ရက်လည်လိုက်ဖိတ်ပါရစေ …
( ၂၀၁၂ ဇူလိုင်လထုတ် ပြစ်မှုမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
------------------------------------------------------------------------------------------------
မှောင်လိုက်သည့်ည ။ ကောင်းကင်တစ်ခုလုံး
တိမ်ညိုတိမ်မည်းများ ဖုံးအုပ်ထားသောကြောင့် ကြယ်စင်ကလေး
ပြိုးပြိုးပြက်ပြက်ပင်
မမြင်ရ ။ ထိုညကျမှ ထူးထူးခြားခြား တိတ်ဆိတ်လွန်းနေသည်ဟု ဒေါ်နော်အယ်ဖော၏စိတ်ထဲတွင်
တွေးထင်နေမိသည်
။ ဤမျှလောက် မှောင်မိုက်ခြောက်ခြားဖွယ်ကောင်းလှသော ညကျခါမှ ကိုစောဖေကလည်း ပြန်
ရောက်မလာသေး
။ အိမ်တွင် သားငယ်နှင့်မိမိ နှစ်ဦးတည်းမို့ အားငယ်စိုးရွံ့မိသည် ။ ညည့်နက်နေပြီဖြစ်သော်လည်း
ခင်ပွန်းသည်ကို
မျှော်သည့်စိတ်ဖြင့် အိပ်၍လည်း ပျော်တစ်ချက် မပျော်တစ်ချက် ။
“
ဒေါင် !”
ကင်းတဲဆီမှ
သံချောင်းခေါက်သံကို နားစွင့်လိုက်တော့ သန်းခေါင်တစ်ချက်တီးနေပြီ ။ လေပြေအေးများက
ပြတင်း
ပေါက်မှ
ဖြတ်သန်းကာ အိမ်ထဲသို့ဝင်ရောက်လာ၍ ကျောထဲက စိမ့်ခနဲအေးသွားပြီး ကြက်သီးများ
တဖြန်းဖြန်းထောင်
ထလာသည် ။
“ ဟင် !”
မြင်လိုက်ရတဲ့မြင်ကွင်းကား
အိမ်ရှေ့ကပြင် မီးရောင်အောက်တွင် ပုဆိုးအညိုကွက်နှင့်အင်္ကျီဖြူကို ဝတ်ဆင်ထား
သော
ကိုစောဖေ ။ တံခါးမကြီးရှေ့တွင် ရပ်နေပေမဲ့ မျက်နှာကိုတော့ တစ်ဖက်သို့ လှည့်ထားသည်
။ အလုပ်ကိစ္စ
အဆင်မပြေခဲ့ဘူး
ထင်ပါရဲ့ ။ ပုံစံက တကယ့်ကို ညှိုးငယ်နွမ်းလျလို့….။
“
သြော်…အကို ပြန်လာပြီပဲ ။ အသံမပေး ဘာမပေးနဲ့ ။”
ဒေါ်နော်အယ်ဖောက
ခင်ပွန်းဖြစ်သူကို ပြတင်းပေါက်မှ လှမ်းမြင်လိုက်ရ၍ တံခါးဖွင့်ပေးရန်
တံခါးမကြီးဆီသို့ ထွက်
လာခဲ့သည်
။
“
ကျွီ…!”
“ အယ်တော်…!”
ဒေါ်နော်အယ်ဖော
ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်ဖြစ်သွားရသည် ။ အိမ်အပြင်တွင် မည်သူမျှ မရှိ ။
မိမိ မျက်စိမှား
ခြင်းလည်း
မဖြစ်နိုင်ပေ ။ ဒါ…ဒါဆိုလျှင်…..။ ဒေါ်နော်အယ်ဖော
အနိဋ္ဌာရုံအကြောင်းအရာတစ်ခုကို တွေးလိုက်မိရင်း
ကြက်သီး တဖြန်းဖြန်းထသွားမိသည်
။ အကို တစ်ခုခုများ ဖြစ်နေပြီလား?
**********************************************************************************
“
အီး..ဟီး..ဟီး..အဲ့ဒါပါပဲ ညီမရယ် ။ အမမှာ မနေ့ညကတည်းက စိတ်ထဲ ထင့်နေတာ ။
အီး..ဟီး..ဟီး..
