အချစ်ဦးစိတ်ကူးပုံပြင်…
( ၂၀၁၁-၂၀၁၂ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါသည် )
ရေးသူ - မိနွန်းကို(ကွန်ပျူတာတက္ကသိုလ်)
--------------------------------------------------------------------------------------------
`ဆောင်း´သူ့ကို
ချစ်မိသွားခဲ့တာ ဇူလိုင်မိုးသည်းညလေးတစ်ညမှာပေါ့ ။ အဲဒီနေ့က မိုးတွေ သည်းသည်းမည်းမည်း
ရွာသွန်းနေခဲ့တယ်
။
ထီးမယူလာမိတဲ့`ဆောင်း´ကတော့ မိုးရွာထဲမှာ ဟိုပြေးဒီပြေးနဲ့
ရေနစ်ကြွက်လေးတစ်ကောင်လိုပေါ့ ။ ဇာတ်လမ်း
တွေထဲကလို
ထီးမိုးပေးမယ့် မင်းသားလေးတစ်ပါးကိုလည်း မသိစိတ်ထဲက တောင့်တနေမိတယ် ။
ကံမကောင်းစွာနဲ့ပဲလား…မြားနတ်မောင် ပညာပေးချက်ပဲလား
မသိ…ကားဂိတ်မှာ ဆင်းပြီး အိမ်လမ်းကြားလေးထဲ
ကို
လမ်းလျှောက်လာချိန်အထိ `ဆောင်း´ရဲ့နှလုံးသားကို လှုပ်ခါနှိုးပေးမယ့်သူ တစ်စုံတစ်ယောက်ကိုတောင်
မတွေ့
ဆုံခဲ့ရဘူး
။
မိုးမျက်ရည်တွေနဲ့ ရေချိုးသန့်စင်နေတဲ့ လမ်းကြားလေးထဲမှာ
`ဆောင်း´တစ်ကိုယ်တည်း အပူအပင်ကင်းကင်းနဲ့
လျှောက်လှမ်းလာမိတယ်
။ သူများ ငိုနေချိန်မှာ မင်း ပျော်နေရသလားလို့ အပြစ်တင် မစောပါနဲ့နော်…
ဒီလို တဖွဲဖွဲနဲ့သည်းသည်းမည်းမည်း ရွာသွန်းခုန်ဆင်းလာတဲ့
မိုးရေတွေကြားထဲမှာ ခုလို ထီးမပါဘဲ လမ်းလျှောက်
ရတဲ့အဖြစ်ဟာ`ဆောင်း´အတွက်တော့
ဒါပထမဦးဆုံးပါ ။ ဒါ့ကြောင့်လည်း သီချင်းလေးတညည်းညည်းနဲ့ `ဆောင်း´
မိုးရေထဲမှာ
အားရပါးရ ပျော်လိုက်ပါရစေလား…။
“ဟယ်…ညီမလေး မိုးရေတွေ စိုရွဲနေတာပဲ ။ ထီးမယူသွားဘူးလား…ဖျားတော့မှာပဲ
။”
ချိုလွင်လွင်အသံရှင်လေးကြောင့်
`ဆောင်း´ရဲ့ခပ်သွက်သွက်ခြေလှမ်းတွေ နှေးကွေးသွားခဲ့ရတယ် ။ အရာတစ်ခုက
ဆွဲယူလိုက်သလိုမျိုး
`ဆောင်း´ရဲ့အကြည့်တွေက သူ့ဆီကို ရောက်ရှိသွားခဲ့တယ် ။
စိမ်းပြာရောင်မိုးကာလေးနဲ့သူ့ကို `ဆောင်း´ လှမ်းကြည့်လိုက်တော့
သူ့မျက်ဝန်းထဲမှာ စိုးရိမ်ရိပ်တွေနဲ့လေ ။
“ရပါတယ် အကိုရ ။ ညီမက ကိုယ်ခံအား ကောင်းပါတယ် ။
ဖျားမှာနာမှာ မပူရဘူး ။”
