ကံကြမ္မာဝဲဂယက်ထဲမှ ရွက်လှေလေး
( ၂၀၁၄ သြဂုတ်လထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသောဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ဂါဦးနွန်းကို ....... ရေးသည် ။
-----------------------------------------------------------------------------------------------------------------
“ ဖွေး…ကို မင်းရှေ့ကို ရောက်နေပြီပဲ ။ မငိုနဲ့တော့လေ
။”
ကျွန်တော်
ဘယ်လောက်ပြောပြော ငိုကြွေးနေတဲ့ ဖွေးရဲ့မျက်ရည်မိုးတွေက ခမ်းခြောက်မသွားသေး ။ ဖွေး
ငိုကြွေးနေဆဲပါပဲ ။
“ မငိုနဲ့တော့နော် ။ ကို့ကြောင့် ဖွေး ငိုခဲ့ရပေါင်းများပြီ
။ ဒီတစ်ခါ မငိုပါနဲ့တော့ ဖွေးရယ် ။”
ကျွန်တော်
ဖွေးရဲ့အနားမှာ ထိုင်ချလိုက်ရင်း နှစ်သိမ့်လိုက်မိတယ် ။ ဟုတ်တယ်…ကျွန်တော့်ကြောင့်
ဖွေး အမြဲ ငိုခဲ့ရတယ် ။
ကျွန်တော်ဟာ
ဖွေးအတွက် ကောင်းမွန်တဲ့ချစ်သူတစ်ယောက် မဟုတ်ခဲ့ဘူး ။ နောက်ပြီး ခင်ပွန်းကောင်းတစ်ယောက်အဖြစ်
လည်း
မပီသခဲ့ဘူး ။ ဒါပေမဲ့ ဖွေးက ဘယ်တော့မှ အပြစ်မယူဘဲ ကျွန်တော့်အမှားတွေကို သူ့မျက်ရည်တွေနဲ့ပဲ
အမြဲ သင်ပုန်း
ချေပစ်တတ်တယ်
။
“ ဖွေး ဘယ်လိုမှ မဖြေနိုင်ဘူး ကိုရယ် ။ ဖွေး ကို့ကို
သိပ်ချစ်တယ် ။”
“ သိပါတယ် ဖွေးရယ် ။ ကို့ကို ဖွေး သိပ်ချစ်မှန်း
ကို သိတာပေါ့ ။ ဒါကြောင့်လည်း ဒီလောက်ဆိုးရွားတဲ့ကို့ကို ဖွေး လက်ထပ်
နိုင်ခဲ့တာပေါ့ ။ ဒီတစ်ခါတော့ ကို့အတွက်နဲ့ မျက်ရည်မကျပါနဲ့တော့ကွာ
။ ကို့ကို မေ့ပစ်လိုက်ပါတော့နော် ။”
“ ဖွေး ကို့ကို မမေ့နိုင်ဘူး ။ ဖွေး ကို့ကို တစ်သက်လုံး
ချစ်သွားမှာ ။”
ဖွေးစကားတွေကြောင့်
ကျွန်တော် နာနာကျင်ကျင်နဲ့ တစ်ချက်ပြုံးလိုက်မိတယ် ။ ကျွန်တော့်ကြောင့် ဖွေး ငိုကြွေးနေရတာကို
သိလျက်ကြီးနဲ့
ကျေနပ်နေမိတဲ့ ကိုယ့်ကိုကိုယ်လည်း တစ်ကိုယ်လုံး ကျိုးကျေသွားလောက်တဲ့အထိ ထုရိုက်ပစ်လိုက်ချင်ရဲ့
။
ဒါပေမဲ့
ဘယ်လိုလုပ်ရပါ့မလဲ ။ ကျွန်တော်ကိုယ်တိုင်ကိုက တစ်သက်လုံး ကျွန်တော့်အတွက် ဖွေး ငိုခဲ့ရတာတွေကို
အချစ်စမ်း
တယ်ဆိုတဲ့
စိတ်ကူးလေးတစ်ခုနဲ့ ကြိတ်ပြီး ကျေနပ်နေခဲ့မိတာမဟုတ်လား ။
` ဒီတစ်ခါတော့ ဖွေး ကို့ကို မမေ့လို့မှ မရတော့တာ
။´
ဒီစကားကို
ကျွန်တော့်ရင်ထဲမှာပဲ ရေရွတ်လိုက်မိတယ် ။ ကျွန်တော့အတွေး မဆုံးသေးခင်ဘဲ ဖွေး ကျွန်တော့်အနားက
လှုပ်
လီလှုပ်လဲ့နဲ့
ထွက်ခွာသွားတယ် ။ ဖွေးရဲ့ခြေလှမ်းတွေက အသက်မပါလိုက်တာ ။ တစ်ချက်တစ်ချက် ယိုင်လဲပြိုကျသွားမှာကို
တောင်
