ဖမ်းဆုပ်ထားရမည့် အမှန်တရား
(၂၀၁၅ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်စာပေ တတိယဆုရ ဝတ္ထုတို ဖြစ်သည်)
ရေးသူ ..... ဂါဦးနွန်းကို
----------------------------------------------------------------------------------------
ဆွေဆွေဝင်း - ဆရာအနေနဲ့ ဒီဝတ္ထုကို ဘယ်လိုများရေးဖြစ်ခဲ့သလဲ သိပါရစေ ။
မင်းမြတ်မွန် - မရှိတော့တဲ့ ကျွန်တော့်ရဲ့အချစ်ဆုံးသူငယ်ချင်းအတွက်
အမှတ်တရအနေနဲ့ စိတ်ကူးကွန့်မြူးပြီး ရေးဖြစ်ခဲ့တာ
ပါ ။ အမှန်တော့ သူ့မှာ ငယ်ချစ်ဦး
မရှိခဲ့ပါဘူး ။ အများအတွက် အမြဲတမ်းပြေးလွှားနေတတ်တဲ့ သူ့အဖို့ နှလုံး
သားရေးနဲ့ပတ်သက်လို့ စဉ်းစားဖို့အချိန်လည်း
ရခဲ့မယ် မထင်ပါဘူး ။
မင်းမြတ်မွန်၏အဖြေကြောင့်
သတင်းထောက်-ဆွေဆွေဝင်း၏မျက်ဝန်းထဲ၌ အရောင်တချို့လင်းခနဲလက်သွားသည် ။ ကရု ဏာသက်ခြင်း
၊ ဝမ်းနည်းကြေကွဲခြင်းအရိပ်အယောင်တချို့ ။ တဆက်တည်းမှာပဲ မင်းမြတ်မွန်၏မျက်နှာကို စိုက်ကြည့်နေမိ
သော ဆွေဆွေဝင်း၏မျက်လုံးအစုံက နံရံတွင် ချိတ်ဆွဲထားသောပိုစတာဆီသို့ မရည်ရွယ်ဘဲ လှည့်ကြည့်မိလျက်သား…။
ညစ်ထေးထေးရှပ်အင်္ကျီတစ်ထည်၏ပုံတူက ပိုစတာမျက်နှာပြင်ပေါ်တွင်
နေရာယူနေသည် ။ အဖြူဖြစ်ပေမဲ့ အဝါရောင် သမ်းလုပြီဖြစ်သော ရှပ်အင်္ကျီတစ်ထည် ။ ထိုရှပ်အင်္ကျ
ီတွင် အနီစက်တို့ ဟိုတစ်ကွက်သည်တစ်ကွက် စွန်းထင်နေ၏ ။ ထို အရာတွေက သွေးစက်တွေလား…။
ဆွေဆွေဝင်း ဇဝေဇဝါတွေးလိုက်မိသည် ။ ကျောင်းသားလေး၏ဝါကျင်ကျင်ရှပ်အင်္ကျီ လေးကတင် ‘မမေ့နိုင်သော ငယ်ချစ်ဦး’ဝတ္ထု၏သမိုင်းနောက်ခံကို
အတော်လေး သရုပ်ပေါ်နေစေပြီ ။ ပိုစတာကိုစိုက်ကြည့် နေရင်း ဆွေဆွေဝင်း၏နားထဲ ‘ဂျပ်ဆင်ထိပ်က
လရိပ်ပြာ’သီချင်းကို ကြားယောင်လာမိသယောင် ။
ပန်းချီက ထိုမျှဖြင့် မပြီးသေးပါ ။ ရှပ်အင်္ကျ
ီကော်လံအထက်မှာ မျက်နှာတစ်ခြမ်းကို တစ်ဝက်တစ်ပျက်ရေးဆွဲထားသေး သည် ။ အသက်ဝိညာဉ် ကင်းမဲ့နေသကဲ့သို့
မှေးပိတ်နေသောမျက်ဝန်းတစ်စုံနှင့် သွေးတို့ ပေကျံစီးကျနေသည့် ဟစိစိပါးစပ် နှင့် လိမ်ဖယ်ဖယ်လည်တိုင်တစ်ခု
။ ထိုပုံကား ‘ မမေ့နိုင်သော ငယ်ချစ်ဦး’လုံးချင်းဝတ္ထု၏မျက်နှာဖုံးပန်းချီပင်
။
ထိုမျက်နှာဖုံးကို မြင်လိုက်ရုံဖြင့် တစ်ဖက်လူ၏ရင်ထဲ
ကျင်ခနဲခံစားသွားရလိမ့်မည်မှာ အသေအချာ ။ ဆွေဆွေဝင်း ကိုယ်တိုင်တော့ ထိုပုံကို ကြည့်မိတိုင်း
စိတ်ထဲဝယ် ငိုချင်သလိုလို ဝမ်းနည်းသလိုလို ။ ယခု…စာရေးဆရာ-မင်းမြတ်မွန်နှင့် တွေ့ဆုံမေးမြန်းကြည့်မှ
ထိုဝတ္ထု၏သမိုင်းနောက်ခံက မျက်နှာဖုံးပန်းချီထက်ပင် ပို၍ဆို့နစ်ကြေကွဲဖွယ်ကောင်းမှန်း
သိလိုက် ရသည် ။
အများအကျိုး သယ်ပိုးရင်း အများအတွက် အသက်စွန့်သွားခဲ့ရသည့်
