ဖိနပ်ကလေးရဲ့ဒိုင်ယာရီ
( ၂၀၁၀-၂၀၁၁ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို or (မိနွန်းကို-ကွန်ပျူတာတက္ကသိုလ်)
----------------------------------------------------------------------------------
တချို့ပြောတာ ကြားဖူးပါတယ် ။ ချစ်သူကို ဖိနပ် မဝယ်ပေးနဲ့တဲ့
။ ဝယ်ပေးတဲ့ဖိနပ်ကလေးနဲ့ အဝေးတစ်
နေရာကို
ပြေးခွာသွားတတ်တယ်တဲ့ ။ ဒါပေမဲ့ ကျွန်တော့်ဘဝမှာတော့ ကျွန်တော် ဝယ်ပေးတဲ့ ဖိနပ်ကလေးက
ကျွန်တော်
မြတ်နိုးတဲ့ကောင်မလေးကို ကျွန်တော့်အနားတိုင် ခေါ်ဆောင်ပေးခဲ့တယ်လေ ။
*****************************************************************************
ကျွန်တော်က ဂီတသမားတစ်ယောက်…။ ကျွန်တော့်မှာ
ဂစ်တာတစ်လက်နဲ့နှလုံးသားတစ်စုံ ရှိနေသမျှ
ကာလပတ်လုံး
ကျွန်တော့်တစ်ဝမ်းတစ်ခါးတော့ ရအောင် ရှာဖွေနိုင်တယ်လို့ ကြုံးဝါးရေရွတ်ထားတဲ့သူ ။ ဒီလို
ကြုံးဝါးရလောက်အောင်လည်း
အခြေအနေတင်းတင်းမာမာတွေက ကျွန်တော်နဲ့ကျွန်တော့်မိဘကြားမှာ မကြာ
ခဏဆိုသလို
ဖြစ်ပျက်နေကျ ။ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ဆရာဝန်တစ်ယောက် ဖြစ်စေချင်တယ် ။
ကျွန်တော်က
သာမန်ဘွဲ့ရရုံတက္ကသိုလ်တစ်ခုခု တက်ပြီး ဂီတဘက်မှာပဲ ဇောက်ချလုပ်ချင်တယ် ။ ဒီဆန္ဒနှစ်ခု
ထိပ်တိုက်ဆုံလာကြတဲ့အခါ
အခြေအနေတွေက မတင်းမာဘဲ နေပါဦးမလား ။ အခြေအနေတွေ တင်းမာလာ
တိုင်း
ကျွန်တော် ကြုံးဝါးတတ်တာက ဒီစကားတစ်ခွန်း…။
“ မေမေတို့ ကျွန်တော့်အတွက် မပူကြနဲ့ ။ ကျွန်တော်
ဂီတအပေါ် သစ္စာစောင့်သိသ၍ ဂီတကလည်း ကျွန်
တော့်အပေါ် သစ္စာစောင့်သိမှာပဲ ။ ကျွန်တော့်မှာ
ဂစ်တာတစ်လက်နဲ့ နှလုံးသားတစ်ခု ရှိနေသမျှကာလ
ပတ်လုံး
ထမင်းငတ်မှာတော့ မပူရပါဘူး မေမေ ။”
ကျွန်တော်
ဒီလိုပြောတိုင်း မေမေရဲ့နှုတ်ခမ်းထောင့်က သရော်အပြုံးတွေက ကျွန်တော့်နှလုံးသားကို ထိုးဆွမြဲ
မေမေ့ရဲ့ရင့်ရင့်သီးသီး
စကားလုံးတွေက ကျွန်တော့်ရင်ခွင်ကို ဆွဲဆုတ်ခြေမွပစ်စမြဲ…။
“ မင်းရဲ့ကလေးအတွေးနဲ့ ပေါက်ကရလေးဆယ်စကားတွေကို
လာပြောမနေနဲ့ ။ မေမေ နားလည်း မလည်
ဘူး ။ နားလည်း မထောင်ချင်ဘူး ။ ဆယ်တန်း ဒီတစ်နှစ်ကို
စာကြိုးကြိုးစားစားကျက်ပြီး ဆရာဝန်အမှတ်
မီအောင် ကြိုးစားစမ်း ။ မိဘစကားနားထောင်စမ်း
ကျော်စွာနွယ် ။”
“ မဟုတ်ဘူး မေမေ ။ မေမေ နားမလည်ရင် ကျွန်တော်
ရှင်းပြမယ် ။ ဂီတအပေါ် စောင့်သိရမဲ့ သစ္စာတရား
တွေက တစ် နှလုံးသားက ထွက်ပေါ်လာတဲ့သံစဉ် ဖြစ်ရမယ်
။ နိုင်ငံခြား သီချင်းကို ဘာသာပြန်တာက
ဂီတမမြည်ဘူး ။ နှစ် ခံစားချက်ကို မလိမ်ရဘူး
။ ဥပမာ ဝမ်းနည်းနေချိန်မှာ တစ်ယောက်ယောက်က ပိုက်
ဆံပေးပြီး ပျော်စရာသီချင်းရေးပေးပါလို့ တောင်းဆိုလာရင်တောင်
မရေးပေးနဲ့ ။ ဒါ ခံစားချက် အစစ်အမှန်
မဟုတ်ဘူး ။ သုံး ငွေကြေးနဲ့ ဂီတကို တန်ဖိုးမဖြတ်ရ…။”
“ တော်တော့ ကျော်စွာနွယ် ။ မေမေ ပြောတာကိုပဲ လုပ်စမ်း
သား ။ အတွန့် မတက်နဲ့ ။”
ကျွန်တော်နဲ့မေမေ
ဒီလိုမျိုး အတိုက်အခံပြောရတာ ခဏခဏ ။ တစ်ယောက်နဲ့တစ်ယောက် ညှိုနှိုင်းလို့လည်း
မရ
။ ညှိုနှိုင်းဖို့လည်း ဘယ်သူကမှ မကြိုးစားခဲ့…။ ဒီလိုနဲ့ ချုပ်ချယ်မှုတွေပြည့်ကျပ်နေတဲ့
မေမေ့ရဲ့ဗီဒိုအာဏာ
အောက်မှာ
ကျွန်တော် တိတ်တဆိတ်ကြေကွဲမှုကို အဖော်လုပ် ဂစ်တာကို ကြွက်ပြေးတီးရင်း သီချင်းလေးတွေ
ရေးခဲ့မိတယ် ။ မေမေကတော့ ကျွန်တော့်ရဲ့တိတ်ဆိတ်မှုကို
နာခံခြင်းလို့ အဓိပ္ပါယ် ဖွင့်ဆိုချိန် ကျွန်တော်က
တော့
ကျောင်းတွေ ပြေးပြီး ဂစ်တာသင်တန်းတွေ တက်လိုက် ၊ အပေါင်းအသင်းတွေနဲ့ ရှိုးပွဲသွားလိုက်လုပ်ရင်း
ဆယ်တန်းဆိုတဲ့အချိန်ကာလကို
ကောင်းကောင်းကြီး ဖြုန်းတီးပစ်လိုက်တယ် ။ အချိန် နှင့် ဒီရေသည် လူကို
မစောင့်ဆိုတဲ့အတိုင်း
စာမေးပွဲဆိုတဲ့အချိန်ကြီး ကျရောက်လာတော့ ကျွန်တော့်ခေါင်းထဲက ဂီတစာသားတွေ
က
ဆယ်တန်းစာမေးပွဲကြီးနဲ့ ဘာမှ မသက်ဆိုင် ။ တော်သေးတာက နှစ်စတုန်းက ကျွန်တော် ကျက်ထားတဲ့
အခံလေးရှိတာကြောင့်
ဆိုးဆိုးရွားရွားကြီးတော့ ဖြစ်မသွား ။ ဆယ်တန်းအောင်စာရင်း ထွက်လာတော့ ဘိုင်အို
တစ်ခုပဲ
ဂုဏ်ထူးပါလို့ မေမေနဲ့ဖေဖေ ကျွန်တော့်ကို ဆူလိုက်ပူလိုက်တာမှ ကြွက်ကြွက်ညံရော ။ ဒါပေမဲ့
ကျွန်
တော်
ပျော်ပါတယ် ။ အခုတော့ ဂုဏ်ထူးတစ်ဘာသာပဲပါတဲ့ ကျွန်တော်နဲ့ ဆရာဝန်ဆိုတဲ့ဘွဲ့ထူးကြီးက