စိုးရိမ်မိရဲ့ ။ ကျွန်တော် ဖွေး အနောက်ကို လိုက်ပါသွားရင်း ကျွန်တော့်စိတ်တွေကလည်း
အတိတ်ဆီကို တကြော့ပြန်
လည်သွားမိတော့တယ်
။
***************************************************************************************
လူငယ်သဘာဝ ကျွန်တော်တို့ ချစ်ကြိုက်ခဲ့ကြတာဆိုပေမဲ့
ကျွန်တော်တို့တွေ့ဆုံပုံလေးက ဆန်းတယ်လို့ ဆိုရမယ် ။
ကျွန်တော်
အသက်နှစ်ဆယ်ပြည့်နေတဲ့နေ့ကပေါ့ ။ ကျွန်တော့်မေမေက သူ့အသိတစ်ယောက်ရဲ့သမီးနဲ့ သွားတွေ့ကြည့်ဖို့
အတင်းတိုက်တွန်းနေခဲ့တယ်
။ ကျွန်တော့်အထင်တော့ လူကြီးချင်းကလည်း အဆင်ပြေနေတော့ လူငယ်ချင်းလည်း နီးစပ်
စေချင်လို့
ထင်ပါရဲ့ ။ အသက်နှစ်ဆယ်ပြည့်ချိန်အထိ ချစ်သူ မရှိသေးတဲ့ ကျွန်တော်လည်း သွားတွေ့ကြည့်တာပေါ့လို့
ဆုံး
ဖြတ်ပြီး
မေမေ ချိန်းဆိုပေးတဲ့ ကော်ဖီဆိုင်လေးကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီး ထွက်လာခဲ့တယ် ။ ဒါဟာလည်း
cupid ရဲ့
ဟာသလှည့်ကွက်လေးတစ်ကွက်လို့
ထင်ပါတယ် ။
ဆိုင်ထဲမှာ
မိန်းကလေးဆိုလို့ ဖွေးတစ်ယောက်ပဲ ရှိနေခဲ့တာပါ ။ လိမ္မော်ဖျော်ရည်ကို သောက်ရင်း အပြင်ဘက်ကို
လှမ်း
မျှော်ငေးနေတဲ့
ဖွေးရဲ့ပုံစံလေးက တကယ့်ကို ချစ်စရာကောင်းပြီး အပြစ်ကင်းလွန်းလှတယ် ။ ရှင်းရှင်းပြောရရင်တော့
ကျွန်
တော်
ဖွေးကို မြင်မြင်ချင်း ချစ်မိသွားခဲ့တာပါ ။ ဖွေးနဲ့ကျွန်တော် စဆုံတွေ့ချင်း ကျွန်တော်
ပထမဆုံး ပြောခဲ့တဲ့စကားက…
“ ကျွန်တော် ဒီမှာ ထိုင်လို့ ရမလား ။”
“ ရှင် ! သြော် ထိုင် ထိုင်လို့ရပါတယ် ။ ဒါနဲ့
ရှင်က ကိုလင်းလက်လား ။”
ဖွေးရဲ့အမေးကို
ကျွန်တော် ခေါင်းညိတ်ဖြေလိုက်ရင်း ဖွေးရဲ့မျက်နှာကို မ၀ံ့မရဲ အကဲခတ်ကြည့်လိုက်တော့
ဖွေးကိုယ်တိုင်က
လည်း
ကျွန်တော့်ကို သဘောကျနေပုံပဲ ။ ဒါကတော့ အခုချိန်ကျမှ ကျွန်တော် ရဲရဲဝံ့ဝံ့တွေးမိတာပါ
။ ဘာဖြစ်လို့လဲဆိုတော့
လက်ရှိမှာ
ဖွေးက ကျွန်တော်ရဲ့ဇနီးမယား ဖြစ်နေပြီလေ ။
အဲ့ဒီ့နောက်တော့
ကျွန်တော်တို့နှစ်ယောက် ဘာစကားမှ မယ်မယ်ရရ မပြောဖြစ်ကြဘူး ။ နှစ်ယောက်အတူ ထိုင်ပြီး
နေ့
လည်စာ
စားကြတယ် ။ ရုပ်ရှင်အတူ သွားကြည့်ကြတယ် ။ တစ်ယောက်နဲ့တစ်ယောက် တိတ်တဆိတ်ပဲ ရင်ခုန်သံချင်း
နား
လည်မှု
ယူခဲ့ကြတယ် ။
Cupid ရဲ့လှည့်ကွက်က ဘယ်လောက်ဟာသမြောက်လိုက်သလဲဆိုတာ
ဖွေးနဲ့ကျွန်တော် ချိန်းတွေ့လို့ တစ်ပတ်ကျော်
လောက်ကြာမှ
ဖွေးက မေမေ့သူငယ်ချင်းရဲ့သမီး မဟုတ်တာ သိလိုက်ရတယ် ။ ဖွေး လာတွေ့တဲ့ လင်းလက်ဆိုတဲ့
မန္တလာ
သားလေးကလည်း