၊ ချစ်ဦးသူပင် မရှိခဲ့ဖူးသော ကွယ်လွန်သူ-ကျောင်း သားလေးတစ်ယောက်၏ဘဝသရုပ်ကို ပြန်လည်ဖော်ကျူးထားခြင်းဖြစ်သည်
။ စာရေးဆရာက စိတ်ကူးဖြင့်
အချစ်ဇာတ် လမ်းတစ်ပုဒ် ဖြည့်သွင်းရေးဖွဲ့ထားကြောင်းကိုလည်း ဖွင့်ဟဝန်ခံခဲ့သည် ။ သေဆုံးသူက
စာရေးဆရာ-မင်းမြတ်မွန်၏ အခင် ဆုံး-သူငယ်ချင်းဆိုလည်း မမှား ။ အချစ်ဆိုသည့်အရာကိုပင်
မသိလိုက်ရဘဲ လူ့ဘဝထဲသို့ ပေးဆပ်ရန်သပ်သပ် ရောက်ရှိ လာခဲ့သည့် ထိုကျောင်းသားလေး၏အဖြစ်ကို
မှန်းဆတွေးကြည့်ရင်း ဆွေဆွေဝင်း၏ရင်ထဲမှာလည်း အမျိုးအမည်မသိသော ဝေဒနာတို့က တပွေ့တပိုက်
တိုးကာဝှေ့ကာ ။
စာအုပ်မိတ်ဆက်ပွဲခန်းမနံရံမှ ‘မမေ့နိုင်သော ငယ်ချစ်ဦး’ ပိုစတာကို စိုက်ကြည့်ရင်း
ဆွေဆွေဝင်း အတွေးသံသရာရှည် နေသည့်အခိုက် စာရေးဆရာ-မင်းမြတ်မွန်က မတ်တတ်ထရပ်လိုက်သည်
။ ထိုအခါကျမှ ဆွေဆွေဝင်း သတိဝင်လာပြီး သူ နှင့်အတူ မတ်တတ်လိုက်ရပ်မိသည် ။ နှစ်ယောက်ယှဉ်တွဲရပ်လိုက်မှ
စာရေးဆရာ-မင်းမြတ်မွန်က အရပ်အတော်ရှည်တာပဲ ဟု ဆွေဆွေဝင်း မှတ်ချက်ချမိ၏ ။ ခေါင်းတစ်လုံးနီးပါးခန့်မြင့်သော‘သူ့’အား
ဆွေဆွေဝင်း မော့ကြည့်လိုက်သည် ။ လက်ထဲ မှ ဟန်းဖုန်း(recorder)ကိုလည်း သူ့ရှေ့သို့ ထိုးပေးလိုက်သည်
။
“ ဟို…ဒီဇာတ်လမ်းထဲမှာပါဝင်တဲ့ ကျောင်းသားလေးရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး
ဘာတွေများ ပြောချင်ပါသလဲ ။ ဒီပြုပြင်
ပြောင်းလဲသင့်တဲ့ကိစ္စတစ်ရပ်လုံးနဲ့ပတ်သက်လို့
ဘယ်လိုများ မှတ်ချက်ပေးချင်ပါသေးလဲ ။”
ခေတ်အစားဆုံးမေးခွန်းများက
ဆွေဆွေဝင်း၏နှုတ်ဖျားမှ တရဟောပြေးထွက်သွားသည်။ အလောတကြီးမေးလိုက်ရသဖြင့် ပို၍ပညာသားပါပြီး
ကျစ်လျစ်လှပသော-စကားလုံးမျိုးကို ရွေးချယ်ခွင့်မရလိုက် ။ သည့်အတွက် ဆွေဆွေဝင်းမှာ ကိုယ့်ကိုယ်
ကို အားမလိုအားမရ ။ သို့ပေမဲ့ “ မမေးဖြစ်တာထက်စာရင် မေးဖြစ်တာက တော်ပါသေးတယ်”ဟု ကိုယ့်ကိုယ်ကို
နှစ်သိမ့် လိုက်ရသည် ။ မေးခွန်းအပေါ် ဒီစာရေးဆရာ
ဘယ်လိုများဖြေကြားမလဲ ၊ ဆွေဆွေဝင်း စိတ်လှုပ်ရှားစွာ စောင့်မျှော်နေမိပြီ ။
ဆွေဆွေဝင်းက လူသစ် ၊ လွန်ခဲ့သောလပိုင်းကမှ အင်တာဗျူးတာဝန်ကို
ထမ်းဆောင်ခွင့်ရသူ ။ ယခု တွေ့ဆုံမေးမြန်း နေရသော စာရေးဆရာ-မင်းမြတ်မွန်က နာမည်ရဝတ္ထုရေးဆရာတစ်ယောက်
။ အတွေးအခေါ်ပိုင်းဆိုင်ရာ လုံးချင်းစာအုပ် ချည်းပဲ (၁၀)အုပ်ခန့် ထွက်ရှိပြီးခဲ့ပြီဖြစ်သလို
အားလုံးနီးပါး ရောင်းအားကောင်းခဲ့သူ ။ ထူးထူးခြားခြား တွေးခေါ်ရှုမြင်တတ် သည်ဟု သတင်းကြီးသူလည်းဖြစ်တော့…ဆွေဆွေဝင်းအနေဖြင့်
စိတ်လှုပ်ရှားမည်ဆိုလည်း လှုပ်ရှားချင်စရာ ။ မင်းမြတ်မွန် ၏အဖြေက ဘယ်လိုများဖြစ်မလဲ
??