ဘယ်လို
မှ
ဆက်စပ်လို့မရတော့ဘူးလေ ။ ဒါတောင် သာမန်ဘွဲ့ပဲလိုချင်တဲ့ကျွန်တော့်ကို သာမန်ဘွဲ့တွေထက်
Cတစ်လုံး
ဒါမှမဟုတ်
Techတစ်လုံးပိုတဲ့ ကွန်ပျူတာဆိုတဲ့တက္ကသိုလ်ကြီးကို မိဘများရဲ့အလိုကျ ကျွန်တော် တက်ရောက်
ခဲ့ရတယ်
။
ကွန်ပျူတာတက္ကသိုလ်က
အတော်သစ်လွင်ခေတ်မီတဲ့ universityတစ်ခုပါ ။ ဒါ ကျွန်တော့်ရင်ထဲက
လှိုက်လှိုက်လှဲလှဲ
ချီးကျူးဂုဏ်ယူမိတဲ့စကားတစ်ခွန်းလို့ ဆိုရလိမ့်မယ် ။ ကျောင်းတော်ကြီးရဲ့ဌာနေတွေထဲက
ကျွန်တော်အနှစ်သက်ဆုံးနေထိုင်အချိန်ဖြုန်းဖြစ်တဲ့နေရာတွေကတော့
စာဖတ်ခန်း main buildingနဲ့ computer
labခန်းတွေပဲ
ပြောရမယ် ။ စာဖတ်ခန်းမှာတော့ တစ်ခါတစ်လေ ကျွန်တော် ကျောင်းရောက်ချိန်ကနေ ကျောင်း
ပြန်ချိန်ထိ
စခန်းချဖြစ်တယ် ။ စာဖတ်ခန်းက တကယ်ကို ဆိတ်ငြိမ်တိုးတိတ်တဲ့အခန်း…အခန်းထဲမှာ စာကျက်
သူ
စာဖတ်သူအားလုံးကလည်း ဘာလုပ်လုပ် တိုးတိုးညင်ညင် ။ အခန်းထဲ ရောက်ရင် မဂ္ဂဇင်း တစ်ခုခုဖတ်ရင်
ဖတ်
မဟုတ်ရင်လည်း ကျွန်တော့်အတွေးမှာ ပေါ်ပေါက်လာတဲ့ သံစဉ်ဂီတတွေကို စာသားအဖြစ် ပြောင်းလဲရေး
သားနေတတ်တယ်
။ ဒီလိုချိန်မှာဆို ကျွန်တော် ကမ္ဘာကြီးကိုတောင် မေ့လျော့သွားရော ။
သြော်…အတန်းကလည်း မတက်လို့မဖြစ်ဘူးလေ ။ ဒီဘားထိမှာ
ကြောက်ရလို့ ကျွန်တော် တစ်နေ့ကို
အတန်းလေးချိန်
ငါးချိန်လောက်တော့ တက်ဖြစ်တယ် ။ အခုဆို အတန်းတက်လို့ စာမရပေမဲ့ သူငယ်ချင်းတော့
သုံးယောက်ရနေပြီ
။ ကျွန်တော့်သူငယ်ချင်းသုံးယောက်နာမည်က သော်ဇင်ဖြိုး အေးကို လမင်းမောင် ။ နာမည်
တွေက
အပျံစား ။နာမည်တွေက အလန်းစားတွေဖြစ်သလို လူပုံစံတွေကလည်း တစ်ယောက်တစ်မျိုး စိတ်ဓာတ်
တစ်ယောက်
တစ်စရိုက်စီ ။ သော်ဇင်ဖြိုးက စာဂျပိုး အတန်းထဲမှာ အမြဲတမ်းထိုင်ပြီး အတန်းမှန်မှန်တက်တဲ့သူ
။
ဝါသနာက
programmerဖြစ်ချင်တာကြောင့် ဝါသနာနဲ့ပညာရေး ထပ်တူကျသူ တစ်ယောက် ။ အေးကိုကတော့
ပျော်ပျော်နေတတ်သူ…ဆုံချိန်တိုင်း
ဟာသတစ်ပုဒ်မဟုတ် တစ်ပုဒ် ရှိနေတတ်သူ ။ လမင်းမောင်က တစ်မျိုး ။
မျက်နှာလေးက
ချစ်စရာကောင်းသလောက် ကောင်မလေးတွေကို ဒုက္ခပေးချင်တဲ့ကောင် ။ ဒုက္ခပေးချင်တယ်
ဆိုပေမဲ့
ဆိုးဆိုးရွားရွားနစ်နစ်နာနာကြီးဖြစ်အောင် လုပ်တာမျိုးတော့ မဟုတ် ။ ဥပမာ ဟိုးတလောက ကောင်မ
လေးတစ်ယောက်ရဲ့ဖိနပ်ကို
နောက်က တက်နင်းပြီး ရင်းနှီးအောင် လုပ် ချစ်စရာမျက်နှာပေးလေးနဲ့ စကားတွေ
တီတီတာတာပြော
ကောင်မလေးကြွေနေချိန်ကျကာမှ သူ့သူငယ်ချင်း ရုပ်ဆိုးဆိုးကောင်တစ်ယောက်နဲ့ အောင်
သွယ်ပေးလို့
ကောင်မလေးလိုက်ထုတာကို ခံခဲ့ရဖူးတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် စာဘယ်တော့မှ မကျက်ဘဲ နား
ကြပ်အမြဲတပ်ထားတတ်တဲ့
ဂီတရူးကျွန်တော့်အတွက်တော့ သူတို့သုံးယောက်က ခင်မင်စရာအကောင်းဆုံး သူ
ငယ်ချင်းတွေ
ဖြစ်လာခဲ့ပါတယ် ။
“ ဟာ…မင်းတို့ဟာကလည်း ဟုတ်ကောဟုတ်ရဲ့လား ။ ဖိနပ်က
ကျပ်လိုက်တာ ။”
အေးကိုရဲ့မျက်နှာက
ပြုံးစိစိ…လမင်းမောင်ကတော့ ခပ်အေးအေးမျက်နှာပေးနဲ့ ကျွန်တော့်နဘေး ထိုင်ခုံမှာ ဝင်
ထိုင်ချရင်း…
“ ဟိတ်ကောင် မင်းခြေထောက်ကိုက ဟိုမရောက် ဒီမရောက်
။ ယောက်ျားဆိုက်မဟုတ် မိန်းမဆိုက်မဟုတ်
ဆိုတော့ ငါတို့လည်း ဝယ်ရခက်တာပေါ့ကွ ။ သွားဝယ်ပေးတာတော့
ကျေးဇူးမတင်ဘဲ အပြစ်ချည်းပဲ တင်
နေတာပဲ ။”
“ အေးလေ လမ်းမှ မလျှောက်တာ ။ အမြဲထိုင်နေတော့
ဒီခြေထောက်ကချည့်ပြီး သိမ်သွားတာနေမယ်ကွ ။”
သော်ဇင်ဖြိုးက
မနောက်စဖူး တစ်ချက်ဝင်နောက်လိုက်တယ် ။ ဒီကောင်တွေ ဘာကိုအူမြူးနေပါလိမ့် ။ အဖြစ်က
ဒီလို…break
timeချိန် အပြင်ကိုအထွက်မှာ ကျွန်တော့်ဖိနပ်က ပြတ်သွားတယ် ။ ဒါ့ကြောင့် ဒီကောင်တွေကို
အ
ကူအညီတောင်းပြီး
ဖိနပ်သွားဝယ်ခိုင်းကာမှ ၀ယ်လာတဲ့ဖိနပ်က ကြပ်ကြပ်သတ်သတ် ။ aerosoftကွင်းထိုးဖိနပ်
က
နည်းနည်းကြပ်တော့လည်း ကျွတ်မကျဘူးပေါ့ဟုတွေးပြီး ကျွန်တော် ၀တ်ထားလိုက်တယ် ။ ဒီနောက်တော့
သော်ဇင်ဖြိုးက
လမ်းခွဲထွက်သွားတာကြောင့် ကျွန်တော်တို့သုံးယောက်ပဲ main buildingအပေါ်ထပ်ကို တက်
လာခဲ့တယ်
။
“ မင်း စာဖတ်ခန်း ၀င်ချင်ဝင်တော့လေ ။”
အေးကိုက
မပြောစဖူးပြောလိုက်တဲ့စကား ။ပုံမှန်ဆိုလျှင် ကျွန်တော် စာဖတ်ခန်းထဲ သွားတော့မယ်ဆိုရင်တောင်
မသွားပါနဲ့ဦးကွာ
မင်းမရှိရင် ပျင်းစရာကြီးဆိုပြီး အတင်းဆွဲထားတဲ့ကောင် ။
