ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၃)
စိတ်အားထက်သန်မှုနောက်ကို လိုက်သူများ
(၂၀၁၅ခုနှစ် နိုဝင်ဘာ(၉)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ အတွေးအမြင်ကဏ္ဍတွင် ဖော်ပြခြင်းခံရသောဆောင်းပါးဖြစ်ပါသည်)
ဂါဦးနွန်းကို ........... သုံးသပ်ရေးသားသည် ။
-----------------------------------------------------------------------------------------------------------------
“
တွက်ချက်မှုအရဆိုရင် ဒီနိုင်ငံမှာ တစ်နာရီခွဲတိုင်း ကျောင်းသားတစ်ယောက်မဟုတ်တစ်ယောက်
စိတ်ဖိစီးမှုကြောင့် သတ်သေ
နေကြတယ် ဆရာ ။ ရောဂါကြောင့် သေရတာလည်း မဟုတ်ဘူး
။ ဒီပုံအတိုင်းဆိုရင် ပညာရေးစနစ်မှာ တစ်ခုခုတော့ မှားယွင်း
နေပြီ ။”
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
စိတ်ဝင်စားစရာအကြောင်းအရာတွေ
၊ ကြည့်ရှုသူတိုင်းရဲ့ရင်ကို လှုပ်ခတ်တုန်ခါသွားစေမယ့်-ဇာတ်ကွက်တွေနဲ့ ဆွဲဆောင် မှုရှိရှိ
တင်ဆက်ထားတဲ့ ဒီဇာတ်ကားလေးကိုတော့ စာဖတ်သူတော်တော်များများ ကြည့်ဖူးကြပါလိမ့်မယ် ။
ပညာရေးစနစ်ကို ဖိနှိပ် ချုပ်ချယ်မှုတွေ ၊ တစ်ဖက်စောင်းနင်းနိုင်မှုတွေ ၊ တယူသန်မှုတွေနဲ့
တည်ဆောက်ထားကြတဲ့နိုင်ငံတိုင်းနဲ့ သက်ဆိုင်စေမယ့်-ပြုပြင် သင့်တဲ့အချက်တွေကို ရဲရဲတင်းတင်း-မီးမောင်းထိုးပြထားတဲ့
ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ပြောပြချင်တဲ့နိုင်ငံတကာရုပ်ရှင် ခေါင်းစဉ် အောက်ကို ထည့်ဖြစ်ခဲ့ပါတယ်
။ ဇာတ်ကားနာမည်ကတော့ “ 3 idiots ”ပါ ။
မွေးဖွားလာကတည်းက
ကြီးလာရင် အင်ဂျင်နီယာဖြစ်ရမယ်-လို့ မိဘတွေရဲ့
သတ်မှတ်ပေးမှုကို ခံယူခဲ့ရတဲ့ ဘာရန် ။
မိဘ များရဲ့ဖိအားပေးမှုနဲ့အတူ ICEတက္ကသိုလ်ကို ရောက်လာခဲ့တယ် ။ အဲဒီမှာပဲ ဥာဏ်အလွန်ထက်ပြီး
မှားယွင်းတဲ့အစဉ်အလာတွေ ကို ဆန့်ကျင်ဝံ့တဲ့ ၊ အကြောက်အလန့်ကင်းသူ-ရန်ချိုကို တွေ့မြင်ခဲ့ပါတယ် ။ အမေးအမြန်းထူပြီး
ဥာဏ်ပြေးလွန်းတဲ့ရန်ချိုကြောင့် ကျောင်းဆရာတွေ အခက်တွေ့ကြရရှာတယ် ။ စာအုပ်ထဲကအကြောင်းအရာလောက်ပဲ
လေ့လာပြီး ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင် ၊ ပါဝါအာဏာပြချင်လွန်းတဲ့ဆရာတချို့ခမျာ ရန်ချိုရဲ့
