ရုပ်နှင့်နာမ် မကပ်သူ…
( ၂၀၁၂ ဒီဇင်ဘာလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )
ဂါဦးနွန်းကို ........ ရေးသည် ။
---------------------------------------------------------------------------------------------
အန်တီကိုယ်တိုင် တွေ့ခဲ့ရတာပါ
သမီးရယ် ။ အန်တီ တော်တော်ကြီးကို အံ့သြသွားမိတယ် ။ သြော်…ဒီ
လောကကြီးထဲမှာ
ကိုယ် မသိနိုင် နားမလည်နိုင်တဲ့ ဂမ္ဘီရဆန်းကြယ်ကိစ္စတွေဟာ အမှန်တကယ် တည်ရှိနေတာ
ပါလားလို့လည်း
လက်ခံလိုက်မိတယ်ကွယ် ။ လူတွေကလည်း ခက်တော့ခက်သား…တခြားလူ မပြောနဲ့ဦး ။ အန်
တီ့ကိုပဲ
ကြည့်…စီးပွားရေး လူမှုရေးလုပ်ငန်းတွေမှာ ဦးဆောင်ဦးရွက်လုပ်ကိုင်နေနိုင်တာလေးနဲ့
ကိုယ့်ကိုကိုယ်
ဟုတ်လှပြီဆိုပြီး
မာန်တက်နေခဲ့တာ ။ ဟိုးအရင်ကဆို ဒီလို ထူးခြားဆန်းကြယ်တဲ့၊လူတိုင်းတွေ့ကြုံရခဲတဲ့၊အံ့သြ
ဘနန်းအဖြစ်အပျက်တွေအကြောင်းများ
ကြားမိဖတ်မိရင် ဟယ်…ပေါက်ကရလေးဆယ် မဖြစ်နိုင်တာတွေ လို့
နှုတ်က
ထုတ်မပြောရင်တောင် စိတ်ထဲကတော့ ရေရွတ်မိတယ် ။ ခုများကျ ကိုယ်တိုင် ကိုယ်ကျ ကြုံတွေ့မြင်ဖူး
ခဲ့ရတာမို့
မယုံချင့်ယုံချင် ယုံကြည်ခဲ့ရတာ ။ အင်း…တခြားသူဆို အန်တီ ပြောပြ၀ံ့မှာ မဟုတ်ဘူး ။ ဘာဖြစ်လို့လဲ
ဆိုတော့
ကိုယ် မကြုံတွေ့ခဲ့ဖူးစဉ်ကလည်း ဒီလိုအကြောင်းတွေများ သူများ လာပြောပြရင် စောစောက အန်တီ
ပြောခဲ့သလို
မဖြစ်နိုင်တဲ့ကိစ္စလို့ တွေးမိ ငြင်းမိခဲ့တာဆိုတော့ သူများတွေလည်း ဒီလိုပဲ တွေးကြ ငြင်းကြမှာပဲလေ
။
ဒါ့ကြောင့်
အန်တီ ဒီကိစ္စကို ကြုံခဲ့တာ ကြာပြီဆိုပေမဲ့ ဘယ်သူ့ကိုမှ ပြောမပြခဲ့ဖူးဘူး ။ သမီးကတော့
ဒီလိုထူးခြား
ဆန်းကြယ်တဲ့အကြောင်းအရာတွေကို
ယုံယုံကြည်ကြည်နဲ့ လေ့လာရေးသားနေတဲ့သူမို့လို့သာ အန်တီ ပြောပြ
ဖြစ်တာပါ
။ အန်တီ့စကားတွေက ဝေ့လည်ကြောင်ပတ်ဖြစ်နေပြီ ထင်ရဲ့ ။ ဒီတော့ အန်တီ ရှင်းရှင်းနဲ့တည့်တည့်
ပြောချလိုက်ရရင်တော့
အဲ့ဒီ့ရုပ်နဲ့နာမ် မကပ်တဲ့သူလေးက အခြားတော့ မဟုတ်ဘူး…။ အန်တီ့တူလေးပါပဲကွယ် ။
ကဲ…အန်တီ
အစအဆုံး သေသေချာချာ ပြောပြပါ့မယ် ။
*******************************************************************************
ကျွန်မ့နာမည်က ဒေါ်လဲ့ရည်နွဲ့ပါ ။ ကျွန်မက
export / inportကုမ္ပဏီတစ်ခုမှာ marketing manger
ရာထူးနှင့်
လုပ်ငန်းတွေကို ဦးဆောင်ညွှန်ကြားနေရသူ တစ်ယောက် ။ ကျွန်မ့ကုမ္ပဏီမှာ ကျွန်မ့ဟာ ထက်မြက်
ထူးချွန်သူတစ်ဦးအဖြစ်
နာမည်ကြီးသလို အပေါင်းအသင်းများကြားတွင်လည်း ဘုကလန့်ကျသည် ပစိပစပ်များ
သည်ဟူ၍လည်း
သိုသိုသိပ်သိပ် သတင်းပျံ့နေသူ ဖြစ်သည် ။ အကြောင်းမှာ ကျွန်မသည် ဂမ္ဘီရဆန်ဆန် ထူး
ခြားဆန်းကြယ်သောအဖြစ်အပျက်များ
သိပ္ပံပညာနှင့် အဖြေရှာမရနိုင်သောအဖြစ်အပျက်များကို ယုံကြည်ခြင်း ၊
လက်ခံခြင်း
အလျင်းမရှိရုံသာမက ရင်းနှီးသောမိတ်ဆွေများက ထိုသို့အဖြစ်အပျက်များကို ကျွန်မ့အနီးအနား၌
ပြောကြားမိလျှင်ပင်
အာကျယ်အာလောင်နှင့် လက်သီးလက်မောင်းတန်းကာ ငြင်းဆိုတတ်သည် ။ ထို့ကြောင့်
လည်း
အပေါင်းအသင်းများကြားတွင် ကျွန်မ၏နာမည်ပြောင်က ဘုကလန့် ဘုဂလောင်…။
တစ်နေ့…ထိုနေ့က တနင်္ဂနွေနေ့…ကုမ္ပဏီပိတ်သည့်နေ့ဖြစ်၍
ကျွန်မ့၏ ညီမ၀မ်းကွဲတော်စပ်သူ အေးသီတာ
၏အိမ်သို့
ကျွန်မ့ အလည်အပတ် သွားရောက်ခဲ့သည် ။ ဤတွင် ညီမငယ်အေးသီတာ၏အကြောင်းကို အနည်းငယ်
ပြောပြပါရစေ
။ ညီမလေးအေးသီတာသည် ကျွန်မ၏ ညီမတစ်ဝမ်းကွဲဟု ဆိုရသော်လည်း ညီမအရင်းနှင့်မခြား
အလွန်ချစ်ခင်ရပါသော
ညီမငယ်လေးဖြစ်သည် ။ ကျွန်မက တစ်ဦးတည်းသောသမီး ဖြစ်တာကြောင့် ၀မ်းကွဲမောင်
နှမများအပေါ်
အလွန်ပင် သံယောဇဉ်တွယ်တာရသူ ဖြစ်ပြီး ထိုမောင်နှမများထဲမှ ညီမငယ်အေးသီတာက ကျွန်မ
အချစ်ခင်ဆုံး
…နောက်ပြီး ကျွန်မ့ကို အချစ်ခင်ဆုံး ညီမလေးဟုဆိုလျှင်လည်း မမှား ။
အေးသီတာနှင့်ကျွန်မသည် ခြောက်နှစ်ခွဲ ခုနစ်နှစ်လောက်
အသက်ကွာခြားလှသည် ။ ကျွန်မ့အသက်မှာ
သုံးဆယ့်ကိုးနှစ်
ပြည့်လုပြီဖြစ်၍ အေးသီတာ၏အသက်မှာတော့ သုံးဆယ့်သုံးနှစ် ။ ထိုနေ့က အေးသီတာ နှစ်
သက်သည့်
လိမ္မော်သီး ပန်းသီးအချို့ဝယ်ကာ ကျွန်မ အေးသီတာ၏အိမ်သို့ ကြိုတင်အကြောင်းကြားခြင်း မရှိ
ပါဘဲ
ရောက်ရှိသွားခဲ့သည် ။
အေးသီတာ၏အိမ်သို့ ရောက်တော့ အေးသီတာ၏သမီးလေး
ကွေးကွေးက ထွက်လို့ကြိုသည် ။
“ ဟာ…အန်တီနွဲ့ အလည်လာတာလား ? သမီးက သတိတွေ ရနေတာ
။”
“ သမီးတို့ အံ့သြသွားအောင်လို့ ဖုန်းကြိုမဆက်တာ
။ သမီးလေး စာမေးပွဲ ဖြေနိုင်လား ?”