“ဂရုစိုက်မှပေါ့ ။ တော်ကြာ ဖျားနာနေလို့ ကျောင်းပျက်နေရဦးမယ်
။”
သူ့စကားကို
တုန့်ပြန်တဲ့အနေနဲ့ `ဆောင်း´ ပုခုံးတစ်ချက်တွန့်ပြပြီး ဆက်လျှောက်လာလိုက်တယ် ။ `ဆောင်းနှင်းဖြူ´
ဆိုတဲ့ကိုယ်က
အဲဒီ့လို ကြွတ်ဆတ်ဆတ် အချိုးမပြေတဲ့ကောင်မလေးပေါ့ ။
ညရောက်တော့ အမှန်ပဲ`ဆောင်း´ဖျားပါလေရော ။ တအင်းအင်းနဲ့
ညည်းတွားရေရွတ်နေတဲ့ `ဆောင်း´ရဲ့အသံ
ကြောင့်
မေမေက စိတ်ပူပန်ပြီး သူ့ကို သွားခေါ်လေရဲ့ ။ သူက ပြဒါးတိုင်လေးကို ခါယမ်းရင်း…
`ညီမလေးကို ကိုယ် ပြောသားပဲ ။ တော်သေးတာပေါ့…အဖျားက
မကြီးလို့…´ တဲ့ ။
`ဆောင်း´လေ
အဲ့ဒီ့ညမှာ သူ့မျက်ဝန်းနုနုတွေကို ငေးခိုးကြည့်ရင်း သူ့ကို ချစ်မိသွားခဲ့တယ် ။ သူက
နားကြပ်လေးနဲ့
`ဆောင်း´ရဲ့နှလုံးခုန်သံကို
စမ်းသပ်နေချိန်မှာ အိနြေ္ဒမရဘဲ ခုန်မြန်နေတဲ့ `ဆောင်း´ရဲ့နှလုံးသားကို `ဆောင်း´
ကြိတ်မုန်းနေခဲ့ရတယ်
။ သူ သိများသွားလေမလား…မိန်းကလေးတစ်ယောက်ရဲ့တစ်ဖက်သတ်အချစ်ကို သူ လက်ခံ
နားလည်နိုင်ပါ့မလား…စတဲ့
စတဲ့အတွေးတွေနဲ့ `ဆောင်း´ရဲ့စိတ်တွေ မငြိမ်မသက်နဲ့ ယောက်ယက်ခတ်ခဲ့ရတယ် ။
အဲ့ဒီ့ညက သူ`ဆောင်း´သောက်ရမယ့်ဆေးတွေထဲမှာ အိပ်ဆေးအချို့
ထည့်ပေးခဲ့ပေမဲ့ `ဆောင်း´ အိပ်မရခဲ့
ပါဘူး
။ သူက `ဆောင်း´ရဲ့အဖြူထည်နှလုံးသားလေးအတွက် ပထမဆုံးအချစ်ဦးပေါ့ ။ နုနယ်လွန်းသေးတဲ့နှလုံးသား
လေးမှာ
ပထမဆုံးဖူးပွင့်လာတဲ့ အချစ်ပန်းလေးကို `ဆောင်း´ တခုတ်တရနဲ့ အကြိမ်ကြိမ် နမ်းရှိုက်နေမိခဲ့တယ်
။
သူက`ဆောင်း´တို့လမ်းထဲကို
လွန်ခဲ့တဲ့၃လက ပြောင်းလာခဲ့တာပါ ။ သူ့ကို အိမ်ငှားတင်ထားတဲ့ ဒေါ်တင်အုန်းက
ပြောပြလို့
သူဟာ ဆရာဝန်တစ်ယောက်ဆိုတာ သိခွင့်ရခဲ့တယ် ။ တုပ်ကွေးမိတဲ့`ဆောင်း´ရဲ့မေမေကို လာဆေးကု
ပေးရင်း
`ဆောင်း´နဲ့သူ ရင်းနှီးသွားခဲ့တယ် ။
`ဆောင်း´အတွက်တော့ အချစ်ဆိုတာ အကြင်နာမျက်ဝန်းတွေ
၊ ယုယုယယအနမ်းတွေ ၊ တီတီတာတာစကားတွေ
ထက်
သူ့ရဲ့ စိုးရိမ်တဲ့အကြည့် ပူပန်တဲ့အပြောလေးတွေကို ခုံမင်နေမိတယ် ။
“ အကို… ဘာလို့ ဆေးခန်းမဖွင့်တာလဲဟင်?”
