ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၈)
အစိမ်းရောင်ကမ္ဘာသစ်ဆီသို့
(၂၀၁၆ခုနှစ် ဇွန်လ(၁၂)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ အတွေးအမြင်ကဏ္ဍတွင် ဖော်ပြခြင်းခံရသောဆောင်းပါး ဖြစ်ပါသည်)
ဂါဦးနွန်းကို ............... သုံးသပ်ရေးသားသည် ။
--------------------------------------------------------------------------------------------------------
(2805)ခုနှစ်မှာ သဘာဝပတ်ဝန်းကျင်ကြီးဟာ
လူတွေရဲ့အလွန်အကျူးဖြုန်းတီးစွန့်ပစ်မှုတွေကြောင့် အဖက်ဆည်မရအောင် ပျက်စီးသွားခဲ့ပြီး
ကမ္ဘာဂြိုလ်ခမျာ အပင်တွေ လုံးဝမရှင်သန်နိုင်တော့တဲ့ အနေအထားဆီကို ရောက်ရှိသွားခဲ့ပါတယ်
။ အပင်တွေ မရှိ တဲ့ကမ္ဘာဂြိုလ်မှာ သက်ရှိတွေ ရှင်သန်နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး
။(လူတွေအတွက် အန္တရာယ်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်လို ဓာတ်ငွေ့ကို အောက်ဆီဂျင်အဖြစ်
အပင်တွေကပဲ ပြောင်းလဲပေးနေကြောင်း ကျွန်မတို့ ကလေးဘဝကတည်းက သိနားလည်ခဲ့ကြရဲ့ မဟုတ်ပါလား)
အပင်တွေ မရှိတဲ့ကမ္ဘာဂြိုလ်မှာ သက်ရှိတွေ မရှင်သန်နိုင်ဘူးဆိုရင် လူသားတွေ ဘယ်လိုလုပ်ကြမလဲ
။ ဥာဏ်များ တဲ့လူသားတွေက အကြံကြီးခဲ့ကြပါတယ် ။ ကမ္ဘာကြီး မပျက်စီးခင်မှာ အာကာသယာဉ်တစ်ခုနဲ့အတူ
ရှောင်တိမ်းသွားနှင့်ကြပြီလေ ။
ကမ္ဘာဂြိုလ်မှာ
ကျန်ရစ်ခဲ့တာကတော့ Wall-Eလို့ခေါ်တဲ့ သန့်ရှင်းရေးစက်ရုပ်အနုပ်တွေပေါ့။ သက်ရှိတွေ ပြန်နေနိုင်လောက်
တဲ့အထိ သန့်စင်လာအောင် Wall-Eစက်ရုပ်တွေက မစွမ်းဆောင်နိုင်တော့တဲ့အခါ ကမ္ဘာဂြိုလ်ဟာ
မျှော်လင့်ချက်ဆိတ်သုဉ်းသွားခဲ့ရ ပါတယ် ။ ကမ္ဘာကြီးရော၊ Wall-Eစက်ရုပ်အဖွဲ့အစည်းပါ ပျက်စီးသွားခဲ့ပြီးနောက်
ကိုယ့်ကိုယ်ကိုပြုပြင်ရင်း ဆက်လက်ရပ်တည်နေတဲ့ တစ်ခုသော Wall-Eစက်ရုပ်လေးရဲ့ရှာဖွေတွေ့ရှိမှုကြီး
မစတင်ခင်အချိန်ထိဆိုပါတော့ ။
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ကျန်ရစ်စက်ရုပ်လေးWall-Eက
အကြီးမားဆုံးအရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ အဲဒါကတော့ စွန့်ပစ်ဘုတ်ဖိနပ်တစ်ဖက်ထဲ က
ထိုးထွက်ရှင်သန်နေတဲ့ အစိမ်းရောင်အပင်ပေါက်လေးပါ ။ ကမ္ဘာဂြိုလ်မှာ သစ်ပင်တွေ ပြန်လည်ရှင်သန်နိုင်ပြီ
