သရဲဇာတ်လမ်း တစ်ခန်းရပ်များ…
( ၂၀၁၃ ဇန်နဝါရီလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ဂါဦးနွန်းကို ......... ရေးဖွဲ့သည် ။
---------------------------------------------------------------------------------------------------------
ကျွန်တော့်အဘွားအကြောင်းပြောရရင်
အဘွားငယ်ငယ်က (ဂျပန်ခေတ်အခါကပေါ့ဗျာ) ဂျပန်စစ်ဗိုလ်တွေကို
ထမင်းချက်ကျွေး
ဟင်းချက်ကျွေးတဲ့ ခပ်အအ တောသူမလေး ။ အင်း…အဲ့ဒါက ဂျပန်စစ်ဗိုလ်စစ်သားတွေရဲ့အမြင်
လေ
။ အမှန်က သူတို့တွေကို ထမင်းဟင်းချက်ကျွေးနေတဲ့ ၁၄နှစ်အရွယ် တောသူရုပ်ဆိုးမလေးက မြန်မာ့တော်
လှန်ရေးတပ်မတော်အတွက်
သူလျှိုမလေး ။ ဒီဘက်က သတင်းတွေကို စုံစမ်းထောက်လှမ်းပြီး ဟိုဘက်ကို ပြန်ပို့
ပေးတဲ့သူပေါ့
။ အဘွားက သူလျှိုလုပ်တဲ့နေရာမှာ အတော်ပိရိခဲ့တာ ။ အဘိုးတောင် အဘွား သူလျှိုမှန်း ကျွန်တော့်
အဖေ
အသက်တော်တော်ကြီးမှပဲ သိခဲ့ရတယ် ။ ထားပါတော့…ကျွန်တော် ပြောချင်တာက အဘွား သူလျှို လုပ်ခဲ့
တဲ့ကာလကို
ကျွန်တော် မမီခဲ့လေတော့ ကျွန်တော့်အတွက် အဘွားက ပုံပြောကောင်းသူတစ်ယောက်အဖြစ်ပဲ သိ
ရှိနားလည်ခဲ့ရတယ်
။ ဟုတ်တယ်…အဘွားက ပုံပြောကောင်းတဲ့သူတစ်ယောက်ပါ ။ အဘွား ပြောပြခဲ့တဲ့ပုံပြင်တွေ
က
ကျွန်တော့်အတွက် မမေ့နိုင်စရာပဲ ။ ဒီအကြောင်းတွေကို ကျွန်တော် ပြန်ပြောပြချင်တယ် ။
* မယုံရင်တော့ ပုံပြင်မှတ်ပေါ့ဗျာ…။
*******************************************************************************
အပိုင်း(၁)
သစ်ပင်ပေါ်က
သနပ်ခါးမမ
ဒီခေါင်းစဉ်က ကျွန်တော်ပေးတဲ့ခေါင်းစဉ် မဟုတ်ဘူးနော်
။ အဘွားကိုယ်တိုင် ဒီပုံပြင်လေး ပြောပြတုန်းက…
“ ငါ့မြေးတို့ရေ…ဒီနေ့ အဘွားပြောပြမယ့်ပုံပြင်က သစ်ပင်ပေါ်က
သနပ်ခါးမမ…တဲ့ ။ ကဲ…သေချာ နားထောင် ။
ပိစိကွေး…ကြောက်ပြီး အိပ်ရာထဲမှာ ရှူးရှူးပေါက်မချနဲ့နော်
။ ဒီလိုကွယ့်…ဘွားဘွား ကိုးနှစ်သမီးလောက်တုန်း