“ ဟုတ် ဖြေနိုင်တယ် ။”
“ တော်လိုက်တာ…ဒါနဲ့ သမီးရဲ့အမေရော ?”
ကျွန်မ
အိမ်ထဲသို့ ၀င်လာကာ သစ်သီးအိတ်ကို စားပွဲပေါ်ချပြီး အိမ်ထဲသို့ ဝေ့၀ဲကြည့်ရင်း မေးလိုက်မိသည်
။
“ မေမေ ဆေးခန်းကို သွားတယ် အန်တီနွဲ့ ။”
“ ဟင်…နေမကောင်းလို့လား ?”
“ ဟီး…မဟုတ်ဘူး အန်တီနွဲ့ရဲ့ ။ မေမေက သမီးအတွက်
မောင်လေး မွေးပေးဖို့ သွားကြတာ ။”
“ ဟယ်တော်…ညည်းတောင် အရွယ်မရောက်သေးဘူး ။ ညည်းအမေတွေကလည်း
ဒီကအပျိုကြီးကိုတောင်
အားမနာကြဘူး ။ မွေး မွေးနိုင်လွန်း…”
ကျွန်မ့စကားကို
ကြားတော့ ကွေးကွေးလေးက သဘောကျစွာ ရယ်၍ ကျွန်မလည်း ရောယောင်ကာ လိုက်ရယ်မိ
သည်
။ နို့ပေမဲ့ စိတ်ထဲကတော့ မိသီတာ ပြန်လာမှ ဆူရဦးမယ်ဟု တေးထားလိုက်မိ၏ ။
အေးသီတာတို့လင်မယား ပြန်ရောက်လာတော့ ကျွန်မ
မဆူဖြစ်လိုက်…သူကသာ စကားတွေကို ဒိုင်ခံပြော
လေသည်
။
“ အစ်မရေ ပျော်လိုက်တာ ။ ဆရာဝန်က ပြောတယ် ။ ယောက်ျားလေး
တဲ့…လူဝင်စားလေး…သိလား ။”
“ လူဝင်စားဆိုတာ နင်က ဘယ်လိုလုပ် သိလဲ ?”
“ သြော်…အိပ်မက်ပေးလို့ သိတာပေါ့ အစ်မရဲ့ ။ လွန်ခဲ့တဲ့သုံးလလောက်က
မက်တာ ။ အိပ်မက်ထဲမှာလေ
အသားညိုညိုသွယ်သွယ်ကောင်လေးတစ်ယောက်က အမေ ကျွန်တော်
အမေနဲ့ လာနေပါရစေလို့ ပြော
တယ် ။ သီတာလည်း အေး လာနေလို့ ပြောလိုက်ရော အိပ်မက်က
လန့်နိုးလာတာပဲ ။ အဲ့ဒါကြောင့် လူ
ဝင်စားလေးလို့ ပြောတာ အစ်မရဲ့ ။”
အေးသီတာက
အားတက်သရော ပြောနေခြင်းကြောင့် ကျွန်မ ပြိုင်မငြင်းဖြစ်ခဲ့ပေမဲ့ စိတ်ထဲကတော့ ဘာမှလည်း
မဆိုင်ဘူးဟု
တွေးလိုက်မိသေးသည် ။
ထိုနေ့က
ညနေမိုးချုပ်ခါနီးမှ အေးသီတာတို့အိမ်က ကျွန်မ ပြန်လာခဲ့သည် ။ အဲ့သည့်နောက်ပိုင်းတော့
ထုံးစံအတိုင်း
ကျွန်မ အလုပ်ဝန်တွေ ပိနေသည်နှင့် အေးသီတာတို့အိမ်သို့ သွားမည် သွားမည် တွေးလျက်နှင့်ပင်
မသွားဖြစ်တော့
။ ဆေးရုံတွင် အေးသီတာ ကလေးသွားမွေးသည့်နေ့၌ ကျွန်မ နေပြည်တော်သို့ အလုပ်ကိစ္စနှင့်
ခရီးထွက်သွားရ၍
အေးသီတာ မွေးဖွားသည့်ကလေး ကျွန်မ့တူလေးကို သွားရောက်ချီမြှူခွင့် မသာလိုက် ။ နေပြည်
တော်တွင်လည်း
လုပ်ငန်းကိစ္စတွေ များပြားပြည့်ကျပ်နေခြင်းကြောင့် တစ်လခွဲမှနေ နှစ်လကျော် သုံးလထဲသို့
ရောက်သွားခဲ့သည်
။ လစာကလည်း များများစားစား ရရှိသည်က တစ်ကြောင်း ၊ ရန်ကုန်အိမ်တွင်လည်း တွယ်တာ
စရာမိသားစု
မရှိသည်က တစ်ကြောင်းကြောင့် ကျွန်မလည်း လုပ်ငန်းကိစ္စအားလုံးကို သိမ်းကြုံးလုပ်ကိုင်နေမိရာ
ရန်ကုန်သို့
ပြန်ရောက်တော့ လေးလနီးပါး ပစ်ထားခဲ့သော ကျွန်မ့အိမ်ကြီးပင် ဖုန်တက်ခြကိုက်လို့ အတော်
ပျက်စီး
။
“ အမလေး…ဒေါ်လောဘ ပြန်လာသေးတယ်နော် ။”
“ ဟုတ်ပါ့…ကျုပ်တို့လည်း အလှည့်ပေးပါဦး ။ တကတည်း…သူတစ်ယောက်တည်း
စားဖို့ကို ရှာနေလိုက်တာ ။”
“ မဟုတ်ဘူးဟေ့…အပျိုကြီးက ယောက်ျားတင်တောင်းဖို့
ရှာနေတာနေမှာ ။”
ကုမ္ပဏီမှ
လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများက ကျွန်မ့ကို ၀ိုင်းဝန်းနောက်ပြောင်ကြရသည်အထိ ကျွန်မ
အလုပ်ထဲ
တွင်
နစ်မြုပ်နေခဲ့မိသည် ။ ရန်ကုန်သို့ ပြန်ရောက်တော့ ကျွန်မ ပထမဦးဆုံး သတိရမိသည်က အေးသီတာတို့မိ
သားစု…အေးသီတာ
မွေးဖွားသောကလေး နေမှကောင်းရဲ့လား ? ကျန်းမာရေး ချူချာနေလေမလား ? ယောက်ျား
လေးလိုချင်နေသောအေးသီတာတစ်ယောက်တော့
သားယောက်ျားလေးတစ်ယောက် ရရှိသွား၍ ၀မ်းသာပျော်မြူး
နေလေမလား
? ထိုအတွေးများဖြင့် ရောက်လာပြီးမကြာ ကုမ္ပဏီပိတ်ရက်တွင် ကျွန်မ အေးသီတာတို့အိမ်သို့
ထွက်လာခဲ့လိုက်သည်
။
“ အေးသီတာရေ အေးသီတာ…”
ခြံဝင်းတံခါး
ပိတ်ထားသောကြောင့် ကျွန်မ အိမ်ထဲသို့ အော်ခေါ်လိုက်သည် ။ အိမ်တံခါးများလည်း ပိတ်ထားသဖြင့်
အေးသီတာတို့
ရှိမှရှိပါလေစ…။
“ အေးသီတာရေ…မမနွဲ့ လာလည်တာ ။ အိမ်မှာ မရှိကြဘူးလား
?”
