိုက်ခတ်လိုက်သလို ဖြတ်ခနဲ လန့်နိုးလာမိသည် ။ နဘေးတွင်တော့
ဦးဘလူ
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတုန်း ။
“ ဟင်…ဒါ ဒါ…”
ဒေါ်မြချယ်
နောက်တစ်ချက်ရှုရှိုက်ကြည့်လိုက်တော့ ဒေါ်မြချယ် အလွန်နှစ်သက်သည့် စကားဝါရနံ့ ။ ကောင်းရာဘုံ
ဘ၀ကို
ရောက်ရှိသွားသူများသည် ပန်းရနံ့များ ချန်ရစ်သွားတတ်ကြသည်ဟု ဒေါ်မြချယ် ကြားသိဖူးသည်
။ ဤသို့ဆို
လျှင်
မြမျက်ချယ်တစ်ယောက် အမှန်ပင် နတ်ဘုံနတ်နန်းသို့ ရောက်ရှိသွားလေပြီဟု ထင်မှတ်မိသောကြောင့်
ဒေါ်မြ
ချယ်၏ရင်ထဲ
ဝမ်းသာလှိုက်မောမှုတို့နှင့်အတူ ကြည်နူးပီတိဖြာဝေသွားရင်း သမီးလေး နောင်ဘ၀ဆက်တိုင်း
ဆက်
တိုင်း
အသက်ရှည်ရှည်နေနိုင်ပါစေဟု တောင်းဆုခြွေနေမိပါတော့သည် ။
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။