ကပေါ့ ။ ဘွားဘွားရယ် ဘွားဘွားသူငယ်ချင်း သုံးယောက်ရယ်
ကျောင်းက ပြန်လာကြတယ် ။ ကျောင်းဆိုတာ
မြေးတို့ခုတက်နေတဲ့ စာသင်ကျောင်းမျိုးပဲပေါ့
။ အဲ့ဒီ့က ပြန်လာကြတာ ။ အဘွားတို့က ဘာအရွယ်ရှိဦးမှာလဲ ။
ခြောက်နှစ် ခုနစ်နှစ်ပေါ့ ။ အဘွားတို့ကျောင်းနဲ့
ရွာနဲ့က သုံးမိုင်လောက် ဝေးတော့ နေ့တိုင်း အဘွားတို့လေး
ယောက် ခြေတိုအောင် လမ်းလျှောက်ကြရတာပေါ့ ။ အဲ့ဒီ့နေ့က
ထူးထူးဆန်းဆန်း အဘွားတို့လေးယောက်
ပျော်မြူးနေမိတယ် ။ ရယ်မောတယ်ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကို
မြေးတို့ သိကြရဲ့လား ။ ရယ်ပြီးရင် မောရတယ်
လေ…။ အဲ့ဒီ့အချိန်ကတော့ ဒီစကားရဲ့အဓိပ္ပါယ်ကို
အဘွား မသိခဲ့ပါဘူးကွယ် ။
ကျောင်းကနေ အဘွားတို့ရွာကို အပြန်မှာ စမ်းချောင်းလေးတစ်ခုကို
ဖြတ်ရတယ် ။ စမ်းရေအေးလေးတွေ
စီးဆင်းနေတဲ့ ချောင်းတိုလေးရယ်ပါ ။ အဲ့ဒီ့ချောင်းနားကို
ရောက်တော့ ညနေတောင် အတော် စောင်းနေပြီ ။
ရွာကလည်း နီးနေပြီဆိုတော့ အဘွားတို့ ခဏနားကြတုန်း
အဘွားသူငယ်ချင်း မြရီက…` ဟဲ့…အသန်း ငါလေ
ဒီနေရာလေးကို သဘောကျလိုက်တာဟယ် ။ ရွာကိုတောင်
မပြန်ချင်တော့ဘဲ ဒီမှာသာ နေလိုက်ချင်တော့
တယ်…´လို့ ဗြုန်းစားကြီး ပြောချလိုက်ရော ။ တကယ်တမ်းက
ညနေ နေ၀င်ရီတရောအချိန်မှာ တောတွေ
တောင်တွေထဲ ၊ ချောင်းတွေ မြောင်းတွေနား ၊ နောက်ပြီး
ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ဒေသမျိုးတွေမှာ ဒီ
လိုစကားမျိုး မပြောရဘူးကွယ့် ။ အဲ့ဒီ့တုန်းကတော့
အဘွားကလည်း ဘယ်သိပါ့မလဲ ။ နင် နေချင် နေခဲ့ပေါ့…။
ငါကတော့ အမေနဲ့ မခွဲနိုင်ပါဘူး ။ နောက်ပြီး လမုန့်နဲ့လည်း
မခွဲနိုင်ဘူးလို့ ရယ်ရယ်မောမော ပြောပစ်လိုက်
တယ် ။ အဘွားစကားကြောင့် အားလုံးရယ်လိုက်ကြတာ
အူတွေနာကုန်ရော ။ သူတို့ ရယ်မှာပေါ့…လမုန့်ဆို
တာ အဘွားမွေးထားတဲ့ ခွေးလေးရဲ့နာမည်လေ ။ ရယ်မောနေကြတုန်း အဘွားရဲ့သူငယ်ချင်းလည်းဟုတ်
ညီမ၀မ်းကွဲလည်းဟုတ်တဲ့ညွှန့်အေးက တံတားပေါ်ကနေ