နောက်တစ်ကျော့အော်ခေါ်တော့မှ
ပိတ်ထားသောအိမ်တံခါးမကြီးသည် သာသာလေးဟလာပြီး အတွင်းမှ ခေါင်း
တစ်လုံး
အပြင်သို့ ထွက်ပြူကြည့်လေသည် ။ အေးသီတာ၏အမျိုးသား မောင်ခင်ဝင်းဖြစ်သည် ။
“ သြော…မောင်ခင်ဝင်း မမနွဲ့က လူမရှိဘူးတောင် ထင်နေတာ
။”
ကျွန်မ့ကိုမြင်တော့
မောင်ခင်ဝင်း တံခါးလာဖွင့်ပေးသည် ။ သူ့မျက်နှာ ကြည့်ရသည်မှာ တစ်မျိုး…ရွှင်ရွှင်လန်းလန်း
မရှိ…။
“ လာ မမနွဲ့ ။ အေးက အခန်းထဲမှာ ရှိတယ် ။ ဧည့်ခန်းမှာ
ခဏထိုင်ဦး ။”
မောင်ခင်ဝင်းက
ကျွန်မ့ကို ဧည့်ခန်းတွင် ထားခဲ့ကာ အိပ်ခန်းထဲသို့ ၀င်သွားသည် ။ ခဏအကြာတွင်တော့ အိပ်ခန်း
ထဲမှ
အေးသီတာ ထွက်လာလေသည် ။
“ ဟယ်…အေးသီတာ ညီမလေး ပိန်သွားလိုက်တာ ။ ဘယ်လိုဖြစ်တာလဲကွယ်
။ နေမကောင်းဘူးလား ?”
အေးသီတာက
ဘာစကားမျှ မဆိုသေးဘဲ ကျွန်မ့မျက်နှာကို စေ့စေ့ကြည့်နေကာ မျက်ဝန်းအိမ်တွင် မျက်ရည်များ
ပြည့်လျံလာသည်
။
“ ဟင်…ညီမလေး ဘာ ဘာဖြစ်လို့လဲ ? မမနွဲ့ ရင်ထိတ်လိုက်တာကွယ်
။ မမနွဲ့ကို အကြောင်းစုံ ပြောပြမှပေါ့ ။
မငိုနဲ့လေ ။”
အေးသီတာက
ကျွန်မကို ဖက်ကာ တသိမ့်သိမ့်ငိုလေ၍ ကျွန်မ့မှာ ဘာလုပ်လို့ ဘာကိုင်ရမည် မသိ…။ အတန်ကြာ
မှ
အေးသီတာတစ်ယောက် မျက်ဝန်းမှ မျက်ရည်စတို့ကို သုတ်ကာ…
“ မမရယ် ကလေး…ကလေးကလေ…”
“ ဟေ…ကလေး ကလေး ဘာဖြစ်လို့လဲ ? ပြောစမ်းပါဦးကွယ်
။”
“ အေး ဘယ်လိုမှ ပြောမထွက်ဘူး မမရယ် ။ ဟင်း…လာ
မမကိုယ်တိုင်သာ လိုက်ကြည့်တော့ ။ အေး ဒီလေးလ
လုံး အရမ်း စိတ်ဆင်းရဲနေတာ ။ မမကလည်း နေပြည်တော်
ရောက်နေတော့ တိုင်ပင်စရာလူကလည်း မရှိ ။
နေ့တိုင်း မစားနိုင်မသောက်နိုင်နဲ့ ငိုနေမိတာ
။ စိတ်မကောင်းဖြစ်လွန်းလို့ပါ မမရယ် ။ လာ…မမ လိုက်ကြည့်
လိုက်ပါ ။ မမကိုယ်တိုင် မြင်မှ ယုံနိုင်မှာ
။”
အေးသီတာက
ထိုင်ခုံမှထကာ စောစောကထွက်လာသော အိပ်ခန်းထဲသို့ ၀င်သွား၍ ကျွန်မလည်း အေးသီတာခေါ်
ဆောင်ရာနောက်သို့
လိုက်ပါလာခဲ့လိုက်သည် ။ စိတ်ထဲတွင်တော့ သို့လော သို့လော အတွေးပေါင်းစုံနှင့်…။ အေး
သီတာ၏ခန္ဓာကိုယ်လေးသည်
အနောက်ဘက်မှကြည့်လျှင် တကယ့်အရိုးခြောက်လေးလို ပိန်ကပ်သေးသွယ်လို့
နေသည်
။ ညီမငယ်အေးသီတာတစ်ယောက် မည်မျှစိတ်ဆင်းရဲနေရ၍ ဤသို့ခန္ဓာကိုယ်ဖြစ်သွားရသနည်း…ကျွန်မ
မရှိ၍
တိုင်ပင်စရာ လူမရှိဟူသောစကားက ကျွန်မ့ရင်ကို နာကျင်သွားစေသည် ။
အေးသီတာတို့အိပ်ခန်းလေးသည် ကျယ်ကျယ်ဝန်းဝန်းပင်ဖြစ်သည်
။ သို့သော် အလင်းရောင် သိပ်မရှိ…။
မီးချောင်းမှိန်မှိန်လေးကို
ထွန်းညှိထားသည် ။ အခန်းထဲတွင် ကုတင်တစ်လုံးနှင့် အ၀တ်အစားထည့် ဘီဒိုတစ်လုံး
သေတ္တာတစ်လုံး
မှန်တင်ခုံတစ်ခုနှင့်အတူ စာအုပ်များတင်ထားသော စာကြည့်စားပွဲတစ်လုံးတို့ ရှိသည် ။ အေးသီ
တာသည်
ကုတင်ဆီသို့ လျှောက်သွားကာ ကုတင်ပေါ်တွင် တင်ပါးလွှဲထိုင်လိုက်ပြီး…
“ မမနွဲ့ ဒီခေါင်းအုံးလေးပေါ်ကို ကြည့်ပါဦး ။”
အေးသီတာ
ညွှန်ပြသော ကုတင်ပေါ်ရှိ လေးထောင့်ပုံသဏ္ဍာန်ကြိမ်ခြင်းလေးထဲတွင် ထည့်ထားသည့် ခေါင်းအုံး
လေးပေါ်သို့
ကျွန်မ ကြည့်လိုက်မိသည် ။
“ ဟင်…အရုပ်ကလေးပဲ ။ ဘာဖြစ်လို့လဲ အေးသီတာရဲ့ ။”
“ မမနွဲ့ သေချာကြည့်ပါဦး ။ အသာဖွဖွလေး ထိကြည့်လို့
ရပါတယ် ။”
အေးသီတာက
မျက်ရည်တွေ ဝေ့၀ဲလျက် ဆိုလိုက်၍ ကျွန်မ အလေးအနက် ကြည့်လိုက်မိသည် ။ လက်ခလယ်
သာသာ
အရုပ်လေးတစ်ရုပ် ။ နို့ပေမဲ့ မျက်လုံး မျက်ခုံး နှာတံ ပါးစပ် ယုတ်စွအဆုံး လက်ချောင်းလေးများမှလက်
သည်းခွံလေးများကအစ
လူတစ်ယောက်၏ပုံပန်းသဏ္ဍာန်နှင့် ထပ်တူညီမျှလောက်သည်အထိ အတော်လက်ရာ
မြောက်လှသည်
။ အရုပ်က ယောက်ျားရုပ်လေး ဖြစ်သည် ။ အေးသီတာက အသာအယာ ကိုင်ကြည့်လို့ရပါတယ်
ဟု
ဆိုထားသောကြောင့် ကျွန်မ လက်ညှိုးနှင့် ဖွဖွလေး ထိကြည့်တို့ကြည့်လိုက်တော့ ဟင်…လူတစ်ယောက်ရဲ့
အသားအရည်လို့
နုညံ့လို့ နေပါလား ။ ဟုတ်ပါသည် ။ ဆံပင်လေးများကအစ တကယ့်လူတစ်ယောက်ရဲ့ဆံပင်
အတိုင်း
။ ဘယ်လိုများ ထုဆစ်ထားပါလိမ့်…ဘာသားနဲ့ ထုဆစ်ထားပါလိမ့်ဟု တွေးကာ ကျွန်မ ခေါင်းမူးသွားတော့
သည်
။
“ မမ နားမလည်နိုင်အောင်ပဲ ။ ဒါက ဘာသားနဲ့ ထုထားတာလဲ
?”
