လမ်းကြုံကလေး လိုက်ပါရစေ…
( ၂၀၁၃ အောက်တိုဘာလထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
--------------------------------------------------------------------------------
ဟယ်လို သမီးငယ်လေးလား ။ အေး ဟုတ်တယ် ။ ဖေဖေ
ကလေးက ပြန်ရောက်နေပြီ ။ အင်း…နေကောင်း
ပါတယ်
။ ဟ…ကလေးမှာတော့ အေးချက်က မပြောနဲ့တော့ ။ မုံရွာမှာ အေးတာ ဘာဟုတ်သေးလို့လဲ ။ ဟိုမှာက
မီး
လှုံနေရတာ
။ မီးလှုံတယ်ဆိုမှ ဖေဖေ သမီးငယ်ကို ပြောပြစရာ ဇာတ်လမ်းတစ်ပုဒ်ရလာတယ် ။ ကလေးကနေ မုံရွာ
ကို
အလာ လမ်းမှာ စားသောက်ဆိုင်တန်းလေးတစ်ခု ရှိတယ် ။ ကားတွေ ဆိုင်ကယ်တွေ စတည်းချတဲ့နေရာပေါ့
။
အဲ့ဒီ့မှာ
ဖေဖေတို့အဖွဲ့ စားကြသောက်ကြ မီးအတူလှုံကြရင်း ဖေဖေ့ရဲ့မိတ်ဆွေက မနှစ်က သူ ဒီကိုလာရင်း
ကြုံခဲ့
ရတဲ့အဖြစ်အပျက်တစ်ခုကို
ဖေဖေတို့ကို ပြောပြတယ် ။ သူ့ဇာတ်လမ်း နားထောင်ပြီး ဖေဖေတို့အားလုံး တ၀ါးဝါးနဲ့
ပွဲကျသွားတာပဲ
။ နောက်ဆုံး သူ ပြောသွားတဲ့စကားကို ဖေဖေ အရယ်ချင်ဆုံးပဲ ။ ဘာတဲ့…အင်း တစ္ဆေအခြောက်ခံ
ရတာသာပြောတယ်
ကြောက်ဖို့လည်း မကောင်းပါဘူးဗျာ…တဲ့ ။ ကဲ…ငါ့သမီး နားဆင်ပေတော့ ။
**********************************************************************************
လဆန်းနှစ်ရက်နေ့ဖြစ်၍ ကောင်းကင်ယံတွင် လက ခပ်ကွေးကွေး
သာလျက်ရှိသည် ။ လီဘာကုန် နင်းထား
သောဆိုင်ကယ်လေးက
မည်းမှောင်နေသောလမ်းမကြီးထက်တွင် တရိပ်ရိပ်ပြေးလွှားနေ၏ ။ ရိုးတွင်းခြင်ဆီအထိ
ထိုးဖောက်စိမ့်ဝင်လာသော
အအေးဓါတ်ကြောင့် ဆိုင်ကယ်လက်ကိုင်းနှစ်ဖက်ကို ဆုပ်ကိုင်ထားသော ဦးကျော်အေး
၏လက်နှစ်ဖက်
အေးစက်ထုံကျင်လာသည် ။ ဒါတောင် လက်အိတ်ဝတ်ထားပေလို့သာ…ချမ်းအေးလွန်းလှ၍ ဖြစ်နိုင်
လျှင်
မွေ့ယာထူထူပေါ်တွင် စောင်အထပ်ထပ်ခြုံကာ ကွေးနေချင်စိတ်တောင် ပေါက်လာမိသည် ။ နို့ပေမဲ့လည်း
အလုပ်တာဝန်တွေက
ရှိနေ၍ ဖြစ်ချင်စိတ်တွေကို ချိုးနှိမ်ကာ ဆိုင်ကယ်ကို သတိနှင့် မောင်းနှင်ရင်း ရက်စက်သည့်
ဆောင်း၏အအေးဓါတ်ကို
အံကြိတ်ခံနေမိ၏ ။
လမ်းကွေ့တစ်ခုအရောက် လမ်းမဘေးတွင် ဘူဒိုဇာကားကြီးတစ်စီး
ရပ်တန့်ထားသည်ကို တွေ့မြင်လိုက်ရ
သည်