“ မင်းတို့ ဘာမဟုတ်တာ လုပ်ထားလို့လဲ ။”
“ အမယ်…မလုပ်ရပါဘူး ။ ငါက စေတနာနဲ့ ပြောတာကို
။ မ၀င်ချင်လည်း နေ…”
“ မ၀င်သေးဘူးကွာ ။ မင်းတို့ဝယ်ပေးတဲ့ ဖိနပ်လေးချောင်သွားအောင်
ကျောင်းတစ်ပတ် ပတ်ဦးမယ် ။ လာ
လိုက်ခဲ့ကြ ။”
ကျွန်တော်တို့သုံးယောက်
ကျောင်းတစ်ပတ်ပတ်ကြတယ် ။ လမ်းက ကောင်မလေးတချို့က လမင်းမောင်ကို
လှမ်းနှုတ်ဆက်ကြသေးတယ်
။ ဒီကောင်က ကျောင်းကကျောင်းသူတစ်ဝက်လောက်ကို သိနေတဲ့ကောင်…။
break
timeကုန်ခါနီးလောက်မှာတော့ ကျွန်တော် သူတို့နဲ့ လမ်းခွဲထွက်ပြီး စာဖတ်ခန်းဆီ တစ်ယောက်တည်း
လာခဲ့လိုက်တယ်
။
“ ဟင်…ဒါ သူများဖိနပ်လေ ။ ရှင်…ရှင် ဘာဖြစ်လို့
ယူစီးသွားတာလဲ ။”
အခန်းဝမှာ
ဖိနပ်ကို ချွတ်ချွတ်ချင်း နဘေးမှာ အူလည်လည်နဲ့ ရပ်နေတဲ့ကောင်မလေးက ဆောင့်ကြီးအောင့်ကြီး
နဲ့
ကျွန်တော့်ကို ရန်တွေ့လိုက်တော့ ကျွန်တော် ကြောင်သွားတယ် ။ ကောင်မလေးက ကျွန်တော့်ကို
စူးစူးဝါးဝါး
စိုက်ကြည့်ပြီး
စိတ်လည်း အတော်တိုနေပုံ ရတယ် ။ အခြေအနေမှန်ကို ကျွန်တော် နားမလည်နိုင်သေးဘူး ။
“ မဟုတ်သေးပါဘူး ။ ခင်ဗျား လူမှားနေပြီ ထင်တယ်
။ ကျွန်တော် ခင်ဗျားကို မသိဘူး ။”
“ ဟုတ်ပါတယ်…ကျွန်မလည်း ရှင့်ကို မသိပါဘူး ။ ဒါပေမဲ့
ဒါက ရှင့်ဖိနပ်မှ မဟုတ်တာ ။”
“ ဗျာ…ဘယ် ဘယ်လို ။ အာ…ဒါ ကျွန်တော် ခုနကမှ ၀ယ်လာတာဗျာ့
။”
“ အောင်မာ…ရှင် ဗြောင်မလိမ်နဲ့ ။ မောင်က ရှင့်လို
လူလိမ်တွေအကြောင်းကို ကြိုသိနေလို့လားပဲ ။ ဒီထောင့်
မှာ တွေ့လား ။ MGဆိုတဲ့ အမှတ်အသား…မောင်က ပစ္စည်းတွေအားလုံးကို
အမှတ်အသားလုပ်ပြီး သုံးတာ
ရှင့် ။ ရှင် ဘာလိမ်ချင်သေးလဲ ။”
ဟောဗျာ…ဟုတ်ပါရဲ့
။ ဖိနပ်ထောင့်တစ်နေရာမှာ ကျွန်တော် မမြင်မိတဲ့အမှတ်အသားတစ်ခု ။ MGတဲ့…သွားပြီ ။
ဟိုကောင်တွေ
ကျွန်တော့်ကို ချောက်ချလိုက်ပြီ ။ ကျွန်တော် ဘယ်လိုဖြေရှင်းရပါ့မလဲ ။
“ ဟာ…တ တကယ်ပါ ။ ကျွန်တော် ခိုးတာ မဟုတ်ပါဘူး
။ ကျွန်တော့်သူငယ်ချင်းတွေ သွားဝယ်ပေးတာပါ ။
ကျွန်တော် သူတို့ဝယ်ပေးတာကို စီးလာရုံပါ ။
တောင်းပန်ပါတယ်ဗျာ ။ အစ်မကို ဖိနပ်တစ်ရံ ပြန်ဝယ်ပေး
ဆိုလည်း ကျွန်တော် ၀ယ်ပေးပါ့မယ် ။”
ကောင်မလေးက
ကျွန်တော့်ပုံစံကို ကြည့်ပြီး ဖိနပ်ခိုးမယ့်ရုပ် မဟုတ်တာကိုတော့ သိသွားပုံ ရတယ် ။ နောက်ပြီး
သူငယ်ချင်းတွေ
နောက်တယ် ပြောင်တယ်ဆိုတာကလည်း ကျောင်းရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့ အစဉ်အလာ တစ်ခု
မဟုတ်လား
။ ကောင်မလေးက ဒေါသသိပ်ထွက်တဲ့ပုံတော့မဟုတ်တော့ဘူး ။ ဒါပေမဲ့ တစ်ခုခုကို ဆုံးဖြတ်ရခက်
နေတဲ့ပုံ…။
အံကိုကြိတ်ပြီး ခပ်တွေတွေလေး စဉ်းစားနေတယ်…ဒီပုံလေးကိုက ကျွန်တော် ငေးချင်စရာ ဖြစ်သွား
တယ်
။ ကောင်မလေးက ချောသား…မျက်နှာဖြူဖွေးဖွေးမှာ ဆံနွယ်အလိပ်ကလေးတွေ ကပိုကရို ကျနေပုံလေး
ကိုက
သီချင်းစပ်ချင်စရာ ။ အရပ်ကလည်း ကျွန်တော့်ထက် နည်းနည်းပဲ နိမ့်တာကြောင့် ကျွန်တော်
နဲ့ သူသာ
တွဲသွားရင်
အတော် ရှေ့သွားနောက်လိုက်ညီမှာလို့ တွေးလိုက်မိတယ် ။
“ ရပါတယ် မ၀ယ်ပေးနဲ့တော့ ။ မောင် ဖိနပ် သွားဝယ်နေတယ်
။ မောင်က သိပ်ဒေါသကြီးတာ ။ ဖိနပ် ရလာ
ရင် တော်သေး ။ မရလာလို့ ရှင် မှားစီးသွားမှန်း
သိရင် ရှင့်ကို ဆွဲထိုးလိမ့်မယ် ။ အဲ့ဒါကြောင့် ရှင် သွားပါ
တော့ ။”
ကျွန်တော်
ဘာပြောရမှန်း မသိ…သူ ပြောနေပုံကလည်း ကျွန်တော် နားမရှင်းသေး ။ ဖိနပ်မှာ မောင်ဆိုတဲ့
အ
မှတ်အသားပါလို့
သူ့ကောင်လေးဖိနပ်လားလို့ မေးရအောင်ကလည်း ကောင်မလေးခြေထောက်မှာ ဖိနပ် မရှိ ။
ခြေချင်းလေးဝတ်ထားတဲ့သူ့ခြေထောက်ဖွေးဖွေးလေးမှာ
ဖိနပ်ဆိုတဲ့ အဆင်တန်ဆာ မရှိ ။ ကြည့်ရတာ ဒီဖိနပ်
လေးကို
မောင်ဆိုတဲ့သူ့ချစ်သူက MGဆိုတဲ့အမှတ်အသားလေးထိုးပြီး ကောင်မလေးကို ချစ်သက်လက်ဆောင်
ပေးထားပုံ
ရတယ် ။
ကျွန်တော် ကြောင်ပြီး ရပ်နေမိတော့ သူက ‘မောင်နဲ့ရှင်
ရန်ဖြစ်မှာစိုးလို့ပါ ရှင် သွားပါတော့ ’လို့ နောက်
တစ်ခွန်း
ထပ်ပြောလို့ ကျွန်တော် စိတ်ညစ်ညစ်နဲ့ လှည့်ထွက်လာမိတယ် ။ သြော်…ပိုင်ရှင်ရှိနှင့်သူလေးမို့
နှမြော
တသ
ဖြစ်နေမိရဲ့ ။ ငါ့နှယ် လက်နှေးလိုက်ရန်ကော ။ ကိုယ့်ကိုကိုယ် အပြစ်တင်နေမိတယ် ။ …ဘာပဲဖြစ်ဖြစ်
ကောင်မလေးကို
ဖိနပ်တစ်ရံ ပြန်ဝယ်ပေးမယ်လို့ ကျွန်တော့်စိတ်ထဲ တေးထားလိုက်မိတယ် ။ အဲ…သူများဖိနပ်
ခိုးပေးပြီး