အမေးစကား အဆုံးသတ်ပြီး၍ အတန်ကြာသည့်တိုင် မင်းမြတ်မွန်၏နှုတ်က
အဖြေတစ်စွန်းတစ်စမျှ ထွက်ကျမလာ သေး ။ မြှောက်ထားသော-ဆွေဆွေဝင်း၏ ဖြူလွလွလက်ကလေးပင်
ညောင်းချိချင်လာပြီ ။ မော့ကြည့်နေမိသော-ဆွေဆွေ ဝင်း၏လည်တိုင်လေးပင် တောင့်တင်းချင်နေပြီ
။ စိတ်ထဲ၌ တော်တော်အိုက်တင်ခံတဲ့လူပဲ…ဟု
အကြီးအကျယ်အပြစ်မြင်မိ ပေမဲ့ အပြင်မှာတော့ သကာကို ပျားရည်ဖုံးသောအပြုံးမျိုးနှင့် ဆွေဆွေဝင်းက
စာရေးဆရာကို စိုက်ကြည့်နေသည်။ သည်းခံ ခြင်းသည် အောင်မြင်ရာ၏ပေါ့ ။
“ မင်းက အတော်စိတ်ရှည်တဲ့ကလေးမပဲ ။ ခါတိုင်း လာမေးဖူးတဲ့ကောင်လေးတွေ
၊ ကောင်မလေးတွေဆို ကျွန်တော်
ဒီလိုမျိုးကြောင်တောင်ကြီးရပ်နေမိရင်
ဆရာ…ဆရာ့အယူအဆကို ပြောပါဦး-ဆိုပြီး တကြော်ကြော်အော်နေတတ်
တယ် ။ သဘောကတော့ စိတ်မရှည်ကြဘူး ။ သည်းမခံနိုင်ကြဘူး
။ အဲဒီလိုလူငယ်မျိုးတွေဆို ကျွန်တော် တကယ်ပဲ
စိတ်ပျက်မိတယ် ။ လူငယ်ဆိုတာ ထက်မြက်ရုံတင်မကဘူး…
စိတ်ရှည်သည်းခံနိုင်ရမယ် ။ မိုက်သွေးကြွယ်နေတိုင်း
သတ္တိရှိတာ မဟုတ်ဘူး ။ လူငယ်တော်တော်များများ
အယူအဆမှားနေကြတယ် ။ အင်း…မင်းကတော့…ဇွဲသန်သား
ပဲ ။ စိတ်အားထက်သန်မှုတွေကလည်း မင်းမျက်နှာမှာ
အတိုင်းသားပေါ်နေတယ် ။ အခု မင်းမေးတဲ့မေးခွန်းမျိုးကို
ကျွန်တော် တစ်ခါမှ ဖြေလေ့မရှိဘူး ။ ဟုတ်တယ်…
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော့်ထင်မြင်ယူဆချက်တွေကို
တိုက်ရိုက်ချမပြတော့တာကြာပေါ့ ။ ဒါပေမဲ့ ဒီနေ့တော့
ကျွန်တော် ပြောရတော့မယ် ။ မင်းရဲ့စိတ်ရှည်သည်းခံနိုင်မှု
ကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျွန်တော် ဖြေမှဖြစ်မယ်
။”
သူက
အတွေးအခေါ်သမားပီသစွာပင် လေးကန်ကန်ဆိုလာသည် ။
မည်သို့ဖြစ်စေ…မင်းမြတ်မွန်၏နှုတ်က
ထွက်ကျလာသမျှ ဆွေဆွေဝင်းအဖို့ အားတက်ဖွယ်ရာချည်း ။ ဝါရင့်စာရေး ဆရာတစ်ယောက်၏အဖြေက ဘာများဖြစ်မလဲဆိုတာ
ဆွေဆွေဝင်း သိချင်လှပြီ ။ တုန်ယင်စွာ နားစွင့်ရင်း စိတ်လှုပ်ရှားနေ မိသည် ။ သူ ဖြေနေခိုက်
ပျက်လေ့ပျက်ထ မရှိဖူးသော-recorderလေး ပျက်ယွင်းသွားမှာကိုပင် စိုးရိမ်နေမိသည် ။ သူ့အဖြေ
စကားလုံးများထဲက တစ်လုံးစနှစ်လုံးစ လွတ်ထွက်သွားမှာကိုပင် ကြောက်ရွံ့နေမိပြီ ။
ဆွေဆွေဝင်းသည် အသက်(၂၅)နှစ်အရွယ် Journalist-တစ်ယောက်
။ အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် ပြေပြစ်သော ရုပ်ရည်ရှိသူ-ဆွေဆွေဝင်းသည် အဝတ်အစားကို
စမတ်ကျကျဝတ်ဆင်တတ်သောကြောင့် အနုပညာရှင်များ ၊ ရုပ်ရှင်သရုပ် ဆောင်များကြား၌ ပျောက်ကွယ်မသွားဘဲ