။ ဒါ့ကြောင့် သက်ရှိ တွေ ပြန်လည်နေထိုင်နိုင်တော့မယ်ဆိုတဲ့အချက်ကို Wall-Eလေးက တွေ့ရှိသွားခဲ့ပါတယ်
။
EVEက အေးစက်ပြီး ခံစားချက်မဲ့တဲ့
တာဝန်သိအဆင့်မြင့်စက်ရုပ်တစ်ရုပ်ပါ ။ Wall-Eက EVEကိုမြင်မြင်ချင်း ခင်မင်သွား တယ် ။
ဒါပေမဲ့ EVEဘက်ကတော့ တစိမ်းပြင်ပြင်ပါပဲ ။ သူတို့နှစ်ယောက်ကြားမှာ အမျိုးမျိုးသောကွာခြားချက်တွေကြောင့်
အစပိုင်း တလျှောက်လုံး အဆင်မပြေခဲ့ကြပါဘူး ။ (စက်ရုပ်ဇာတ်လမ်းဆန်းလေးမို့ထင်ပါရဲ့)
ဗီလိန်ကလည်း အာကာသယာဉ်ကို အစစအရာ ရာ ထိန်းချုပ်ပေးနေတဲ့ auto pilotလို့ခေါ်တဲ့ AUTOဆိုတဲ့စက်ရုပ်ဖြစ်နေပါတယ်
။ AUTOက ယာဉ်ကို ကမ္ဘာမြေဆီ မပြန်စေချင်တဲ့ အတွက် EVE သယ်ယူလာတဲ့ အပင်ပေါက်ငယ်လေးကို
အာကာသယာဉ်မှူး(လူသား) မသိအောင် လွှင့်ပစ်လိုက်ပါတယ် ။ သတင်း ပေးပြီး ရှာမတွေ့တဲ့အခါ
အာကာသယာဉ်မှူးရဲ့အမြင်မှာ EVEဟာ စစ်ဆေးမှုခံယူသင့်ပြီ(ပျက်စီးနေပြီ)လို့ ယူဆသွားတာကြောင့်
စက်ပြင်ဌာနကို ပို့လိုက်ပါတော့တယ် ။
စက်ရုပ်ကလေးနှစ်ရုပ်ကို
ဇာတ်ကောင်လုပ်ပြီး တင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်ပေမဲ့ ဇာတ်အိမ်က စိတ်ဝင်စားစရာကောင်း တဲ့အတွက်
အသည်းတယားယားနဲ့ ကြည့်ရှုရပါတယ် ။ EVEနဲ့Wall-Eတို့ကို အာကာသလွင်ပြင်ထဲ စွန့်ပစ်တဲ့အခြေအနေထိတိုင်
ဆိုးရွားသွားခဲ့ပေမဲ့ လွင့်မြောသွားမယ့်ဘေးကနေ လက်မတင်လေး လွတ်မြောက်သွားကြတယ် ။ အဲဒီအချိန်
EVEမှာ ခံစားတတ်တဲ့ အာရုံတွေ ရှိနေပါပြီ ။ အဲဒီအာရုံတွေထဲမှာ Wall-Eရဲ့ပုံရိပ်တွေက
နေရာယူနေပါပြီ ။ နှစ်ဦးသား အန္တရာယ်ကနေ လွတ်မြောက်ခဲ့ရုံ သာမက အပင်ပေါက်လေးကိုလည်း
ပြန်လည်ရရှိနေပြီဖြစ်လို့ အာကာသယာဉ်မှူးကို ပြဖို့အတွက် ပြန်လာခဲ့ကြတယ် ။
ဒီအခါကျမှ AUTOစက်ရုပ်ရဲ့ဗီလိန်ဇာတ်ရုပ်က
ဘွားဘွားကြီး ပေါ်လာခဲ့ပါရောလား ။ AUTOစက်ရုပ်က အာကာသယာဉ် မှူးကို အကျဉ်းချပြီး အာကာယာဉ်ကို
သူ့စိတ်တိုင်းကျ စေစားဖို့ကြိုးစားခဲ့ပါတယ် ။ ဒီပဋိပက္ခတွေကြားမှာ Wall-Eခမျာ အထိအနာ
ဆုံးဖြစ်ခဲ့ရရှာတယ် ။ EVEက Wall-Eကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားနေတယ် ။ တစ်ဖက်မှာလည်း
အာကာသယာဉ်မှူးက AUTO စက်ရုပ်ကို အနိုင်ယူဖို့ရာ အလိုအလျှောက်စနစ်ကို ပိတ်ဆို့ဖို့ ကြိုးပမ်းခဲ့ပါတယ်
။ လမ်းမလျှောက်တာကြာလို့ ခြေထောက်မထောက် နိုင်လောက်အောင် တုတ်ခိုင်နေတဲ့ခြေချောင်းလေးတွေကို