အကိုက သေပြီးတာတောင် အိမ်ပြန်လာသေးတယ်
။ အမယ်လေး ! အကိုရဲ့ ။ ကျွန်မကို ထားခဲ့ပြီလား ။”
ဒေါ်နော်အယ်ဖောက
ယောက်ျားကို တမ်းတကာ ငိုကြွေးနေပြန်သည် ။ အသုဘအိမ်ဖြစ်၍ ဟိုလူက ငို ၊ သည်လူက
ငိုနှင့်
တစ်အိမ်လုံး ကျွတ်ကျွတ်ညံလို့ ။ စာရေးသူ၏စိတ်ထဲတွင် ဒေါ်နော်အယ်ဖောအတွက်ရော
ဦးစောဖေအတွက်ပါ
ဝမ်းနည်းကြေကွဲမိ၍
ထိုနေရာ၌ ဆက်လက်မနေလိုသောကြောင့် အိမ်သို့ ပြန်လာခဲ့သည် ။
ဦးစောဖေဆိုသူက စာရေးသူ နေထိုင်သောဌာနတွင်
ကားမောင်းသော ဒရိုင်ဘာဦးလေးကြီးဖြစ်သည် ။ စိတ်
သဘောကောင်းသော
ထိုဦးလေးကြီးကို သူ မသေဆုံးခင် မနေ့ညနေကပင် တွေ့မြင်နှုတ်ဆက်လိုက်ရသေးသည် ။
ယခုများတော့…
သြော်…သေခြင်းတရားသည်
လူတိုင်း၏အနီးဆုံးနေရာတွင် တည်ရှိနေနိုင်သည်ကို စာရေးသူ ယုံကြည်လက်ခံလိုက်မိ
၏ ။သို့ကြောင့်လည်း
`ကွေးသောလက် မဆန့်မီ ၊ ဆန့်သောလက် မကွေးမီ´ ၊ `အသေမဦးခင် တရားဦးဖို့ လိုသည် ´
စသည်ဖြင့်
အလွန်လျင်မြန်သောနှုန်းနှင့် တခဏအတွင်း မိမိအနားသို့ ရောက်ရှိလာနိုင်သော သေမင်းကို
လူသားတွေ
သတိပြုမိစေရန်
တရားဒေသနာတော်တွေက ညွှန်ပြဆုံးမထားခြင်း မဟုတ်ပါလား ။
သေဆုံးသွားသော ဦးစောဖေနှင့်ပတ်သက်ပြီး
ရပ်ကွက်ထဲတွင် စာရေးသူ ကြားသိခဲ့သမျှ အကြောင်းအရာများကို
ပြန်လည်ဖောက်သည်ချပြရသော်….
ထိုနေ့က ferryပို့ပြီး ပြန်လာစဉ်ဖြစ်၏ ။ ကားပေါ်တွင်
ဦးစောဖေနှင့်စပယ်ယာကိုမျိုးတို့ စကားတပြောပြော
နှင့်
မောင်းနှင်လာခဲ့သည် ။ ကားမီးသီးတစ်ဖက်က ပျက်နေခဲ့ပြီး ထိုကားမီးသီးကြောင့်ပင်
ဦးစောဖေ အသက်ဆုံးခဲ့ရ
ခြင်း
ဖြစ်သည် ။ လမ်းကြောတစ်လျှောက်လုံး ယာဉ်အသွားအလာ ကျဲပါးနေခြင်းကြောင့် ဦးစောဖေ
ကားကို ပေါ့ပေါ့
ဆဆဖြင့်
အရှိန်ပြင်းစွာ မောင်းနှင်မိသည် ။ တဖြည်းဖြည်းနှင့် ထောက်ကြံ့မြို့နယ်ကို
ကျော်လွန်ကာ မင်္ဂလာဒုံမြို့နယ်
တွင်းသို့
ရောက်ရှိလာခဲ့သည် ။ ကားကို အရှိန်ဖြင့်မောင်းနှင်ရင်း တိုက်ဂါးလမ်းကြားမှ တစ်ဖက်သို့
အကွေ့…
“ ကျွီ……!”
တစ်ဖက်မှ
ကုန်တင်ကားကြီုးက အရှိန်ဖြင့်မောင်းနှင်လာပြီး ဦးစောဖေတို့ဖယ်ရီကားလေးနှင့် မျက်နှာချင်းဆိုင်
တိုက်မိ
မလိုဖြစ်သွား၍
အချိန်မီ ရှောင်တိမ်းလိုက်သည် ။ သို့သော်..မီးသီးပျက်နေသော အခြမ်းက လမ်းမဘက်တွင် ဖြစ်နေ၍
တစ်ဖက်ကုန်တင်ကားကြီးက
ဦးစောဖေတို့ဖယ်ရီကားကို ဆိုင်ကယ်တစ်စီးဟု ထင်မှတ်ခဲ့ဟန်တူသည် ။ လွတ်မည်ဟု
ထင်၍
အရှိန်ပြင်းပြင်းဖြင့် ဆက်လက်မောင်းနှင်လာရာ အနားရောက်မှ ဖယ်ရီကားတစ်စီးဟူသော အဖြစ်မှန်ကို
သိ
လိုက်ရသော်လည်း
နောက်ကျသွားချေပြီ ။
“ ဒုန်း……!”