။ ကားကြီးနဘေး ခပ်လှမ်းလှမ်းတွင်တော့ တဲအိမ်ကလေးတစ်အိမ်…လမ်းပြင်သော အလုပ်သမားတစ်စု
ဖြစ်
မည်ဟု
ဦးကျော်အေး ခန့်မှန်းမိသည် ။
“ ဆရာ တဲအိမ်ကို အကူအညီတောင်းပြီး မီးလှုံမလို့လား
။”
ဆိုင်ကယ်သွားနှုန်း
နှေးသွားသောကြောင့် အနောက်တွင် လိုက်ပါလာသောတပည့်ဖြစ်သူ ကိုမင်းမင်းက သိချင်ဇော
နှင့်
မေးလိုက်မိသည် ။ အမှန်တော့ ကိုမင်းမင်းကိုယ်တိုင်လည်း အအေးဓါတ်ကို ဆန့်ကျင်ကာ စောင်ခြုံပြီး
မီးနွေးနွေး
လေး
လှုံချင်လှပြီ ။
“ အေးကွ…ဒီလိုအချိန်ကြီးကျမှ သွားခေါ်ရင် အားလုံး
အိပ်ရေးပျက်ကုန်လိမ့်မယ် ။ သူတို့က နံနက်စောစော အလုပ်
ဆင်းရမယ့်လူတွေ ။ ဒီတော့…ဒီနားလေးမှာပဲ ငါတို့ဘာသာ
ထင်းခြောက်တွေ စုပြီး မီးမွှေးကြမယ် ။ မှောင်ကြီး
မည်းကြီးထဲမှာဆိုပေမဲ့ အရေးကြုံရင် လူရှိနေတော့
အားမငယ်ရတော့ဘူးပေါ့ကွာ ။”
ဦးကျော်အေး၏တပည့်ကလည်း
ဦးကျော်အေး၏စကားကို ၀မ်းသာအားရထောက်ခံသည် ။ သို့နှင့် ဦးကျော်အေးနှင့်
ကိုမင်းမင်း
ထိုတဲရှေ့ လမ်းမဘေးတွင် ဆိုင်ကယ်ရပ်ကာ ကိုမင်းမင်းက ဟိုဟိုသည်သည်မှ ထင်းခြောက်များကို
လိုက်
လံစုပြီး
ခပ်လှမ်းလှမ်း သစ်ပင်အောက်တွင် ပုံသည် ။ ဦးကျော်အေးက ထိုထင်းခြောက်များ မီးတောက်လောင်စေရန်
မီးခြစ်တစ်ခုနှင့်
ကြိုးစားရှို့သည် ။
ဆိုင်ကယ်ပေါ်ထိုင်နေစဉ်က ဆိုင်ကယ်အင်ဂျင်၏ကျေးဇူးဖြင့်
ယခုလောက် မအေးဖူးသေး ။ ယခုများတော့ မီးခြစ်
ကိုင်ထားလျက်နှင့်ပင်
တစ်ကိုယ်လုံး တုန်ချင်လာပြီ ။ ထင်းများကလည်း ထင်းခြောက်ဟုသာ ခေါ်နေရသော်လည်း
နှင်းခါးရိုက်ထား၍
အားလုံး စိုတိစိုဖတ်တွေချည်း…။ ညည့်နက်လာလေ အအေးဓါတ်က ပိုတိုးလာလေ ။
“ ဆ…ဆရာ တော် တော်ပါပြီဗျာ ။ နောက်ထပ်နှစ်မိုင်ကျော်ကျော်လောက်ဆို
ဆိုင်တန်းလေး ရောက်တော့မှာပဲ ။
အဲ့ဒီ့ကျမှ မီးလှုံကြတာပေါ့ ။ ထင်းတွေကလည်း တော်တော်နဲ့
တောက်မယ့်ပုံ မပေါ်ဘူး ။”
ဦးကျော်အေးမှ
မဟုတ်…ကိုမင်းမင်းလည်း တစ်ကိုယ်လုံး အေးစက်ထုံကျင်လာသည်အထိ ဟေမာန်ဆောင်း၏အအေး
ဓါတ်က
အစွမ်းထက်လှသည် ။
“ အေး အေးကွာ ။ ဒါဆိုလည်း သွားကြစို့ ။”
ဦးကျော်အေး
စိတ်တိုတိုနှင့် ထင်းပုံကို ခြေဖြင့် တစ်ချက်ကန်ပြီး ဆိုင်ကယ်ရှိရာဆီသို့ ထလာလိုက်သည်
