ဝိညာဉ်လွင့်သော ညတစ်ည…
( ၂၀၁၂ ဒီဇင်ဘာလထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသောဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
-------------------------------------------------------------------------------------------
ဟာ…မဟုတ်ပါဘူး ။ ဒီလိုတော့ ခေါ်လို့ ရမယ် မထင်ဘူး
။ သေရွာပြန်ဆိုတာက တကယ်သေသွားပြီး
လို့
မြှုပ်နှံဖို့သင်္ဂြိုလ်ဖို့ ပြင်ဆင်နေချိန်ကျမှ ပြန်သတိရလာတဲ့သူမျိုးတွေကို ခေါ်ကြတာလေ
။ တချို့ဆို ခြေတွေ
လက်တွေတောင်
ကြိုးတုပ်ထားပြီးပြီ..ဆိုပဲ ။ ကြားဖူးတာပါဗျာ ။ ကျွန်တော်က အဲ့ဒီ့လောက်ထိတော့ အခြေအနေ
ဆိုးမသွားခဲ့ဘူး
။ ဆေးရုံပေါ်မှာတင် သတိပြန်ရလာတာပါ ။ အင်း…တစ်ခုရှိတာက ကျွန်တော့်ကို ဆရာဝန်တွေ
ကတောင်
လက်လျော့လိုက်ပြီးမှ ပြန်သတိရလာတာဆိုတော့ နည်းနည်းတော့ ဆန်းတာပေါ့နော် ။ အို…လောက
မှာ
ဒီ့ထက် အံ့သြဖွယ်ဆန်းကြယ်တဲ့အကြောင်းအရာတွေ အများကြီး ရှိဦးမှာပါ ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့
ဒီဝိညာဉ်လွင့်သွားခဲ့တဲ့
ညတစ်ညကို ဘယ်တော့မှ မေ့ရမှာ မဟုတ်တော့ဘူး ။ ။
ပလက်ဝမြို့ဆိုသည်မှာ
ချင်းပြည်နယ်က မြို့လေးတစ်မြို့ဖြစ်သည် ။ အဲ့သည့်မြို့ရှိ မီးလက်ဝဟူသော ရွာငယ်လေးဆီသို့
ကျွန်တော်တို့တတွေ အလုပ်ကိစ္စနှင့် ခရီးထွက်ဖြစ်ခဲ့ကြ၏ ။ ကျွန်တော်တို့၏ လုပ်ငန်းကိစ္စကလည်း တစ်ရက်တည်းနှင့်
ပြီးပြတ်မည့်ကိစ္စ မဟုတ်သဖြင့် သုံးလေးရက် နားနေတည်းခိုရန် ရွာလူကြီးများထံတွင် ခွင့်တောင်းပြီး
မီးလက်ဝရွာငယ်လေးရှိ စာသင်ကျောင်းတစ်ကျောင်းတွင် စခန်းချဖြစ်ကြသည် ။ အထုတ်အပိုးတွေ
နေရာချပြီး
ယောက်ျားသားတွေချည်းဖြစ်၍ ချက်ပြုတ်စားသောက်ရန် စိတ်ကူး မရှိကြ ။ အဆင်သင့် စားသောက်နိုင်သည့်အစားအစာများဖြင့်သာ
ဖြစ်သလိုစားသောက်လိုက်ကြသည် ။ မရောက်ဖူးသေးသောဒေသဖြစ်ပြန်တော့
မြင်သမျှ
တွေ့သမျှက ထူးဆန်းအံ့သြနေရသည်ချည်း…။ ရာသီဥတုကလည်း ချမ်းအေးပါဘိ…
ကျွန်တော်တို့နားနေတည်းခိုနေသော
စာသင်ကျောင်းလေးက မီးလက်ဝရွာနှင့် နီးနီးနားနားတော့ မဟုတ် ။