ကျွန်တော် မဟုတ်ဘူးလေ ။ ဖွေးကိုယ်တိုင်ကလည်း နယ်ကဒေါ်လေး လွှတ်လိုက်တဲ့ လင်းလက်ဆိုတဲ့
ကောင်လေးကို
တစ်ခါမှမှ မမြင်ဖူးတာ ။ ကဲ…ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ ။ နာမည်တွေကလည်း တစ်ထပ်တည်းကျ
လို့…။
တစ်ဖက်ကသာ ဖုန်းဆက်ပြီး မတောင်းပန်ခဲ့ရင် ခုထက်ထိ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်
မိဘသဘောတူထားတဲ့သူလို့ပဲ
ထင်နေမိကြဦးမှာ ။
ဒါကလည်း ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်မိဘအကြောင်းတစ်ယောက်
မမေးဖြစ်ကြတာလည်း ပါတယ် ။
နောက်ပြီး
ချစ်သူတွေ ဖြစ်ခါစမှာ ဘယ်အရာကမှ ချစ်စကား ကြိုက်စကားတွေလောက် အရေးမပါလှဘူးလေ ။ ကျွန်တော်တို့
နှစ်ယောက်ကိုက
စကားအတော်နည်းတာလည်းပါတာပေါ့ ။ ထားပါတော့…ကျွန်တော်တို့အတွက်တော့ တစ်ယောက်ကိုတစ်
ယောက်
နှစ်နှစ်ကာကာချစ်နေတာကလွဲလို့ ဘယ်ကိစ္စကမှ အရေးမကြီးတော့ပါဘူး ။
ဒီလိုမျိုး ကျွန်တော်တွေးထားခဲ့ပေမဲ့ ကျွန်တော်တို့နှစ်ယောက်ကြားမှာ
ဘာသာရေးက တံတိုင်းတစ်ခုလို ခြားလာခဲ့တယ် ။
ကျွန်တော့်မိဘတွေက
ဘာသာခြားနဲ့ သဘောမတူဘူးတဲ့ ။ ဖွေးကလည်း သူ ယုံကြည်တဲ့ ဗုဒ္ဓဘာသာကလွဲပြီး ဘယ်ဘာသာ
ကိုမှ
ပြောင်းလဲမှာမဟုတ်မှန်း ကျွန်တော် သိတယ် ။ ဒီအကြောင်းကို ပြောတိုင်း ဖွေး ကျွန်တော့်ကြောင့်
အမြဲငိုခဲ့ရတယ် ။ သူ
အသေသာ
ခံမယ်…ဘာသာလည်း မပြောင်းနိုင်ဘူး ။ ကျွန်တော့်ကိုလည်း မခွဲနိုင်ဘူး…တဲ့ ။ ဒီတော့ ယောက်ျားတစ်ယောက်
အနေနဲ့
ကျွန်တော် ဘာလုပ်ရမလဲ ?
အဲ့ဒီ့မှာပဲ ကျွန်တော် စိတ်ညစ်လို့ဆိုပြီး အရက်ကို
အလွန်အကျွံသောက်တတ်လာတယ် ။ အရက်တွေ မူးလာတိုင်း မိဘ
တွေကြောင့်
ကျွန်တော် အသည်းတွေ ကွဲနေရတဲ့အဖြစ်ကို တစ်အိမ်လုံး သိအောင် အော်ကြီးဟစ်ကျယ် ပြောတတ်တယ်
။
ဖွေးကတော့
ဒီအကြောင်းတွေ ကြားရင် ကျွန်တော့်အတွက် စိတ်မကောင်းလွန်းလို့ ငိုကြွေးခဲ့ရတာ အကြိမ်ကြိမ်အခါခါ
။ မငို
ပါနဲ့
ဖွေးရယ်…ဆိုတဲ့စကားကလွဲပြီး တခြားပြောစရာစကား ကျွန်တော့်မှာ မရှိခဲ့ဘူး ။
အငယ်ဆုံးသားကျွန်တော့်ရဲ့တိုက်ကွက်က အောင်မြင်တယ်လို့
ဆိုရမလားပဲ ။ ကျွန်တော့်မိဘတွေက ဖွေးနဲ့ကျွန်တော့်
ကို
သဘောတူလိုက်ကြတယ် ။ ဖွေးကတော့ မိဘတွေ ဆုံးပါးသွားပြီဖြစ်တာကြောင့် အစစအရာရာ ကျွန်တော့်မိဘတွေကပဲ
စီစဉ်ခဲ့ကြတယ်
။ ကျွန်တော်တို့နှစ်ယောက် ချပ်ရှ်ကျောင်းတစ်ခုမှာ မင်္ဂလာဆောင်ပြီး ချောင်းသာကို ဟန်းနီးမွန်း
ထွက်ခဲ့ကြ
တယ်