မသိမသာလေးထင်ရှားနေတတ်သူဖြစ်သည် ။
စာရေးဆရာ-မင်းမြတ်မွန်က အသက်(၃၂)နှစ်ခန့်သာရှိသေးပေမဲ့
သူ့ကိုယ်သူ(၁၀)နှစ်ခန့် အသက်တင်ထားချင်သူ ။ သက်တူရွယ်တူများနှင့် စကားပြောသည့်အခါ၌
အင်မတန်တည်ကြည်သောဣနြေ္ဒမျိုးဖြင့် ပြောဆိုတတ်သည် ။ သူ့ထက် အသက်ငယ်သူများနှင့် စကားပြောလျှင်မူ
အစ်ကိုကြီး/အဖအရာပမာ တခမ်းတနားပြုမူတတ်သည် ။ မောက်မာဝင့်ကြွား သည့်သဘောမျိုးမရှိဘဲ
ရင့်ကျက်တည်ငြိမ်သောဟန်ပန်ဖြင့် စကားဆိုတတ်ခြင်းဖြစ်သည် ။ ယခုလည်း လာရောက်မေးမြန်း
သော-ဆွေဆွေဝင်းနှင့် မင်းမြတ်မွန်မှာ အသက်အားဖြင့် (၇)နှစ်မျှသာကွာခြားသော်လည်း စကားပြောသည့်အခါ
ကလေးမ ဟူသောစကားလုံးကို သုံးဖြစ်အောင်သုံးသွားသည်
။
သို့ပေမဲ့ မင်းမြတ်မွန်၏သတင်းကို ကြားသိထားပြီးမို့
ဆွေဆွေဝင်းအနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ မည်သို့မျှ မခံစားရ ဘဲ ဖြေကြားလာမည့်စကားကိုသာ
လည်တဆန့်ဆန့်နှင့် မျှော်နေမိ၏ ။
“ ဒီဇာတ်လမ်းထဲမှာပါဝင်တဲ့ ကျောင်းသားလေးရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး
ဘာတွေများ ပြောချင်ပါသလဲ ။ ဒီပြုပြင်ပြောင်း
လဲသင့်တဲ့ကိစ္စတစ်ရပ်လုံးနဲ့ပတ်သက်လို့ ဘယ်လိုများ
မှတ်ချက်ပေးချင်ပါသေးလဲ …ဟုတ်လား ။”
သူက
ဆွေဆွေဝင်း မေးခဲ့သောမေးခွန်းများကို တစ်လုံးမကျန်ပြန်ပြောရင်း ဟုတ်လား-ဟု အနားသတ်လိုက်သည် ။ ထိုခဏ ၌ သူ့မျက်နှာပေါ်တွင်
နားလည်ရခက်သည့်အပြုံးရိပ်တို့ ‘လက်’နေသည် ။
ရွံမုန်းအော့နှလုံးနာခြင်းနှင့် လှောင်ပြောင်သရော်ခြင်းတို့
ထွေးယှက်နေသည့်အပြုံးကောက်ကြောင်းတစ်ခုဟု ဆွေဆွေ ဝင်း ထင်မှတ်မိသည် ။ မျက်လုံးများကမူ
ထိတ်လန့်စရာကောင်းလောက်အောင် တည်ငြိမ်အေးစက်နေသည် ။ စိုက်ကြည့်ခံ ရသူ-ဆွေဆွေဝင်းပင်
ကြောက်ရွံ့စိတ်ဝင်လာမိသည်အထိ တုန်လှုပ်ချောက်ချားဖွယ်အကြည့်စူးစူးတစ်စုံက သူ့မျက်ဝန်းများ
ဆီမှ ခုန်ထွက်လာ၏ ။
“ ကျောင်းသားလေး မှန်တယ်လို့ပဲပြောမယ် ။ ဒါပေမဲ့…တခြားလူတွေလည်း
မမှားပါဘူး ။ သူတို့က သေစေချင်လို့ ပစ်
တာ မဟုတ်ဘူး ။ ခြောက်လှန့်တဲ့သဘောနဲ့ ပစ်ခဲ့တာပါ…တဲ့
။ ဒီတော့…သူတို့ မမှားပါဘူး ။ ကျည်ဆန်တွေသာ မှား
နေခဲ့တာ ။ ကျည်ဆန်တွေက ပန်းတွေဘဝကို ဘာဖြစ်လို့
ကိုယ့်ဟာကိုယ် မကူးပြောင်းသွားကြတာလဲ… အဟတ်
။
- ပြုပြင်ပြောင်းလဲသင့်တဲ့ကိစ္စနဲ့ပတ်သက်လို့
မှတ်ချက်ပြုရမယ်…အင်း ။ ဘယ်ကိစ္စကို ပြောတာလဲ ။ ဒီဇာတ်ကောင်
ကျောင်းသားလေး ပြောင်းလဲဖို့ကြိုးပမ်းခဲ့တဲ့-ပညာရေးလား
။ အတ္တတွေကို ဘေးချိတ်လိုက်ရင် အလိုလိုအဆင်ပြေ