။ ဆိုင်ကယ်
လက်ကိုင်းကို
ဆုပ်ကိုင်ပြီး လမ်းမပေါ်သို့ တွန်းလိုက်သော်လည်း ဆိုင်ကယ်က တုတ်တုတ်မျှ မလှုပ် ။ လူတွေသာ
မက
ဆိုင်ကယ်ပါ ချမ်းနေလေပြီလား မသိ ။
“ ဟ…ဆိုင်ကယ်က လေးလှချည်လား ။ ဟိတ်ကောင် ငမင်း
လာပါဦးကွ ။ ဆိုင်ကယ်ကို လမ်းမပေါ်ရောက်အောင်
အနောက်က ၀ိုင်းတွန်းပေးဦး ။”
ကိုမင်းမင်းက
နေရာတွင် ခုန်ဆွခုန်ဆွလုပ်နေရာမှ ဆိုင်ကယ်နောက်သို့ ပြေးလာလိုက်ပြီး လမ်းမပေါ်သို့ ဆိုင်ကယ်ကို
တွန်းတင်လိုက်သည်
။ လမ်းမပေါ်သို့ ရောက်သောအခါ ဦးကျော်အေးက ဆိုင်ကယ်ကို စက်နှိုးလိုက်သည် ။ စက်နှိုး
လိုက်သည်နှင့်တပြိုင်နက်
ကိုမင်းမင်းက ဆိုင်ကယ်နောက်တွင် တက်ထိုင်ပြီးသား ။ ခဏအကြာတွင်တော့ ဆိုင်ကယ်
လေးသည်
လမ်းမကြီးအတိုင်း ကျည်ဆန်လေးတစ်ပွင့်လို တရှိန်ထိုး ပြေးထွက်သွားတော့သည် ။
လမ်းက တဖြည်းဖြည်းနှင့် အကွေ့အကောက်တွေ များလာ၍
ဦးကျော်အေး သတိထားမောင်းနှင်ရသည် ။ လက်
တစ်ချက်
တုန်လို့မဖြစ် အိပ်တစ်ချက် ငိုက်လို့မဖြစ် ။ အိပ်တစ်ချက် ငိုက်လိုက်သည်နှင့် လက်တစ်ချက်
တုန်သွားသည်
နှင့်
တစ်ဖက်ချောက်ထဲသို့ ကားခနဲ ထိုးကျသွားနိုင်သည် မဟုတ်ပါလား ။ အရေးထဲမှ အနောက်တွင် ထိုင်နေသည့်
မင်းမင်းက
အိပ်ငိုက်နေသလား မပြောတတ် ။ ဦးကျော်အေး၏အနားသို့ အတင်း တိုးကပ်လာသည် ။
“ ဟိတ်ကောင် မင်းမင်း နောက်နည်းနည်း ဆုတ်ဦးလေကွာ
။ မင်း အိပ်ငိုက်မနေနဲ့ ။”
ဦးကျော်အေးက
အနောက်သို့လှည့်မကြည့်အား၍ လေသံဖြင့် အော်ပြောလိုက်သည် ။
“
ဟိတ်ကောင် ကြားတယ်နော် ။ အရမ်း မတိုးနဲ့…”
ရုတ်တရက်
အနောက်ဘက်မှ ကြားလိုက်ရသောစကားကြောင့် ဦးကျော်အေး အံ့အားသင့်သွားမိသည် ။ အသံက တိုး
တိုးမျှင်မျှင်လေသံလေးမျှသာ…ဒီကောင်မင်းမင်း
ငါ့ကို လှောင်ပြောင်တာများလားဟု ဦးကျော်အေး သံသယ၀င်မိပေမဲ့
တပည့်ကျော်မင်းမင်း၏အကြောင်းကို
မိမိ အသိဆုံး ။ မင်းမင်းက ချင်းလူမျိုး…သူ့နာမည်အရင်းက ချင်းဘာသာဖြင့်ဖြစ်
သော်လည်း
ခေါ်ရခက်သောကြောင့် အဖျားစွတ်ကာ မင်းမင်းဟုသာ ခေါ်ဆိုကြသည် ။ ချင်းပြည်နယ်တွင် ကြီးပြင်း
သော
ချင်းလူမျိုးဖြစ်သဖြင့် ဗမာစကားကို လိုအပ်သည်ထက် ပိုမပြောတတ် ။ နောက်ပြီး အထက်လူကြီးဖြစ်သူ
ဦး