ဇွတ်မှိတ်ဖိနင်းပြီးတော့ပေါ့ ။ နောက်ဆုံးမှာ အာကာသယာဉ်ကို ပြန်လည် ထိန်းချုပ်နိုင်ပြီး
ကမ္ဘာမြေကို ဆင်းသက်နိုင်ခဲ့ပါပြီ ။
များသောအားဖြင့် ပျော်စရာတွေနဲ့အဆုံးသတ်မှလည်း
ပရိသတ်အကြိုက်ဖြစ်တတ်တာကိုး ။ မျှော်လင့်ထားတဲ့အတိုင်းပါပဲ ။ Wall-Eလေးကို ပြန်ပြုပြင်နိုင်ခဲ့ပါတယ်
။ ဒါပေမဲ့ မှတ်ဥာဏ်ပျောက်ဆုံးသွားတဲ့အတွက် EVEခမျာ အသည်းတွေ ကွဲရရှာပြီပေါ့ ။ ဘယ်တတ်နိုင်ပါ့မလဲ
။ နောက်ဆုံးနှုတ်ဆက်အနမ်းလေးတစ်ပွင့်ခြွေလို့ ခွဲခွာဖို့ စဉ်းစားခဲ့တဲ့ EVEလေး ကံကောင်းရှာပါတယ်
။ (Walt Disney-ဝေါ့ဒစ်စနေးရဲ့ထုံးစံအတိုင်း
ချစ်သူနှစ်ဦးအနက် တစ်စုံတစ်ယောက်က အနမ်းပွင့်ခြွေလိုက်တိုင်း ကျိန်စာပြယ်သွားရစမြဲပဲ
လေ) Wall-E ပြန်သတိရလာပြီး (လူသားတွေပမာ) ချစ်သူနှစ်ဦး ပျော်မြူးကာ ဇာတ်သိမ်းမှာ ကမ္ဘာမြေကြီး
ပြန်လည်စိမ်းလန်းလာ တော့မယ်ဆိုတဲ့ပုံစံနဲ့ အဆုံးသတ်ထားပါတယ် ။
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ကျွန်မ ပြောပြခဲ့တာကတော့
၂၀၀၈ခုနှစ်က ထွက်ရှိပြီး လူကြိုက်များခဲ့တဲ့ သိပ္ပံဟာသ-ကာတွန်းရုပ်ရှင်ကားတစ်ကားဖြစ်တဲ့
Wall-E ဖြစ်ပါတယ် ။
ရှေးယခင်ကတော့ ကာတွန်းဇာတ်ကားဆိုရင်
ကလေးကြိုက်လို့ပဲ သတ်မှတ်ကြတာများပေမဲ့ ယခုချိန်မှာတော့ လူကြီးရော ကလေးပါ နှစ်သက်စွဲလမ်းတဲ့ဇာတ်ကားအများစုက
ကာတွန်းရုပ်ရှင်တွေ ဖြစ်နေတာကို တွေ့ရမှာပါ ။ တင်ဆက်ပြသပုံတွေကလည်း ကွဲပြားလာတယ်လို့
ယူဆရပါလိမ့်မယ် ။ ရှေးခေတ် ထွက်ရှိခဲ့တဲ့ Snow White , Cindrella , Sleeping
Beauty , Beauty and the beast ကာတွန်းရုပ်ရှင်တွေရဲ့အခြေခံက လူကောင်းလူဆိုး အားပြိုင်မှု
၊ စိတ်ဝင်စားဖွယ်ရာ ကျိန်စာသက်ရောက်ပုံနဲ့ အချစ်စစ် ကြောင့် ကျိန်စာပြယ်လွင့်ပုံ ဒါမှမဟုတ်
ကျိန်စာကြောင့် ချစ်သူနှစ်ဦး ဆုံဆည်းဖြစ်ပုံတို့ကိုပဲ အသားပေးတင်ဆက်လေ့ ရှိတာ များပါ
တယ် ။ ဒီနောက်ပိုင်း ကာတွန်းရုပ်ရှင်တွေကတော့ အမျိုးမျိုးထွက်ရှိနေပြီဖြစ်သလို ထွက်ရှိသမျှကာတွန်းဇာတ်ကားတွေကလည်း
တစ်ကားနဲ့တစ်ကား ကွဲပြားခြားနားလှပါတယ် ။ အခန်းကဏ္ဍ စုံလင်ပုံ ၊ ပညာသားပါပုံ ၊ ပညာပေးပုံတွေကလည်း
ကလေးလူကြီး အရွယ်မရွေး နှစ်သက်ချင်စရာဖြစ်နေပါတယ် ။
ပြန်ပြောပြချင်တဲ့ရုပ်ရှင်တွေကတော့