“ အဲ့ဒါ အရုပ်မဟုတ်ဘူး မမနွဲ့ ။ အဲ့ဒါ အေးရဲ့သားလေး
။”
“ ဘယ်လို…အေးသီတာရဲ့သားလေး ဟုတ်လား ။ ဟင်…ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
?”
“ ဟုတ်တယ် မမနွဲ့ ။ အေးကိုယ်တိုင် ကိုးလလွယ်ဆယ်လဖွားပြီး
မွေးထားရတဲ့ အေးရဲ့သားငယ်လေး ။ အီး
ဟီးဟီး…”
အေးသီတာက
ဇာတ်ရည်လည်အောင် ရှင်းမပြသေးဘဲ ရှိုက်ကြီးတငင် ငိုကြွေးပြန်၍ ကျွန်မ့မှာ ဘုမသိ ဘမသိ
နှစ်သိမ့်ရပြန်သည်
။
“ အေးသီတာ ညီမလေး ငိုနေလို့ မဖြစ်ဘူးလေ ။ မမနွဲ့ကို
နားလည်အောင် ရှင်းပြမှပေါ့ ။ ကဲ…တိတ် တိတ် ။
လာ…ဧည့်ခန်းမှာ သွားထိုင်ပြောရအောင် ။”
ကျွန်မ
တွဲခေါ်လာ၍ ဧည့်ခန်းသို့ အေးသီတာ ပါလာသည် ။ တော်တော်နှင့် ငိုကြွေးလို့ မပြီး…။ ငိုလို့
ဝပါမှ မယုံ
ကြည်နိုင်စရာအဖြစ်အပျက်တစ်ခုကို
အေးသီတာက ပြောပြတော့သည် ။ အကယ်၍ ထိုအဖြစ်အပျက်ကို အခြား
လူတစ်ယောက်သာ
ပြောပြခဲ့လျှင် ကျွန်မ ထုံးစံအတိုင်း အာကျယ်အာလောင် ငြင်းဆန်ခုခံပြောဆိုမည် မလွဲ ။
ယခုတော့
ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြဲမြံမြံ ထိန်းသိမ်းနေထိုင်သူ ညီမငယ်လေး အေးသီတာက
ပြောပြခြင်း
ဖြစ်၍သာ
ကျွန်မ မယုံမရဲနားထောင်ခဲ့ရခြင်းဖြစ်သည် ။
“ မမရယ် အေးရဲ့ဗိုက်က လေးငါးလလောက်ကတည်းက ပိုထွက်မလာတော့တာ
။ သားဦးလည်း မဟုတ်တော့
ဆရာဝန်နဲ့လည်း သေသေချာချာ သွားမပြဖြစ်ခဲ့ဘူး
။ ဒီလိုမျိုး ဖြစ်ရိုးဖြစ်စဉ်လို့ပဲ သဘောထားမိခဲ့တာ ။ သာမန်
အတိုင်းပဲ ကိုးလလွယ်ပြီး ဆယ်လပြည့်တော့ အေးရဲ့ဗိုက်
နာလာတယ် ။ ဒါနဲ့ပဲ အေးရယ် ကိုဝင်းရယ် ဆေးရုံ
ကို သွားကြရော ။ မွေးမယ့်ညမှာ အေး ထူးထူးဆန်းဆန်း
အိပ်မက်မက်တယ် ။ အိပ်မက်ထဲမှာ အသားညိုညို
သွယ်သွယ်နဲ့သူငယ်က`အမေ ကျွန်တော့်ကို မွေးပြီးရင်
ကောင်းကောင်းစောင့်ရှောက်ပေးပါ ။ နွားနို့ ၀ယ်တိုက်
ပါနော်´လို့ ပြောပြီး တဖြည်းဖြည်း ကျုံ့ဆင်းသေးငယ်သွားတယ်
။ အေး အိပ်မက်က လန့်နိုးလာပြီးမကြာ ဗိုက်
နာလာလို့ ဆရာဝန်တွေနဲ့ ကလေးမွေးဖို့ ပြင်ဆင်ရတော့တာပဲ
။ မွေးရတာ လျောလျောလျူလျူ လွယ်လွယ်ကူ
ကူပါ ။ ဒါပေမဲ့ မွေးပေးတဲ့ဆရာဝန်တွေကတော့ အရမ်း
အံ့သြသွားကြတယ် ။ အေးကတော့ ချက်ချင်း မသိရ
သေးဘူး ။ အေး သွေးတက်မှာစိုးလို့ ထင်ပါရဲ့ ။
ဆရာဝန်ကြီးက အေးကို သားလေး မွေးတယ်လို့ ပြောတယ် ။
နောက်နေ့မှ အေး သိရတာက အေး မွေးလာတာ စောစောက
ကလေးလေးပါပဲ ။”
အေးသီတာက
စကားကို ခဏရပ်လိုက်ပြီး အသက်ကို တစ်ချက် ရှိုက်သွင်းရင်း စီးကျလာတဲ့မျက်ရည်စတွေကို
သုတ်လိုက်သည်
။ ကျွန်မကတော့ ယခုချိန်ထိ နားမလည်နိုင်သေး…။
“ အို…ညီမလေးရယ် ဖြစ်နိုင်ပါ့မလား ။ ဒီလောက်သေးသေးလေး
မွေးတယ်ရယ်လို့ မရှိပါဘူးကွယ် ။ မမနွဲ့
တော့ နားကို မလည်နိုင်ဘူး ။”
“ မမနွဲ့လိုပဲ ဆရာဝန်တွေလည်း မယုံမရဲနဲ့ အရမ်းကိုအံ့သြခဲ့ကြတယ်
။ မွေးတုန်းက သာမန်လူတွေလိုပဲ ရေမြွှာ
တွေ အချင်းတွေ ပါတယ်တဲ့ ။ ဒါပေမဲ့ သာမန်ကလေးတွေမှာပါတဲ့
ရေမြွှာထက်တော့ သေးတာပေါ့ ။ ပထမက
တော့ အသေလေးမွေးတယ်ဆိုပြီး ပစ်လိုက်ကြတော့မလို့
။ ကိုခင်ဝင်းက ခွင့်မပြုတာနဲ့ မပစ်ဖြစ်ခဲ့တာ ။ အေး
တို့လည်း ဆေးရုံက ဆင်းတော့ ဆရာဝန်တွေလည်း တအံ့တသြဖြစ်ပြီး