သာသာနဲ့နာနာနှက်မှုကို ခံရတဲ့အတွက် အောင့်သက်သက်ဖြစ်ကြရပါ တယ် ။ ဒါ့ကြောင့်လည်း ရန်ချို့အပေါ်
အမြင်မကြည်ကြပါဘူး ။
ရန်ချိုနဲ့တစ်ခန်းတည်းအတူနေတဲ့
အခန်းဖော်နှစ်ယောက်အနက် ရာဂျူးဟာ အင်မတန်ကြောက်တတ်သူပါ
။ သူ့တစ်ကိုယ် လုံး အဆောင်ပစ္စည်းမျိုးစုံဝတ်ဆင်ထားတတ်တဲ့-ရာဂျူးက အစပိုင်းမှာ ရန်ချို့ရဲ့ရဲတင်းမှုအပေါ်
မနှစ်ခြိုက်ခဲ့ပေမဲ့ ရင်းနှီးသွားတဲ့အခါ ရန်ချိုဟာ စိတ်နှလုံးမွန်မြတ်ပြီး ဘဝကို မှန်မှန်ကန်ကန်သုံးသပ်တတ်သူမှန်း
သိမြင်သွားခဲ့ပါတယ် ။ လွတ်လပ်မှုကို မြတ်နိုးတဲ့ ၊ မိဘတွေကြောင့်သာ ဒီတက္ကသိုလ်ကို ရောက်လာခဲ့ရတဲ့-ဓာတ်ပုံဝါသနာရှင်-ဘာရန်ကတော့
ရန်ချို့ရဲ့လုပ်ပုံကိုင်ပုံ ရဲရင့်ပုံတို့ကို အားကျလေးစားနေခဲ့တာပါ ။ ဆရာတွေအပေါ် ကြောက်စိတ်နဲ့
သိသိ/မသိသိ စာအုပ်ကြီးအတိုင်း လုပ်နေရတဲ့ ကျောင်းသားဘဝ ကနေ လွတ်မြောက်အောင် ကိုယ်တိုင်
မကြိုးပမ်းနိုင်ပေမဲ့ ရန်ချို့လိုသတ္တိခဲအတွက် ကြိတ်,ကြိတ်ပြီး ဂုဏ်ယူနေမိသူပေါ့ ။
ICEတက္ကသိုလ်ရဲ့ဒါရိုက်တာကျောင်းအုပ်ကြီးက
ဗီရူးဖြစ်ပါတယ် ။ ဗီရူးက အလွန်ပဲ အလုပ်လောဘကြီးပြီး
တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ ကျောင်းသားတွေအပေါ် ချုပ်နှောင်ထားချင်သူပါ ။ အဲဒီလို တယူသန်လွန်းလို့လည်း
ကျောင်းသားတွေက သူ့ကွယ်ရာမှာဆို ဗိုင်းရက်စ်လို့တောင် နာမည်ပြောင်ပေးထားကြလေရဲ့ ။ သူက
ကျောင်းသားတွေကို ကြင်နာသနားတတ်အောင် ၊ ကိုယ်ချင်းစာနာတတ်အောင် သင်ကြားမပေးဘဲ ရက်စက်တတ်
၊ အနိုင်ယူတတ်အောင် ဆိုဆုံးမခဲ့ပါတယ် ။
ကျောင်းအုပ်ဆရာကြီး-ဗီရူးရဲ့အလွန်အကျူးစည်းကမ်းတင်းကြပ်မှုကြောင့်
ပညာရှင်ကျောင်းသားတစ်ယောက်ခမျာ အကြီး အကျယ်စိတ်ထိခိုက်ကာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်
။ အဲဒီအခန်းက တကယ့်ကို ရင်နင့်စရာပါပဲ ။ ကခုန်ပျော်ပါးနေရာ ကနေ ရုတ်ချည်းဆိုသလို ကြိုးတန်းလန်းနဲ့သေနေတဲ့
ကျောင်းသားရဲ့အဖြစ်ကို တွေ့မြင်လိုက်ရတဲ့အခိုက် ကျောင်းသားအားလုံး ရဲ့မျက်နှာတွေ ဖရိုဖရဲဖြစ်သွားခဲ့ကြပုံက