။ ဘ၀ရဲ့အစမို့လား မသိဘူး…လမ်းလျှောက်တတ်စကလေးတစ်ယောက်လို ရင်တထိတ်ထိတ်အရသာနဲ့ အရမ်း
ပျော်
ရွှင်ခဲ့ရတယ်
။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ဘ၀ဟာ အရည်အချင်းမရှိတဲ့ကျွန်တော့်ကြောင့်ပဲ
ရင်နာချင်
စရာကောင်းလောက်အောင်
ခါးသီးခဲ့ရတယ် ။
ကျွန်တော်က အိမ်မှာ အငယ်ဆုံး…ဘာအလုပ်မှလည်း
လုပ်တတ်တာ မဟုတ်လို့ မိဘတွေက ကျွန်တော်တို့နှစ်ယောက်
ကို
အိမ်မှာပဲ ခေါ်တင်ထားတယ် ။ ဒါပေမဲ့ ကျွန်တော့်မိဘတွေနဲ့ အစ်မတွေရဲ့စိတ်ဓါတ်ကို ကျွန်တော်
အသိဆုံး ။ အတ္တကြီးတဲ့
သူတို့တွေကြောင့်
မကြာခင် ဖွေး စိတ်ဆင်းရဲရတော့မယ်ဆိုတာ သိသိချည်းနဲ့ ဖွေးအတွက် ကျွန်တော် ဘာတစ်ခုမှ
မလုပ်ပေး
နိုင်ခဲ့ဘူး
။
တနင်္ဂနွေရုံးပိတ်ရက်တိုင်း
ရွှေတိဂုံကို သွားတတ်တဲ့ဖွေးက ကျွန်တော်နဲ့ယူပြီး နှစ်လအကြာမှာတော့ မီးဖိုချောင်ထဲမှာပဲ
အချိန်ကုန်ခဲ့ရတယ်
။ အရာအားလုံး ဖွေး တာဝန်ဖြစ်အောင် မေမေနဲ့မမတွေက စီမံခန့်ခွဲကြတယ် ။ ကွယ်ရာမှာ ဖွေး
ကြိတ်ငို
ပေမဲ့
သူတို့ရှေ့မှာတော့ တစ်ချက် မငြိုငြင်ခဲ့ပါဘူး ။ ခရစ်စမတ်မှာ ကျွန်တော် ၀ယ်ပေးတဲ့လက်ဆောင်ကြောင့်
ဖွေး ပျော်ရွှင်
ခဲ့ရပေမဲ့
အောက်တိုဘာလတုန်းက မီးမထွန်းရလို့ ကြိတ်ငိုခဲ့ရတဲ့ ဖွေးမျက်နှာလေးကို ကျွန်တော် ဘယ်လိုမှ
မေ့မရသေးဘူး ။
ကြာတော့
နားလည်မှုမရှိတဲ့ကျွန်တော့်မိဘတွေကြောင့် ကျွန်တော် ဖွေးကို အရမ်း သနားလာမိတယ် ။
“ ဖွေး ကို့ကို ယူခဲ့မိတာကို နောင်တရနေပြီလားဟင်
?”
ကျွန်တော်ကတော့
ဖွေး နင့်နင့်သီးသီး ပြန်ပြောလိမ့်မလားလို့ တွေးကြောက်မိပေမဲ့ ဖွေးကတော့ ကျွန်တော်
မြတ်နိုးခဲ့ရတဲ့
အပြုံးလေးကို
ပြုံးလျက် ခေါင်းခါပြတယ် ။ ဒီအပြုံးလေးကြောင့် ထင်ပါရဲ့ ။ မိဘတွေရဲ့သဘောကို ကျွန်တော်
ဆန့်ကျင်ပြီး
နယ်က
ကျွန်တော့်အဘိုး အမွေပေးခဲ့တဲ့အိမ်အိုကြီးမှာ ကျွန်တော်တို့နှစ်ယောက် သွားနေခဲ့ကြတယ်
။ ကျွန်တော်တို့ဘ၀သစ်
စတင်ပြန်ပြီပေါ့
။
အိမ်အိုကြီးက
ရှေးခေတ်အခေါ် ဘိုတဲလို့ ဆိုမလားပဲ ။ ပျဉ်တစ်ဝက် အုတ်တစ်ဝက် ရောယှက်နေတဲ့ နှစ်ထပ်အိမ်ကြီး
။
ဒီအိမ်ကြီးမှာ
စ,နေတုန်းက ဖွေး ပြောဖူးတယ် ။
“ ဖွေးက သရဲကြောက်တယ် ကိုရဲ့ ။”
“ သရဲဆိုတာ ဘာလဲ ဖွေးရဲ့ ။”
“ ကိုကလည်း…သရဲဆိုတာ သေလွန်ပြီး ၀ိညာဉ်ဘ၀ကိုခေါ်တာပေါ့
။”…လို့ ပြောတော့ ကျွန်တော် ရယ်လိုက်ရတာ မော
ရော…။
ကျွန်တော် ရယ်လို့ ၀မှ ဖွေးရဲ့မျက်နှာကို ပြုံးစိစိနဲ့ ကြည့်ရင်း…
“ ဖွေးရယ်…သရဲဆိုတာ တကယ်မှ မရှိတာ ။” လို့ဆိုတော့
ဖွေးက ကျွန်တော်ကို မျက်စောင်းလေး ထိုးပြီး…