ကျန်ရစ်ခဲ့ကြတာပါပဲ မမနွဲ့ရယ် ။”
“ အေးကွယ် မယုံနိုင်စရာပဲ ။ အသေလေးဆိုရင်လည်း
ခုလောက်ဆို ခြောက်သွား ပုပ်သွားလောက်ပြီပေါ့ ။ ခုက
ဒီလိုလည်း မဟုတ်ပြန်ဘူးနော် ။ အဆန်းသား… သူက
အသက်ကော ရှိလို့လား ? နို့ရော စို့နိုင်လား? ”
“ မမနွဲ့အမေးကို အေး ဖြေရရင် ဒီ့ထက်တောင် ဆန်းကြယ်ဦးမယ်
။ သူက ညဘက် အိပ်မက်ထဲမှာ အေးရဲ့နို့
ကို လာလာစို့တယ် ။ အဲ…မနက်မိုးလင်းလို့ အေးရဲ့ရင်သားကို
စမ်းကြည့်တော့ နို့ကြောတွေ တင်းမနေတော့
ဘူး ။ မထူးဆန်းဘူးလား မမနွဲ့ရယ် ။ အိပ်မက်ထဲက
ကလေးလေးက သိပ်ချစ်စရာကောင်းတာ ။ ညိုညိုလုံး
လုံးလေး…။ ဒီကလေးလေးသာ အပြင်မှာ မွေးလိုက်ပါတော့လို့
တွေးတွေးပြီး အေး ၀မ်းနည်းနေရတာ ။”
အေးသီတာ
ပြောပြပုံက ယုံနိုင်စရာ မရှိ…။ အေးသီတာ သားလိုချင်ဇောဖြင့် စိတ်ဖောက်ပြန်သွားလေပြီလား
။
“ အေးပါကွယ် ။ ရသလောက်နဲ့ ကျေနပ်ရမှာပေါ့ ။ စိတ်ဆင်းရဲ
မခံပါနဲ့ကွယ် ။ ကဲ…မမနွဲ့လည်း အလုပ်ကိစ္စ ရှိ
သေးလို့ ပြန်ဦးမယ် ။ မကြာမကြာ မမနွဲ့ လာခဲ့ပါ့မယ်
။ လိုအပ်တာရှိရင် ဖုန်းဆက်လိုက်နော် ။”
ပြန်ခါနီး
အေးသီတာက သားလေးကို တစ်ခေါက်လိုက်ကြည့်ပါဦးဟု ခေါ်သဖြင့် ကျွန်မ သူ စိတ်ကျေနပ်စေရန်
လိုက်ကြည့်ရပြန်သည်
။ အရုပ်လေးကို ကြည့်ရင်း အေးသီတာ၏ပြောစကားကို ယုံကြည်ရတော့မလိုပင် ဖြစ်လာ
မိသည်
။ မျက်လုံးအရစ်လေးများ မျက်တောင်လေးများကအစ တကယ့်လူအတိုင်း…အသားအရေမှာလည်း အ
နည်းငယ်
ခြောက်သွေ့ရုံကလွဲပြီး နုနုညံ့ညံ့အိအိစက်စက်…။ နောက်ပြီး အေးသီတာ၏ပုံသဏ္ဍာန်ကလည်း ရူးသွပ်
စိတ်မနှံ့သည့်အသွင်
မရှိ ။ ထိုနေ့က ဝေခွဲပိုင်းခြားနိုင်စွမ်း ကင်းမဲ့လျက်နှင့် ကျွန်မ အိမ်ပြန်ဖြစ်ခဲ့သည်
။
သည်လိုနှင့် ထုံးစံအတိုင်း အလုပ်ခွင်ထဲ ပြန်ရောက်သည်နှင့်
လောဘတက် ပိုက်ဆံငမ်းသည့်ကျွန်မ မြစ်ကြီးနား
သို့
သွင်းကုန်ကိစ္စများနှင့် ခရီးသွားရခြင်း ထားဝယ်ဘက် ဆင်းရခြင်းများနှင့် လုံးပမ်းနေရ၍
အေးသီတာ၏အိမ်သို့
မရောက်ဖြစ်တော့
။ တစ်နှစ်ခွဲလောက်ကြာမှ အေးသီတာ၏အိမ်သို့ တကျော့ ပြန်လည်ရောက်ရှိရတော့၏ ။
ပထမလာခဲ့စဉ်ကနှင့် လုံးဝကို ကွာခြားလျက်ရှိသည် ။
အေးသီတာသည်လည်း ယခင်ကလို ပိန်ပိန်ကပ်ကပ်
မဟုတ်တော့သလို
စီးပွားရေးတွေလည်း အဆင်ပြေနေပုံ ရသည် ။ သားနှောင်းအကျိုးပေးကောင်းသည်ဟု ဆိုရ
မလား
မပြောတတ် ။ အေးသီတာက ကျွန်မ့ကို မြင်သည်နှင့် ၀မ်းသာအယ်လဲထွက်ကြိုကာ…
“ မမနွဲ့ရယ် ပြောတော့ဖြင့် မကြာမကြာ လာလည်ပါ့မယ်ဆို
။ မတွေ့ရတာ တစ်နှစ်ခွဲလောက် ရှိရော့မယ် ။ ဖုန်း
ဆက်သေးတယ် ။ ကုမ္ပဏီက မမနွဲ့ ထားဝယ် သွားတယ်
ပြောလို့ ။ လာ… မမနွဲ့ကို အေး ပြောပြစရာတွေ
အများကြီး ရှိတယ် ။”
အေးသီတာက
ကျွန်မ့လက်ကိုဆွဲလျက် ဧည့်ခန်းထဲသို့ ခေါ်လာခဲ့သည် ။ ဧည့်ခန်းထဲတွင် ကလေးတွန်းလှည်းလေး
တစ်ခုနှင့်
ပုခက်လေး တစ်ခုကို တွေ့ရ၍ ကျွန်မ မေးစရာ ဖြစ်ရပြန်သည် ။
“ ဟဲ့…ဒါတွေက ဘာတွေလဲ ? နင် ကလေး ထပ်မွေးပြန်ပြီလား
။”
“ ဟင်း…ဟင်း…မဟုတ်ပါဘူး မမနွဲ့ရဲ့ ။ အဲ့ဒါ သားဖိုးလုံးရဲ့ဟာတွေလေ
။ သားလေးက အတော် ထွားနေပြီ ။”
“ ဟေ…ဖိုးလုံးဆိုတာ ဘယ်သူလဲ ?”