ချောက်ချတဲ့ဟိုသုံးကောင်ကိုလည်း တွေ့မှပဲ ကျွန်တော် ကောင်းကောင်းကြီး ကျိန်ဆဲပစ်လိုက်မယ်
။
စနေနေ့…ကျွန်တော် အလုပ်တစ်ခုကို လျှို့ဝှက်စွာ လုပ်တဲ့နေ့
။ ဂမုန်းပွင့်ကုန်တိုက်ကို သွားပြီး မိန်းကလေး
ဖိနပ်အရောင်းဆိုင်ကို
ကျွန်တော် ၀င်သွားလိုက်တယ် ။ အရောင်းစာရေးမလေးတွေက ကျွန်တော့်ကို ပြုံးစိစိ
ကြည့်လို့
။ ကျွန်တော်ကလည်း ကျွန်တော်ပဲ ။ aerosoftပြန်ဝယ်ပေးလည်း ရသားနဲ့ ။ ဒါပေမဲ့ ဒီလောက်ချစ်စရာ
ကောင်းတဲ့ကောင်မလေးတစ်ယောက်
ယောက်ျားဆန်ဆန် ဖိနပ်ကြီးစီးနေတာကို ကျွန်တော် မမြင်ရက်ဘူး ။ ဒါ့
ကြောင့်
Lilyဖိနပ်ဆိုင်ထဲ ၀င်ချသွားပြီး ဖိနပ်တွေ တစ်ရံပြီးတစ်ရံကို ကျွန်တော့်ခြေထောက်နဲ့
တော်မတော် ခပ်ဖွ
ဖွ
စွပ်ကြည့်နေမိတယ် ။
“ ဟား…ဟား…မထင်ရဘူးကွာ ။”
ခပ်ဟဟလှောင်ရယ်သံတစ်ချက်နဲ့အတူ
ထွက်ကျလာတဲ့စကားသံရဲ့အဆုံးမှာတော့ ကျွန်တော် နဘေးကို ဖျတ်
ခနဲ
လှည့်ကြည့်လိုက်မိတယ် ။ lilyဖိနပ်ဆိုင်နဲ့ကပ်လျက် aerosoftဖိနပ်ဆိုင်ထဲမှ ကျွန်တော့်ကို
ပြီတီတီကြည့်ပြီး
ရယ်နေတဲ့ကောင်လေးတစ်ယောက်
။ ကျွန်တော် ရုတ်တရက် စွပ်လက်စ ဒေါင့်မြင့်ဖိနပ်လေးကို ကိုင်ရင်း အူ
ကြောင်ကြောင်
ဖြစ်သွားတယ် ။ သူက ကျွန်တော့်ကို ကြည့်ပြီး ဘာတွေ လှောင်စရာဖြစ်နေတာလဲ ။ ကျွန်တော်
သူ့ကို
ကြည့်ပြီး မျက်ခုံးပင့်ပြလိုက်မိတယ် ။ ဘာလဲဆိုတဲ့ သဘော ။ ဒါကိုပဲ သူက ဘယ်လိုအဓိပ္ပါယ်
ကောက်
လိုက်လဲ
မသိဘူး ။ တဟားဟား ရယ်ပြန်တယ်။ ကျွန်တော် စိတ်တိုပြီး ခါးထောက်ကာအံကြိတ်ပြလိုက်မိတယ်
။
ပိုဆိုးသွားရော
ရယ်လိုက်တာမှ အူကို နှိပ်လို့…။ ဒီတစ်ခါတော့ နဘေးက စာရေးမလေးကပါ တခစ်ခစ်နဲ့ ထရယ်
တော့တယ်
။ သိသွားပြီ…သူ သူတို့ ကျွန်တော့်ကို ဟိုဟာလို့ ထင်နေကြတာကိုး ။ ဟုတ်ပါရဲ့…ကျွန်တော်ကိုယ်
တိုင်ကလည်း
မိန်းကလေးဖိနပ်ဆိုင်ထဲဝင်ပြီး ဖိနပ်တွေ တစ်ရံပြီးတစ်ရံ စွပ်ကြည့်နေမိတယ်လေ ။
“ ဟာ…ခင်ဗျားကပါ ဘယ်လိုဖြစ်တာလဲ ကျွန်တော်က ကျွန်တော့်ချစ်သူအတွက်
ဖိနပ်လာဝယ်တာ ။ သူက
ကျွန်တော့်ခြေထောက်ထက် နည်းနည်းလေးပဲ သေးလို့
တော်မတော် စွပ်ကြည့်နေတာ ။”
ကျွန်တော်
ရှက်ကိုးရှက်ကန်းနဲ့ အရောင်းစာရေးမလေးကို ကမန်းကတန်းရှင်းပြလိုက်ရင်း လက်ထဲမှာ ကိုင်ထား
တဲ့ဖိနပ်နီညိုရောင်ထောင့်မြင့်လေးကိုပဲ
ဝယ်လာခဲ့လိုက်တော့တယ် ။ ဟူး…အခြောက်(လို့ ထင်ရတဲ့သူကို)မြင် ရင် လှောင်ရယ်တတ်တဲ့ ဘယ်လိုကောင်လေးမျိုးပါလိမ့်…။
ကျောင်းထဲကို ၀င်လာတဲ့ကျွန်တော့်ခြေလှမ်းတွေက
အတော်ကို တက်ကြွဖျတ်လတ်နေတယ် ။ လက်ထဲ
မှာလည်း
ဖိနပ်ဘူးလေးက တွဲခိုစီးလို့…ကျွန်တော် ဖိနပ်ဘူးလေးကို ဆွဲရင်း main buildingအပေါ်ထပ်ကို
တက်
လာခဲ့လိုက်တယ်
။ ဒီအကြောင်းကို ဟိုကောင်တွေကို ပြောပြဖို့ စိတ်ကူး မရှိသေး…တော်ကြာ သူတို့ ချောက်ချ
လိုက်တဲ့ကောင်မလေးက
မတရားချောမောနေမှန်းသာ သိသွားရင် ဖျက်လိုဖျက်ဆီးလုပ်နေဦးမယ် ။ မျှော်လင့်
ချက်များစွာနဲ့
ကျွန်တော် သီချင်းနားထောင်ရင်း ကောင်မလေးကို စောင့်စားနေမိတယ် ။ အချစ်နဲ့ တွေ့ဆုံခိုက်
ခုန်မြန်လာတဲ့ရင်ခုန်သံစည်းချက်တွေကို
သီချင်းစာသားအဖြစ် စာရွက်များပေါ် ရေးချထားရင်း ကောင်မလေးနဲ့
တွေ့ရဖို့အရေး
စိတ်ကူးနေမိတယ် ။
မျှော်လင့်ထားချိန်လေးကို
ရောက်ရှိလို့လာပါပြီ ။ ဆံနွယ်လှိုင်းလေးတွေကို နောက်မှာ ခပ်မြှောက်မြှောက်
စုစည်းထားပြီး
လက်ထဲမှာ စာအုပ်တစ်အုပ်ကို ကိုင်ထားရင်း ခပ်ကျော့ကျော့လေး လျှောက်လာတယ် ။ သူ့ခြေ
ထောက်ဆီကို
လှမ်းကြည့်လိုက်တော့ အနက်ဖျော့ဖျော့ကြိုးသိုင်းထောင့်မြင့်ဖိနပ်နှင့်…။ ကျွန်တော် စိတ်အပျက်
ကြီး
ပျက်သွားမိတယ် ။ ကျွန်တော် ၀ယ်လာတာထက် သူ့ချစ်သူ ၀ယ်လာတဲ့ ထောင့်ဖိနပ်လေးက ပိုလို့တောင်
စမတ်ကျသေးရဲ့
။ မထူးဇာတ်ခင်းပြီး ကျွန်တော် သူ့ကို ထနှုတ်ဆက်လိုက်တယ် ။
“ ဟိတ်…ဖိနပ် အဆင်ပြေသွားပြီလား ။”
“ သြော်…ဟိုတစ်နေ့က တစ်ယောက်ပဲ ။ ပြေပါတယ် ။ ဘာကိစ္စလဲ
။”
“ ကျွန်တော့်ကြောင့် ခုလိုဖြစ်ရတာဆိုတော့ ကျွန်တော်
ဖိနပ်တစ်ရံ ပြန်ပေးချင်လို့ပါ ။ လက်ခံပေးပါနော် ။”
ကျွန်တော်
ဖိနပ်ဘူးလေးကို ဖွင့်ပြီး သူ့ရှေ့ကို ထိုးပေးလိုက်တော့…
“ ဟယ်…ဖိနပ်လေးက နီညိုလေး ။ လှလိုက်တာ ။ ရှင် ရွေးတတ်တယ်နော်
။”
သူ့ချီးကျူးစကားကြောင့်
ကျွန်တော့်ရင်တွေ လှုပ်ခါသွားမိတယ် ။
“ အင်း…ခက်တာက မောင်က ထောင့်မြင့် မစီးဘူးရှင့်
။”
“ ဗျာ…!”