ဟိုးတောင်ကုန်းမြင့်ပေါ်တွင်
ထီးထီးကြီး တည်ရှိနေပြီး ဘေးပတ်လည်တွင်လည်း ရပ်ရွာလူတွေ စုပေါင်းရှင်းလင်း
ထား၍
ပြောင်ရှင်းနေသော မြေတလင်း ၊ ခပ်ဝေးဝေး၌ ချုံနွယ်ပိတ်ပေါင်းများ ၊ တောပန်းတောင်ပန်းများနှင့်
ရွာ
ငယ်လေး၏သဘာဝအလှတရားကို
အစွမ်းကုန်တွေ့မြင်နိုင်သည့်နေရာလေး ။
ဤကဲ့သို့ ဝေးလံခေါင်ဖျားသောဒေသတစ်ခုတွင် ယခုလို
စာသင်ကျောင်းလေးကို တွေ့မြင်ရသည့်အတွက်
ရွာငယ်လေးရှိကလေးများ၏အနာဂတ်ကို
တွေးဆမိကာ ကျွန်တော့်ရင်ထဲ ၀မ်းသာပီတိဖြစ်ပေါ်မိ၏ ။ ကလေးငယ်
တွေ
ပညာဗဟုသုတတွေ ရရှိတိုးတက်နိုင်ပါစေဟူ၍လည်း ဆုတောင်းမိ၏ ။ ထိုညနေ၌ တောင်တောင်အီအီတွေး
တောရင်းဖြင့်
အချိန်တွေ ကုန်လွန်သွားခဲ့၍ တစ်နေ့တာ မိုးချုပ်သွားခဲ့သည် ။
မိုးချုပ်သွားသည်နှင့် လျှပ်စစ်မီး ထိန်ထိန်ငြီးနေသောဒေသမဟုတ်သဖြင့်
ဖယောင်းတိုင်မီးလေးများကို ထွန်း
ညှိကာ
ကျွန်တော်တို့ အိပ်ဖို့နားဖို့ အိပ်ရာခင်းကြ၏ ။ အပန်းဖြေအနားယူကြည့်ရှုရန် တီဗွီ ကွန်ပျူတာ…စသည့်
အရာများလည်း
မရှိသဖြင့် စောစောစီးစီးပင် အိပ်ရာဝင်ဖြစ်ခဲ့ကြသည် ။
ထိုည၌ပင် ဇာတ်လမ်းက စ,တော့၏ ။ ကျွန်တော်တို့က
စုစုပေါင်း ယောက်ျားကြီးပဲ သုံးဦး ။ သိန်းအောင်ဟူ
သော
ကျွန်တော်နှင့် တပည့် ကျော်စိုး ၊ ပြည်မိုး ။ သုံးယောက်သား ကျောင်းခန်းတလင်းပြင်တွင်
ဖျာခင်းပြီး အိပ်
နေကြစဉ်
ညည့်တစ်နာရီခန့်အချိန်၌ အသံတစ်သံကို ကြားရတော့သည် ။
“ ဟဲ့…သြော်…ဒီကလေး…”
ကြားလိုက်ရသည့်အသံက
နီးနီးနားနားရယ် ။ ကျွန်တော် ဆတ်ခနဲ ခေါင်းထောင်ကာ နားစွင့်လိုက်မိသည် ။ ထို
သို့နားစွင့်လိုက်ပြန်တော့လည်း
နောက်ထပ် ဘာသံမျှ မကြားရတော့ချေ … ။ သို့ကြောင့် ကျွန်တော် ပြန်လှဲအိပ်
လိုက်သည်
။ တောင်ပေါ်တွင်ဖြစ်၍ လေတိုက်သံသဲ့သဲ့ကိုလည်း ကြားနေရ၏ ။ ပြန်လှဲအိပ်လို့ ဘယ်လောက်မျှ
မကြာ…
“ ကဲဟယ်…ကဲဟယ်…ဆိုးဦး ။”
“ အီး ဟီး ဟီး…”
ဟော…ကြားရပြန်ပြီ
။ မိခင်က ကလေးငယ်ကို ရိုက်နှက်နေသံနှင့် ကလေးငိုနေသံ…။ ဘာတွေပါလိမ့်…ဤတစ်
ကြိမ်တွင်တော့