**********************************************************************************
ဌာနဂိတ်တွင် ဖြစ်သည် ။ ပိတ်ထားသော
ဂိတ်ဝကို စောင့်ကြပ်သော ဂိတ်စောင့်က အိပ်ငိုက်လျက် ။
“ ပွမ်…ပွမ်…”
ကားဟွန်းတီးသံကို
အနားကပ်ကြားလိုက်ရ၍ ဂိတ်စောင့်ဦးမောင်ဝင်း ကမန်းကတန်း ထကြည့်လိုက်တော့ ferryကား
ကြီးတစ်စီး
ဖြတ်ခနဲ မောင်းနှင်သွားသည်ကို ရိပ်ခနဲ မြင်လိုက်ရသည် ။
‘ ဟင် !
ငါလည်း တံခါးမဖွင့်ပေးဘဲ ဘယ်လိုဝင်လာပါလိမ့် ။”
အမြင်များ
မှားလေခြင်းလားဟု ဦးမောင်ဝင်း ဇဝေဇဝါဖြစ်နေစဉ်မှာပဲ…
“
ကလင်…ကလင်…”
“ ဟယ်လို…အမိန့်ရှိပါ..။”
“………………………..”
“ ဗျာ
! ဒီ…ဒီဌာနက ferryကား ယာဉ်တိုက်မှုဖြစ်လို့…ဟုတ်လား ။ မဟုတ်တာဗျာ ။ ဒီဌာနမှာ
ferryကားတစ်စီးပဲ
ရှိတာ ။ အခုပဲ တွေ့လိုက်တာကို ။”
“………………………”
“ ဟုတ်တယ်…ဟုတ်တယ် ။ ဒါဆို
ကျွန်တော်တို့ferryကား သေချာတယ် ။ လူတွေ ထိခိုက်သွားသေးလား ?”
“……………”
“ ဗျာ
! ကားမောင်းက ပွဲချင်းပြီး ၊ စပယ်ယာက ဆေးရုံမှာ ။ ဟုတ်ကဲ့..ဟုတ်ကဲ့ ။
ကျွန်တော် သူတို့မိသားစုဝင်တွေ
ကို အကြောင်းကြားလိုက်ပါမယ် ။”
ကြားလိုက်ရတဲ့သတင်းဆိုးကြီးကြောင့်
ဦးမောင်ဝင်း ရင်ထဲ မကောင်းလှ ။ ညနေ
ဖယ်ရီကား ထွက်သွားစဉ်ကတောင် ဆေးလိပ်တစ်လိပ်ပေး၍…
“ ဦးမောင်ဝင်း ညကျ ကျုပ်ပြန်လာရင်
တံခါးဖွင့်ပေးဦး ။ ငိုက်မနေနဲ့နော် ။”
ဟုပြောခဲ့သော
ဦးစောဖေ ။ ယခုတော့ သေဆုံးချေပြီ ။ ဤသို့ဆိုလျှင် စောစောက ကားဟွန်းတီးသံနှင့်အတူ ရိပ်ခနဲ
ဖြတ်သွားသော
ferryကားတို့မှာ မကျွတ်လွတ်သေးသော ဦးစောဖေ၏ ပုံရိပ်တွေပဲလား ။ ဦးမောင်ဝင်း
မတွေးတတ်
တော့ ။
**********************************************************************************
“ ဟဲ့…ဖြူဖြူ ဘာတွေ
ငိုင်နေတာလဲ ?”