ကျွန်တော့်အာမေဋိတ်သံ
အတော်ကျယ်သွားတယ် ထင်ရဲ့ ။ ခပ်လှမ်းလှမ်းက ကျောင်းသူနှစ်ယောက်တောင်
လှမ်းကြည့်ယူရတယ်
။
“ ကိုယ်စီးသွားတဲ့ဖိနပ်ပိုင်ရှင်က မင်း မင်း မဟုတ်ဘူးလား
။”
“ မဟုတ်ပါဘူး ။ အဲ့ဒါ မောင့်ဖိနပ်ပါ ။ ဒါ့ကြောင့်
မောင်က မတတ်သာလို့ ကျွန်မဖိနပ်ကို ခဏစီးသွားပြီး ဖိနပ်
သွားဝယ်တာပါ ။ ရှင်က ကျွန်မဖိနပ်လို့ ထင်သွားတာလား
။”
ကျွန်တော်ဇာတ်လမ်းက
သွားရော…။ စိတ်ပျက်လက်ပျက်နဲ့ ဖိနပ်ဘူးလေးကို ကိုင်ရင်း ကျွန်တော် ခေါင်းငိုက်
စိုက်ကျသွားမိတယ်
။ ထိုစဉ်…
“ ဟိတ်ကောင် မင်း ဒီမှာ ဘာလုပ်နေတာလဲ ။”
အနောက်မှ
အော်ပြောလိုက်သံကြောင့် ကျွန်တော်တို့နှစ်ယောက် လှည့်ကြည့်လိုက်တော့ လမင်းမောင်နဲ့အေး
ကို
။ ကျွန်တော် ဘာပြန်ဖြေရမှန်း မသိသေးခင်မှာပဲ လမင်းမောင်ဆီကို ကောင်မလေးက ခပ်သွက်သွက်လေး
လျှောက်သွားပြီး
လမင်းမောင်ရဲ့လက်မောင်းကို သူ့လက်လေးနဲ့ ခပ်တင်းတင်း ချိတ်လိုက်တယ် ။
“ မင်းရဲ့မောင်ဆိုတာ သူလား ။ ဟိတ်ကောင်တွေ မင်းတို့
ငါ့ကို အရူးလုပ်နေတာလား ။”
လမင်းမောင်နဲ့အေးကိုက
ကျွန်တော့်ကို ကြည့်ပြီး အူလှိုက်သည်းလှိုက် ရယ်ကြတယ် ။ ကောင်မလေးကတော့
သူတို့ကို
နားမလည်တဲ့မျက်လုံးတွေနဲ့ ကြောင်ကြည့်နေတယ် ။ သူတို့နှစ်ယောက် ရယ်ရဖို့အရေး ပထမဆုံး
ဖူး
ပွင့်မယ်လို့တောင်
မကြံရသေးတဲ့ ကျွန်တော့်ရဲ့အချစ်ပန်းနုနုလေးကတော့ စုတ်ပြတ်သတ်သွားပြီ ။ ကျွန်တော်
သူတို့ကို
နာနာကျည်းကျည်း စူးစိုက်ကြည့်နေတော့ သူတို့အရယ်ရပ်သွားတယ် ။
“ ငါတို့ တောင်းပန်တယ်ကွာ ။ ငါတို့က မင်းကို စွံစေချင်လို့ပါ
။ ဒီလို မှားလိမ့်မယ် မထင်ဘူး ။”
လမင်းမောင်က
စကားကို ပေါ့ပျက်ပျက်ပြောလိုက်တယ် ။ မိုက်ရိုင်းလိုက်တဲ့ကောင် ကိုယ့်ရည်းစားတစ်ယောက်
လုံးကိုတောင်
သူငယ်ချင်းနဲ့ လှော်ပေးတဲ့ကောင်…။ ကျွန်တော် သူ့ကို ဆွဲထိုးပစ်လိုက်ချင်ပေမဲ့ လူအများရှေ့မှာ
မို့
စိတ်ကို ထိန်းထားလိုက်ရတယ် ။
“ဟိတ်ကောင် ငါ့မှာ ဂီတဆိုတဲ့အဖော်မွန် ရှိပြီးသား
။ မစွံလို့ လဲသေသွားရပါစေ ။ သူငယ်ချင်းချစ်သူကိုတော့
မကြံဘူးကွ ။ မင်း မြဲမြဲမှတ်ထား ။”
“ ဟာ…ဒီလိုပြောတာ မဟုတ်ပါဘူးကွာ ။ စောရီး…စောရီး
။ ငါ စကားလောသွားတယ် ။ ဟုတ်တယ် ။ ဒါက
ငါ့ချစ်သူ မြသရဖီ ။ ဒါပေမဲ့ ငါတို့ ခိုးလာတဲ့ဖိနပ်ပိုင်ရှင်က
သူ့ရဲ့မောင် ။”
လမင်းမောင်
ကျေကျေလည်လည်ရှင်းပြပါမှ ကျွန်တော် သူ့နှာခေါင်းရိုးကျိုးအောင် ထိုးချင်သွားပြန်တယ်
။ သြ…
ကောင်းရော
။ ချစ်သူရဲ့မောင်နဲ့ ကျွန်တော့်ကို နေရာချပေးကြတော့မယ်ပေါ့လေ ။
“ မြသရဖီရဲ့မောင်နဲ့ အောင်သွယ်ရအောင် ငါက အခြောက်ကြီးလား
။”
“ သြော်…သရဖီ သဘောပေါက်ပြီ ကိုကို ။ ဒါ ကိုကို
ပြောပြောနေတဲ့ တက်သစ်စအဆိုတော် ကျော်စွာနွယ်
မဟုတ်လား ။ ဒီလို ကိုကျော်စွာ ။ သရဖီရဲ့မောင်ဆိုတာက
သရဖီ့အချစ်ဆုံးသူငယ်ချင်း ကြည်ဖြူမောင်ပါ ။
သူက ၀တ်ပုံစားပုံက ယောက်ျားဆန်တော့ သရဖီတို့က
မောင်လို့ ချစ်စနိုးခေါ်ကြတာပါ ။ ဟိုတလောက
အင်တာနက်မှာ တင်ထားတဲ့ ကိုကျော်စွာရဲ့သီချင်းကို
မောင်က အရမ်း သဘောကျနေတာ ။ ဒါကို သရဖီ
ပြောပြလို့ ကိုကို သိသွားပြီး မောင်နဲ့ကိုကျော်စွာကို
ကိုကို အောင်သွယ်လုပ်လိုက်တာ ဖြစ်ပါလိမ့်မယ် ။ ဒါကို
ဘာလို့ ကိုကိုက သရဖီ့ကို မတိုင်ပင်ရတာလဲ ။”
မြသရဖီက
ကျွန်တော့်ကို ရှင်းပြရင်း တဆက်တည်းမှာပဲ လမင်းမောင်ကို နှုတ်ခမ်းစူစူလေးနဲ့ အပြစ်တင်လိုက်
တယ်
။
“ သရဖီ သဘောမတူမှာ စိုးလို့ပေါ့ ။ ကဲ ကျော်စွာ
မင်းရဲ့ဖိနပ်ဘူးကို သရဖီကို ပေးလိုက် ။”
“ အမယ်…ဘာလို့ ပေးရမှာလဲ ။ ငါက သူ့ကို ပေးဖို့မှမဟုတ်တာ
။ ငါ စီးထားတဲ့ဖိနပ်ရဲ့ပိုင်ရှင်ကိုပဲ ပေးမှာ ။”
“ အမလေး…ရမှာ
မရမှာက မသေချာသေးဘူး ။ ဖြစ်ပျက်နေလိုက်တာ ။ ဒီညနေ လှည်းတန်းက ice berry
ဆိုင်မှာ စောင့်နေ ။ သရဖီက သူ့သူငယ်ချင်းမောင့်ကို
မရမက လွှတ်လိုက်လိမ့်မယ် ။”
“ နေပါဦး…ငါက ဘယ်သူဘယ်ဝါမှန်းတောင် မသိရသေးဘူး