ကျွန်တော် အိပ်နေရာမှ ၀ုန်းခနဲ ထထိုင်လိုက်သည် ။ ကျွန်တော် ထထိုင်လိုက်တော့ နဘေးတွင်
အိပ်နေသောတပည့်နှစ်ယောက်ကလည်း
ကျွန်တော့်နည်းတူ ထထိုင်လိုက်ကြရင်း…
“ ဆရာ ကလေးငိုသံတွေ မအေငေါက်သံတွေ ကြားလို့ ။ ဆရာရော
ကြားလား ။”
“ အေး…ငါလည်း ကြားလို့ ။ ဒီအနီးအနားမှာ အိမ်လည်း
မရှိပါဘူး ။ လာ…သွားကြည့်ကြည့်ရအောင် ။”
ယောက်ျားသုံးယောက်
ဖြစ်ခြင်းကြောင့် ကြောက်လန့်ခြင်းအလျင်း မရှိဘဲ အပြင်သို့ ထွက်ကြည့်ကြတော့ အနီးအ
နားတွင်
လူတစ်စုံတစ်ဦး မတွေ့ ။ ဤစာသင်ကျောင်းနှင့် ရွာကလည်း အတော်အတန်အလှမ်းဝေးသလို ဤအနီး
နားတွင်လည်း
အိမ်ခြေမရှိကြောင်း ကျွန်တော်တို့ သိနှင့်ပြီးသား ။ လေသင့်၍ ရွာထဲမှအသံတွေပဲ ဝေ့၀ဲလွင့်ပါလာ
ခြင်းလား…ဒါမှမဟုတ်……
“ ကဲပါကွာ ။ ဘယ်သူမှ မရှိရင်လည်း အိပ်ကြပါစို့
။ မနက်စောစော ထရဦးမှာ ။”
တပည့်နှစ်ယောက်ကို
ထိုသို့ ပြောပြီး အတွင်းသို့ ပြန်ဝင်လာကြပေမဲ့ အားလုံး တော်တော်နှင့် ပြန်အိပ်မပျော်ကြ
တော့
။ ကြောက်လှသည်မဟုတ်သော်လည်း မကြုံဖူးသောအတွေ့အကြုံထူးမို့ ကျွန်တော့်ရင်ခုန်သံတွေပင်
အ
နည်းငယ်
ခုန်မြန်တုန်လှုပ်သွားခဲ့ရသည် ။ သို့သော်လည်း တစ်နေကုန် ပင်ပန်းနေခဲ့ခြင်းကြောင့် မကြာမီတွင်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့၏
။
ယမန်နေ့ညက ကိစ္စနှင့်ပတ်သက်ပြီး
ရွာတွင်းမှ ကာလသားအချို့ကို မေးမြန်းစုံစမ်းကြည့်မိတော့ ထိုစာသင်
ကျောင်းအနီးအနားတွင်
ယခင်က သင်္ချိုင်းဟောင်းတစ်ခုရှိကြောင်း ၊ ထိုကျောင်းကိုညစောင့်အိပ်သော ကျောင်း
စောင့်ကြီးလည်း
ထိုအသံများကြား၍ ကြောက်လန့်ကာ မအိပ်တော့ကြောင်း ၊ ယခု ထိုကျောင်းတွင် ညစောင့်သူ
မရှိကြောင်း…စသည်ဖြင့်
ပြောပြကြ၏ ။
ထိုသို့ကြုံတွေ့ကြားသိလိုက်ရပြီး နောက်ပိုင်းနေ့ညများတွင်တော့
ကျွန်တော်တို့သုံးယောက်လုံး ဘာသာရေး
ကို
ဖိဖိစီးစီးလုပ်ဖြစ်ကြသည် ။ ကျွန်တော်ကလည်း ခေါင်းဆောင်ပီပီ ဦးဆောင်လျက် ပရိတ်ရွတ်ခြင်း
မေတ္တာပို့
ခြင်းများကို
ပြုလုပ်သလို တပည့်များကိုလည်း ဘုရားရှိခိုး မေတ္တာပို့ပြီးမှ အိပ်စေသည် ။ သူတို့ကလည်း