ကျော်အေးအပေါ်လည်း
အလွန်ကျိုးနွံသောသူ…။ စနောက်ရန် လှောင်ပြောင်ရန်ကို စိတ်ကူးဖြင့်ပင် တွေးဖူးမည်
မဟုတ်
။ မိမိ နားကြားမှားတာ နေမှာပါလေဟု စဉ်းစားမိကာ စောစောကအကြောင်းအရာများကို အာရုံထဲမှ
ထုတ်ပစ်
လိုက်ပြီး
ဆိုင်ကယ်ကိုသာ အာရုံစိုက် မောင်းနှင်နေလိုက်သည် ။
“ ဟာ…မင်းမင်း ရှေ့ကို သိပ်မတိုးနဲ့ကွာ ။ ဒီမှာ
ဆိုင်ကယ်မောင်းရတာ အဆင်မပြေဘူး ။ နောက်ဆုတ်ဦး…”
ဆိုင်ကယ်မောင်းနေလို့မှ
မကြာ စောစောကပုံစံအတိုင်း ဦးကျော်အေးအနားသို့ မင်းမင်း အတင်းတိုးကပ်လာပြန်၍ ဦး
ကျော်အေး
သတိပေးရပြန်သည် ။ ခရီးကလည်း မရောက်,မရောက်နိုင်သေး…
“ ဟို…ဟုတ် ဟုတ်ကဲ့ ဆရာ ။”
“
ဟိတ်ကောင် နောက်ကို ဆုတ်ကွာ…”
မင်းမင်းက
ဦးကျော်အေးကို ရိုကျိုးစွာပြန်ဖြေရင်း တဆက်တည်းမှာပင် တစ်စုံတစ်ယောက်ကို မာန်မဲကျိန်းမောင်းလိုက်
ပြန်သည်
။ ဦးကျော်အေး မသင်္ကာတော့…မိမိ၏နောက်တွင် မင်းမင်းတစ်ယောက်တည်း ထိုင်နေတာမှ ဟုတ်ရဲ့လား
။
လမ်းက
အကွေ့အကောက်အလွန်ပေါများ၍ ဆိုင်ကယ်ကို သတိထားမောင်းနှင်ရင်းနှင့်မှ အနောက်တွင် မည်သူရှိနေ
သလဲဟု
သိချင်သည့်စိတ်က ချုပ်ထိန်းမရနိုင်အောင် ဖြစ်လာမိသည် ။ သို့ကြောင့် ဆိုင်ကယ်ကို သတိထားမောင်းရင်း
ဦးခေါင်းကို
စောင်းငဲ့ကာ အနောက်သို့ ဖြတ်ခနဲ လှည့်ကြည့်လိုက်မိ၏ ။
“ ဟာ…”
လျှပ်တပြက်မြင်ကွင်းထဲတွင်
ပေါ်ပေါက်လာသူက ဆိုင်ကယ်နောက်၌ မင်းမင်းတစ်ယောက်တည်း မဟုတ်…။ မင်းမင်း
၏နောက်တွင်
လူတစ်ယောက် ရှိနေသည်ကို ဆိုင်ကယ်မီးရောင်ဖြင့် ထင်ရှားစွာ တွေ့မြင်လိုက်ရသည် ။ (ဆိုင်ကယ်
ရှေ့မီးနောက်မီးများ၏အလင်းရောင်ဖြင့်
တွေ့မြင်ရခြင်းဖြစ်သည် ။) ဆိုင်ကယ် တိမ်းမှောက်မည်စိုးသောကြောင့် ဦး
ကျော်အေး
အရှေ့သို့ ပြန်ကြည့်နေပြီဖြစ်သော်လည်း မိမိ၏အတွေးအာရုံတွေကတော့ ဇဝေဇ၀ါ…။ မိမိ့ဆိုင်ကယ်၏
နောက်မှ
လိုက်ပါလာသူသည် မည်သူနည်း ။ ဆိုင်ကယ်စတင်မောင်းနှင်စဉ်က ဆိုင်ကယ်ပေါ်သို့ မင်းမင်းတစ်ယောက်
တည်းသာ
တက်ပါစီးနင်းလိုက်မှန်း ဦးကျော်အေး သိရှိသတိပြုမိပါလျက် ထိုသူက မည်သို့ပါရှိလာရသနည်း
။ မင်းမင်း
ကို
မေးကြည့်ရကောင်းမလားဟု စဉ်းစားလိုက်မိပြီးမှ ရုတ်တရက်သတိရလိုက်မိသည်က ထိုသူက လူ မဖြစ်နိုင်…ဆို