။ ကြည်ဖြူမောင်ကို ဘယ်လို ရှာမလဲ ။”
“ ဒီမှာလေ ဒါရိုက်တာအေးကို ရှိတယ် ။ ဒါ့ကြောင့်
ဒီဖိနပ်ကို သရဖီနဲ့ပေးလိုက်ဖို့ ပြောတာ ။ ကြည်ဖြူမောင်
က ဒီဖိနပ်ကို စီးလာလိမ့်မယ် ။ မင်းဖိနပ်ကိုတော့
မင်းမှတ်မိတယ် မဟုတ်လား ။”
“ ဟာ…မင်းတို့ဟာကလည်း ငါက ဖိနပ်တွေကို လိုက်ကြည့်ရမှာလား
။ အခုပဲ မိတ်ဆက်ပေးလိုက်တာ
မဟုတ်ဘူး ။”
“ no…no…romanticဆန်ဆန်လေး တွေ့ဆုံနိုင်အောင်
ငါတို့ စီစဉ်ပေးချင်လို့ပါ ။ အောင်သွယ်ခအနေနဲ့
မင်းက ငါတို့ကို canteenမှာ အ၀ လိုက်ကျွေး
။”
ကျွန်တော်
ထပ်ပြီး အတွန့်တက်ရင်လည်း ကျွန်တော် ချစ်သူရချင်လို့ ငမ်းငမ်းတက်နေတယ် ထင်ကြမှာ စိုးတာ
ကြောင့်
ဆိတ်ဆိတ်နေလိုက်တယ် ။ ဒါပေမဲ့ ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ဖိနပ်ပိုင်ရှင်လေးကို အတွေးထဲမှာ
ပုံဖော်ကြည့်နေမိတယ်
။ ဟူး…ဒီနေ့ကျကာမှ အချိန်ကုန်တာ နောက်ကျလိုက်တာနော် ။ နာရီကို အကြိမ်ကြိမ်
ကြည့်ရင်း
သက်ပြင်းအခါခါ ချနေမိတော့တယ် ။
လှည်းတန်း ice berryဆိုင်လေးက ကားလမ်းမဘေးမှာ
တည်ရှိနေတာကြောင့် ရှာရဖွေရမခက်ခဲလှပါ
ဘူး
။ ကျွန်တော် အိမ်ပြန် ရေမိုးချိုး အပြတ်ရှိုင်းပြီး ထွက်လာခဲ့တာမို့ ဆိုင်ကိုရောက်တော့
ငါးနာရီခွဲနေပြီ ။ နွေ
ရာသီဖြစ်တာမို့
နေမ၀င်သေး…ပတ်ဝန်းကျင်တစ်ခွင်လုံး လင်းလင်းချင်းချင်း ရှိသေးတာပေါ့ ။ ကျွန်တော် နာရီ
ကို
ထပ်ကြည့်လိုက်ပြန်တယ်…ငါးနာရီခွဲပြီးလို့ ဆယ်မိနစ် ။ ချိန်းဆိုထားတာက ခြောက်နာရီမှ
မဟုတ်လား ။
ကျွန်တော်
စတော်ဘယ်ရီဖျော်ရည်တစ်ခွက်ကို မှာယူသောက်ရင်း အပြင်လမ်းမကို ငေးကြည့်နေမိတယ် ။
ရုံးဆင်းကျောင်းဆင်းချိန်ဖြစ်တာကြောင့်
လမ်းမထက်မှာ လူတွေ ပြွတ်သိပ်စွာ သွားလာလှုပ်ရှားနေကြ
တယ်
။ ဟာ…ကျွန်တော့်ရင်တွေ ဘာလို့ဒီလောက် တုန်ခါနေရတာပါလိမ့်…။ ဘယ်သူဘယ်ဝါမှန်းတောင် မသိ
ရသေးတဲ့
လူတစ်ယောက်အတွက် ကျွန်တော့်ရင်တွေ ဒီလောက်ခုန်မြန်ဖို့ မလိုအပ်ပါဘူး ။ ဒါပေမဲ့ အချစ်ဆိုတဲ့
အရာက
တစ်ခါတစ်ရံ ဆန်းကြယ်နေပြန်ရော ။ ကျွန်တော် ၀ယ်လာတဲ့ဖိနပ်နီညိုရောင်လေးက ကျွန်တော့်ရဲ့ချစ်
သူဖြစ်လာမယ့်သူကို
ကျွန်တော့်ရှေ့မှောက် ခေါ်ဆောင်လာနိုင်လိမ့်မယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်နေမိတယ် ။ ဖုဿ
ရထားလိုမျိုးပေါ့…
“ ဟို…ကိုကျော်စွာလားဟင် ?”
ကျွန်တော်
အတွေးထဲနစ်မြုပ်နေတုန်း တစ်စုံတစ်ယောက်ရဲ့မေးမြန်းသံကြောင့် ကျွန်တော့်ရင်ခုန်သံတွေ
ခုန်မြန်
ပြေးလွှားကာ
အသံရှင်ကို ဖျတ်ခနဲလှည့်ကြည့်လိုက်တယ် ။
“ ဟုတ်ပါတယ် ။ ဟင်…မင်း မင်းကို တွေ့ဖူးသလိုပဲ
။”
“ ရှင်…ရှင်…အယ်တော် ။ ဒုက္ခပါပဲ ။ သရဖီကတော့ လုပ်ချလိုက်ပြန်ပြီ
။”
ကြည်ဖြူမောင်ဆိုတဲ့သူမက ကျွန်တော့်ကိုကြည့်ပြီး
ဝင်ထိုင်ရမလို ထွက်ပြေးရမလို မျက်နှာပေးလေး ဖြစ်နေ
တယ်
။ ကြည်ဖြူမောင်ကလည်း တစ်မျိုးချစ်စရာ ကောင်းပြန်ရော ။ စပို့ရှပ်အင်္ကျီနီညိုရောင်ကို
စကပ်တို အဖြူ
လေးနဲ့
ယှဉ်တွဲဝတ်ဆင်ထားပြီး အီမိုကေဆံပင်လေးကို ကလစ်လှလှလေးနဲ့ ညှပ်ထားတယ် ။ eye liner ပန်း
ရောင်နုနုကို
ခပ်ဖျော့ဖျော့ဆိုးထားပြီး နှုတ်ခမ်းနီပန်းဆီရောင်လေးကို ဆိုးထားသော သူမမျက်နှာဖြူဖြူလေးက
ကြည့်လို့
အတော်ကောင်းလှပြီ ။ နောက်ဆုံး သူမ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်တဲ့ပုံစံနဲ့
ထိုင်ခုံမှာ
ဝင်ထိုင်လိုက်ပြီး
သူမကပဲ စကားတွေကို ရေခရားလွှတ်ပြောပါရော ။
“ ဟို…သရဖီ သူ့ကို နောက်လိုက်တာ နေပါလိမ့်မယ်
။ ဒီကိစ္စကို မောင်လည်း အဲ ကြည်ဖြူလည်း အသေအ
ချာ မသိရပါဘူး ။ ဒီနေ့ကျမှ သရဖီက နင် ဒီဖိနပ်စီးပြီး
ice berryကိုသွား ။ နင် ခင်ချင်တဲ့ ကိုကျော်စွာနွယ်
နဲ့ ချိန်းထားပေးတယ်ပြောလို့ ကြည်ဖြူ လာခဲ့တာပါ
။ ကိုကျော်စွာနွယ်အကြောင်းကို ကြည်ဖြူ ဘာမှ မသိ
ပါဘူး ။”
ကြည်ဖြူမောင်က
ကျွန်တော်သိပြီးသားအကြောင်းအရာတစ်ခုကို ကမန်းကတန်း ရှင်းပြနေတယ် ။ သူ့ကြည့်ရ
တာလည်း