“ ကို မမြင်ဖူးတိုင်း သရဲ မရှိဘူး ထင်မနေနဲ့ ။
ဖွေး တွေ့ဖူးတယ် ။”
“ ဟင်…ဟုတ်လား ။ ဖွေးက ဘယ်မှာ တွေ့ဖူးတာလဲ ။ ဘယ်လိုကြီးလဲ
။”
ဖွေးက
နဘေးဘီဘင်ကို ကြက်သီးထသလို ဝေ့၀ဲကြည့်လိုက်ပြီး…
“ ဖွေး ငယ်ငယ်တုန်းက ညဘက် အိမ်ပြင်အပေါ့ဆင်းသွားတုန်း
အရိပ်ဖြူဖြူကြီးကို တွေ့လိုက်ရတာ ။ ကြောက်စရာကြီး ။”
ဖွေးရဲ့ပုံစံက
ကျွန်တော့်ကို ခြောက်ချင်လို့ ပြောတဲ့ပုံစံမျိုး မဟုတ် ။ တကယ်ပဲ ကြုံတွေ့ဖူးခဲ့တဲ့ပုံမျိုး
။
“ ဒါက စိတ်ထင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ။ ညဘက်
စောင်တွေ အ၀တ်တွေ လှန်းထားတာကို ကြောက်စိတ်နဲ့ မြင်မိ
မြင်ရာ မြင်တာလည်း ဖြစ်နိုင်တာပဲ ။”
ကျွန်တော်နဲ့ဖွေး
သရဲ ရှိတယ် မရှိဘူးကိစ္စကို အသည်းအသန် ငြင်းကြသေးတယ် ။ ဒါပေမဲ့ အပျော်သက်သက်ပါပဲ ။ နောက်
ဆုံး
အမောမခံနိုင်တဲ့ကျွန်တော်ကပဲ အရှုံးပေးလိုက်ရတယ် ။
***************************************************************************************
ဖွေးက
တစ်ဖက်ဧည့်ခန်းဆီကို လျှောက်သွားပြီး နံရံမှာချိတ်ထားတဲ့ ဖွေးနဲ့ကျွန်တော်ရဲ့မင်္ဂလာဓါတ်ပုံကြီးကို
ဖြုတ်ယူ
လိုက်တယ်
။
“ ဒီပုံထဲမှာ ကိုက သိပ်ချောတာပဲနော် ။”
“ အမယ်…ခုကျတော့ ရုပ်ဆိုးကြီးလို့ ဆိုချင်နေပြီပေါ့လေ
။”
“ ခုလည်း ချောတုန်းပါပဲ ။ ဖွေးအတွက်တော့ ကိုက ဘယ်အချိန်ပဲဖြစ်ဖြစ်
ချောမောခန့်ညားနေဆဲဆိုတာ ယုံပါ ကိုရယ် ။”
“ ကိုက နောက်တာပါ ဖွေးရယ် ။ ဖွေးရဲ့စကားတွေအားလုံးကို
ကို အကြွင်းမဲ့ယုံကြည်ပြီးသားပါ ။ ကဲ…ဓါတ်ပုံကို သိမ်း
လိုက်ဦးလေ ။”
ဖွေးက
ဓါတ်ပုံကို အိပ်ခန်းထဲကို သယ်ယူသွားတယ် ။ ကျွန်တော်ကတော့ ဧည့်ခန်းထဲမှာ ခဏနေရစ်ခဲ့ပြီး
တစ်ခန်းလုံးကို ဝေ့
ဝဲကြည့်လိုက်မိတယ်
။ သြော်…ဟိုစားပွဲပေါ်မှာ ကျွန်တော်တို့နှစ်ယောက် ထမင်းအတူ စားခဲ့ကြတယ် ။ ဒီထိုင်ခုံလေးကတော့
ကျွန်တော်တို့နှစ်ယောက်
တီဗွီကြည့်တိုင်း ပင်တိုင်ထိုင်တဲ့နှစ်ယောက်ထိုင်ခုံလေးပေါ့ ။ ဟိုနားမှာတော့ ကျွန်တော်
လဲကျသွား
လို့
ကျွန်တော့်ကို ဖွေး တွဲထူပေးခဲ့တဲ့နေရာလေး ။
***************************************************************************************
ကျွန်တော်တို့နှစ်ယောက် အတူနေလာလို့ တစ်နှစ်မကြာသေးပါဘူး
။ ပင်ပန်းမှုဓါတ်တွေကြောင့် ကျွန်တော် နေထိုင်
မကောင်းဖြစ်ပါလေရော
။ ကျွန်တော် လုပ်နေတဲ့အလုပ်ကလည်း ပျိုးပင်တွေ ရောင်းဖို့ စိုက်ရပျိုးရတာမျိုးဆိုတော့
နည်းနည်း