သည့်အချက်ပင်
။ သာမန်လူတစ်ယောက်သည် ဆိုင်ကယ် အရှိန်ဖြင့် ပြေးနေစဉ်၌ ဆိုင်ကယ်မောင်းသူ မသိအောင်
ဆိုင်ကယ်ပေါ်သို့
ခုန်တက်နိုင်လိမ့်မည်ဟု ဦးကျော်အေးတော့ မထင် ။ သို့ကြောင့် ထိုသူသည် တစ္ဆေသရဲပင် ဖြစ်လိမ့်
မည်ဟု
ဦးကျော်အေး တထစ်ချတွက်ဆလိုက်မိ၏ ။
တစေ
္ဆတစ်ကောင်နှင့် ဆိုင်ကယ်တစ်စီးတည်း စီးနင်းရသည့်ခံစားမှုမျိုးကို ဦးကျော်အေး တစ်ခါမျှ
တွေးဆ
မကြည့်ဖူးခဲ့
။ ယခုတော့ လက်တွေ့ကြုံဆုံနေရပြီဖြစ်၍ ဦးကျော်အေး၏စိတ်ထဲ ကြောက်ရွံ့ရမည့်အစား ကြည်နူးသလို
ပျော်ရွှင်သလို
ခံစားမိ၏ ။ နောက်ပြီး သရဲဆိုတာ ဘယ်လိုပုံသဏ္ဍာန်များပါလိမ့်ဟု သိချင်လာ၍ ဦးကျော်အေး
နောက်
ဘက်ကို
နောက်တစ်ကြော့ လှည့်ကြည့်မိပြန်သည် ။
“ ဟင်…”
တကယ့်ကို
ဖြတ်ခနဲမြင်ကွင်းဖြစ်ပေမဲ့ ဦးကျော်အေးကဲ့သို့ အကင်းပါးပြီး မျက်စိလျင်သူအဖို့ လုံလောက်သောအခိုက်
အတန့်ဖြစ်၏
။ သရဲတစ္ဆေသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းမည်ဟု မိမိ ယူဆထားသည့်စိတ်ကူးများ လွဲချော်
သွားခဲ့၍
ဦးကျော်အေး စိတ်ပျက်သွားမိသည် ။ ထိုသူသည် သာမန်တောင်သူလယ်သမားများကဲ့သို့ အင်္ကျီအကွက်
နှင့်
ခမောက်ကို ၀တ်ဆင်ထားပြီး အောက်တွင် ပုဆိုးအကွက်ကျဲကြီးကို ၀တ်ဆင်ထားသည် ။ ဟိုဟိုသည်သည်တွေး
တောနေတုန်း
တပည့်ကျော်မင်းမင်းက မိမိအနားသို့ တိုးကပ်လာပြန်သည်ကို သတိပြုမိသော်လည်း ဦးကျော်အေး
အပြစ်မဆိုတော့…။
အဖြစ်အပျက်အမှန်ကို ဦးကျော်အေးကိုယ်တိုင်လည်း သိရှိနေပြီ မဟုတ်ပါလား ။
တောင်တောင်အီအီစဉ်းစားရင်း ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းဖြင့်
မောင်းနှင်လာလိုက်တာ ဈေးဆိုင်တန်းလေးဆီ
သို့
ရောက်ရှိခဲ့လေသည် ။ ဦးကျော်အေး ဆိုင်ကယ်ရပ်ပြီး ဆင်းလိုက်သည်နှင့် ဆိုင်ကယ်နောက်သို့
ဦးစွာ ကြည့်လိုက်
မိ၏
။
“ ဟင်…မင်းနောက်က တစ်ယောက် မရှိတော့ပါလား ။”
ဦးကျော်အေး၏စကားကြောင့်
မင်းမင်းက နဝေတိမ်တောင်ဖြစ်သွားကာ…
“ ဟာ…ဆရာ ဘယ့်နှယ့်လုပ်သိတာလဲ ။”
“ မင်း ရှေ့ကို အတင်းတိုးလာတုန်းက ငါ မသင်္ကာတာနဲ့
နောက်ကို ဖြတ်ခနဲလှည့်ကြည့်တော့ တွေ့မိတာ ။ ဒါနဲ့ သူ
ဘယ်နားမှာ ဆင်းသွားလဲ ။”