သူက
သက်ပြင်းတစ်ချက်ကို ခပ်ငွေ့ငွေ့ချလိုက်ရင်း…
“ ကိုယ်က ဆရာဝန် မလုပ်ချင်ဘူးလေ ။”
သူ့စကားကြောင့်
`ဆောင်း´အံ့သြလွန်းလို့ မျက်ဝန်းလေးတွေ ၀ိုင်းစက်သွားမိတယ် ။
“ ဟင်…အကိုကလည်း ဆရာဝန်ပဲ ဖြစ်နေပြီ ။ ခုမှ ၀ါသနာ
မပါဘူးဆိုတော့…”
“ ညီမလေးက ငယ်ပါသေးတယ် ။ တချို့အကြောင်းတွေ နားမလည်သေးပါဘူးကွာ
။”
သူက
`ဆောင်း´ရဲ့ခေါင်းလေးကို တစ်ချက်ပုတ်ပြီး ပြောလိုက်တယ် ။ သူ့ကို ကြည့်ရတာ မွန်းကြပ်မှုတွေ
ပြည့်နှက်
နေသလိုပဲ
။ လျော့ရဲရဲသူ့အပြုံးနောက်မှ မာနတွေလား ဒေါသတွေလား ခွဲခြားမရတာတွေ ကပ်ငြိနေတယ်လို့
ဆောင်း
ခံစားမိတယ်
။
`ဆောင်း´လေ သူ့မျက်ဝန်းတွေကို ငေးကြည့်ရင်း အဖြေရှာနေမိတယ်
။ မရေရာတဲ့ သူ့စကားတွေကြောင့် စာနာ
ချင်စိတ်နဲ့
သူ့ဘ၀ကို အသေအချာသိချင်လာမိတယ် ။ ဒါပေမဲ့ နုနယ်လွန်းသေးတဲ့ ဆယ်ကျော်သက် ကိုယ့်နှလုံးသား
၊
ကိုယ့်ဦးနှောက်လေးနဲ့
ဘာကိုမှ တွေးတောမရခဲ့ပါဘူး ။
“ အကို…”
“ ဟင်…ပြောလေ ။ ဘာပြောမလို့လဲ ညီမလေး ။”
“ ဟို…”
`ဆောင်း´
သူ့မျက်နှာကို လှစ်ခနဲ တစ်ချက်ခိုးကြည့်လိုက်တော့ ပန်းပင်လေးတွေကို တူးဆွစိုက်ပျိုးနေတဲ့
သူ့မျက်နှာ
လေးက
ပကတိ အေးချမ်းတည်ငြိမ်လို့နေရဲ့ ။
“ ဟိုလေ…အကို့မှာ ချစ်သူ ရှိလားဟင် ။”
`ဆောင်း´ရဲ့ထူးထူးဆန်းဆန်းအမေးကြောင့်
သူက `ဆောင်း´ကို လှမ်းကြည့်ပြီး ပြုံးလိုက်တယ် ။
“ ရှိတာပေါ့ ညီမလေးရယ် ။ ဒီအရွယ်မှ အမြီးမပေါက်ရင်
ဘာမျောက်ကြီးလဲ ဖြစ်တော့မှာပေါ့ ။ ရှိတယ် ။”
“ ဟင်…တကယ် ။ အကိုမှာ တကယ် ချစ်သူ ရှိတယ်ပေါ့ ။
ဘယ်…ဘယ်သူလဲ ။”
`ဆောင်း´
ဟန်မဆောင်နိုင်အောင် အသံတွေ တုန်ရီသွားမိတယ် ။ သူ့ရှေ့မှာ `ဆောင်း´ ငိုမိသွားမှာတောင်
စိုးရ
တယ်
။ လောကကြီးက ဘာကြောင့်များ `ဆောင်း´ကို ဟန်ဆောင်တဲ့အတတ်ပညာ သင်ကြားမပေးခဲ့တာလဲ ?