သွားနိုင်မယ့်ပြဿနာတစ်ခုကို ကျွန်တော်က ဘယ်လိုများ
မှတ်ချက်ပြုရမလဲ ။ ‘ပရ’ဆိုတဲ့ခေါင်းစဉ်အောက်မှာတောင်
‘အတ္တ’တွေကို ထွေးပိုက်ထားတတ်သေးတာ ။ ‘အတ္တ’ဆိုတဲ့ခေါင်းစဉ်အောက်မှာ
‘အနန္တအတ္တ’တွေ ပိုက်ထွေးထား
သူတွေနဲ့ပတ်သက်လို့ ဘာတွေများ အချိန်ကုန်ခံပြီး
ဆွေးနွေးနေရမှာလဲ ။ “ဟီရိသြတ္တပ္ပပျောက်နေတဲ့ လူတစ်စု”
အတွက် ကျွန်တော့်ရဲ့ကဲ့ရဲ့ရှုံ့ချမှုတွေက အသုံးဝင်မှာတဲ့လား
။ လူတိုင်းပြောတတ်တဲ့စကားလုံးတွေနဲ့ ဆဲဆိုရဦး
မှာလား ။ အားနာပါရဲ့ ။ ကျွန်တော် အရေးမပါတာတွေ
မလုပ်တတ်ဘူး…ဟင်းဟင်း…ဟင်း…
- အင်း…တစ်စုံတစ်ယောက်ကို
အပြစ်တင်ရမယ်ဆိုရင်တော့ အမှန်တရားကိုပဲ အပြစ်တင်ချင်တယ် ။ အဲဒီကောင်က
အမြဲတမ်း ပဉ္စလက်ဆန်တယ် ။ ဦးထုပ်အနက်ထဲမှာ အဖြူရောင်ယုန်ငယ်လေးတွေ
ပျောက်ကွယ်သွားတတ်သလို
သူဟာလည်း အကြောင်းပြချက် မရေမရာနဲ့ လွင့်ထွက်သွားတတ်လို့…။
အဟား…ဟား…ဟား…ဟားဟား…”
မင်းမြတ်မွန်က
စကားကို လေးလေးကန်ကန်ဆိုနေရင်း အဆုံးသတ်မှာ ခပ်တိုးတိုးရယ်လိုက်သည် ။
တိုးတိုးမျှင်မျှင်ရယ်သံလေးဖြစ်ပေမဲ့ အချိန်အခါသင့်သောရယ်ခြင်းမျိုးမှ
မဟုတ်တာ ။ ရုတ်တရက် ထရယ်လိုက်သော သူ့ရယ်သံကြောင့် မေးမြန်းအသံဖမ်းနေသူ-ဆွေဆွေဝင်းပင်
ကြောင်တက်တက်ဖြစ်သွားခဲ့ရသည် ။
- ဘယ်လိုလူပါလိမ့် ။ သူ့အဖြေက ဒါပဲလား
။ မဖြစ်နိုင်ဘူး ။ ဘာတွေဖြေသွားတာလဲ…
ဆွေဆွေဝင်းခမျာ
မင်းမြတ်မွန်၏မျက်နှာကို ပြူးကြောင်ကြောင်စိုက်ကြည့်ရင်း အံ့အားသင့်နေဆဲ ။ ခဏတာ ရယ်ချပြီးလျှင်
ဆက်ဖြေလိမ့်မည်ဟု မျှော်လင့်မိနေဆဲ…။
ထင်ထားတွက်ထားသည်က ရဲရဲတောက် ဖြေဆိုသံများ ။
အလကားဟာတွေ ၊ အရူးတွေ ၊ ချီးဘရိမ်းတွေ-စသည့် ကြား နေကျဝေါဟာရအကြမ်းစားတွေ ။ ပြောရဲတိုက်ရဲမှ
လွတ်လပ်ရေးဆိုတာ ရတယ်ဟူသောစကားကို အသည်းထဲ စွဲထင်နေသူ ဆွေဆွေဝင်းအဖို့ ဤစာရေးဆရာ ဖြေဆိုသွားသော-စကားလုံးများသည်
ဝေ့ဝိုက်လွန်းလှသည် ။
သွယ်ဝိုက်သိုင်းဝန်းမနေဘဲ ခေတ်ကာလနှင့်အညီ တည့်တည့်ဖြေစေချင်သည်
။ တည့်တည့်ဖြေမှ သတ္တိရှိသည်ဟု ခေါ် ရမည်မဟုတ်လား ။ ယခုများကျ အတွေးအခေါ်ပညာရှင်ဟူ၍ သတင်းကြီးလျက်ရှိသော-ဤစာရေးဆရာက
သူ့ဝတ္ထုများထဲ ကအတိုင်း စိတ်ကူးယဉ်ဆန်ဆန် ပြုမူသွားခဲ့ပြီ ။ အရူးကွက်နင်းသွားခဲ့ပြီ
။ သို့မဟုတ် လောကကြီးအပေါ် စိတ်ကုန်စိတ်ပျက် လွန်းသဖြင့် အမှန်ပဲ ရူးကြောင်နေလေသလား
မပြောတတ်…။
မင်းမြတ်မွန်ကတော့ ရယ်နေဆဲပါ ။ သူ့ရယ်သံက တကယ့်ကို
တိုးဖွဖွ ။ သို့ပေသိ အူလှိုက်သည်းလှိုက်ရယ်မောနေ သည့် သူ့ဝမ်းတွင်းကြောင့် ရှည်ကိုင်းကိုင်းခန္ဓာကိုယ်က