စာရေးသူ၏နာမည်ကို
ခေါ်သံကြားလိုက်၍ စာရေးသူ၏အတွေးအာရုံများ ပြတ်တောက်သွားသည် ။ အသံလာရာသို့
လှည့်ကြည့်လိုက်တော့
ဦးမောင်ဝင်း ၊ စက်ရုံမှူး ဦးအေးကြည် နှင့် ကာလသားအချို့…
“ သြော်…သမီး အမနော်အယ်ဖောဆီက ပြန်လာတာ ။
ဦးလေးတို့က ဘယ်သွားမလို့လဲ ။”
“ အေးကွယ် ။ စောဖေအတွက် ရက်လည်ဆွမ်းသွပ်
ဖိတ်စာလိုက်ဝေနေတာ ။ သူတို့က ခရစ်ယန်ဘာသာဝင်တွေ
ဆိုတော့ ဦးလေးတို့ကပဲ ဒိုင်ခံလုပ်ပေးနေတာ
။”
ဦးမောင်ဝင်းက
မျက်နှာညှိုးညှိုးနှင့် ပြောရှာသည် ။ သူငယ်ချင်းဖြစ်သူဦးစောဖေအတွက် ဝမ်းနည်း
ကြေကွဲနေပုံ ရ၏ ။
ကျန်လူအားလုံး၏မျက်နှာများကလည်း
ညိုမှိုင်းနွမ်းလျနေကြသည် ။
“ ဦးစောဖေ သနားပါတယ်နော် ။
ဇနီးနဲ့သားကိုလည်း စိတ်ချပါ့မလားပဲ ။ အသက်ကြီးမှရပေမဲ့ အမနော်အယ်ဖော
ကို သိပ်ချစ်ရှာတာ ။ ခုတော့……”
ကာလသားခေါင်းကိုမြင့်ဝေက
စိတ်မကောင်းဟန်ဖြင့် ၀င်ပြောရှာသည်။ ဟုတ်လည်း ဟုတ်၏…ဦးစောဖေက အသက်
လေးဆယ်ကျော်ပြီဖြစ်သော်လည်း
သူ့မိန်းမ ဒေါ်နော်အယ်ဖောက အသက် သုံးဆယ်ကျော်သာ ရှိသေးပြီး ယူခဲ့ကြ
သည်မှာလည်း
သုံးလေးနှစ်သာ ရှိသေးသည် ။
“ ကဲ…ဦးလေးတို့လည်း အလုပ်ရှိသေးတယ်ဆိုတော့
သမီးသွားတော့မယ် ။”
“ အေးကွယ် ..သွားသွား ။ ညနေလည်း
စောင်းနေပြီ ။ ဦးလေးတို့လည်း မြန်မြန်ဝေလိုက်ဦးမယ် ။”
စာရေးသူ
ဦးမောင်ဝင်းတို့အဖွဲ့ကိုနှုတ်ဆက်ပြီး ကျောခိုင်းထွက်ခွာလာလိုက်သည် ။
ဦးမောင်ဝင်းတို့အဖွဲ့ကို လွန်လာ
သည်နှင့်တပြိုင်နက်…
“ ဟာ !”
စာရေးသူ၏နှာခေါင်းတွင်းသို့
တိုးဝင်လာသော ပုပ်အဲ့အဲ့အနံ့ဆိုးကြီး ။ ကြွက်သေကောင် ခွေးသေကောင်ပုပ်တို့ထက်
အနံ့ပြင်းပြီး
ပို၍ဆိုးရွားသည်ဟု စာရေးသူ ထင်မိသည် ။ စာရေးသူ နှာခေါင်းကို ပိတ်၍
အတန်ကြာရပ်နေမိသည် ။
အနီးအနားတွင်
အပုပ်ကောင်အသေကောင်များ ရှိလေမလားဟူ၍လည်း ဟိုဟိုသည်သည်ကြည့်ကာ စူးစမ်းရှာဖွေ
ကြည့်မိသည်
။ ကျွန်မ့တို့ဌာနက စစ်ဆေးရေးမကြာမကြာ ၀င်တတ်သောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး
အမြဲပြောင်
ရှင်းနေတတ်သည်ကို
ကျွန်မသာမက တစ်ဌာနလုံး သိနှင့်ပြီးသား ။ သို့ကြောင့်လည်း အနီးအနားတွင် ဘာကိုမှမတွေ့
ရ ။
ခဏအကြာတွင် ချက်ချင်း အနံ့ပျောက်သွားသည် ။ စိတ်ထဲက မသိုးမသန့်ဖြစ်လာမိ၍
အနောက်ဘက်သို့ လှည့်
ကြည့်လိုက်မိသည်
။ အနီးအနားတွင် မည်သူမျှ မရှိ…ခပ်လှမ်းလှမ်းသို့ရောက်ရှိသွားပြီဖြစ်သော ဦးမောင်ဝင်းတို့အဖွဲ့
က တစ်ဖက်လမ်းထဲသို့ ဝင်ရန် ချိုးကွေ့စပင်ပြုနေပြီ
။
“ အမလေး…!”
ကျွန်မ
ရင်ဘတ်ကို ဖိကာ ကယောင်ကတမ်း ရေရွတ်ဟစ်အော်လိုက်မိသည် ။ နေမင်းကြီး
ငုပ်လျှိုးနိမ့်ဝင်သွားပြီဖြစ်
သော ညနေ
နေဝင်ရီတရောအချိန်၌ တစ်ဖက်လမ်းထဲသို့ ဝင်သွားသော ဦးမောင်ဝင်းတို့အုပ်စု၏နောက်ဆုံးတွင်
အင်္ကျ
ီအဖြူ ပုဆိုးကွက် အညိုနှင့် ကိုယ့်ရက်လည်ကို ကိုယ်တိုင်လိုက်ဖိတ်နေသော ဦးစောဖေကို
မှုန်ရီေ၀၀ါးစွာ တွေ့
မြင်လိုက်ရသောကြောင့်ပင်
ဖြစ်ပါတော့သည် ။
စေတနာ ရှေ့ထားလျက်…