ကျွန်မ
တအံ့တသြမေးလိုက်မိသည် ။
“ ဖိုးလုံးဆိုတာ ရုပ်နဲ့နာမ်နဲ့ မကပ်တဲ့ ဟိုကောင်လေးပေါ့
။ လာ…မမနွဲ့ရဲ့တူလေးကို လိုက်ကြည့်ဦး ။”
အေးသီတာ၏စကားတွေက
အဆန်းတွေချည်း…။ ဖိုးလုံးလည်း ဆိုသေး…ရုပ်နှင့်နာမ် မကပ်တဲ့ ဟိုကောင်လေးဆို
သည်က
မည်သည့်အဓိပ္ပါယ်မှန်း ကျွန်မ နားမလည်နိုင် ။ ကျွန်မ ယောင်တောင်ပေါင်တောင်နှင့် အေးသီတာ၏အိပ်
ခန်းထဲသို့
လိုက်လာခဲ့သည် ။
အိပ်ခန်းကတော့ ထုံးစံအတိုင်း မှောင်ရိပ်သန်းနေတုန်း
။ အေးသီတာက အိပ်ရာနဘေးမှ ကလေးငယ်များ ထည့်
သိပ်သည့်
ပုခက်လေးဆီသို့ လျှောက်သွားသည် ။ အနားသို့ ရောက်တော့ ပုခက်အတွင်းသို့ ပြုံးလျက် ငုံ့ကြည့်နေ၍
ကျွန်မလည်း
ချောင်းကြည့်လိုက်မိသည် ။ တွေ့လိုက်ရသည်က လွန်ခဲ့သောတစ်နှစ်ကျော်က ကျွန်မ တွေ့မြင်ခဲ့ရ
သည့်
ကျွန်မ့တူလေးဟုပြောသော လက်ခလည်သာသာ လူကလေး ။ ကျွန်မ တအံ့တသြ ငေးကြောင်ကြည့်နေမိ
သည်
။ စိတ်ထဲတွင်လည်း ဇဝေဇ၀ါ…ထိုလူလေးသည် ယခင်ကထက် အသားအရည် ပိုမိုစိုပြေလျက်ရှိသလို အေး
သီတာကလည်း
အ၀တ်အစားလှလှပပလေးများကို ဆင်မြန်းဝတ်ဆင်ပေးထားသည် ။
“ အေးသီတာ ငါ့ကို ရှင်းအောင် ပြောပြစမ်းပါဦး ။
ဟိုတစ်ခေါက်က နင်က ငိုပြီးပြောတော့ ငါက နင် စိတ်မတည်
မငြိမ်နဲ့ ပြောခဲ့တယ် ထင်တာ ။ ခု ထက်ပြီး ရှင်းပြစမ်းပါဦးဟယ်
။”
“ မဟုတ်ဘူး မမနွဲ့ရဲ့ ။ အေးရဲ့စိတ်က ပုံမှန်ပါ
။ မယုံရင် အိမ်က ကိုခင်ဝင်းကိုလည်း မေးကြည့်ပါ ။ တစ်ခါတစ်
လေ လောကမှာ မယုံနိုင်လောက်အောင် ဆန်းကြယ်တဲ့ကိစ္စတွေ
ရှိတယ် မမရဲ့ ။”
“ အေး ငါလည်း ယုံရတော့မလို ဖြစ်နေပြီ ။ ပြောစမ်းပါဦး
။”
“ မမနွဲ့က အဝေးရောက်နေလို့ သေချာမသိတာ ။ ဒီရပ်ကွက်ထဲမှာဆို
အေးက ဟိုးလေးတကြော်ကြော်ကို ဖြစ်
ရော ။ ဟိုတစ်ခေါက် မမနွဲ့လာတုန်းက အိမ်တံခါးတွေပိတ်ပြီး
အေးတို့ အိမ်ထဲမှာ ပုန်းနေရတာ ဖိုးလုံးကြောင့်
ပေါ့ ။ ရပ်ကွက်ထဲကလူတွေက ဖိုးလုံးကို ကြည့်ချင်တယ်
။ ဓါတ်ပုံရိုက်ချင်တယ် ။ သတင်းထဲ ထည့်ချင်တယ်
ဆိုလို့ အေးတို့ ပုန်းနေရတာ ။ လူတွေက ကိုယ်ချင်းမစာကြပါဘူး
မမနွဲ့ရယ် ။ အေးမှာ သာမန်လူကလေး မွေး
တာ မဟုတ်လို့ စိတ်ဆင်းရဲရတဲ့အထဲ သူတို့တွေက ဟိုမေးဒီမေး
လုပ်ကြဦးမှာ ။”
“ လူတွေက ဘယ်လိုလုပ် သိသွားကြတာတုန်း ။”
“ တဆင့်စကား တဆင့်နားပေါ့ မမနွဲ့ရယ် ။ ကဲပါ…ဒါတွေ
ထားလိုက်တော့ ။ ခု ဖိုးလုံးက စကားတောင် တတ်
နေပြီ ။ သူက လှည်း..လှည်းလို့ တောင်းလို့ အေး
သူ့အတွက် လှည်းလေး ၀ယ်ပေးထားတာ ။ သူ သိပ်သဘော
ကျနေတာ ။ ညတိုင်းလည်း စီးတယ် ။ လှည်းလေးတောင်
သူ့လက်ချက်နဲ့ တော်တော် စုတ်နေပြီ ။”
အေးသီတာရဲ့စကားက
မယုံနိုင်စရာ…။ သည်လူသေးလေးက ထိုလှည်းကြီးကို စုတ်သွားအောင် စီးနိုင်သတဲ့…။
ကျွန်မရဲ့မယုံမရဲမျက်ဝန်းတွေကို
အေးသီတာက ရိပ်မိသွားပြီး…
“ မမနွဲ့ မယုံကြည်နိုင်ဖြစ်နေမယ်ဆိုတာ အေး နားလည်ပါတယ်
။ မမနွဲ့နေရာမှာ တခြားလူတစ်ယောက်သာဆို
ရင် အေးရဲ့စကားကို အရူးစကားလို့ပဲ ထင်မှာ ။”
“ အဲ့သလိုလည်း မဟုတ်ပါဘူးကွယ် ။ မမနွဲ့ အေးသီတာကို
ယုံပါတယ် ။ ဒါပေမဲ့ တကယ့်ကို ဆန်းကြယ်လွန်း
လို့ အံ့သြနေမိတာပါ ။”
“ မမနွဲ့ မယုံရင် လှည်းကလေးကို သေချာသွားကြည့်…။
ကိုခင်ဝင်းကိုယ်တိုင် ဆိုင်က အသစ်ဝယ်လာတာနော် ။
ကွေးကွေးလည်း တက်စီးလို့ရတာ မဟုတ်ဘူး ။ အဲ့ဒါ
ခု ဘီးတွေတောင် ပွန်းနေပြီ ။ လှည်းပေါ်က အရုပ်လေး
တွေတောင် ပြုတ်ကုန်ပြီ ။ သွားကြည့်လိုက်ပါဦး…။”
အေးသီတာက
ထိုသို့ပြော၍ ကျွန်မ လှည်းကလေးကို သွားကြည့်မိသည် ။ ဟုတ်၏…လှည်းကလေးက အကြိမ်များ
စွာ
ဆော့ကစားစီးနင်းခြင်း ခံထားရ၍ အတော်ပွန်းပဲ့နေပြီ ။ အေးသီတာတို့အိမ်တွင် ကွေးကွေးထက်
ငယ်ရွယ်သူ
မရှိမှန်း
ကျွန်မ သိနှင့်ပြီးသား…။ လောကတွင် ကျွန်မ နားမလည်နိုင်သည့် ထူးခြားဆန်းကြယ်ဖြစ်ရပ်များ
ရှိနေနိုင်