ကျွန်တော့်ကို အတော် ထိတ်လန့်နေပုံ…။ ကျွန်တော့်ပုံစံက ဘာတွေ မှားယွင်းနေလို့ပါလိမ့်
။ ခပ်
ရှည်ရှည်ကျွန်တော့်ဆံပင်ကို
တစ်ဝက်လောက် အနောက်မှာ စုစည်းထားပြီး အခုခေတ်စားနေတဲ့ ဘောင်းဘီ
အကြပ်
အင်္ကျီလည်ဟိုက်ကို အပေါ်က သားရေဂျာကင် ထပ်ဝတ်ထားသော ကျွန်တော့်ဒီဇိုင်းက ကိုရီးယားပေါ့
အဆိုတော်တွေနဲ့
သူလားငါးလား ထင်မှတ်မှားရလောက်အောင် ချောမောလှပနေတယ် မဟုတ်လား ။
“ ဟုတ်ပါတယ် ။ ကျွန်တော်လည်း ကျွန်တော့်သူငယ်ချင်း
ချိန်းပေးလို့ လာခဲ့တာပါ ။ ဒီက ကြည်ဖြူမောင်ရဲ့
အကြောင်းကို ကျွန်တော် ဘာမှမသိထားပါဘူး ။ ဒါပေမဲ့
ကြည်ဖြူမောင်က ယောက်ျားဆန်ဆန် ၀တ်ဆင်
တတ်တယ်လို့ ပြောတယ် ။ ခုကျတော့ မိန်းကလေးလိုပဲ
ဝတ်လာတယ်နော် ။”
ကျွန်တော်က
ရင်းနှီးမှုရစေဖို့ သဘောရိုးနဲ့ ပြောလိုက်တာပါ ။ ဒါကိုပဲ သူက ဘယ်လို နားလည်လိုက်လဲ
မသိ ။
အကြောက်အကန်
ထငြင်းဆန်တယ် ။
“ မဟုတ်ပါဘူး ။ ကြည်ဖြူ ယောက်ျားလေးလို ၀တ်တတ်တယ်ဆိုပေမဲ့
ကြည်ဖြူက ယောက်ကလျာမဟုတ်
ပါဘူး ။”
“ ခုလို ပွင့်လင်းတဲ့အတွက် ကျွန်တော် ၀မ်းသာပါတယ်
။ ဘယ်လိုပုံစံပဲဖြစ်ဖြစ် ကြည်ဖြူက ကျွန်တော့်မျက်
လုံးထဲမှာတော့ အမြဲလှနေမှာပါ ။”
ကျွန်တော်
ပြောလိုက်ပြီးမှ ကျွန်တော့်စကား လွန်သွားတယ်လို့ တွေးမိတာကြောင့် ကြည်ဖြူမောင် ရှက်ရွံ့သွား
မလားဟူတဲ့
စိုးရိမ်စိတ်နဲ့ ဖျတ်ခနဲ ခိုးကြည့်လိုက်ချိန် ရှက်ရွံ့မှုအစား စိတ်ရှုပ်နေတဲ့ သူ့အကြည့်တွေနဲ့
ပက်ပင်း
ဆုံမိရော
။
“ ဟူး…မရှင်းလို့ မဖြစ်တော့ဘူး ။ ကြည်ဖြူက နဂိုကတည်းက
နည်းနည်းတော့ စိတ်ဆတ်တယ် ။ ကြည်ဖြူ
ရှင်းရှင်းပဲ ပြောမယ် ။ ကြည်ဖြူ မိန်းမလျာတွေကို
စိတ်မ၀င်စားဘူး ။ ဒီလိုပဲ ကြုံရင် နောက်တတ် ပြောင်
တတ်တာပဲ ရှိမယ် ။ ဟုတ်တယ် အရင်က ကိုကျော်စွာနွယ်ရဲ့သီချင်းတွေကို
နားထောင်ပြီး အဆိုရှင်လေး
ကို စွဲလန်းပြီး စိတ်ဝင်စားခဲ့ဖူးတယ် ။ ဒါပေမဲ့
ကိုကျော်စွာနွယ်က မိန်းမလျာကြီးဆိုတာကို ကြည်ဖြူ မသိခဲ့
လို့ပါ ။ ကြည်ဖြူ စွဲလန်းခဲ့တဲ့သူနဲ့ ကြည်ဖြူ
နောက်ပြောင်ခဲ့တဲ့သူက တစ်ယောက်တည်းဆိုတာသာ စော
စောက သိခဲ့ရင် ကြည်ဖြူ ဒီကို ရောက်လာမှာတောင်
မဟုတ်ဘူး ။”
ကြည်ဖြူက
စကားတွေအများကြီး ပြောလိုက်ရ၍ မောသွားဟန်ဖြင့် နဘေးက ရေကို ယူသောက်လိုက်ချိန်အထိ
ကျွန်တော့်ဦးနှောက်တွေ
ချာချာလည်နေဆဲ ။ ဘာ…ဘာတွေဖြစ်ကုန်ပြီလဲ ။ ဘယ်သူတွေက ကျွန်တော့်ကို အ
ခြောက်ကြီးပါဆိုပြီး
ချွန်တွန်းလုပ်လိုက်ပြီလဲ ။
“ ကြည်..ကြည်ဖြူ ပြောတာ ကျွန်တော် တစ်ခုမှ
နားမလည်သေးဘူး ။ ဘယ်…ဘယ်သူက ကျွန်တော့်ကို
မိန်းမလျာကြီးလို့ ပြောလိုက်တာလဲ ။”
“ ဘယ်သူမှ မပြောပါဘူး ။ ကြည်ဖြူ့ဘာသာကြည်ဖြူ
သိတာပါ ။”
ဗုဒ္ဓေါ…ကျွန်တော်
အခြောက်ဖြစ်တဲ့အကြောင်းကို သူ့ဘာသာသူ သိတာတဲ့ ။ ကျွန်တော်တောင် မသိတဲ့ကိစ္စကြီး
ပါလား
။ မဟုတ်သေးပါဘူး ။ တစ်ခုခုတော့ လွဲနေပါပြီ ။
“ ကဲ…ခင်ဗျားက ဘယ်လိုလုပ်သိလဲ ပြော ။”
ကျွန်တော်
ဘုတောပြောပစ်လိုက်တယ်။ သူက ကျွန်တော့်ကို အရူးတစ်ယောက်ကိုကြည့်သလိုမျိုး ပြူးကြည့်နေ
ပြီး…
“ ရှင် ကူလီကူမာ မလုပ်နဲ့ ။ တစ်နေ့ကတင်လေ ။
ရှင် အမျိုးသမီးဖိနပ်ဆိုင်မှာ ဖိနပ်ဝယ်နေတုန်း ကျွန်မ
လှမ်းနောက်လိုက်လို့ ရှင်တောင် ရန်တွေ့သွားသေးတယ်
။ နောက်ပြီး ရှင့်ပုံစံကို ကြည့်တာနဲ့ သိသာ
တယ် ။ ဆံပင်အရှည်နဲ့ အင်္ကျီကြပ်ကြပ် ဘောင်းဘီကြပ်ကြပ်နဲ့
။ ဟိုမာမီတစ်ယောက်နဲ့တောင်
ခပ်ဆင်ဆင် ”
ကြည်ဖြူမောင်က
အောင်နိုင်သူလေသံနဲ့ ခပ်တင်းတင်းအပြောတွေကြောင့် ကျွန်တော် လဲသေချင်စိတ်ကိုပေါက်
ရော
။ နောက်တော့ ကျွန်တော်တို့နှစ်ယောက်အဖြစ်ကို ပြန်တွေးပြီး ဟန်တောင်မဆောင်နိုင်တော့ဘဲ
ရယ်ချပစ်
လိုက်မိတယ်
။ ကြည်ဖြူမောင်က ကျွန်တော့်ကို ရူးများသွားပြီလားဆိုတဲ့ အကြည့်မျိုးနဲ့ စိုက်ကြည့်နေလေရဲ့
။
“ မဟုတ်ပါဘူး ကြည်ဖြူရယ် ။ အဲ့ဒီ့နေ့က ဖိနပ်ဆိုင်မှာ
မင်း အခုဝတ်ထားတဲ့ဖိနပ်ကို သွားဝယ်တာပါ ။ ဟို