တော့
ပင်ပန်းတာပေါ့ ။ ဒီလောက်ဖျားတာလေးနဲ့ ပိုက်ဆံအကုန်မခံချင်ပေမဲ့ ဖွေးက ကျွန်တော့်အတွက်
စိတ်ပူပန်နေတာ
ကြောင့်
ဖွေးဆန္ဒအရ ကျွန်တော် ဆေးခန်းကို သွားလိုက်တယ် ။
ကျွန်တော် တကယ်ကို အံ့သြသွားခဲ့ရတယ် ။ အိပ်မက်မက်နေတာလား
။ ဒါမှမဟုတ် ဆရာဝန်ရဲ့စစ်ဆေးချက်ပဲ မှားနေ
တာလား
။ ရုတ်တရက် ကြုံဆုံလိုက်ရတဲ့အဖြစ်မှန်ကို ကျွန်တော်
ဘယ်လိုမျှ လက်ခံလို့ မရသေး ။ ဖွေးရဲ့စကားနဲ့ပြောရရင်
တော့
ကံကြမ္မာရဲ့ကျီစားချက်က ကျွန်တော့်အတွက်တော့ သွေးပျက်ခဲ့ရတယ် ။ ကျွန်တော့်မှာ သွေးကင်ဆာရောဂါ
ဖြစ်နေ
ပြီ…တဲ့
။ ဆရာဝန် ပြောပြမှ သိလိုက်ရတာက ဒီရောဂါက မျိုးရိုးလိုက်တတ်တယ်တဲ့လေ ။ ကျွန်တော့်အဘိုးက
ဒီရောဂါနဲ့
အသက်ငယ်ငယ်ရွယ်ရွယ်မှာတင်
ဆုံးပါးသွားခဲ့တာ မဟုတ်လား ။ ဖွေး ကျွန်တော့်အတွက် ငိုရပြန်ပြီ ။
ကျန်ရှိသေးတဲ့ခြောက်လကို ကျွန်တော် ဖွေးနဲ့ပဲ ကုန်ဆုံးချင်တာကြောင့်
ကျွန်တော့်ရောဂါအကြောင်းကို မိဘတွေဆီ
တောင်
အကြောင်းမကြားခဲ့ဘူး ။ ဒါဟာ သူတို့အပေါ် ကျွန်တော် ရက်စက်လွန်းမှန်း သိပေမဲ့ သူတို့ခွင့်လွှတ်လိမ့်မယ်လို့
ကျွန်
တော်
မျှော်လင့်မိတယ် ။ နောက်ပြီး ကျွန်တော် ဖွေးကို ဘာမှတောင် မပေးဆပ်ရသေးဘူးလေ ။ ဖွေးကသာ
ကျွန်တော့် အတွက် အရာရာအနစ်နာခံခဲ့ရတာ မဟုတ်လား ။ ဒီတော့ ကျန်ရှိတဲ့နောက်ဆုံးနေ့ရက်လေးတွေကို
ဖွေးနဲ့အတူ ကြည်ကြည် နူးနူးကုန်ဆုံးချင်မိတာ ကျွန်တော် မှားသလားဗျာ ။
သေဖို့နီးလာတော့
ဝေဒနာတွေဟာ ဘယ်လောက်ပြင်းထန်သလဲဆိုတာ ကိုယ်တိုင် ကြုံဖူးမှပဲ သိရတော့တယ် ။ ကျွန်တော်
နာကျင်ခံစားနေရတိုင်း အနားမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ယောက်ယက်ခတ်နေတတ်တဲ့ ဖွေး…။
တုန်
ယင်ဝမ်းနည်းတဲ့အသံလေးနဲ့
ဖွေးပြောတတ်တဲ့စကားလေးကို ကျွန်တော် နားထဲမှာတောင် စွဲနေရပြီ ။ “ ဝေဒနာကို စိုက်ပြီး
ကြည့်…နာကျင်မှုကို
အော်ဟစ်ရုံနဲ့ ရှောင်လွှဲလို့မှမရတာ ကိုရယ် ။ မရှောင်လွှဲဘဲနဲ့ သူနဲ့ မျက်နှာချင်းဆိုင်ကြည့်လိုက်…နော်
ကို…”တဲ့
။ ဘာကိုဆိုလိုမှန်း ကျွန်တော် အသေအချာမသိပေမဲ့ ဖွေး ပြောသလို ကျွန်တော် ကြိုးစားကြည့်မိတယ်
။ ထူးတော့
ထူးဆန်းတယ်
။ တစ်ခါတစ်လေ နာကျင်မှုတွေက အထွဋ်အထိပ်ကို ရောက်ပြီးသွားရင် ချက်ချင်း ပျောက်ကင်းသက်သာ
သွားတာကို
ကျွန်တော် ခံစားရတယ် ။ ဖွေး ပေးတဲ့ အခိုက်အတန့် ရောဂါသက်သာနည်းလေးပေါ့ ။
***************************************************************************************
“ ကို…မကြာခင်