ချောင်းထဲကို ငုံ့ကြည့်ပြီး`ဟယ်…ဟိုမှာကြည့်စမ်း…
နေရောင်အောက်မှာ လဲ့လဲ့ လဲ့လဲ့နဲ့ ဘာကျောက်လေးလဲ
မသိဘူး ။ ငါတို့ သွားကောက်ကြရအောင်´လို့ ပြော
လာတာကြောင့် အဘွားလည်း သူ ပြတဲ့နေရာကို လှမ်းကြည့်လိုက်မိတော့
ဟုတ်တယ်ကွယ့် ။ ဘာကျောက်
လေးလဲ မသိဘူး ။ ပြောင်ပြောင်ပြောင်ပြောင်နဲ့…ညွှန့်အေးနဲ့ခင်လှတို့
ချောင်းထဲကိုဆင်းပြီး အဲ့ဒီ့ကျောက်လေး
ကို သွားကောက်ကြပါရော ။ အဘွားနဲ့မြရီကတော့ ရေကြောက်တာနဲ့
တံတားပေါ်မှာပဲ နေခဲ့လိုက်ကြတယ် ။
ကျောက်လေးက တံတားပေါ်က လှမ်းကြည့်တုန်းကတော့ နီးနီးလေး
ထင်ရပေမဲ့ တကယ်တမ်း သွားကောက်
တော့ တော်တော်နဲ့ အနားမရောက်နိုင်ဘူး ။ စမ်းရေက
ပေါင်ဝက်လောက်ပဲ ရှိပေမဲ့ ရေစီးကလည်း သန်တော့
အဘွားမှာ ဟိုနှစ်ယောက်ကို ရေနစ်သွားမှာ စိုးရိမ်နေမိတယ်
။
အဲ့ဒီ့အချိန်မှာပဲ မြရီက…` ဟယ်တော်…မမအိတုံကြီး
ဟိုအပင်ပေါ်ကနေ ငါ့ကို ပြုံးပြနေတယ်´လို့ ပြော
လည်းပြော အဘွားကိုလည်း လှမ်းကြည့်ဖို့ လက်ညှိုး
ထိုးပြနေတာကြောင့် အဘွား အပင်ပေါ်ကို မော့ကြည့်
လိုက်တော့ ဘာမှလည်း မတွေ့ဘူး ။ ` ဟဲ့…ဘယ်မှာတုန်း
မမအိတုံက…´လို့ မေးတော့ မြရီက အဘွားကို
မမြင်ရကောင်းလားဆိုတဲ့ အမူအရာနဲ့ `သြော်…ဟိုမှာလေဟာ
။ နင်ကလဲ မတွေ့ဘူးလား ။ မမအိတုံရဲ့မျက်
နှာမှာ သနပ်ခါးတွေ ဖွေးနေတာပဲ ။ ခေါင်းမှာလည်း
ပန်းတွေက ပန်လို့…မျက်နှာကြီးကလည်း ပြုံးနေတာပဲ ။
ဟော…ငါ့ကို လက်ယက်ပြီး ခေါ်နေတယ်ဟဲ့…´ တဲ့ ။ အဘွား
တောင် နည်းနည်းကြောက်သွားမိတယ် ။ ဘာ
ဖြစ်လို့လဲဆိုတော့ မမအိတုံဆိုတာ လွန်ခဲ့တဲ့ တစ်ပတ်ကတင် မိန်းမဓမ္မတာရောဂါနဲ့ ဆုံးပါးသွားတဲ့မိန်းကလေး
လေ ။ အဘွားလည်း ကြောက်ကြောက်လန့်လန့်နဲ့ ` မြရီ
နင် ဘာတွေလျှောက်ပြောနေတာလဲ ။ မမအိတုံက
သေသွားပြီလေ ။ ဘယ်လိုလုပ် ဟိုအပင်ပေါ် ရောက်နေမှာလဲ´လို့
အသံဗြဲကြီးနဲ့ အော်လိုက်မိတယ် ။”
“ အမလေး…ဒါဆို အဲ့ဒါ သရဲမကြီးပေါ့ ဟုတ်လား ဘွားဘွား
။”