ပထမနေ့
က
အတွေ့အကြုံရပြီးသားဖြစ်၍ ကျွန်တော် မခိုင်းလျှင်လည်း ပြုလုပ်ကြမည်သာ ။ ထိုသို့ ပြုလုပ်ပြီးနောက်ပိုင်း
တွင်
နောက်ထပ် အသံပလံတွေ မကြားရတော့ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ကြရတော့သည် ။ ကျွန်တော်တို့
မေတ္တာ
ပို့
အမျှပေးဝေလိုက်သောကြောင့် မမြင်အပ်သောပုဂ္ဂိုလ်များ ကျွတ်လွတ်သွားလေပြီလား မပြောတတ်…။
သုံးရက်မြောက်နေ့တွင် ကျွန်တော်တို့ အလုပ်ကိစ္စကို
အပြီးအစီးလုပ်ကိုင်ပြီးသွားပြီဖြစ်၍ ရန်ကုန်သို့ နေချင်း
ပြန်ရန်
ပြင်ဆင်ကြရတော့သည် ။ မပြန်၍လည်း မဖြစ်…အထက်လူကြီးများထံ လုပ်ငန်းကိစ္စများကို အချိန်မီတင်
ပြရန်
လိုအပ်သည် မဟုတ်လား ။
ရန်ကုန်သို့ မပြန်ခင် မီးလက်ဝရွာတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်း
ရှိ၍ ထိုကျောင်းသို့
အရောက်သွားရန်
ကျွန်တော် ရည်သန်ထားခဲ့သည့်အတိုင်း တပည့်များကို ဦးဆောင်ခေါ်ယူကာ ကျွန်တော်တို့
ထွက်ခဲ့ကြသည်
။ ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်ကို ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်း
များ
သွားရောက်ကပ်လှူခဲ့ကြသည် ။ ဆရာတော်သည် ချင်းလူမျိုးဖြစ်ပြီး ပိန်ပိန်သွယ်သွယ်နှင့်
ကြည်ညိုဖွယ်
ကောင်းလှ၏
။ မျက်နှာတော်သည် ကြည်လင်ဝင်းပနေပြီး ပြုံးချိုနေ၍ ဖူးမျှော်ရသူ၏ရင်ကို အေးမြစေ၏ ။
“ တကာကြီးတို့က ရန်ကုန်ကလာတဲ့ ဧည့်သည်တွေ ထင်တယ်
။”
“ တင်ပါ့ဘုရား ။ တပည့်တော်တို့ လုပ်ငန်းကိစ္စနဲ့
လာခဲ့ကြတာပါဘုရား ။ ဒီနေ့ အလုပ်ကိစ္စတွေ ပြီးပြတ်သွား
လို့ ညနေကားနဲ့ ပြန်ကြတော့မှာမို့ အရှင်ဘုရားကို
လာရောက်ဦးခိုက်တာပါဘုရား ။”
“ သြော်…တကာကြီးတို့က ပြန်တောင်ပြန်ကြတော့မှာကိုး
။ အိမ်း…ကောင်းကောင်းပြန်ကြ ။ ဘယ်သွားသွား
ဘယ်လာလာ ရတနာသုံးပါးကို မမေ့ကြနဲ့ ။”
“ တင်ပါ့ဘုရာ့ ။”
ဆရာတော်ကို
နှုတ်ဆက်ဝတ်ပြုပြီးနောက် ကျွန်တော်တို့ ကျောင်းကို လှည့်ပတ်ကြည့်ရှုလို၍ ဆရာတော်ထံ
ခွင့်
တောင်းပြီး
ကျောင်းအောက်သို့ ဆင်းလာခဲ့သည် ။ ကျောင်းကြီးသည် ရှေးခေတ်အခါကတည်းက ဆောက်လုပ်