“ ကိုရီးယားမင်းသမီးချောလေး လီဒါဟေးလေ ။ ခုတောင်
မြ၀တီမှာ သူ့ဇာတ်ကား လာနေတယ် မဟုတ်လား ။”
သူ့စကားကြောင့်
`ဆောင်း´ ငိုမလိုလိုဖြစ်နေရာက ရယ်ချလိုက်မိတယ် ။
“ ဟာ…အကိုကလည်း နောက်တယ် ။ ညီမက တကယ်မှတ်နေတာ ။”
“ ညီမလေးက ဘာကြောင့်သိချင်ရတာလဲ ။”
“ ဒီ…ဒီလိုပါပဲ အကိုရာ ။ ဘာရယ် မဟုတ်ပါဘူး ။”
`ဆောင်း´
ရှက်ကိုးရှက်ကန်းနဲ့ သူ့ကို ခိုးကြည့်တော့ သူကလည်း `ဆောင်း´ကို ပြုံးပြီး ကြည့်နေတယ်လေ
။ အဲ့ဒီ့နေ့
က
ဆောင်းရဲ့ရင်ခုန်သံတွေ ကမောက်ကမ ဖြစ်ခဲ့ရတဲ့နေ့ပေါ့ ။
`ဆောင်း´ရဲ့သူက တည်ငြိမ်တယ် ။ ရင့်ကျက်တယ် ။
`ဆောင်း´အပေါ် ဂရုစိုက်တယ် ။ `ဆောင်း´ကို နားလည်
ပေးနိုင်တယ်
။ သူနဲ့ဆို `ဆောင်း´ရဲ့ဘ၀ လုံခြုံမှုရှိတယ်လို့ ခံစားရတယ် ။
“ သမီးရေ…”
“ ရှန်…မေမေ ”
မေမေ့အသံကြားလို့
`ဆောင်း´ ရေးလက်စဒိုင်ယာရီကို အလျင်အမြန်ပိတ်လိုက်မိတယ် ။
“ ဟိုဘက်အိမ်က ဆရာဝန်လေးနွေလင်းဦး အိမ်ပြောင်းတော့မယ်တဲ့
။ သွားနှုတ်ဆက်လိုက်ပါဦး ။”
“ ရှင်…သြော်…ဟုတ် ဟုတ် မေမေ ။ သမီး သွားနှုတ်ဆက်လိုက်ပါမယ်
။”
ရုတ်တရက်ကြားလိုက်ရလို့ပဲလား
မပြောတတ် `ဆောင်း´ရင်တွေ ဗလောင်ဆူသွားတယ် ။ `ဆောင်း´ရဲ့နှလုံးသား
တွေ
ခုန်ထွက်တော့မလိုပဲ ။ သူနဲ့ ဟိုတစ်နေ့ကပဲ တွေ့ခဲ့ကြသေးတယ်လေ ။ သူ `ဆောင်း´ကို ဘာမှလည်း
မပြောပါ
လား
။ `ဆောင်း´ သူ့ဆီကို အပြေးလေး သွားခဲ့မိတယ် ။
“ အကို…အကို ပြောင်းတော့မယ်ဆို ။”
“ အင်း…ဟုတ်တယ် ညီမလေး ။”
`ဆောင်း´ရဲ့အသံတွေ
တုန်နေပေမဲ့ သူကတော့ ဘာမှမဖြစ်သလိုပဲ ။ `ဆောင်း´မျက်ရည်တွေ ၀ဲနေပေမဲ့ သူ့ရှေ့မှာ
မငိုဖြစ်ခဲ့ပါဘူး
။
“ အကို့မိဘတွေနဲ့ စိတ်ဆိုးလာလို့ ဒီမှာလာပြီး
အိမ်ခဏငှားနေတာ ။ ခုတော့ ပြန်အဆင်ပြေသွားပြီ ။”
“ သြော်…ဟုတ်လား အကို ။”
“ ကိုယ့်မိဘတွေက သိပ်ပကာသန မက်ကြတယ် ။ ကိုယ် လွန်ဆန်ဖို့
ကြိုးစားကြည့်မိပေမဲ့ တကယ်တော့ မိဘ
စကားဆိုတာ ပယ်ရှားလို့ မကောင်းပါဘူး ။ သားသမီးဆိုတာ
မိဘကို စိတ်ချမ်းသာအောင် ထားရမယ်လေ ။
နောက်ပြီး သူတို့ကလည်း ကိုယ် ဒုက္ခရောက်အောင်
လုပ်နေတာမှ မဟုတ်တာ ။ ကိုယ် ကောင်းဖို့အတွက်ပဲ…
