Virus ကိုက်တဲ့ ရည်းစားစာ
( ၂၀၁၁-၂၀၁၂ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါသည် )
ရေးသူ - ဂါဦးနွန်းကို
-------------------------------------------------------------------------------------------
သူ……
. ပါးချိုင့်ကလေးတွေပေါ်အောင် ပြုံးတတ်သူ ။
. သွားတက်(သတက်)လေးတွေ မြင်အောင် ရယ်တတ်သူ ။
. သူများပြောရင် မျက်ဝန်းလေးတွေဝိုင်းအောင်ပင် အံ့သြပြတတ်သူ
။
. စိတ်ရှုပ်ရင် ခပ်အိအိသူ့ဆံပင်လေးတွေကို လက်နုနုလေးနဲ့
ဖွတတ်သူ ။
. စူးရှရှအကြည့်လေးတွေနဲ့ မိန်းကလေးတွေရဲ့အသည်းကို
ဆွဲခြွေတတ်သူ ။
. ပါးလျလျ နှုတ်ခမ်းလေးနဲ့ ကောင်မလေးတွေရဲ့ အချစ်ကို
ကစားတတ်သူ ။
သူ……။
ဇင်မင်းသူဆိုတဲ့ကောင်လေးဟာ
ကျွန်မဘဝထဲကိုလည်း တစ်ကြိမ်တစ်ခါ ဝင်ရောက်လာခဲ့ဖူးပါတယ် ။ တကယ်တော့
မဖြစ်နိုင်မှန်းသိပါလျက်နဲ့
ဇွတ်နှစ်ပြီးချစ်နေခဲ့မိတဲ့ ကျွန်မအပြစ်တွေပါပဲလေ ။
သူနဲ့ကျွန်မ စဆုံတွေ့ခဲ့ပုံက ပုံပြင်ဟောင်းတစ်ပုဒ်လိုပါပဲ
။ ထူးထူးခြားခြား ဆန်းဆန်းပြားပြားကြီး မဟုတ်ခဲ့ပါ
ဘူး
။ မြားနတ်မောင်ရဲ့လှည့်ကွက်နဲ့ ကံကြမ္မာမှော်ဆရာရဲ့magic ပညာတွေ မပါဝင်ခဲ့ဘဲ သူသူငါငါ
မြင်နေတွေ့နေ
ကျ
ဖြစ်နေကြုံနေကျပုံစံမျိုးအတိုင်းပဲ စတင်ဆုံတွေ့ခဲ့ကြတာပါ ။
အဲ့ဒီ့နေ့က ferry carတွေလာတဲ့ တော်ဝင်လမ်းမကြီးထက်မှာ
ကျွန်မ ကိုရီးယားမင်းသမီးတွေလို မူးပြီး ရမ်းခဲ့
တာ
မဟုတ်ပါဘူး ။ တရုတ်မင်းသမီးတချို့လိုလည်း ထိုက်ချိသိုင်းကွက် မနင်းခဲ့ဘဲ မြန်မာမင်းသမီးအများစုလို
သွေး
အားနည်းရောဂါနဲ့
မူးလဲခဲ့တာပါ ။
သူကလည်း
Twilightဇာတ်ကားထဲက vampireမင်းသားလိုမျိုး ဝေးဝေးလံလံကနေ တကူးတကကြီး ပြေးလာ
ခဲ့တာ
မဟုတ်ပါဘူး ။ အနီးအနားမှာ ရှိနေတာကြောင့် ကျွန်မ့ လဲကျနေရာဆီကို ခပ်သွက်သွက်လျှောက်လာပြီး
ကိုရီး
ယားမင်းသားတွေလို
ကုန်းမပိုးပါဘဲ မြန်မာမင်းသားဆန်ဆန် ဆွဲထူပွေ့ယူခဲ့တယ် ။
သူ့ရဲ့ ကူညီယုယမှုကြောင့်ပဲလား…ကျွန်မ့သူငယ်ချင်းတွေရဲ့ဘာမှမလုပ်တတ်ပါဘဲ
နဘေးနားကနေ အာကျယ်
အာကျယ်ဆူပူမှုကြောင့်ပဲလား…မသိ
။ ကျွန်မ ပြန်လည် သတိရလာတော့ သူ့ရဲ့ကူညီမှုတွေကို အားတုံ့အားနာနဲ့
ကျေးဇူးတွေတင်ပြီး