ရှေ့တိုးနောက်ငင်ဖြစ်နေသည် ။ ဘဲဥပုံသဏ္ဍာန်မျက်မှန်အောက်က သူ့မျက်လုံးများပင် လုံးလုံးလျားလျားမှေးပိတ်ကုန်ပြီ
။ ထိုအခိုက်အတန့်မှာ စာအုပ်မိတ်ဆက်ပွဲက သူနှင့်ဘာမျှမဆိုင်သလို ။ ‘မမေ့နိုင်သော ငယ်ချစ်ဦး’က သူ့ရင်ကြားမှ
ပေါက်ဖွားလာသည့် စာပန်းချီမဟုတ်သလို ။ ဤကမ္ဘာပေါ်က လူအများနှင့်အတူ အသက်ရှင်သန်နေသည့်လူက
‘သူ’ မဟုတ်တော့သလို ။
သူ့ရယ်သံက တိုးတိုးလျလျဆိုပေသိ တည်ငြိမ်နေသောပတ်ဝန်းကျင်၌
သူ့ရယ်သံက တစ်စတစ်စ ထင်ရှားလာ၏ ။ သူ့ ကို အာရုံစိုက်နေသူများစွာက လှမ်းကြည့်အကဲခတ်နေကြသည်
။ သို့သော်လည်း သူကမူ ဘေးဘီက လှည့်ကြည့်နေကြ သည်ကို အလေးမထား ၊ တဟားဟားရယ်မောနေဆဲ…ရယ်မောနေမြဲ
။
ဘာကိုမှ ဂရုမစိုက်ဘဲ ထင်သလိုပြုမူနေသည့်သူ့ကိုကြည့်ရင်း
ဆွေဆွေဝင်း စိတ်ပျက်သွားမိပြီ ။ သို့ကြောင့် မြှောက်ထား သောလက်ကို ချလိုက်သည် ။
recorderကို ပိတ်လိုက်သည် ။ လွယ်ထားသောအိတ်ကို အနေအထားပြင်လိုက်သည် ။ မျှော်လင့်ထားသလို
ဖြစ်မလာပေမဲ့ သာမန်သတင်းတစ်ပုဒ် ရလိုက်ပြီမို့ စာရေးဆရာ-မင်းမြတ်မွန်ကို နှုတ်ဆက်၍
ဤစာ အုပ်မိတ်ဆက်ပွဲကနေ ထွက်ခွာသွားတော့မည် ။
“ အဟမ်း…အဟမ်း…”
ဆွေဆွေဝင်း၏ချောင်းဟန့်သံက
မင်းမြတ်မွန်၏နှုတ်ခမ်းနှစ်လွှာကို မပိတ်သိမ်းနိုင်ပါ ။ မင်းမြတ်မွန်က မျက်လုံးဖွင့်ကြည့်
ခြင်းမရှိဘဲ ရယ်ဆဲ…ရယ်မြဲ ။
“ အဟမ်း…ဒီမယ်…ဒီမယ်…သတိလေးလည်း ထားပါဦး ။ ရှင့်ကို
သူများတွေ ဝိုင်းကြည့်နေကြပြီ ။ ကျွန်မရဲ့မေးခွန်းက
ဒီလောက်တောင် အူတက်စေသလား ။ ကျွန်မ မေးခဲ့တဲ့အထဲမှာ
ရယ်စရာအကြောင်းအရာ လုံးဝမပါဘူးလို့ ကျွန်မ
ယုံတယ် ။ ရှင်ဟာ အလကားလူပဲ ။ ရှင့်ပုံစံက ကျွန်မ
မျှော်လင့်ထားခဲ့တာနဲ့ တခြားစီ ။”
ချုပ်ထိန်းထားသည့်ကြားမှ
ဆွေဆွေဝင်း၏နှုတ်က ခပ်ရင့်ရင့်စကားလုံးတချို့ ထွက်ကျသွားသည် ။ ဒေါသဗုံး စနက်တံပြုတ်
သွား၍ထင်…ပြေးထွက်လာသည့်စကားများက အတော့်ကို ကြမ်းတမ်းသွားခဲ့သည် ။
ဒါကလည်း
ဆွေဆွေဝင်း၏အပြစ် မဟုတ် ။ ရင်နင့်ထိခိုက်ဖွယ်ဇာတ်ကြောင်းများကို နိုင်ငံရေးအကြောင်းအရာ
၊ သမိုင်း နောက်ခံများနှင့်တကွ စိတ်ကူးကွန့်မြူးစွာဖန်တီးရေးသားတတ်၍ အလွန်အမင်း လေးစားအားကျခဲ့ရသော-စာရေးဆရာကို မျက်မြင်ဒိဋ္ဌတွေ့ကြုံရသည့်အခါ
ထင်ထားသလို မဟုတ်သဖြင့် စိတ်ပျက်သွားရသည့်အထဲ အကြောင်းပြချက်မရှိဘဲ အရူး တစ်ယောက်လို
တဟားဟားအော်ရယ်နေမှတော့ ဒေါသအိုး ပေါက်ကွဲထွက်ချေပြီပေါ့ ။
ဆွေဆွေဝင်း၏အော်သံကြောင့်
မင်းမြတ်မွန်၏မျက်လုံးများ ပွင့်လာသည် ။ မျက်လုံးများက စောစောကအော်သံရှင်-ဆွေဆွေဝင်း၏မျက်နှာကို