လောကမှာ ကိုယ်အကောင်းဆုံး ဖြစ်လာအောင် ဖြည့်ဆည်းပေးနေကြတာပါလေ
။ ကိုယ် သူတို့ကို နားလည်
ပေးလိုက်ပါပြီ ။”
“သြော်…အင်း ”
“ ရှေ့လျှောက် ကိုယ် မရှိတော့ရင် ညီမလေး ကိုယ့်ကျန်းမာရေးကိုယ်
ဂရုစိုက်ရမယ်နော် ။ ကျောင်းကိုလည်း မှန်
မှန်တက်…ခုလို ကိုးတန်းကတည်းက ကြိုးစားမှ ဆယ်တန်းဖြေရင်
ဂုဏ်ထူးတွေနဲ့ အောင်မြင်နိုင်မှာ ။ ဒါမှလည်း
ညီမလေးတက်ချင်တဲ့ (BE.d)ပညာရေးတက္ကသိုလ်ကို
တက်ခွင့်ရမှာ မဟုတ်လား ။”
“ ဟုတ်…”
`ဆောင်း´
မျက်ရည်တွေ ပြိုကျလာမှာစိုးလို့ သူ့ရှေ့က ပြေးထွက်လာခဲ့တယ် ။ မိန်းမသားမို့ ပြောမထွက်ခဲ့တဲ့စကား
တစ်ခွန်းကတော့…ချစ်တယ်
အကိုရယ် ။
**********************************************************************************
ကြာခဲ့ပါပြီ
။ ခုတော့ `ဆောင်း´ဟာ `ဆောင်း´လိုချင်တပ်မက်ခဲ့တဲ့ ကျောင်းဆရာမဆိုတဲ့တာဝန်ကို ထမ်းရွက်
ရင်း
အသိဥာဏ်တွေ ရင့်ကျက်စပြုနေပြီပေါ့။ တစ်ချိန်က အချစ်ဦးပုံပြင်လေးကလည်း ဟိုးအဝေးတစ်နေရာ
နှလုံးသား
ထောင့်တစ်ခုမှာ
ဝိုးတ၀ါးမျှပါပဲ ။
“ ဖြူ ဘာတွေ စဉ်းစားနေတာလဲ ။ ပြန်ကြစို့လေ ။”
ချစ်သူမောင်ရဲ့စကားကြောင့်
`ဆောင်း´ရဲ့အတွေးတွေ ပြတ်တောက်ေ၀၀ါးသွားခဲ့ရတယ် ။ အခု `ဆောင်း´ရဲ့အနား
မှာ`ဆောင်း´ရဲ့ဘ၀ကို
လုံခြုံနွေးထွေးစေနိုင်သူတစ်ယောက်လည်း ရှိနေပြီလေ ။
“ အင်း…ပြန်ကြတာပေါ့ ။”
`ဆောင်း´နဲ့မောင်ဟာ
မဝေးလှတဲ့ `ဆောင်း´နေထိုင်ရာအဆောင်ကို လမ်းလျှောက်ပြန်ခဲ့ကြတယ် ။ ကျောင်းဆရာမ
ပီပီ
တာဝန်ကျရာ ပြည်နယ်ဒေသအလျှောက် ခြေဆန့်ခဲ့တာ ခု ရှမ်းပြည်မြောက်ပိုင်းမှာ `ဆောင်း´အထက်တန်းပြ
ဆရာမအဖြစ်နဲ့
ရောက်ရှိနေရပြီ ။ မောင်နဲ့က ဒီရောက်မှ တွေ့ဖြစ်ခဲ့ကြတာပါ ။ စကားနည်းတဲ့မောင်က `ဆောင်း´ရဲ့
နဘေးနားမှာ
အလိုက်သိစွာနဲ့ တိတ်တဆိတ်လိုက်ပါလာတာကြောင့် `ဆောင်´ အတွေးနယ်ချဲ့နေမိတုန်း…
“ သြော်…အေးပါကွာ
။ လိုက်ပို့ပေးပါ့မယ် သားရယ် ။”
ရုတ်တရက်
နားထဲကို တိုးဝင်လာတဲ့အသံကြောင့် `ဆောင်း´ဖြတ်ခနဲ မော့ကြည့်လိုက်မိတော့ ကားပေါ်က ဆင်းလာ
ရင်း