သည်ဆိုတာကို
ကျွန်မ လက်ခံလိုက်ရပါပြီ ။
ထိုနောက်ပိုင်း ကျွန်မ အေးသီတာ၏အိမ်သို့ မကြာမကြာ
ရောက်ဖြစ်သည် ။ သို့ကြောင့်လည်း အေးသီတာ၏
ထူးထူးဆန်းဆန်းသားလေး
ဖိုးလုံး ခေါ် မိုးယံ၏အကြောင်းများကို အံ့သြဘနန်း ကြားသိခဲ့ရသည် ။ ကျွန်မ မှတ်မိ
သလောက်
ပြောပြရလျှင် ဖိုးလုံးသည် အခြားကလေးများနည်းတူ အသက်နှစ်နှစ်လောက်တွင် စကားပြောတတ်
ပြေးတတ်လွှားတတ်နေပြီဖြစ်ကြောင်း
သိရသည် ။ သို့ပေမဲ့ လက်ခလည်သာသာ ရုပ်ခန္ဓာကြီးကတော့ ပြောင်းလဲ
ထွားကြိုင်းလာခြင်း
မရှိပါပေ ။ အခြားကလေးများကဲ့သို့ ပြေးတတ်လွှားတတ် စကားပြောတတ်ခြင်းသည် ဖိုးလုံး၏
နာမ်ရုပ်ကလေးကို
ဆိုလိုခြင်းဖြစ်သည် ။
ပို၍ ဆန်းကြယ်သောအဖြစ်အပျက်တစ်ခုကို ပြောပြရလျှင်
ဖိုးလုံးငါးနှစ်သားအရွယ်လောက်ရောက်တော့
ကလေးစက်ဘီးလေး
တစ်စီး ၀ယ်ပေးခဲ့သည် ။ ဖိုးလုံးက လိုချင်သည်ဟု တောင်းဆိုသောကြောင့် ၀ယ်ပေးရသည်
ဟု
အေးသီတာက ပြောပြ၍ သိခဲ့ရ၏ ။ တစ်နေ့သော စနေနေ့ ညနေတွင် ကျွန်မ အေးသီတာတို့အိမ်သို့ ရောက်
သွားခဲ့သည်
။ အေးသီတာက ၀မ်းသာအားရပင် ကျွန်မ့လက်ကို ဆုပ်ကိုင်ဆီးကြိုကာ…
“ မမနွဲ့ ဒီည ဒီမှာ အိပ်ရမယ် ။ နက်ဖြန် ကုမ္ပဏီ
ပိတ်ရက်ပဲ ။ အိပ်ရမယ်နော်…”
အေးသီတာက
ထိုသို့ပြော၍ အကြောင်းကိစ္စ ရှိလိမ့်မည်ဟု ကျွန်မ ယူဆကာ ထိုညက ဧည့်ခန်းဘေး အခန်းတစ်
ခန်းတွင်
ကျွန်မ အိပ်စက်ခဲ့သည် ။ ထိုနေ့ညက အိပ်ရာအပြောင်းအလဲကြောင့်ပေလား မသိ…ကျွန်မ ကောင်း
ကောင်း
အိပ်မပျော်…။ ညတစ်နာရီခွဲလောက်တွင် ဧည့်ခန်းဆီမှ ကလေးစက်ဘီးစီးသံ ကြားရ၍ ကျွန်မ အံ့သြသွား
မိသည်
။ ကွေးကွေးလေးများ ညဘက် ယောင်နေလေလား? ကွေးကွေးလေးက အသက်ဆယ့်နှစ်ဆယ့်သုံးအရွယ်
ရှိနေပြီဖြစ်၍
ထိုကလေးစီးစက်ဘီးလေးကို စီးနင်း၍ ရနိုင်ပါ့မလား ? ကျွန်မ တအံ့တသြနှင့် အခန်းအပြင်သို့
ထွက်
လာတော့
အသံက တိခနဲ ရပ်သွားသည် ။
“ ဟင်…”
ညနေက
ထမင်းစားခန်းတွင် တွေ့ခဲ့ရသော စက်ဘီးလေးသည် ယခုတော့ ဧည့်ခန်းအလယ်သို့ ရောက်ရှိနေကာ
စောစောလေးကတင်
ကလေးတစ်ယောက်ယောက် စီးနင်းထားခဲ့သည့်အလား လက်ကိုင်ဘေးက ပန်းဖွားလေး
များပင်
လှုပ်ခါလျက် ရှိသေးသည် ။ ထိုအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရပြီးနောက် ကျွန်မသည် အေးသီတာ
ပြောပြ
သော
ရုပ်နှင့်နာမ် မကပ်သူ ကျွန်မ့တူလေး၏အဖြစ်ကို လက်ခံယုံကြည်သွားမိပါတော့သည် ။
*******************************************************************************
ထိုနေရာတွင်
ဒေါ်လဲ့ရည်နွဲ့က ဇာတ်လမ်းကို အဆုံးသတ်လိုက်၍ ကျွန်မ သိလိုသည်များကို အသေအချာမေးမြန်း
ကြည့်မိသည်
။
“ အန်တီ
အဲ့ဒီ့အန်တီ့တူလေးက အခု အသက်ဘယ်လောက် ရှိပြီလဲ ?”
“ အင်း…အခုရှိရင်တော့ အသက်နှစ်ဆယ့်သုံး နှစ်ဆယ့်လေးလောက်
ရှိရောပေါ့ ။”
“ ဟင်…ဒါဆို သူက အခု မရှိတော့ဘူးလား ?”
“ အေးကွယ်…သူ ဆယ့်နှစ်နှစ်အရွယ်လောက်ရောက်တဲ့အချိန်ပေါ့
။ အေးသီတာတစ်ယောက် မနက်အစောကြီး
အန်တီ့ဆီ ဖုန်းဆက်ပြီး မမနွဲ့ လာပါဦး ။ သားလေးကို
ကယ်ပါဦး မမနွဲ့ရယ်…လို့ ငိုကြီးချက်မနဲ့ ပြောလေရဲ့ ။
အန်တီလည်း စိတ်တွေပူပြီး ချက်ချင်း လိုက်သွားတယ်
။ ဟိုရောက်တော့ ကွေးကွေးနဲ့အေးသီတာ ငိုနေလိုက်
ကြတာ မပြောပါနဲ့တော့ ။ အန်တီ့လို အသည်းမာတဲ့လူတောင်
သူတို့ကိုကြည့်ပြီး မျက်ရည်တွေ ဖြိုးဖြိုးဖြိုက်
ဖြိုက်ကျလာရတယ်ကွယ် ။ မောင်ခင်ဝင်းကတော့ ဖိုးလုံးရဲ့ရုပ်ခန္ဓာကို
ထည့်ထားတဲ့ပုံးလေးနားမှာ ထိုင်ပြီး အံ
ကြီး ကြိတ်ထားရှာတယ် ။ အန်တီလည်း စိတ်ပူပူနဲ့
ဖိုးလုံးကို ကြည့်လိုက်တော့ ထူးဆန်းလိုက်တာကွယ် ။ ဖိုး
လုံးရဲ့လက်ခလည်သာသာအရွယ်ခန္ဓာကိုယ်လေးက အရင်ကလို
စိုစိုပြေပြေမရှိတော့ဘဲ မည်းမည်းညိုညို
ခြောက်ခြောက်လေးဖြစ်နေရော ။”
“ ဖိုးလုံး အဲ ကိုဖိုးလုံးက ဘာဖြစ်သွားလို့လဲ
?”