ကျွန်တော့်အစ်မလတ်
ထားခက်က အဘွားအနားကို တိုးဝင်ရင်း အသံတိမ်တိမ်နဲ့ မေးလိုက်တယ် ။ သူ့စကားသံ
ကြောင့်
အာရုံပျက်သွားရလို့ ကျွန်တော်နဲ့မမကြီးက သူ့ကို မသိမသာ မျက်စောင်းထိုးလိုက်မိတယ် ။
“ နားထောင်ပါဦး မြေးငယ်ရဲ့ ။ ဘွားဘွား ဆက်ပြောမှာပေါ့
။ ပိစိကွေး သားကြောက်နေလား ။”
ပိစိကွေးဆိုတာ
ကျွန်တော့်ကို ပြောတာပါ ။ ကျွန်တော်က ခေါင်းကို ခပ်မြန်မြန် ခါရမ်းလိုက်ပြီး…
“ မကြောက်ဘူး ဘွား ။ ကောင်းခန်းရောက်နေပြီ…ဆက်ပြော
ဆက်ပြော ။”
“ အင်း…တစ်ထောင့်တစ်ညပုံပြင်များထဲက မိဖုရားလေးကတော့
ပုံပြင်ကို ကောင်းခန်းမှာ ရပ်,ရပ်ထားခဲ့တယ်ဆို
ပဲကွယ့် ။ အဘွားလည်း သူ့လိုမျိုး ရပ်ထားခဲ့ပြီး
နောက်ညကျမှ ဆက်ပြောပြရရင် ကောင်းမလား ။”
“ အာ…ဘွား အဲ့သလို မလုပ်ပါနဲ့ ။”
“ ဟင့်အင်း…ခုဆက်ပြော ။”
“ ဘွားက အဲ့ဒီ့ပုံပြင်ထဲက မိဖုရားမလေးမှ မဟုတ်တာ
။”
ကျွန်တော်တို့မောင်နှမသုံးယောက်
တစ်ယောက်တစ်ခွန်းစီ အော်သံညည်းသံက ဆူညံသွားပါရော ။ ကျွန်တော်တို့
ဖြစ်သွားပုံကို
ကြည့်ပြီး အဘွားက တဟင်းဟင်း ရယ်ရင်း…
“ အဘွားက နောက်တာပါကွယ် ။ ကဲ…ကဲ…ဆက်ပြောမယ် ။ စောစောက
ဘယ်ရောက်သွားပြီလဲ ။”
“ အဘွားက ဒေါ်မြရီကို မမအိတုံ သေသွားတဲ့အကြောင်း
ပြောတဲ့နေရာ ရောက်ပြီလေ ။”
အဘွားရဲ့အမေးကို
ကျွန်တော်က အာကျယ်အာကျယ်နဲ့ အလျင်အမြန်ဖြေလိုက်တော့ အဘွားက သဘောကျစွာ
ပြုံးလိုက်ပြီး…
“ အေး…အဲ့ဒီ့လိုလဲ ပြောလိုက်ရော မြရီခမျာ အရမ်းကြောက်လန့်သွားပြီး…`
ဟင် ဒါဆို ဟိုအပင်ပေါ်က ငါ့ကို
လက်ယက်ခေါ်နေတဲ့မမအိတုံက သရဲပေါ့ ဟုတ်လား´လို့
တုန်တုန်ရီရီနဲ့ အဘွားကို မေးတယ် ။ အဘွားလည်း
သူ့ပုံကို ကြည့်ပြီး ကြောက်လွန်းလို့ တုန်နေပြီ
။ သူက တွေ့နေရတဲ့သူဆိုတော့ ပိုဆိုးမှာပေါ့ ။ အဲ့ဒီ့အချိန်မှာပဲ
ပိုနှစ်ယောက်က ချောင်းထဲကနေ ပြန်တက်လာပြီး အဘွားတို့ဆီ
လျှောက်လာတယ် ။ ဟိုနှစ်ယောက်ရောက်
လာတော့ မြရီခမျာ အားတက်သရောနဲ့ သူတို့နှစ်ယောက်များ