တစ်နေ့က မင်းဖိနပ် ပျောက်သွားတယ်ဟုတ် ။
အဲ့ဒါ ကိုယ့်သူငယ်ချင်းတွေနဲ့ မင်းသူငယ်ချင်း ပေါင်းပြီး
မင်းနဲ့ကိုယ် နီးစပ်အောင် ၀ိုင်းလှော်ကြတဲ့သဘော
။ ကိုယ်ကလည်း မသိဘူးလေ ။ သူတို့ ယူလာပေးတဲ့
မင်းဖိနပ်ကို စီးသွားမိတယ် ။ နောက်မှ မိန်းကလေးတစ်ယောက်ရဲ့ဖိနပ်မှန်းသိလို့
အလျော်ပေးချင်စိတ်နဲ့
အမျိုးသမီးဖိနပ်ဆိုင်မှာ ကိုယ့်ခြေထောက်ထက်နည်းနည်းပဲ
သေးမယ့်ဖိနပ်ကို ရွေးနေတဲ့အချိန် မင်းက
မြင်ပြီး ကိုယ့်ကို တစ်မျိုး ထင်သွားတာပဲ
။ ကိုယ်ကလည်း မင်းဝင်လာကတည်းကသာ မင်းကို မှတ်မိရင်
မင်း စကားတွေ ဒီလောက်အများကြီး ပြောရတော့မှာ
မဟုတ်ဘူး ။ ခက်တာက အဲ့ဒီ့နေ့က မင်းကို ကိုယ်
တကယ်ပဲ ယောက်ျားလေးတစ်ယောက်လို့ ထင်နေခဲ့တာ
။ မင်းက နေကာမျက်မှန်ကြီးလည်း တပ်ထား
တယ် မဟုတ်လား ။”
ကျွန်တော်
ဇာတ်ကြောင်းစုံကို ရှင်းပြလိုက်မှပဲ ကောင်မလေး နားလည်သွားတော့တယ်။ ဒါပေမဲ့ တစ်စုံတစ်ခုကို
တွေးလိုက်မိပြီး
ကောင်မလေးရဲ့မျက်နှာတွေ ချက်ချင်းနီရဲလာတယ် ။ ကျော်စွာနွယ်…မင်း ဒီ့ထက်တုံးရင်လည်း
ရွာပြန်ပြီး
နွားသာ ကျောင်းတော့ ။
“ တကယ်တော့ ဒီကိစ္စမှာ ကိုယ်တို့နှစ်ယောက်လုံး
အပြစ်ရှိတယ်ကွ ။”
“ ဘာအပြစ်ရှိတာလဲ ။”
ကြည်ဖြူမောင်က
ရှက်ရွံ့နေပေမဲ့ သူ့ဝသီအတိုင်း စိတ်ဆတ်ဆတ်နဲ့ မေးခွန်းထုတ်လိုက်တယ် ။
“ တကယ်လို့ ကိုယ်သာ ယောက်ျားပီပီသသ ၀တ်ဆင်နေထိုင်ခဲ့မယ်ဆိုရင်
မင်း ဒီလိုမျိုး လွယ်လွယ်နဲ့ အ
ထင်သေးမှာ မဟုတ်ဘူး ။ ဒီလိုပဲ မင်းသာ အမြဲတမ်း
မိန်းကလေးဆန်ဆန် ၀တ်စားဆင်ယင်ရင် ကိုယ်
လည်း မင်းကို မမှတ်မိစရာ အကြောင်းမရှိဘူး
။ ဒါ့ကြောင့် ကိုယ်လည်း ဒီဆံပင် ဒီအ၀တ်အစားတွေကို
ပြောင်းလဲလိုက်တော့မယ် ။ မင်းလည်း ဆံပင်အရှည်ထားပြီး
မြန်မာဆန်ဆန်လေးပဲ နေပါလား ဖြူ ။ မင်း
နဲ့ အလိုက်ဖက်ဆုံးဖြစ်မှာပါ ။ ကိုယ်ရော မင်းပါ
ဒီလိုမျိုးပြောင်းလဲသွားကြရင် သူငယ်ချင်းအားလုံးက တ
အံ့တသြနဲ့ ဒီစုံတွဲက အတော် ရှေ့သွားနောက်လိုက်ညီတာပဲလို့
ထောပနာပြုကြမှာပဲနော် ။”
ဖြူက
အရှက်မပြေသေးတဲ့မျက်နှာလေးနဲ့ ခေါင်းကိုညိတ်လိုက်ပြီးကာမှ သတိဝင်သွားပြီး အလျင်အမြန်
ခေါင်းခါ
ငြင်းဆန်ရင်း…
“ အမယ်…ဘာစုံတွဲတုံး ။ ရှင့်ကို ချစ်ပါတယ်လို့
ဘယ်သူက ပြောသေးလို့လဲ ။”
“ စောစောက ပြောလိုက်တယ်လေ။ ဟုတ်ပါတယ်…ကိုကျော်စွာနွယ်ကို
စိတ်ဝင်စားခဲ့ဖူးပါတယ်ဆို ။ သြော်
ဟုတ်သားပဲ…ကိုယ်မှ အဖြေပြန်မပေးရသေးတာ ။
ကိုယ်လည်း ဖြူ့ကို ပြန်ချစ်လိုက်ပါမယ်လေ ။ ဘာ
ဖြစ်လို့လဲဆိုတော့ ကိုယ့်ဖိနပ်လေးက ပြောသွားတယ်…ကိုယ့်ဖူးစာရှင်ကို
သူခေါ်လာပေးမယ်တဲ့ ။”
“ အမယ်…အကြောကြီးပါလား ။ ရတယ်လေ ။ ရှင့်ဖူးစာရှင်ကို
ဟိုနားကဗယာကြော်သည်ကုလားမကြီးဖြစ်
သွားအောင် ကြည်ဖြူ ဒီဖိနပ် သွားပေးလိုက်မယ်
။”
ဖြူက
ရှက်ရွံ့နေဆဲမို့ ရှောင်ထွက်သွားမယ်အကြံနဲ့ ထိုင်ရာက ထဖို့ပြင်လိုက်တော့ ကျွန်တော်
အလွှတ်မပေးဘဲ
သူ့လက်လေးကို
ဖျတ်ခနဲ ဖမ်းဆွဲထားလိုက်တယ် ။ ဖြူက ရုန်းပါသေးတယ်…ဒါပေမဲ့ ကျွန်တော်ကတော့ ပထမ
ဆုံးရဖူးတဲ့
ချစ်သူလေး ဖြစ်တာကြောင့် သူ့လက်ဖ၀ါးနုနုကို အတင်းအကြပ် ဆုပ်ကိုင်ထားလိုက်မိတယ် ။ အဲ…
ပထမဆုံးဆိုလို့
တစ်ဘ၀လုံးစာအတွက် မရည်ရွယ်ဘူးလို့ ပြောတာ မဟုတ်ဘူးနော် ။ တစ်ဘ၀လုံးစာအတွက်
ရည်စူးတဲ့အကြောင်းကို
သူ နားလည်လာအောင် ရှေ့လျှောက် ကျွန်တော့်အချစ်တွေနဲ့ သက်သေထူပြမှာပါ ။
*****************************************************************************
ဟုတ်တယ်..တချို့က
ပြောကြတယ် ။ ချစ်သူကို ဖိနပ် ဝယ်မပေးနဲ့တဲ့ ။ ကိုယ် ဝယ်ပေးတဲ့ဖိနပ်ကလေးနဲ့ အဝေး
တစ်နေရာကို
ပြေးခွာသွားတတ်တယ်တဲ့ ။ ဒါပေမဲ့ ကျွန်တော့်ဘဝမှာတော့ ကျွန်တော် ဝယ်ပေးတဲ့ ဖိနပ်ကလေး
က
ကျွန်တော် အမြတ်နိုးဆုံးကောင်မလေးကို ကျွန်တော့်အနားတိုင် ခေါ်ဆောင်ပေးခဲ့တယ်လေ ။
<
ချစ်တတ်သူတိုင်းအတွက်…! >
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။