ကို့မိဘတွေ ရောက်လာကြတော့မှာ ။ ဒီအိမ်ကို သူတို့ ပြန်ယူမယ်တဲ့လေ ။ ဖွေး ဘာကိုမှ မတပ်မက်ပါဘူး
ကိုရယ် ။ ကို မရှိတော့တဲ့နောက်တော့ ဖွေးလည်း
ဒီအိမ်ကြီးမှာ မနေချင်တော့ပါဘူး ။ ကို့ကို သတိရလွန်းလို့ ဖွေး ရူးသွား
မလားပဲ ။”
ဖွေး
တစ်ကိုယ်တည်း ရေရွတ်နေတာကို ငေးကြည့်ရင်း ကျွန်တော့်ရင်ဘတ်တွေ နာကျင်လာမိတယ် ။
“ ဖွေး…ကောင်းကင်ဘုံဆိုတာ တကယ် ရှိလား ။ စောရီး
စောရီး…ဖွေးတို့ဘာသာနဲ့ ခေါ်ရရင် နတ်ပြည်ပေါ့နော် ။ ကဲပါ…
အတူတူပါပဲ ။ အေးချမ်းဆိတ်ငြိမ်တဲ့ဘုံဌာနတစ်ခုခုကို
ဆိုလိုတာနေမှာပေါ့လေ ။ တကယ်ပဲ ရှိတယ်ဆိုရင်တောင် ဖွေးကို
ထားပြီး ကိုယ်တစ်ယောက်တည်း မသွားချင်ဘူး ။ ဖွေးနဲ့ဝေးနေတဲ့နေရာတိုင်းဟာ
ကိုယ့်အတွက်တော့ အေးချမ်းရာ ဖြစ်
မလာနိုင်ပါဘူး ။ ဒါ့ကြောင့် ဖွေးသာ ကိုယ့်ကို
ဒီအိမ်ကြီးမှာ ထားခဲ့လိုက်ပါ ။ ဇနီးအပေါ်မှာ ဘာတာဝန်မှ မကျေပွန်ခဲ့မိတဲ့
ခင်ပွန်းတစ်ယောက်ရဲ့နောင်တတွေနဲ့ ကိုယ် ထာဝရ
နာကျင်သွားပါရစေ ။”
*****************************
ကျွန်မ လက်ဆွဲအိတ်ကို ဆွဲရင်း တံခါးဆီသို့
လျှောက်လာလိုက်တယ် ။ ပါးပြင်ပေါ်ကို မျက်ဝန်းအိမ်အတွင်းမှ မျက်ရည်
တွေက
ပိုးပိုးပေါက်ပေါက် စီးဆင်းကျနေဆဲ ။ ရင်ဘတ်တစ်ခုလုံးလည်း နာကျင်လွန်းလို့ အသက်ကိုတောင်
အနိုင်နိုင် ရှူသွင်း
နေရတယ်
။ ကျွန်မ့ဘ၀ထဲက ကိုလင်း ထွက်ခွာသွားပြီဆိုတဲ့အတွေးက ကျွန်မရဲ့အသိစိတ်တွေကို ကပြောင်းကပြန်ဆန်သွား
စေတယ်
။
“ မဟုတ်ဘူး ။ ဒါ အဖြစ်မှန် မဟုတ်ဘူး ။ ဒါ…အိပ်မက်
။ ငါ အိပ်မက်မက်နေတာ ။”
လို့
ကိုယ့်ကိုကိုယ် လိမ်ညာချင်ပေမဲ့ အရာအားလုံးကို ကျွန်မ မပြောင်းလဲပစ်နိုင်ဘူးလေ ။ အဖြစ်မှန်ကို
လက်ခံလိုက်ရုံကလွဲ
ပြီး
ကျွန်မ ဘာများတတ်နိုင်ဦးမှာလဲ ။ လင်ကံဆိုးမ…လို့ ကိုယ့်ကိုကိုယ် ကျိန်စာတိုက်ရင်း
ကျွန်မ တသိမ့်သိမ့်ရှိုက်ငိုနေမိ
တယ်
။
“ ကို… ဖွေး ကို့ကို အရာအားလုံးကို စွန့်လွှတ်ပြီး
လက်ထပ်ခဲ့ရတာပါ ။ ကို့မိဘတွေလို ဖွေးရဲ့ဆွေမျိုးတွေကလည်း ကိုနဲ့
ဖွေးကို သဘောမတူချင်ကြပါဘူး ။ တိုးတိုးတစ်မျိုး
ကျယ်ကျယ်တစ်မျိုး တားမြစ်ခဲ့ကြပေမဲ့ ဖွေးဘာကိုမှ ဂရုမစိုက်ဘဲ
ကို့ကို လက်ထပ်ခဲ့တာပါ ။ ကို…ဖွေးကို မေးဖူးတယ်နော်
။ ကို့ကို လက်ထပ်မိတဲ့အတွက် နောင်တရလားလို့လေ ။ ဖွေး
အရင်က ဖြေခဲ့ဖူးသလိုပဲ ဖြေပါရစေ ။ ဖွေး နောင်တ
မရပါဘူး ။ ကိုက ဖွေးနဲ့ ဘာသာချင်းမတူပေမဲ့ ဖွေးအပေါ်ကို နား
လည်ပေးတယ် ။ လိုက်လျောပေးတယ် ။ မတူညီမှုတွေကို