တကယ်ပဲကြေကွဲဖို့ကောင်းလှပါတယ် ။ တီထွင်မှု အားကောင်းတဲ့-ပညာရှင်ကျောင်းသား တစ်ယောက်
လေးလံတဲ့ဖိအားပေးမှုတွေကြောင့် ဘဝကို အဆုံးစီရင်သွားခဲ့တဲ့ဖြစ်ရပ်…။ ဘယ်လောက် နှမြောဖို့ကောင်းလိုက်
သလဲ ။ ဒီကျောင်းသားလေးရဲ့မိဘတွေခမျာ ဘယ်လောက်များ ရင်နာလိုက်မလဲ ။
“ ဆရာ ကံကောင်းပါတယ် ။ ဆရာဝန်တွေက လည်ပင်းမှာ တင်းကြပ်မှု
များသွားလို့ သေရတာ ၊ ကိုယ့်ကိုယ်ကို သတ်သေမှုပါလို့
မှတ်တမ်းမှာ ရေးထားပေမဲ့ တကယ်တော့ (၄)နှစ်လုံးလုံး
ဦးနှောက်ထဲမှာ တင်းကြပ်မှုတွေ ပြည့်နှက်နေခဲ့တာကို ဘယ်သူမှ မသိ
ကြပါဘူး ။ ဒီကိစ္စက လူသတ်မှုပါ ။ အဲဒီနေရာကို
အလွန်အမင်းဖိအားပေးညှင်းဆဲခဲ့သူက လူသတ်တရားခံပါ ။”
ရန်ချို့ရဲ့စကားကြောင့် ကျောင်းအုပ်ကြီးနဲ့သူ
ပြဿနာတွေ တက်ခဲ့ကြပါတယ် ။ ရန်ချိုက သူ့အယူအဆတွေ ၊ အတွေးအမြင်တွေ ကို ရှင်းလင်းအဆိုပြုခဲ့ပေမဲ့
ကျောင်းအုပ်ကြီးက လက်မခံတဲ့အပြင် ရန်ချိုနဲ့တွဲနေတဲ့ ဘာရန်နဲ့ရာဂျူးကိုပါ အပြစ်ရှာလာပါတော့
တယ် ။
ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့
ကြက်တူးရ်ရဲ့အကြောင်းကိုလည်း မပါမဖြစ်
ထည့်ပြောရပါဦးမယ် ။ လွဲမှား တဲ့ပညာရေးစနစ်နဲ့ အံဝင်ခွင်ကျဖြစ်နေသူ-ကြက်တူးရ်ကတော့
စာမေးပွဲမှာ အမှတ်ကောင်းရဖို့အတွက် နည်းမျိုးစုံကို အသုံးပြုဝံ့သူ တစ်ယောက်ပါ ။ ကိုယ်တိုင်အမှတ်ကောင်းရအောင်
ကြိုးစားနိုင်ရင်ကြိုးစား ၊ မကြိုးစားနိုင်ရင် သူများ အမှတ်နည်းအောင် ဒုက္ခပေးဖို့ လက်မတွန့်သူပေါ့
။ လမ်းလွဲပညာရေးစနစ်ဟာ လူဆိုးလူညစ်တွေ ပေါက်ဖွားအောင်မြင်လာအောင်
ရေးဆွဲထားသလိုပါပဲ-ဆိုတဲ့ အချက်ကို ဒီဇာတ်ကားလေးမှာ အထင်တရှားတွေ့မြင်ရစေပါတယ်
။
“ ခင်ဗျားတို့က ဗဟုသုတများနေတာ မဟုတ်ဘူး ။ ဖိအားများနေတာ
။ အဆင့်(၁)ရတော့ကော ဘာလုပ်ဖို့လဲ ။ ဒီကျောင်းမှာ
အကြံဥာဏ်သစ်ကို ဘယ်သူမှ စိတ်မဝင်စားကြဘူး ။
အမှတ်အကြောင်းပဲ ပြောနေကြတယ် ။ ဒီမှာက ပညာသင်ပေးနေတာ
မဟုတ်ဘူး ။ အမှတ် ရအောင် ဘယ်လိုလုပ်မလဲဆိုတာပဲ
သင်ပေးနေတာ ။”
“ ကျားကိုတောင် ကြာပွတ်နဲ့ရိုက်သင်ရင် ထိုင်တတ်သေးတာပဲ
။ အဲဒါကို ကောင်းကောင်းသင်ယူနိုင်တယ်လို့ပဲ ခေါ်လို့ရမယ် ။
ပညာရှင်(ပညာတတ်တယ်)လို့ မခေါ်နိုင်ဘူး ။”