တွေ့လိုတွေ့ငြား အပင်ပေါ်က မမအိတုံကို ပြ
ပေမဲ့ သူတို့လည်း မမြင်ကြဘူး ။ အပင်ပေါ်က တစေ
္ဆမမအိတုံကို မြရီတစ်ယောက်တည်း မြင်နေရတဲ့သဘော
ပေါ့ ။ ဒါပေမဲ့ ဟိုနှစ်ယောက်ကို ပြလိုက်မှ အခြေအနေက
ပိုဆိုးသွားတယ် ။ သူတို့နှစ်ယောက်က မမြင်ရတဲ့
တစ္ဆေကို ကြောက်လန့်ပြီး…မမအိတုံ သရဲ မမအိတုံ
သရဲ…လို့ အော်ပြီး တချိုးတည်း ပြေးကြပါလေရော ။
သူတို့လည်း ပြေးရော အဘွားတို့လည်း လိုက်ပြေးမိတာပေါ့
။ ပြေးရင်းပြေးရင်း သိပ်ဝေးဝေးမရောက်ခင်
မှာ အဘွားနောက်က ပြေးလိုက်လာတဲ့မြရီ ဘိုင်းခနဲ
ချော်လဲကျသွားတယ် ။ အဘွားလည်း သူ့ဘာသာ ထ
လာလိမ့်မယ်ထင်ပြီး လှည့်မကြည့်ဘဲ ဆက်ပြေးနေမိတယ်
။ ခပ်လှမ်းလှမ်းရောက်လို့ နောက်က အသံမကြား
တာနဲ့ ကြောက်ကြောက်လန့်လန့် လှည့်ကြည့်မိတော့
အမလေး…ပြန်တွေးလိုက်တိုင်း အဘွားရင်ထဲ ခုထက်
ထိ ဆို့နစ်နေတုန်း ။ ဗွက်အိုင်ထဲမှာ မြရီခမျာ
မှောက်လျားထိုးလေး…။ အဘွားလေ သရဲကို ကြောက်ပေမဲ့ မြရီ
ကို တစ်ယောက်တည်း မထားခဲ့ရက်ဘူး ။ ဒါ့ကြောင့်
ကြောက်ကြောက်လန့်လန့်နဲ့ပဲ မြရီဆီ ပြန်ပြေးလာပြီး မြ
ရီကို ဆွဲထူလိုက်တော့ မြရီရဲ့မျက်ဝန်းတွေက ပြူးကျယ်ငြိမ်သက်လို့…အဘွား
ဘုရားတ,လိုက်မိတယ် ။ မြရီ…
ဟဲ့…မြရီ ထပါဦး ။ နင် ဘာဖြစ်သွားတာလဲ…လို့
အော်ခေါ်နေမိတယ် ။ အဘွား ဘယ်လောက်အော်ခေါ်ခေါ်
မြရီ မလှုပ်တော့ဘူး ။ မြရီ အသက် မရှိတော့ဘူး
။”
“ အို…သနားစရာကောင်းလိုက်တာ ။”
မမကြီးက
ကရုဏာသက်စွာနဲ့ ညည်းတွားလိုက်တယ် ။
“ ဒါ…ဒါ သရဲသတ်တာပေါ့ ဟုတ်လား ဘွား ။”
မမလတ်ရဲ့
ယုတ်တိမဲ့မဲ့မေးခွန်း ။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်လည်း မမလတ်လိုပဲ ယူဆနေမိတယ် ။ လူတစ်
ယောက်
ရုတ်တရက် သေသွားတာ တစ်ဦးတစ်ယောက်ရဲ့ ပယောဂကြောင့် မဟုတ်လား ။
“ မဟုတ်ပါဘူးကွယ် ။ အမှန်တော့ မြရီက အရမ်းကြောက်လန့်သွားတာလေ
။ အဲ့ဒီ့အချိန်မှာ အမောတကော
ပြေးကြရင်း ချော်လဲသွားတော့ မြေပြင်နဲ့ နှလုံး