သူ့အပေါ် မေတ္တာတွေ ပိုကဲခဲ့မိတယ် ။ သူနဲ့ကျွန်မ ဇာတ်လမ်းက အဲ့ဒီ့က စခဲ့ကြတာပေါ့ ။
“ နှင်းမှုံဖြူ…နင်တို့ အခြေအနေက ဘယ်လိုလဲ ။”
သူ့ကို
ကျေးဇူးတင်တာကြောင့် နေ့စဉ်နဲ့အမျှ ကျေးဇူးတင်စကားသွားပြောရင်းက သူနဲ့ကျွန်မ တတွဲတွဲဖြစ်လာတော့
ကျွန်မ့သူငယ်ချင်းတွေက
ကျွန်မကို အထင်တကြီးနဲ့ ဝိုင်းမေးကြတာပေါ့ ။ ကျွန်မ သူတို့ရဲ့အမေးကို ဘာမှပြန်မဖြေဘဲ
ပြုံးတုံ့တုံ့လုပ်နေလိုက်မိတယ်
။
ဟုတ်လည်း ဟုတ်တယ်လေ ။ ကျွန်မ ပြန်ဖြေရအောင်ကလည်း
ကျွန်မတို့အခြေအနေက ဘာမှမှ မဟုတ်သေး
တာ
။ ယောက်ျားလေးဖြစ်တဲ့သူ့ဘက်က တစ်ခုခုရှေ့တိုးလာဖို့ပဲ မိန်းကလေးဖြစ်တဲ့ကျွန်မက မျှော်လင့်နေရမှာပေါ့
။
ဒီလိုနဲ့ သူနဲ့ကျွန်မ ခင်မင်မှုသက်တမ်း သုံးလေးလကြာတော့
ထူးခြားမှုတစ်ခု ဒါမှမဟုတ် ကံကောင်းမှုတစ်ခုက
ကျွန်မ့ဆီကို
ဆိုင်းမဆင့်ဘုံမဆင့် ရောက်ရှိလာပါတော့တယ် ။ ကျွန်မ့စိတ်ကူးထဲမှာတော့ မြားနတ်မောင်ရဲ့မြားချက်
က
သူ့နှလုံးသားထဲကို တန်းတန်းမတ်မတ်ကြီး စိုက်ဝင်သွားတဲ့ပုံရိပ်တွေပဲ ထပ်ခါတလဲလဲမြင်ယောင်ရင်း
ပျော်ရွှင်
သွားမိတော့တာပေါ့ရှင်
။
အို…မယုံနိုင်စရာပါပဲ
။ ကျွန်မ ကိုယ်လိုရာဆွဲတွေးပြီး အိပ်မက်မက်နေတာများလား ။ သူ့မျက်နှာကို မ၀ံ့မရဲခိုး
ကြည့်လိုက်တော့
တကယ့်ကို ပကတိရိုးသားဖြူစင်နေလိုက်တာများ ချစ်ခွင့်ပန်နေသူတစ်ယောက်နဲ့ လားလားမှ
မတူဘူး
။ မသိရင် အစ်မဆီက မုန့်ဖိုးတောင်းနေတဲ့ ကလေးလေးတစ်ယောက်လိုပဲ…။ ဟော…ပါးနှစ်ဖက်က ခပ်ခွက်
ခွက်ပါးချိုင့်လေးနှစ်ဖက်ပေါ်တဲ့အထိ
သူ ပြုံးလိုက်ပြန်ပြီ ။
အဖြစ်အပျက်က
မြန်ဆန်လွန်းလို့ ကျွန်မ့ကိုကျွန်မ ယုံကြည်လာအောင် မနည်း ကြိုးစားနေမိတယ် ။ သူ့မျက်နှာကို
ငေးကြည့်နေရာက
ရုတ်တရက် ကိုယ့်ကိုကိုယ် မလုံမလဲခံစားလိုက်ရလို့ ခေါင်းငုံ့လိုက်မိတယ် ။ ကျွန်မ ရှက်လွန်းလို့
ခေါင်းငုံ့နေရာက
ရှက်သွေးဖြာတဲ့မျက်ဝန်းတွေနဲ့ သူ့မျက်နှာကို မရဲတရဲမော့ကြည့်ပြန်တော့ သူ့ပုံစံက ပီတိကလေး
လေးလိုပဲ…ရဲတင်းပွင့်လင်းနေလိုက်တာ
။ ကော်ရစ်တာမှာရပ်ပြီး ကျွန်မ့ဆီကို လက်တစ်ဖက်ဆန့်တန်းပေးနေရင်း…
“ ဟဲ့…မြန်မြန်ယူလေ
။ ငါ လက်ညောင်းလှပြီ ။” တဲ့…
ကျွန်မ့အတွက်နဲ့
သူ့ကိုယ်သူ ဒီကျောင်းရဲ့နာမည်ကြီးတစ်ယောက်ဆိုတာကို မေ့များသွားပြီလား ?