သရော်တော်တော်အကြည့်တို့ဖြင့် စိုက်ကြည့်နေသည် ။ ရယ်နေသောအရှိန်လေး တဖြည်းဖြည်း နှေးသွား၏
။ သို့ပေမဲ့ လုံးလုံးအရယ်မရပ်သေး ။
ပထမ၌ ပြန်တောင်းပန်ရကောင်းမလားဟု ဆွေဆွေဝင်း
တွေးလိုက်မိသေးပေမဲ့ ချက်ချင်းပင် ထိုအတွေး ပျက်ပြယ် သွားသည် ။ မိမိအမှားမဟုတ် ။ သူက
တရားလွန်ထရယ်နေသဖြင့် ယခုလို အော်လိုက်မိခြင်းမဟုတ်လား ။ မှားချင်းမှား သူ့အမှားသာ
။ သို့ပေမဲ့ မိမိအနေနှင့်ကျ သူ့စာအုပ်မိတ်ဆက်ပွဲအထိ လာရောက်စော်ကားသူတစ်ယောက် ဖြစ်နေပေမည်
။ မတောင်းပန်ဘဲ စောင်းကန်းစောင်းကန်းလှည့်ပြန်သွားသော် မိမိ ရိုင်းစိုင်းရာကျမည် ။
သို့ကြောင့် ဘယ်သူပဲမှားမှား…မလို အပ်ဘဲ အော်ငေါက်မိသဖြင့် မိမိကပဲ တောင်းပန်သင့်သည်ဟု
ဆွေဆွေဝင်း ဆုံးဖြတ်လိုက်၏ ။ ထိုအခိုက်မှာပဲ သူ့ရယ်သံ ရပ်သွားခဲ့ပြီ ။
“ စောရီးပါ ။ ကျွန်မ တောင်းပန်ပါတယ် ။ ဒီပွဲက ကျွန်မအတွက်
တတိယမြောက်ပွဲဖြစ်လို့ အတွေ့အကြုံ သိပ်မရှိသေး
ပါဘူး ။ ကျွန်မ စိတ်တွေလှုပ်ရှားနေလို့ ရိုင်းသွားခဲ့ရင်
ခွင့်လွှတ်ပါ ။”
ဆွေဆွေဝင်းက
ချိုချိုသာသာတောင်းပန်နေပေမဲ့ သူကတော့ တစ်ခွန်း မတုံ့ပြန် ၊ ခပ်ထန်ထန်စိုက်ကြည့်နေသည်
။
ဆွေဆွေဝင်း အရမ်းစိတ်ကုန်သွားပြီ ။ လာမေးမိသည်ကိုက
မိမိ၏အမှား ။ ကြားဖူးသည်ထက် ပို၍အူကြောင်ကြောင် နိုင်သူပါလား ။ စိတ်ပျက်စရာကောင်းသောထိုလူ၏နံဘေးမှ
အမြန်ဆုံး ပြေးထွက်သွားတော့မည်ဟုတွေးကာ မင်းမြတ်မွန်ကို ဆွေဆွေဝင်း ဦးညွှတ်လိုက်သည်
။
“ တောင်းပန်ပါတယ် ။ ကျွန်မကို ခွင့်ပြုပါဦး ။”
“ ခဏနေဦး…”
သူ့ထံမှ
တားမြစ်သံ မတိုးမကျယ်ထွက်ကျလာသည် ။ လှည့်ထွက်ရန်ဟန်ပြင်နေသည့် ဆွေဆွေဝင်း၏ခြေလှမ်းများ
တုံ့ခနဲ ရပ်တန့်သွားခဲ့ပေမဲ့ သူ့ဘက်ကို ချက်ချင်း လှည့်မကြည့်မိ ။ ဘာဖြစ်လို့ တားမြစ်လိုက်တာပါလိမ့်ဟုတွေးရင်း
သည်အတိုင်း ရပ်နေမိ၏ ။
မင်းမြတ်မွန်က ဆွေဆွေဝင်း၏အနားသို့ တိုးကပ်လာသည်
။ ခြေလှမ်းများသာ တိုးကပ်သွားခြင်းမဟုတ်ဘဲ ခန္ဓာကိုယ် ကလည်း ဆွေဆွေဝင်း၏မျက်နှာနားအထိ
ကိုင်းညွှတ်သွားသည် ။ ခပ်စောင်းစောင်းရပ်နေသည့် ဆွေဆွေဝင်း၏နားရွက်နား သို့ ညွတ်ကိုင်းကျလာသည့်-မင်းမြတ်မွန်၏နှုတ်ခမ်းတို့
နီးကပ်သွားခဲ့သည် ။ မျက်နှာနှစ်ခုက ထိစပ်လုနီးပါး…။
“ ဘာတွေမှားနေသလဲဆိုတာ မင်းလည်းသိတယ် ။ ငါလည်း
သိတယ် ။ ဒါပေမဲ့ အဲဒါတွေကို မှန်အောင် ဘယ်လိုလုပ်ရ
မလဲဆိုတာ မင်း မသိဘူး ။ သိတဲ့ငါလည်း ဘာမှမတတ်နိုင်သေးဘူး
။ လုပ်နိုင်တဲ့လူတွေကလည်း ဘာမှမသိကြဘူး ။
ဘာမှမလုပ်ကြဘူး ။ ဒီတော့…လွင့်ထွက်သွားခဲ့တဲ့အမှန်တရားတွေကို