ဆောင့်မိပြီး နှလုံးရပ်သွားတာပါ ။ အဘွားလည်း တစ္ဆေသရဲကို
မကြောက်နိုင်တော့ဘူး ။ မြရီကိုပဲ တကြော်ကြော်အော်ခေါ်နေတုန်း
ရှေ့ကနှစ်ယောက်ရဲ့ကောင်းမှုကြောင့် ရွာ
ထဲက လူကြီးတွေ လိုက်ချလာကြတယ် ။ မြရီကို ဆေးရုံပို့ဖို့
ကြိုးစားကြပါသေးတယ် ။ ဒါပေမဲ့ အဘွားရဲ့အချစ်
ဆုံးသူငယ်ချင်း မြရီကတော့ အဲ့ဒီ့နေ့မှာပဲ ဆုံးပါးသွားတာပဲကွယ်
။”
အဘွားဇာတ်လမ်းဆုံးတော့
စိတ်နုတဲ့မမကြီးက ဒေါ်မြရီအတွက် စိတ်မကောင်းဖြစ်လွန်းလို့ ငိုရှာတယ် ။ ကျွန်တော်
လည်း
စိတ်မကောင်း ။ မမလတ်ကတော့ တစ်စုံတစ်ခုကို အလေးအနက်တွေးတောနေရင်းမှ…
“ ဒါနဲ့ ဒေါ်မြရီတွေ့တဲ့ မမအိတုံက တကယ်ပဲ သရဲလား
။ ဒါနဲ့ ဘွားရဲ့သူငယ်ချင်းနှစ်ယောက် သွားကောက်တဲ့
ကျောက်ကလေးကရော ဘာလဲဟင် ?”
“ သြော်…အေး ဟုတ်သားပဲ ။ ဒီအကြောင်း ပြောဖို့ မေ့သွားတယ်
။ အဲ့ဒီ့လဲ့လဲ့ပြောင်ပြောင်နဲ့ ကျောက်ကလေး
က မမအိတုံရဲ့ဆွဲကြိုးက လော်ကတ်သီးလေး ။ ဟိုနှစ်ယောက်က
အဲ့ဒီ့ပစ္စည်းလေးကို ဆယ်မိတော့ ရေထဲက
ခြေထောက်ကြွမရသလိုမျိုး ဖြစ်နေတာကြောင့် ပြန်ပစ်ချခဲ့ကြတယ်
။ မမအိတုံက သရဲ တကယ် ဟုတ်မဟုတ်
ဆိုတာကတော့ အဘွားကိုယ်တိုင် မြင်ခဲ့ရတာ မဟုတ်တော့
မပြောတတ်ပါဘူးကွယ် ။ ဒါပေမဲ့ ကိုယ့်မျက်စိနဲ့
မမြင်ရတိုင်း မလေးမစားမဆင်မခြင်တော့ မပြောသင့်ဘူး
။ ကဲ…ဒီပုံပြင်လေးကို နားထောင်ပြီး ငါ့မြေးတွေ
ဘာဗဟုသုတ ရကြလဲ ။ တစ်ယောက်နည်းနည်းစီ ပြောကြည့်ပါဦး
။ မြေးမကြီး စပြော ။”
“ သူငယ်ချင်း ဒုက္ခရောက်နေတဲ့အချိန်မှာ ဖေးမကူညီရမယ်
။ အကြောက်မလွန်သင့်ဘူး ။ နောက်ပြီး လမ်းမှာ
တွေ့တဲ့ သူများပစ္စည်းကို မမက်မောရဘူး ။”
“ ဟုတ်ပြီ ။ မြေးလတ်ကရော…”
“ အင်း…ကလေးတွေ ကျောင်းက ပြန်လာရင် အိမ်ကို တန်းတန်းမတ်မတ်
ပြန်သင့်တယ် ။ ကလေးတွေချည်းပဲ
ချောင်းတွေရေတွေထဲ မဆင်းသင့်ဘူး ။ ညနေစောင်း
နေ၀င်ရီတရောမှာ နိမိတ်မရှိတဲ့စကားတွေ မပြောသင့်
ဘူး ။ ကိုယ် မတွေ့မြင်ရတာနဲ့ပဲ မယုံမကြည်စိတ်နဲ့
မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေကို မလေးမစားမဆင်မခြင်မပြော
သင့်ဘူး ။”
“ ကဲ…မြေးငယ်အလှည့် ။”
“ ဟင်…ဘွားကလည်း မတရားဘူး ။ သားအလှည့်ကျရင် ပြောစရာ
ဘာမှမကျန်တော့တာ သိသားနဲ့ မေးနေ
တယ် ။ သူတို့ အကုန်ပြောသွားပြီလေ ။ သားက အမြဲ
နောက်ဆုံးချည်းပဲ ။ ဘာမှလည်း ပြောစရာ မရှိတော့
ဘူး ။”
ကျွန်တော်က
ဆူဆူပုတ်ပုတ်မျက်နှာကြီးနဲ့ ပြောလိုက်တယ် ။
“ ဟဲ့..အဲ့ဒါကတော့ နင်က အငယ်ဆုံးကိုး ။ စောစောပြောချင်ရင်
စောစောထွက်လာပေါ့ ။”
မမလတ်က
ကြားထဲဝင်ပြီး ဟောက်စားလုပ်နေလို့ ကျွန်တော် လျှာထုတ်ပြီး ပြောင်ပြလိုက်တယ် ။
“ သြော်…စိတ်မညစ်ပါနဲ့ ငါ့မြေးငယ်ရယ် ။ သူတို့
အဓိကအချက်ကို မပြောရသေးပါဘူး ။ အဘွားက ငါ့မြေးထွေး
ပြောဖို့ ချန်ထားတာ ။ သေချာစဉ်းစားပြီး ပြောကြည့်
။”
“ အင်း…”
ကျွန်တော်က
တွေပြီး စဉ်းစားနေလိုက်တယ် ။ မမကြီးနဲ့မမလတ်ကလည်း ဘာများကျန်သေးလဲလို့ အသည်းအ
သန်စဉ်းစားနေကြပုံပဲ
။ အဘွားက ကျွန်တော့်ကို ပြုံးပြုံးကြီး စိုက်ကြည့်နေရင်း…
“ မြေးငယ်လေး ဘုရားရှိခိုးတဲ့ ဘုရားစာထဲမှာ ပါတယ်လေကွယ်
။”
ဟု
အရိပ်အမြွက်ပြောပြတယ် ။
“ အာ…သိပြီ ။ ဘုရား တရား သံဃာ ရတနာသုံးပါးကို အားကိုးရမယ်
။ အန္တရာယ်ကင်းအောင် ဘယ်သွားသွား
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ၊ သံဃံသရဏံ
ဂစ္ဆာမိလို့ ရွတ်ဖတ်ရမယ် ။ ဟုတ်တယ် မဟုတ်လား
ဘွား…”
“ ဟုတ်ပါ့ကွယ် ဟုတ်ပါ့ တော်လိုက်တဲ့ ငါ့မြေးလေး
။ မြေးတို့လည်း တော်ကြပါတယ်ကွယ် ။ ကဲ…ပုံပြင်လည်း
ပြီးပြီဆိုတော့ အိပ်ကြတော့နော် ။ ဘုရားရှိခိုးပြီးပြီလား
။”
“ ရှိခိုးပြီးပါပြီ ဘွား ”
“ အေး အေး ဒါဆိုလည်း အိပ်ကြတော့…”
ဟုဆိုပြီး
အဘွားလည်း ကျွန်တော်တို့အခန်းထဲကနေ ဘုရားခန်းဘက်ကို တရွေ့ရွေ့ထွက်ခွာသွားပါတော့တယ်
။
( အဘွားပြောပြသမျှ မှတ်မိသလောက် ဆက်လက်ရေးသားသွားပါဦးမယ် )
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။