သူက ကိုရီးယားမင်းသားတွေလို ဒူးထောက်ပြီး လက်ထပ်လက်စွပ်ပေးတာ
မဟုတ်ပါဘူး ။ ကုလားမင်းသားတွေ
လိုလည်း
သီချင်းလေးနဲ့ ချစ်တယ် မပြောဘဲ မြန်မာလူမျိုးပီပီ ရည်စားစာလေးရေးပြီး ကျွန်မ့ကို လာပေးတာပါ
။
သူ့လို ကျောင်းက နာမည်ကြီးkingတစ်ယောက်ကပေးတဲ့
ရည်းစားစာမို့ ကျွန်မ မယုံမရဲဖြစ်နေမိသေးတာကြောင့်
ချက်ချင်း မယူဘဲ သူ့မျက်နှာကို ငေးကြောင်ကြည့်နေမိတော့
သူက သူ့ရဲ့ချစ်စဖွယ်အသံလေးနဲ့…
“ နင်ကလည်း
မြန်မြန်ယူလေ ။ ဘာဖြစ်နေတာလဲ…” တဲ့လေ ။
ကျွန်မလည်း
ကြာကြာအိုင်တင်ခံမနေတော့ဘဲ သူ့လက်ထဲက စာကို ခပ်မြန်မြန်လှမ်းယူလိုက်တယ် ။ စာထဲမှာ
ဘာတွေများ
ရေးထားပါလိမ့် ။ ကျွန်မကို ချစ်တဲ့အကြောင်းတွေများ ထပ်တလဲလဲ ရေးထားလေမလား…ကျွန်မ တွေး
နေရင်းပင်
ရင်ခုန်လာမိတယ် ။ အဲ့ဒီ့နောက်တော့ ကျွန်မ သူ့မျက်နှာကို မကြည့်ရဲသေးလို့ သူ့ရှေ့က ပြေးထွက်လာခဲ့
လိုက်တယ်
။ အမှန်တော့ ဝမ်းသာလုံးဆို့နေတဲ့ ကျွန်မ့မျက်နှာကြီးကို သူ မမြင်တွေ့သွားစေချင်တာလည်း
ပါတာပေါ့
လေ
။
“ ဟဲ့…သူ
ငါ့ကို စာပေးလိုက်တယ် ။ ဒီမှာကြည့်စမ်း…”
အပိုးမသတ်နိုင်သေးတဲ့မျက်နှာကြီးနဲ့
အခန်းထဲကို ပြေးဝင်လာပြီး ကျွန်မ လက်ထဲကစာကို ထောင်ပြရင်း သူငယ်
ချင်းအားလုံးကို
ကြွားလိုက်တယ် ။ သူတို့က …
“ မှန်းစမ်း ဖတ်ပြပါဦးဟာ ။ kingပေးတဲ့ရည်းစားစာက
လန်း မလန်း…ဘယ်လိုလဲ သိချင်လို့ပါ…”
ဆိုတော့
ကျွန်မက…
“ဟင်…နင်တို့ကလည်း ။ ရှက်လို့ပါဆို…အတင်းဖတ်ခိုင်းနေကြပြန်ပြီ
။”
လို့
ဆိုရင်း မူနေလိုက်သေးတယ် ။ ဒါပေမဲ့ ကျွန်မ့ကိုယ်တိုင်ကလည်း ဖတ်ချင်လွန်းနေတာကြောင့်
ကြာကြာ မမူနိုင်
တော့ဘဲ
ဖွင့်ဖတ်လိုက်တယ် ။ စာရွက်လေးက ရေမွှေးနံ့လေး သင်းလို့…
သို့…
ချစ်ရပါသော နှင်းမှုံဖြူ…
ကိုယ့်စိတ်တွေ မင်းကြောင့် ယောက်ယက်ခတ်ပြီး
virusကိုက်သလို ခံစားနေရတယ်ကွာ ။ ကိုယ်သာ windowဖြစ်နေခဲ့
ရင်တော့ formatချပြီး အသစ်တင်ပစ်လို့ရပေမဲ့
ခုတော့ ကိုယ်က နှလုံးသားနဲ့အရှုံးသမား ဖြစ်နေတာကြောင့် ခုလို့ မင်းနဲ့
linkချိတ်နိုင်ဖို့ ဇင်မင်းသူကို အကူအညီတောင်းခဲ့ရတာပါ
။ ဖြစ်နိုင်မယ်ဆိုရင်လေ ကိုယ့်ရဲ့နှလုံးသားdataတွေကို မင်းရဲ့
memoryထဲမှာ ထာဝရsaveပေးပါနော် ။ temporary
storageထဲ ခဏထည့်ပြီး delete မလုပ်ပစ်လိုက်ပါနဲ့ ။ တကယ်
လို့ ကိုယ့်ရဲ့အချစ်dataတွေကို မင်းရဲ့memoryက