အပြန်အလှန်စကားပြောဆိုနေတဲ့ မိသားစုတစ်စုကို တွေ့လိုက်ရတယ် ။
ဆလွန်းကားတစ်စီးပေါ်ကဆင်းလာတဲ့ ထိုမိသားစုကြောင့်
`ဆောင်း´ ချောက်ချားတုန်လှုပ်စွာနဲ့ မောင့်လက်လေး
ကို
ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိတယ် ။
“ ဖြူ ဘာဖြစ်လို့လဲ ။ နေမကောင်းလို့လား…”
အေးစက်နေတဲ့`ဆောင်း´ရဲ့လက်တွေကြောင့်
မောင်က`ဆောင်း´ရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီး အလောတကြီး မေး
လိုက်တယ်
။ သြော်…အခုချိန်မှာတော့ `ဆောင်း´အတွက်နဲ့ စိုးရိမ်သောကပွေနေတဲ့မောင့်မျက်ဝန်းတွေကို
ဆရာဝန်
တစ်ယောက်က
လူနာအပေါ်ကြည့်တဲ့မျက်ဝန်းတွေထက် `ဆောင်း´ ပိုပြီး မက်မောမိရဲ့ ။ `ဆောင်း´ မောင့်ကို
နှစ်နှစ်
ခြိုက်ခြိုက်
ပြုံးပြလိုက်ရင်း…
“ မဟုတ်ပါဘူး မောင်ရယ် ။ ဒီလိုပဲ…ဒီလိုလေး ဆုပ်ကိုင်ထားချင်လို့ပါ
။”
`ဆောင်း´ရဲ့အဖြေစကားကြောင့်
မောင်က သဘောကျစွာ ပြုံးလိုက်ပြီး…
“ အားကိုးတယ်ပေါ့ ဟုတ်လား ။”…လို့ အရွှန်းဖောက်လိုက်တယ်လေ
။
“ ဒါပေါ့ မောင်ရယ် ။ ဖြူက မောင့်ကို ဘ၀အဖော်မွန်အဖြစ်
ရွေးချယ်ခဲ့တာပဲ ။ စိတ်ကူးယဉ်ချစ်ခဲ့မိတာမှ မဟုတ်
တာ ။”
“ မောင်ကတော့ ဖြူ့ကို ဘာကြောင့်ပဲဖြစ်ဖြစ် ချစ်မြတ်နိုးနေမှာပါ
။”
မောင့်စကားကြောင့်
`ဆောင်း´သဘောကျစွာ ပြုံးလိုက်မိရဲ့ ။ `ဆောင်း´နဲ့မောင် တစ်ယောက်လက်ကို တစ်ယောက်
ဆွဲပြီး
ဆက်လျှောက်လာလို့ ဆလွန်းကားအနီးရောက်တော့ လေးနှစ်သားအရွယ်ကလေးလေးကို နှစ်သိမ့်ချော့မော့နေ
တဲ့
သူ့မျက်ဝန်းတွေက ဖြူစိမ်းဝတ်စုံ ၀တ်ဆင်ထားတဲ့ `ဆောင်း´ဆီကို ဖြတ်ခနဲ ရောက်ရှိလာသေးတယ်
။ ဒါပေမဲ့
ငြူစူစိတ်ကောက်နေတဲ့ကလေးလေးကြောင့်
`ဆောင်း´အပေါ်မှာ သူ့အမြင်အာရုံတွေ အရာမထင်ခဲ့ပါဘူး ။
`ဆောင်း´တို့နှစ်ယောက် ထိုမိသားစုလေးကို ကျော်လွန်လာချိန်မှာတော့
လေထဲမှာ ပျံ့လွင့်နေဆဲဖြစ်တဲ့ သူ့စကား
သံတွေကို
`ဆောင်း´ ကြားဖြစ်အောင်ကြားလိုက်ရသေးတယ် ။
“ သားရယ် လိမ္မာပါတယ် ။ ဖေဖေ ဆေးခန်းပိတ်ရက်ကျရင်
လိုက်ပို့ပေးပါ့မယ် ။”….တဲ့ ။
သြော်…ထိုသူက
တစ်ချိန်က `ဆောင်း´ရဲ့………..။