တပုံတပင်ကြီးပါပဲ ။ ဒါဖြင့်ရင် ဒီဇာတ်ကားကို ဘာဖြစ်လို့ ရွေးပြောဖြစ်ခဲ့တာလဲ ။ ဇွန်လ(၅)ရက်နေ့မှာကျရောက်မယ့်
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့နဲ့ပတ်သက်ပြီး တစ်ခုခုရေးရရင် ကောင်းမယ်လို့ စဉ်းစားနေ
တဲ့အခိုက် ဒီကာတွန်းရုပ်ရှင်လေးကို ပြန်ကြည့်ဖြစ်ခဲ့ပါတယ် ။ ဒီခဏမှာ ကျွန်မ စိတ်ကူးရသွားတာကတော့
ကျွန်မရဲ့ကြောက်ရွံ့စိတ် ကို စာဖတ်သူတွေထံ ဖြန့်ဝေဖို့ပါ ။ ဟုတ်ပါတယ် ။ ကျွန်မစကား
မမှားပါဘူး ။ ကြောက်ရွံ့စိတ်ကို စာဖတ်သူတွေဆီ ဖြန့်ဝေဖို့ ကျွန်မ ကြိုးစားနေတာပါ ။
ကျွန်မ ဖြန့်ဝေချင်တာက အပင်တွေ မရှိတော့ရင် ကျွန်မတို့ကမ္ဘာ ပျက်သုဉ်းသွားလိမ့်မယ်ဆိုတဲ့
အသိနဲ့အတူ အပင်တွေ မရှိမှာကို ကြောက်တဲ့ကြောက်စိတ်ကို ဆိုလိုတာပါ ။ အပင်တွေ မရှိတော့မှာကိုသာ
ကျွန်မတို့ ကြောက်ရွံ့ကြမယ်ဆိုရင် လူတိုင်းလူတိုင်း အပင်ခုတ်ဖို့ထက် အပင်စိုက်ဖို့ကို
ပိုမြတ်နိုးလာလိမ့်မယ်လို့ ယုံကြည်ပါတယ် ။
Wall-Eကာတွန်းရုပ်ရှင်ကို
ကြည့်တဲ့အခါတိုင်း ကျွန်မရင်ထဲကို ကြောက်စိတ်တချို့ တိုးဝင်လာစေပါတယ် ။ အဲဒါကတော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ
ကျွန်မတို့နေထိုင်ရာကမ္ဘာဂြိုလ်ဟာ ကျွန်မတို့လူသားတွေရဲ့လက်ချက်ကြောင့်ပဲ (ဒီဇာတ်ကားထဲကလို)
ပြုပြင်လို့မရလောက်အောင် လုံးဝဥဿုံပျက်စီးယိုယွင်းသွားမှာလား-ဆိုတဲ့အချက်ပါပဲ ။ လက်ရှိမှာတောင်
လေထုရေထုတွေဟာ တချို့နေရာတွေမှာ ဆိုးဆိုးရွားရွားပျက်စီးညစ်ညမ်းနေကြပါပြီ ။ သက်ရှိတချို့လည်း
မျိုးတုန်းပျောက်ကွယ်ကုန်ခဲ့ပါပြီ ။ ဝိဿမ လောဘသားတွေက ကမ္ဘာကြီးရဲ့အူတွေကလီစာတွေနဲ့တူတဲ့
သယံဇာတတွေကို အလွန်အကျူးနှိုက်ယူသုံးစွဲလို့ ၊ ကမ္ဘာကြီးရဲ့ ချပ်ဝတ်တန်ဆာနဲ့တူတဲ့ သစ်ပင်တောတောင်တွေကိုလည်း
နည်းမျိုးစုံနဲ့စုပ်ယူဝါးမြို့လို့ ယခုဆိုရင် ကမ္ဘာမြေခမျာ နာမကျန်းဖြစ်နေရ ရှာပါပြီ
။
ကျွန်မတို့ဟာ ကိုယ့်အိမ်အမိုးလေး
ပေါက်နေရင်တောင် မိုးယိုမှာ ကြောက်ရသေးတာပါပဲ ။ ကမ္ဘာမြေကြီး ပျက်စီးသွားမှာကို စိုးရွံ့စိတ်ဖြစ်မိတာ
အဆန်းဟုတ်မယ်မထင်ပါဘူး ။ အမှန်လည်း ကြောက်သင့်ပါတယ် ။ ကျွန်မတို့နေထိုင်တဲ့ကမ္ဘာမှာ
အိုဇုန်းလွှာ အပေါက်ကြီး ရှိနေတာတောင် ၊ ရေခဲတောင်တွေ ပြိုကျကုန်တာတောင် ၊ သစ်တောတွေ
ပြုန်းတီးလို့ ရာသီဥတုတွေ ဖောက်ပြန်နေ တာတောင် ကျွန်မတို့ ဆက်ပြီးလျစ်လျူရှုထားဦးမယ်ဆိုရင်
တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျွန်မတို့ကမ္ဘာဂြိုလ်ဟာ Wall-Eကာတွန်း ရုပ်ရှင်ထဲကလို ဖြစ်မလာနိုင်ဘူးလို့
မပြောနိုင်ပါဘူး ။
Wall-Eကာတွန်းရုပ်ရှင်ဟာ
ရယ်ရွှင်ဖွယ်သိပ္ပံဟာသကားတစ်ကားဖြစ်လို့ စိတ်ရွှင်မြူးစရာခံစားမှုကို ပေးစွမ်းနိုင်သလို
တစ် ဖက်မှာလည်း လူတွေကို သစ်ပင်စိုက်ကြဖို့ တပ်လှန်နှိုးလိုက်သလို ခံစားရစေပါတယ်။ အထူးသဖြင့်
အဝေးရောက်နေတဲ့ အာကာသ ယာဉ်မှူးရဲ့အိမ်လွမ်းစိတ်ကို မြင်တွေ့ရတဲ့အခါ ကမ္ဘာမြေကြီး ပျက်သုဉ်းသွားမှာကို
စိုးထိတ်စိတ် ဖြစ်ပေါ်စေလို့ ကြည့်ရှုသူတိုင်းကို အပင်စိုက်ချင်အောင် တွန်းအားပေးစေနိုင်လိမ့်မယ်လို့
ယူဆမိပါတယ် ။ အပင်စိုက်ခြင်းနဲ့ပတ်သက်ပြီး စကားပုံတစ်ခုကတော့ ဒီလို ပြောပါတယ် ။
“ အကောင်းဆုံးအပင်စိုက်သင့်တဲ့အချိန်က လွန်ခဲ့တဲ့အနှစ်(၂၀)ကပါ
။ ( မဖြစ်နိုင်လို့ စိတ်ဓာတ်မကျပါနဲ့ ) နောက်ထပ်စိုက်ဖို့
အသင့်တော်ဆုံးအချိန်ကတော့ ဒီနေ့ပါပဲ”
- တဲ့ ။
လူတွေရဲ့လက်တွေမှာ ပုဆိန်တွေ ၊ လွှသွားတွေ
၊ ဓားမ,တွေ ကိုင်ဆောင်နေမယ့်အစား မြေဆွခရင်းလေးကိုယ်စီကိုင်ပြီး ပျိုးပင်လေး တွေ စိုက်ကြမယ်ဆိုရင်
ဘယ်လောက်ကောင်းလိုက်မလဲ ။ စိမ်းလန်းတဲ့ကမ္ဘာမြေသစ်ကို ကျွန်မတို့အားလုံး အတူတကွ ဖန်တီးယူနိုင်
ရဲ့သားနဲ့ ။ ကမ္ဘာကြီးကို မပျက်စီးအောင် သိပ္ပံနည်းပညာတွေနဲ့ ရှာဖွေကြိုးစားကာကွယ်နေမယ့်အစား
ကာကွယ်ဖို့မလိုအောင် စိမ်း လန်းစိုပြေသာယာနေတဲ့ကမ္ဘာမြေကို ကျွန်မတို့အားလုံး အတူတူဖန်တီးယူလိုက်ကြရင်
ပိုမကောင်းဘူးလား ။
Wall-Eကာတွန်းရုပ်ရှင်လေးကိုကြည့်ရင်း
ကျွန်မ ရရှိလိုက်တဲ့ တန်ဖိုးအရှိဆုံးအသိတရားကတော့ သက်မဲ့စက်ရုပ်လေးနှစ်ရုပ် ကတောင်
ဘုတ်ဖိနပ်အစုတ်ထဲက အပင်ပေါက်လေး ရှင်သန်ဖို့အတွက် ဒီလောက်ကြိုးပမ်းနေတယ်ဆိုရင် ကမ္ဘာပေါ်မှာ
နေထိုင်နေတဲ့ ကျွန်မကရော ဘာဖြစ်လို့ အပင်တွေကို မစိုက်ပျိုးနိုင်ရမှာလဲ ၊ ဘာဖြစ်လို့
အပင်တွေကို မမြတ်နိုးနိုင်ရမှာလဲ ။ ဒီကမ္ဘာမြေက ကျွန်မရဲ့ အိမ်ပဲလေ ။ စိမ်းလန်းတဲ့ကမ္ဘာမြေသစ်ဆီသို့
ပန်းပျိုးလက်များနဲ့အတူတူ ချီတက်နိုင်စေဖို့ ရည်စူးမျှော်လင့်ရင်း … …
@
ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ ။
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။