ညှိနှိုင်းယူပေးတယ် ။ ကိုနဲ့အတူနေခဲ့ရတဲ့အတွက် ဖွေး စိတ်
ချမ်းသာခဲ့ရပါတယ် ။ ကံအကြောင်းတရားကြောင့်သာ
ဖွေးနဲ့ကို မတူညီမှုတွေ ရှိခဲ့ကြပေမဲ့ ဖွေးအပေါ်မှာ ကို တာဝန်
ကျေခဲ့ပါတယ် ။ ဒါ့ကြောင့် နောက်ဆံမတင်းဘဲ သွားလိုရာကို
သွားပါတော့…ကိုရယ် ။ ကို မရှိတော့တဲ့နောက်ပိုင်း ဖွေး
အိမ်ထောင်သစ်လည်း မထူချင်တော့ပါဘူး ။ ဖွေး ယုံကြည်တဲ့ဘာသာရေးကို
လိုက်စားရင်း ဘ၀မှာ အပူအပင်ကင်းကင်း
နေသွားတော့မှာမို့ ကို ဘာကိုမှတွယ်တာမနေပါနဲ့တော့နော်
။ ဖွေး…ဖွေး ဒီအိမ်ကြီးနဲ့အတူ ကို့ကို နှုတ်ဆက်ခဲ့ပါတယ် ။”
စကားလုံးတွေက
ကျွန်မရဲ့နှုတ်ဖျားကနေ ဘယ်လိုထွက်အန်ကျလာမှန်းတောင် ကျွန်မ သတိမပြုမိ ။ သေချာတာတစ်ခုက
တော့
စကားလုံးတိုင်းဟာ ကျွန်မ့ရင်ထဲမှာ ခံစားနေရတဲ့အတိုင်းပါပဲ ။ ကျွန်မ ရူးများသွားပြီလား
။ အနားမှာ ကို မရှိတော့မှန်း
သိလျက်သားနဲ့
တစ်ယောက်တည်း စကားတွေ ပြောနေမိတုန်း...။
ကျွန်မဟာ ထင်ထားတာထက် စိတ်ဓါတ်မာကြောတဲ့
မိန်းကလေးတစ်ယောက်ပါ ။ အသက်ပြင်းပြင်းတစ်ချက်ကို ရှူ
ရှိုက်သွင်းလိုက်ပြီး
မျက်နှာပြင်က မျက်ရည်တွေကို လက်နှစ်ဖက်နဲ့ ပွတ်သပ်သုတ်လိုက်တယ် ။ အဲ့ဒီ့နောက် တံခါးကိုဆွဲဖွင့်
ပြီး
လက်ဆွဲအိတ်ကိုဆွဲလျက် လှေကားထစ်တွေကို တစ်ထစ်ချင်းဆင်းပြီး အိမ်အပြင်ကို ထွက်လာလိုက်တယ်
။ ကျွန်မ ထွက်
သွားရတော့မယ့်အချိန်ကို
ရောက်ပြီလေ ။
ရုတ်တရက် နောက်ကျောပြင်ကို တစ်ယောက်ယောက်ငေးကြည့်နေသလို
ခံစားမိတာကြောင့် ကျွန်မ ဆတ်ခနဲ လှည့်ကြည့်
လိုက်မိတယ်
။
“ ဟင်…”
မှန်ပြတင်းပေါက်နားက
လိုက်ကာစတွေက လေတိုက်လို့ပဲလား ။ တစ်စုံတစ်ယောက် ၀င်တိုက်လို့ပဲလား မသိ ။ လှုပ်ရမ်းခါ
နေဆဲ
။
“ ကိုရယ်…ဖွေးနဲ့ကို ဘ၀ချင်း ခြားသွားပြီလေ ။ ဒါကို
ကိုလည်း သိပါတယ် ။ ဖွေးလည်း ကိုယ့်လမ်းကိုယ် သွားတော့မှာမို့
ကိုလည်း
ကိုယ့်လမ်းကိုယ် သွားပါတော့နော် ။ ဒီလိုပြောတာဟာ ကို့အတွက် ရက်စက်လွန်းရာကျမှန်း သိပေမဲ့
ဖွေးဟာ
ကို့အတွက်ပဲ အမြဲစဉ်းစားပေးခဲ့တဲ့သူတစ်ယောက်ဆိုတာ
ကို မမေ့ပါနဲ့နော် ။ သံသရာဆိုတာ လည်ပတ်နေတာမို့ ကိုနဲ့
ဖွေး နောင်ဘ၀တွေမှာ တူညီမှုတွေနဲ့ ထပ်ဆုံဆည်းပြီး
အချိန်အကြာကြီး အတူနေနိုင်ပါစေလို့ ဖွေး ဆုတောင်းပေးလိုက်
ပါတယ် ။”
(ကွယ်လွန်သွားသော
သူငယ်ချင်းတစ်ယောက်အတွက် အမှတ်တရ…)
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONK တွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။