“ ဖွဲ့စည်းပုံစနစ်တစ်ခုလုံးကိုက မကောင်းတာ ။ ကလေးတွေကျနေတာပဲ
။ (A)ခန်း(B)ခန်း ခွဲနေတယ် ။ အဆင့်အလိုက် ထိုင်ရ
တယ် ။”
တက္ကသိုလ်တစ်ခုရဲ့ဖြစ်သင့်ဖြစ်ထိုက်တဲ့အနေအထားနဲ့
သွေဖယ်နေတဲ့အချက်တွေကို ရန်ချိုက ထောက်ပြခဲ့ပါတယ် ။ အောင်မြင် မှုနောက်ကို မလိုက်ဘဲ တတ်မြောက်မှုနောက်ကိုသာ လိုက်သင့်ကြောင်း ၊
တကယ် ပညာတတ်ဖို့ပဲ အရေးကြီးကြောင်း ၊ စာမေးပွဲ မှာ အမှတ်ကောင်းမှ အလုပ်ကောင်းရမှာ မဟုတ်ဘူး
၊ လူတွေကို အလုပ်ပေးမယ့်ကုမ္ပဏီဆိုတာ ရှိမှာပဲ ၊ စက်ရုပ်တွေအတွက်သာ အလုပ်ရှိတာ မဟုတ်ကြောင်း-စတဲ့
လွဲမှားချက်တွေကို တစ်ကွက်ပြီးတစ်ကွက် ပြသသွားခဲ့ပါတယ် ။
အမှတ်အနည်းဆုံးဖြစ်တဲ့
ဘာရန်နဲ့ရာဂျူးကို ကျောင်းအုပ်ကြီးက အတန်းထဲမှာ အရှက်ခွဲခဲ့လို့ သူ့တို့လူရွတ်သုံးယောက်
အရက်တွေမူးပြီး ကျောင်းအုပ်ကြီးအိမ်ရှေ့မှာ အပြစ်တွေ လုပ်ခဲ့မိပါတယ် ။ ကျောင်းအုပ်ကြီးက
သူတို့(၃)ယောက်အနက် အားနည်း ချက် အများဆုံးရှိတဲ့-ရာဂျူးကို ခေါ်ပြီး ကျောင်းထုတ်ခံမလား ၊ ဒါမှမဟုတ် အပြစ်တွေအားလုံး
ရန်ချို့အပေါ် ပုံချမလား-လို့ ခြိမ်းခြောက်ခဲ့ပါတယ် ။ ဖခင်ရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့-ရန်ချို့အပေါ်လည်း
သစ္စာမဖောက်နိုင် ၊ မိဘကိုလည်း မျက်နှာမပြ ဝံ့တော့တဲ့-ရာဂျူးခမျာ ဆောက်တည်ရာမရဖြစ်ပြီး
နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို သတ်သေသွားပါတော့တယ် ။
ဒီအခန်းက ဇာတ်တစ်ခုလုံးရဲ့အထွတ်အထိပ်လို့
ဆိုရပါလိမ့်မယ် ။ စိတ်ဝင်စားစရာ-စိုးရိမ်တုန်လှုပ်စရာ ။ နောက်ပြီး ကရုဏာသက်စရာလည်း
ကောင်းလှပါတယ် ။ နေရာတကာမှာ ပါးနပ်သိမြင်လွယ်တဲ့ ၊ သူငယ်ချင်းကောင်းပီသတဲ့-ရန်ချို-ဟာ
ကြည့်ရှုသူအဖို့ အတုယူချင်စရာ၊ လေးစားချင်စရာပါပဲ ။ (၃)ထပ်တိုက်ပေါ်က ခုန်ချခဲ့တာမှန်ပေမဲ့
ခုန်ချတဲ့အခိုက် ဝါယာကြိုးက ခြေထောက်မှာ လာငြိနေလို့ အရှိန်လျော့ပြီး အသက်သေလောက်တဲ့အထိ
မဖြစ်ခဲ့ပေမဲ့ ရာဂျူးရဲ့တစ်ကိုယ်လုံးကအကြောတွေ သေ သွားခဲ့ပါတယ် ။
ရာဂျူး ပြန်ကောင်းလာအောင်
သူငယ်ချင်း(၂)ယောက် အစွမ်းကုန်ကြိုးစားကြပုံက ကြည့်ရှုသူတိုင်းအတွက် မျက်ရည်ဝဲရ မတတ်ပါပဲ