“ အေး…အန်တီလည်း သမီးလိုပဲ သိချင်တာနဲ့ အေးသီတာကို
မေးရတာပေါ့ ။ အေးသီတာခမျာ မျက်ရည်တွေ
ကြားထဲက ပြောပြရှာပါတယ် ။ မမနွဲ့ရယ်…ညက အေးသီတာ
အိပ်မက်မက်တယ် ။ အိပ်မက်ထဲမှာ သားက
လေ အမေ
ကျွန်တော် သွားရတော့မယ် ။ ကျွန်တော် အမေနဲ့ မခွဲချင်ပါဘူး ။ အဖေ့ကိုရော မမကိုရော ကျွန်
တော် ချစ်ပါတယ် ။ ဒါပေမဲ့ သွားရမယ့်အချိန် ရောက်လာပြီလေ
။ အဲ့ဒါကြောင့် ကျွန်တော် အမေတို့ အဖေ
တို့ အမတို့ကို ကန်တော့ခဲ့ပါတယ်…လို့ ပြောပြီး
ထိုင်ကန်တော့တယ် ။ သူ့မျက်နှာမှာလည်း မျက်ရည်တွေနဲ့ ။
ကန်တော့လို့လည်း ပြီးရော တစ်ခါတည်း လှည့်ထွက်သွားတာပဲ
။ အိပ်မက်က နိုးလာတော့ အေးရဲ့မျက်နှာမှာ
လည်း မျက်ရည်တွေ ရွှဲနေရော ။ အေးလေ ကြောက်ကြောက်လန့်လန့်နဲ့
သားလေးကို သွားကြည့်ကြည့်တော့
အေး…အေးရဲ့ရှေ့မှာတင် သားလေးရဲ့အသားအရည်တွေက
တဖြည်းဖြည်းခြောက်သွားတာ ခုမြင်တဲ့အတိုင်း
ပါပဲ မမနွဲ့ရယ်…တဲ့ ။ အန်တီလည်း ဟယ် နင်တို့ကလည်း
တစ်ခါတစ်လေ စိတ်စွဲပြီး အိပ်မက်မက်တာ နေမှာ
ပေါ့ ။ ဒီနေ့ည စောင့်ကြည့်ကြည့်ပါဦးလို့ ဆိုပြီး
အန်တီကိုယ်တိုင်လည်း သူတို့နဲ့ အဲ့ဒီ့ညက အတူနေပေးဖို့ ဆုံး
ဖြတ်လိုက်တယ် ။ အဲ့ဒီ့ညကတော့ ဘာမှမထူးခြားဘူး
။ အေးသီတာလည်း သူ့သားကို အိပ်မက် မမက်တော့
တာကြောင့် ငိုလို့ကို မဆုံးတော့ဘူး ။ ဒီလိုနဲ့
သုံးညနီးပါးလောက် စောင့်ကြည့်ကြသေးတယ် ။ အန်တီလည်း
အေးသီတာနဲ့ကွေးကွေးလေးကို သနားလို့ အလုပ်ခွင့်ယူပြီး
သူတို့နဲ့အတူ စောင့်ကြည့်ပေးခဲ့တယ် ။ လေးရက်
မြောက်နေ့ကျတော့ အန်တီတို့အားလုံး ဖိုးလုံးလေးဟာ
တကယ်ပဲ ရုပ်နဲ့နာမ် အဆက်ပြတ်သွားပြီဆိုတာကို
လက်ခံလိုက်ရတယ် ။ ဘာဖြစ်လို့လဲဆိုတော့ လေးရက်မြောက်နေ့မှာ
မောင်ဖိုးလုံးရဲ့ရုပ်အလောင်းဆီက
အပုပ်နံ့တွေ ထွက်လာပြီလေ ။ ဒါနဲ့ပဲ အေးသီတာတို့ကို
နှစ်သိမ့်ပြီး ဖိုးလုံးလေးရဲ့အလောင်းကို မြေချလိုက်ရ
တော့တယ်ကွယ် ။ ဖိုးလုံးလေးအတွက် ရက်လည်ဆွမ်းကပ်တုန်းကဆို
အန်တီလေ ရရှိတဲ့ကုသိုလ်တွေနဲ့
မေတ္တာပို့ အမျှဝေရင်း ဖိုးလုံးလေးတစ်ယောက် နောင်ဘ၀တွေမှာ
ဒီလို ရုပ်နဲ့နာမ် မကပ်တဲ့သူ မဖြစ်ပါစေနဲ့လို့
အကြိမ်ကြိမ်အခါခါ ဆုတောင်းပေးမိတယ် ။”
“ ထူးဆန်းလိုက်တာ အန်တီရယ် ။ ဒီအဖြစ်အပျက်ကို
လူတိုင်းကတော့ ယုံနိုင်မှာ မဟုတ်လောက်ဘူး ။ သမီး
ကတော့ ယုံချင်ယုံ မယုံချင်နေဆိုတဲ့ သဘောပိုက်ပြီး
ဒီအဖြစ်အပျက်လေးကို စာရေးသားချင်တယ် ။ အန်တီ
ခွင့်ပြုပေးပါနော် ။”
“ သြော်…ရေးပါ ရေးပါ ။ အန်တီက တတ်နိုင်ရင် ဓါတ်ပုံနဲ့တကွတောင်
ဖော်ပြစေချင်တာပါ ။ ဒါပေမဲ့ အေးသီ
တာ စိတ်မကောင်းဖြစ်ရမှာစိုးလို့ ဒီတစ်ချက်တော့
အန်တီ့ကို နားလည်ပေးပါကွယ် ။”
“ အာ…မဟုတ်တာပဲ အန်တီကလည်း ။ ဒီအဖြစ်အပျက်ကို
ပြောပြတဲ့အတွက်နဲ့တင် အန်တီ့ကို ကျေးဇူးတင်
လှပါပြီ ။ နောက်ပြီး အန်တီတို့ နာမည်နဲ့နေရပ်လိပ်စာက
လွဲပြီး အန်တီပြောပြတဲ့အဖြစ်အပျက်ကို သမီး သေ
သေချာချာ တိတိကျကျ ရေးသားပါ့မယ် ။”
ဟု
ကတိပေးကာ အလုပ်အလွန်ကြိုးစားသော ကုမ္ပဏီမှလူကြီးများ၏ အလွန်အားကိုးအားထားရသော ဒေါ်လဲ့ရည်
နွဲ့ကို
နှုတ်ဆက်ကာ ကျွန်မ ပြန်လာခဲ့တော့သည် ။
လောကတွင်
တွေ့ကြုံရန် ခက်ခဲသော ထူးခြားဆန်းကြယ်သော နက်နဲသိပ်သည်းသော အဖြစ်အပျက်များမှာ
အမှန်တကယ်
တည်ရှိနေနိုင်သည် မဟုတ်ပါလား ။
(ဤအဖြစ်အပျက်ကို ပြောပြသော …ကုမ္ပဏီမှ
အန်တီလဲ့ကို အထူးကျေးဇူးတင်ပါသည် ။)
စေတနာ
ရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။