“ ဟိုး…သစ်ပင်တန်းလေးနားရောက်တော့ မရှိတော့ဘူး
။ ပျောက်သွားတယ် ။ အဲ့ဒီ့မှာ သူ ဆင်းသွားတာ ထင်
တယ် ။”
တပည့်ကျော်မင်းမင်းက
မီးဖိုနားတွင် ၀င်ထိုင်ရင်း ခပ်အေးအေး ပြောလိုက်သည် ။
“ မင်း သူ့ကို ဘာဆိုတာရော သိရဲ့လား ငါ့ကောင်ရ ။”
“ ဆိုင်ကယ်အရှိန်ရနေမှ ဖြတ်ခနဲကျွန်တော့နောက်မှာပေါ်လာတာရယ်
ခါးကို လက်အေးကြီးနဲ့ ဖက်လိုက်တာရယ်
ကို ချုံကြည့်ရင်တော့ သရဲလို့ ထင်ရတာပဲ ။ လူဆိုရင်
ဆိုင်ကယ်ပြေးနေတုန်း တက်နိုင်မယ် မထင်ဘူးဗျာ့ ။”
မင်းမင်း၏အမူအရာက
နည်းနည်းမှ မတုန်လှုပ်သဖြင့် ဦးကျော်အေး အံ့သြသွားမိသည် ။ သူ ပြောနေသောအကြောင်း
အရာက
သာမန်လူတော်တော်များများ ကြောက်လန့်တတ်သည့်ကိစ္စ မဟုတ်လား ။
“ ဟ…သရဲမှန်း သိရဲ့သားနဲ့ မင်း မကြောက်ဘူးလား ။
မင်းကို သူ တစ်ခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ ။”
“ အာ…ဆရာကလည်း ။ သရဲဆိုတာ လူ သေမှဖြစ်သွားတာပဲ
။ ကိုယ်က မသေသေးတဲ့လူ ၊ သူက သေပြီးသားလူ
ဘာကြောက်စရာလိုလဲ ။ နောက်ပြီး သူက ဘာမှလုပ်မယ့်ပုံ
မဟုတ်ပါဘူး ။ လမ်းကြုံလိုက်တဲ့သရဲငပျင်း ထင်ပါ
တယ် ။”
မင်းမင်း၏စကားက
မှတ်သားချင်စရာ…ဟုတ်သား ။ သရဲတွေ ၀ိညာဉ်တွေဆိုတာ သေပြီးသားလူတွေပဲ ။ မသေသေး
တဲ့လူက
ဘာကြောက်စရာလိုလို့လဲ ။ မင်းမင်း၏စကားကို ဦးကျော်အေး ခေါင်းတညိတ်ညိတ် ထောက်ခံမိသည်
။
“ ဟုတ်တယ်ကွ ။ နောက်ပြီး သရဲဆိုတာ လူအတိုင်းပါပဲလားကွာ
။ ကြောက်စရာလည်း မကောင်းပါဘူး ။”
ဟု
ဆိုပြီး ဦးကျော်အေးတစ်ယောက် ရေနွေးကြမ်းကို တဖူးဖူးမှုတ်သောက်ကာ မီးဖိုနဘေးတွင် အအေးဓါတ်ကို
အံတု
ရင်ဆိုင်ရင်း
မနက်ခင်းရောင်ခြည်ကို စောင့်မျှော်နေမိသည် ။ မိုးအလင်း ရောင်ခြည်ဖြာလျှင် အအေးဓါတ်
လျော့ပါး
သွားလိမ့်မည်
။ ထိုအချိန်ကျမှ ဆိုင်ကယ်ကို စက်ကုန်ဖွင့်ကာ ရုံးစိုက်ရာဌာနဆီသို့ အပြေးသွားရမည် ။
ဌာနတွင်တော့
လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်တပုံတပင်က
မိမိကို စောင့်ကြိုနေပေလိမ့်မည်ဟု တွေးရင်း ဦးကျော်အေး သက်ပြင်း
မျှင်မျှင်ချလိုက်မိပါတော့သည်
။
စေတနာ ရှေ့ထားလျက်…
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။