။ ရန်ချိုရဲ့ စိတ်ဓာတ်တက်ကြွလာအောင် ပြောဆိုတတ်မှု ၊ ဘာရန်ရဲ့ကူညီအားပေးမှုတွေကြောင့်
လအနည်းငယ်ကြာ တဲ့အခါ ရာဂျူး ပြန်ကောင်းလာပါတယ် ။ နေကောင်းလာပြီးနောက် သူတို့ထားခဲ့တဲ့ကတိစကားအတိုင်း
ရာဂျူးက ကြောက်တတ် တဲ့စိတ် ၊ အားကိုးရှာတတ်တဲ့စိတ်ကို စွန့်လွှတ်လိုက်သလို ဘာရန်ဟာလည်း
သူ့ဝါသနာအတိုင်း ဓာတ်ပုံပညာရှင်ဘဝနဲ့ စိတ်အား ထက်သန်မှုနောက်ကိုလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်
။
ရန်ချိုဟာ ကျောင်းသားဘဝမှာ
ချစ်သူနဲ့ မပေါင်းဖက်ရရှာပါဘူး ။ ကျောင်းအုပ်ကြီးရဲ့သမီး-ပီးယားနဲ့ ချစ်သူတွေဖြစ်ခဲ့ကြ
ပေမဲ့ ဘဝမှန်ကို ပြောပြဖို့မဖြစ်နိုင်တဲ့-ရန်ချိုခမျာ ဘွဲ့ရအပြီးမှာ အားလုံးနဲ့ဝေးရာဆီ
ထွက်ပြေးသွားခဲ့ပါတယ် ။ ဒါပေမဲ့ ဘွဲ့မရခင်မှာပဲ ကျောင်းအုပ်ကြီး အမြင်မှန်ရအောင် သူ
လမ်းပြနိုင်ခဲ့တယ် ။ မိုးတွေ ရွာနေတဲ့ညတစ်ညမှာ ကျောင်းအုပ်ကြီး-သမီး(ပီယားရဲ့အစ်မ)
ကို ကလေးမွေးပေးရဖို့ အကြောင်းဖန်လာပါတယ် ။ မိုးက သည်းလွန်းတော့ ဆေးရုံကားလည်း မလာနိုင်
၊ ဆရာဝန်ကလည်း အနား မရှိဖြစ်နေချိန်မှာ ရန်ချိုရဲ့ဖြတ်ထိုးဥာဏ်ကြောင့်သာ ကလေးရောအမေပါ
လက်မတင်လေး အသက်ရှင်ခဲ့တာပါ ။ ကျောင်းသားတွေ ရဲ့အကြံဥာဏ်သစ်တွေအပေါ် အယုံအကြည်မရှိခဲ့တဲ့ကျောင်းအုပ်ကြီးလည်း
အဲဒီအခါမှပဲ လက်ခံသွားပါတော့တယ် ။
ဇာတ်အိမ်က ပညာသားပါရုံသာမက
လှည့်ကွက်တွေနဲ့လည်း ပြည့်နှက်နေပါသေးတယ် ။ ဇာတ်လမ်းအစကို အသက်(၃၀) ကျော် လူလတ်ပိုင်းယောက်ျား(၃)ယောက်
တွေ့ဆုံပြီး ရန်ချို့ကို ရှာဖွေပုံနဲ့ စတင်ထားကာ ဇာတ်ကြောင်းပြန်လိုက် ၊ ပစ္စုပ္ပန်မှာ
ရန်ချို ရှိနေနိုင်မယ့်လိပ်စာဆီ သွားလိုက်နဲ့ စိတ်ဝင်စားဖွယ် ဖန်တီးထားပါတယ် ။ သိထားတဲ့လိပ်စာအတိုင်း
ရန်ချို့ကို သွားရှာတဲ့ အခါ တွေ့တော့တွေ့ပေမဲ့ အဲဒီလူက သူတို့သူငယ်ချင်း-ရန်ချို မဟုတ်ပါဘူး-တဲ့
။ ဒီအခန်းက မျက်လှည့်ဆန်လွန်းပါတယ် ။
-
နာမည်ရော၊ မိဘအမည်ရော၊ ဘွဲ့ဓာတ်ပုံပါ မှန်နေလျက်သားနဲ့ အဲဒီလူက သူတို့သူငယ်ချင်း-ရန်ချိုရဲ့မျက်နှာ
မဟုတ်တဲ့ကိစ္စဟာ
ဘယ်လောက်များ ထူးဆန်းလိုက်သလဲ ။ ဘယ်လိုဖြစ်ရတာလဲ
။