ငါ အပြစ်တင်တာ မှားသလား ။ မင်း သိထားဖို့
က နိုင်ငံရေးဆိုတာ မင်းတို့ထင်သလောက် မရိုးရှင်းဘူး
။ အဲဒါကို မင်း သိရဲ့လား ။ အင်း…မင်းတို့ ဘာမှမသိဘူး ။
အခု ငါ ပြောတဲ့ဆိုလိုရင်းကိုတောင် မင်း…သဘောမပေါက်သေးဘူး
။
- ငါတို့သိထားတဲ့အမှားတွေကို မှန်အောင်လုပ်နိုင်ဖို့
အမှန်တရား လွင့်ထွက်မသွားအောင် ငါတို့ ဖမ်းဆုပ်ထားရမှာ ။
မတည်ငြိမ်မှုတွေကြားမှာ ကြံ့ကြံ့ခံရပ်ရင်း တိုးတက်မှုတွေကို
ကြိုးစားရှာရမှာ ။ ကိုယ့်နိုင်ငံအတွက် အောက်ဆီဂျင်ကို
ဘယ်နေရာက သွယ်ယူရမလဲဆိုတာကို ငါတို့ စဉ်းစားရမှာ
။ ကျောက်တောင်ကို ဖြိုခွင်းချင်တယ်ဆိုရင် ကိုယ်ကိုယ်
တိုင် မာကြောအောင် အရင်ကြိုးပမ်းရမယ် ။ လောလောဆယ်မှာ ငါတို့ တကယ်တတ်နိုင်တာ
ဒါပဲရှိတယ် ။ အဲဒါကို
မင်း လက်ခံရဲ့လား ။ အေး…မစားရဝခမန်း ဆဲရေးတိုင်းထွာတဲ့စကားလုံးတွေ
ထုတ်ပြောတတ်တဲ့အထဲမှာ ငါ မပါ
ဘူး ။ အဲဒီအတွက် သတ္တိကြောင်တဲ့ကောင်လို့ မင်း
ထင်ချင်ထင် ၊ ငါ ဂရုစိုက်မှာ မဟုတ်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့
ငါက တောဝက်လိုသတ္တဝါ မဟုတ်လို့ပဲ ။ ငါတို့နိုင်ငံမှာ
တောဝက်တွေများတယ် ။ တောဝက်ရဲ့သဘာဝကိုရော မင်း
သိရဲ့လား ။ အေး…မုဆိုးကို အနိုင်ရဖို့ဆိုရင်
တောဝက် အဖြစ်မခံနဲ့ ။ လောကဆိုတာ အသက်အသေခံပြီး
မုဆိုးကို
တစ်ချက်ပက်သွားရရုံနဲ့ ကျေနပ်နေရမယ့်တောအုပ်မဟုတ်ဘူး
။ ခြင်္သေ့တို့ကျားသစ်တို့ကမှ
မုဆိုးကို တကယ်အနိုင်ယူ
နိုင်မှာ ။ အဲဒီအတွက် ပါးနပ်မှုနဲ့ပရိယာယ်တွေ
လိုတယ် ။ ငါကတော့ ကျားသစ်ဖြစ်အောင် ကျင့်ကြံနေတဲ့ကောင်ပဲ ။”
သူ့ထံမှ
ထွက်ကျလာသော တိုးဖွဖွစကားသံများ ။ ထိုစကားများကို တခြားလူ မကြားသိနိုင်ပါ ။ သူ့အသံက
တိုးလျလွန်း လှသည် ။ နားရွက်နားသို့ ကပ်ပြောနေ၍သာ ဆွေဆွေဝင်း ကြားသိနေရခြင်းဖြစ်သည်
။
သူ့စကားတွေက တစ်စုံတစ်ရာကို လေးလေးနက်နက်ဆိုညွှန်းဖွဲ့နေမှန်း
သိပေမဲ့ ဆွေဆွေဝင်း မစဉ်းစားနိုင်သေး ။ သူ့ အပြောက မြန်လွန်းလှသဖြင့် ဘာတွေပြောသွားသလဲဆိုတာကိုသာ
အသည်းအသန် လိုက်နားထောင်နေရသည် ။ အသံ ဖမ်းထား၍လည်း မရတော့ ။ recorderကို ပိတ်လိုက်မိပြီလေ
။
စကားဆုံးသည့်အခါ
နောက်တစ်ကြိမ် ထပ်မေးမြန်းဖို့ရာ အခွင့်အရေးမရတော့ပါ ။ စာရေးဆရာ-မင်းမြတ်မွန်က သတင်း
ထောက်မလေး-ဆွေဆွေဝင်း၏ရှေ့မှနေ ချာခနဲလှည့်ထွက်သွားခဲ့ပြီ ။ ဇာတ်မင်းသားတစ်ယောက်၏ဟန်ပန်မျိုးနှင့်မဟုတ်
၊ သိက္ခာရ-ရသေ့တစ်ပါး၏ဣနြေ္ဒမျိုးနှင့် ။ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။