recycle binထဲ ပစ်ထည့်လိုက်ရင်တောင် ကိုယ်က ပြန်ပြီး restore
လုပ်နိုင်အောင် ကြိုးစားမယ့်သူပါ ဖြူ
။ နောက်ပြီး ကိုယ့်အချစ်တွေကို အလွယ်တကူ မပျောက်ပျက်သွားအောင်
copy
pasteတွေ နေရာတိုင်းမှာ အများကြီး လုပ်ထားတဲ့သူပါကွယ်
။ ဖြစ်နိုင်မယ်ဆိုရင်လေ မင်းနဲ့ကိုယ် ဆုံတွေ့ခဲ့တဲ့ ဟိုးတစ်
နေ့က အချိန်လေးကို ကိုယ့်ဘ၀ထဲမှာ ထာဝရloopပတ်ထားလိုက်ချင်တယ်
။ ကိုယ့်အသားက မဲပေမဲ့ အသည်းနှလုံးက
တော့ ဝင်းလက်နေပါတယ်…ဖြူ ။ ကိုယ့်အသားအရောင်ကြောင့်များ
ဖြူ စိတ်ပျက်သွားရင်လေ ကိုယ့်ကိုကိုယ်
blur
toolနဲ့ ဝါးပစ်ပြီး dodge toolနဲ့ ပြန်ဖြူလာအောင်
လုပ်ပေးဆိုလည်း လုပ်ပေးပါ့မယ်လေ ။ ကိုယ့်ရဲ့၀၀ဖိုင့်ဖိုင့်ခန့်ခန့်ညား
ညား ဒီခန္ဓာကိုယ် အချိုးအစားကိုများ သဘောမကျရင်
photoshopနဲ့ ပြန်ပြင်ကြည့်ပေးပါမယ်ကွာ ။ ဖြူသာ ပြန်မချစ်ရင်
တော့ ကိုယ့်ခန္ဓာထဲမှာရှိနေတဲ့
electric circuitတွေကို တစ်ပြိုင်နက်ထဲ openနဲ့short လုပ်ပစ်လိုက်မယ် ။ ဖြူ ကိုယ့်ကို
သနားရင် ပြန်ချစ်ပါနော် ။ ဟင့်…ဟင့်…
PS…ကိုယ်ရေးထားတဲ့ရည်းစားစာထဲမှာ ကွန်ပျူတာနဲ့
ပတ်သက်တဲ့ အသုံးအနှုန်းများ မှားယွင်းနေတာရှိရင် ဟိုကောင်
King ဇင်မင်းသူကိုသာ အပြစ်တင်ပါနော် ။ ကိုယ်က
စာသိပ်မရတော့ နှစ်ကျဖြစ်တဲ့သူ့ကိုပဲ မေးမေးပြီး ရေးနေရ
တာ ။ တစ်ခန်းလုံးလှည့်ပြီး မေးချင်ပေမဲ့ ဖြူ့ရဲ့သိက္ခာကို
ငဲ့ကွက်ပြီး သူ့ကိုပဲ မေးနေရတယ်လေ ။
ချစ်နေမဲ့
အိုစမာ ဗားမား ဘင်လာဒင်…
“ ဘာ ! အား……”
စာအဆုံးမှာတော့ ကျွန်မ ကြုံးအော်လိုက်တဲ့အသံက
တစ်ခန်းလုံးတောင် လန့်သွားတယ် ။ ကျွန်မမှာတော့ ဇင်မင်း
သူ
ပေးလိုက်တဲ့ရည်းစားစာထင်လို့ ပျော်ရွှင်လိုက်ရတာ ။ အခုတော့ သူ့သူငယ်ချင်း သရားကလဲအတွက်
သူက ကြား
ထဲကနေ
မြားနတ်မောင် အောင်သွယ်တော်ကြီး လုပ်ပေးသတဲ့လေ ။
နောက်နေ့တွေ့မှ အသေသတ်ပစ်မယ်လို့ ကြုံးဝါးထားပေမဲ့
အဲ့ဒီ့အချိန်ကစပြီး ဇင်မင်းသူကို ကျွန်မ မတွေ့မိတော့
ပါဘူး
။ ပိုက်ဆံကုန်မှာကြောက်လို့ canteenမထိုင်တဲ့ကျွန်မနဲ့ ဆယ်နှစ်ရာသီပတ်လုံး canteenထိုင်တဲ့သူ
မတွေ့တာ
အဆန်း
မဟုတ်ပါဘူးလေ ။
အင်း ! ဟုတ်တယ်။
သွားတက်လေးနဲ့ပါးချိုင့်လေးပါတဲ့ ဇင်မင်းသူဆိုတဲ့ဒီကောင်လေးက ကျွန်မလို ကောင်မလေး
တော်တော်များများရဲ့အသည်းကို
ဒီလိုပဲ ခွဲခဲ့ဖူးတယ် ။
စေတနာရှေ့ထားလျက်…