အမှန်တော့ သူတို့သိထားတာ ရန်ချို မဟုတ်ဘဲ
ချိုတေးဖြစ်နေပါတယ် ။ ရန်ချို-အမည်ခံ-ချိုတေးက
မိဘမဲ့ပါ ။ သူဌေးအိမ်မှာ နေ ရင်း စာပေကို စိတ်ဝင်စားလွန်းလို့ သူဌေးသားရဲ့ကျောင်းအင်္ကျ
ီတွေကို ခိုးဝတ်ပြီး စာခိုးသင်ခဲ့သူပေါ့ ။ ပညာရေးမှာ ပါရမီရှိနေတဲ့-ချိုတေးကို သူဌေးက
တက္ကသိုလ်မှာ သူ့သားအမည်နဲ့ တက်ရောက်သင်ကြားစေပြီး သူဌေးသားအတွက် အင်ဂျင်နီယာဘွဲ့ကို
ယူ ပေးစေပါတယ် ။
ချိုတေးက ဘွဲ့လက်မှတ်ကို
သူ့နာမည်အစစ်နဲ့ မရခဲ့ပေမဲ့ တက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ပညာတွေကိုတော့ ရခဲ့ပါ တယ်
။ ဒါ့ကြောင့်လည်း သူက အမြဲပြောခဲ့တာပါ ။ စိတ်အားထက်သန်မှုနောက်ကိုပဲ လိုက်ပါ…အမှတ်တွေ၊ဘွဲ့တွေက
အရေးမကြီး ပါဘူး ။ လိုချင်တဲ့ပညာရပ်ကို တတ်မြောက်ဖို့ကပဲ အဓိကပါ-တဲ့ ။ ဒီစကားအတိုင်းပါပဲ
။ သူဟာလည်း ဘွဲ့လက်မှတ် တကယ်မရခဲ့ ပေမဲ့ ပညာရှင်တစ်ယောက် ဖြစ်သွားခဲ့ပါတယ် ။
ဇာတ်သိမ်းကိုလည်း
ပရိသတ် စိတ်ကျေနပ်အောင် တီထွင်ထားပါသေးတယ် ။ ရန်ချို-တစ်ဖြစ်လဲ ချိုတေးကို လိုက်လံရှာဖွေ
နေတဲ့လူတစ်စုဟာ ရထားတဲ့လိပ်စာအတိုင်း ပင်လယ်ကမ်းစပ်အနီးက စာသင်ကျောင်းတစ်ကျောင်းဆီကို
ရောက်ရှိလာခဲ့ပါတယ် ။ ရန်ချို(ချိုတေး)ကို လိုက်ရှာနေတဲ့လူစုထဲမှာ ပီယားလည်း ပါဝင်လာပါပြီ
။ ပီယားကလည်း အကြောင်းမဲ့ပျောက်ကွယ်သွားတဲ့ ချစ်သူ ကို တွေ့ချင်နေသူပေါ့ ။ ရန်ချို(ချိုတေး)
တည်ထောင်ထားတဲ့ကျောင်းက အနုပညာ/အတတ်ပညာမှန်သမျှ ကိုယ် တတ်စွမ်းသလို လုပ်ကိုင်ခွင့်ရတဲ့
၊ ဦးနှောက်နဲ့နှလုံးသားကို ချုပ်နှောင်ထားခြင်းကင်းတဲ့-စာသင်ကျောင်းတစ်ကျောင်းပါ ။
စာရိတ္တ
တည့်မတ်အောင် ၊ မွန်မြတ်စိတ်ထား မွေးတတ်အောင် အဓိကထား သင်ကြားခြင်းမရှိဘဲ အကြောက်တရားနဲ့ချောက်ချားအောင်
ပြုစားထားတဲ့ လမ်းလွဲ ပညာရေးစနစ်ဆိုးရဲ့သဘာဝကို လှစ်ဟပြလိုက်သလိုပါပဲ ။ ဖိနှိပ်ခြင်းအန
္တရာယ်က လွတ်မြောက်မှပဲ ပညာရေးကဏ္ဍ ဖွံ့ဖြိုးမယ် ၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးမှသာ နိုင်ငံ တိုးတက်မယ်
၊ နိုင်ငံတိုးတက်ဖို့အတွက် လူငယ်တွေရဲ့စာရိတ္တ ၊ အတွေးအခေါ်နဲ့စိတ်ဓာတ်အင်အား ကောင်းမွန်အောင်
သင်ကြားပေးနိုင်တဲ့-ပညာရေးစနစ်မျိုး လိုအပ်တယ်-ဆိုတဲ့အချက်ကို ထင်ဟပ်စေပါတယ် ။
ဇာတ်လမ်းဖန်တီးသူ က ပညာရေးစနစ်မှာ လိုအပ်နေတဲ့အဓိကအချက်ကို ဒီအခန်းမှာ မြင်သာထင်သာရှိအောင်
ပြသထားတာလို့ ကျွန်မ ယူဆမိပါ တယ် ။
စာသင်ကျောင်းလိပ်စာကို
ရထားကတည်းက အားလုံးရဲ့စိတ်ထဲမှာ ရန်ချို(ချိုတေး)ကို ကျောင်းဆရာဖြစ်နေပြီလို့ ထင်နေ
ကြပေမဲ့ တကယ်တမ်းတော့ သူဟာ တစ်နိုင်ငံလုံးက စီးပွားရေးလုပ်ငန်းရှင်တွေ အပူတပြင်းစာချုပ်ချုပ်ချင်နေတဲ့-အထင်ကရ
သိပ္ပံ ပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပါတယ် ။ စိတ်အားထက်သန်မှုနောက်ကိုသာ လိုက်ပါ ။ အောင်မြင်မှုက
ကိုယ့်နောက်ကို လိုက် လာပါလိမ့်မယ်-ဆိုတဲ့စကားကို ဒီရုပ်ရှင်က ရိုးရိုးစင်းစင်းလေးပဲ
သက်သေပြသွားခဲ့ပါပြီ ။
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
လမ်းလွဲပညာရေးစနစ်ရဲ့မှားယွင်းချက်တွေကို
တစ်ချက်ချင်းစီ ထောက်ပြခဲ့ရုံသာမက ကျောင်းသားတွေရဲ့ခံစားချက် ၊ ဖိအား များမှုနဲ့လိုအပ်ချက်တွေကိုပါ
ထိထိမိမိပြသသွားခဲ့တဲ့ဒီရုပ်ရှင်ဟာ ဘာကြောင့်နာမည်ကြီးသလဲဆိုတာ အထူးညွှန်းပြဖို့ လိုလိမ့်မယ်
မထင်တော့ပါဘူး ။
ဒီဇာတ်ကားကတဆင့်
…
(၁)
- လွဲမှားတဲ့ပညာရေးစနစ်မျိုးကြောင့် ဆရာနဲ့တပည့်တွေကြား နားလည်မှုလွဲနေတယ် ။ ပြဿနာတွေ
များစေတယ် ။ ယုံကြည်မှုနဲ့
မေတ္တာတရား လျော့ပါးလာတဲ့-ဆက်ဆံရေးတွေကြောင့်
တိုးတက်မှုမှာ ခရီးဖင့်စေတယ် ။
(၂)
- စိတ်အားထက်သန်မှု နောက်ကို လိုက်ပါ ။ စိတ်ပါဝင်စားမှုကသာ အောင်မြင်မှုအစစ်အမှန်ကို
ဖြစ်ထွန်းစေပါလိမ့်မယ် ။
(၃)
- ကိုယ့်ရွေးချယ်မှုအတွက် ကိုယ် တာဝန်ယူရဲရမယ် ။ တစ်ခါတလေ နောင်တရစရာတွေ ရှိစေဦးတော့…သူများ
ရွေးပေးတဲ့လမ်း
ကို လျှောက်ရတာထက် ကိုယ်ပိုင်လမ်းပေါ် လျှောက်ရတာက
ခက်ခဲပါစေ-ပိုအဓိပ္ပာယ်ရှိတယ်…
စတဲ့ အတွေးအမြင်တွေကို ရရှိစေတဲ့အတွက်
လုံးဝဥဿုံ ကြည့်ရှုအတုယူသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် မှတ်တမ်းတင် ရင်း မျှဝေလိုက်ပါတယ်
။
@ ကမ္ဘာလောက
ငြိမ်းချမ်းသာယာပါစေ……
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။