သီတင်းသုံးခဲ့ဟန်တူသောကျောင်းကြီးဖြစ်ပြီး
ကျောင်းဝန်းကြီးသည်လည်း ကျယ်ဝန်းလှ၏ ။ ကျောင်းဝန်းထဲတွင်
သရက်ပင်များ မာလကာပင်များကို အများဆုံးတွေ့မြင်ရ၏ ။
“ ဟင်…”
ညောင်းညာလာ၍
လဲကျနေသောသရက်ပင်မြစ်ပေါ်တွင် ၀င်အထိုင် ထူးဆန်းသောအရာတစ်ခုကြောင့် ကျွန်
တော်
အံ့သြသွားခဲ့ရသည် ။ ထိုအရာကား မြွေတစ်ကောင်အမောက်ထောင်နေသောပုံသဏ္ဍာန်နှင့် ခပ်ဆင်ဆင်
တူသည့်
သရက်ပင်အမြစ် ။ မြွေအစစ်များလားဟူ၍ ကျွန်တော် အသေအချာကြည့်လိုက်တော့ အမှန်ပင် သရက်
ပင်၏အမြစ်ဖြစ်နေ၍
ကျွန်တော် ဆွဲနှုတ်လိုက်မိသည် ။ သရက်ပင်ကြီး၏အမြစ်ဆုံမှ ခွဲထွက်နေသောအမြစ်များ
ထဲမှ
အမြစ်ငယ်တစ်ခုဖြစ်သည်ကတစ်ကြောင်း ၊ လဲပြိုနေသောသရက်မြစ်မှာ လေဒဏ်မိုးဒဏ်ကြောင့် ဆွေးမြေ့
နေသည်ကတစ်ကြောင်းကြောင့်
အလွယ်တကူပင် ကျွန်တော့်လက်တွင်းသို့ ပါလာလေသည် ။ သို့ကြောင့်လည်း
ထိုမြွေခေါင်းသဏ္ဍာန်သရက်မြစ်လေးကို
အမှတ်တရအနေဖြင့် ကျွန်တော် သယ်လာခဲ့မိ၏ ။ နောက်မှ သိရသည်
မှာ
ဤဒေသမှ ထိုသို့သော ထူးထူးဆန်းဆန်းပစ္စည်းများကို ခွင့်မတောင်းဘဲ ယူဆောင်မိလျှင် အန္တရာယ်တစ်စုံ
တစ်ခု
ကျရောက်တတ်သည်…တဲ့ ။
ရန်ကုန်သို့ ပြန်လာရာလမ်းတွင် ကားအနည်းငယ်ချို့ယွင်းသည်မှလွဲ၍
လမ်းအခက်အခဲ သိပ်မရှိ ။ သို့ပေမဲ့
ရာသီဥတုပြင်းထန်သော
ချင်းတောင်တန်းမှ ပြန်လာရခြင်းကြောင့် တပည့်နှစ်ဦးအနက် ကျော်စိုးဟူသောတပည့်
ကလေးမှာ
နဂိုအခံရှိသောငှက်ဖျားရောဂါ ပြန်ထလာသဖြင့် လမ်း၌ အတော်ဂရုစိုက်ခဲ့ရသည် ။ နို့ပေမဲ့
တော်သေး
သည်က
ကျွန်တော့်တွင် ငှက်ဖျားဆေး ပါသွားသောကြောင့် ထိုဆေး တိုက်ထားလိုက်၍ ကျော်စိုးခမျာ
အလူးအ
လဲ
ခံစားနေရရာမှ အတော်အတန်သက်သာသွား၏ ။ ကျွန်တော့်မှာလည်း နေမကောင်းသော တပည့်အတွက် စိုး
ရိမ်ရ
၊ အလုပ်ကိစ္စများအတွက် သောကရောက်ရနှင့် အတော်ပင်ပန်းနေ၍ လူပင် ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်ကာ
ဖျား
ချင်နာချင်နေပြီ
။
“ ဆရာ…ဆရာ့ကြည့်ရတာ နေမကောင်းဘူး ထင်တယ် ။ နားလိုက်ပါလား
ဆရာ ။ ဆေးသောက်မလား ။”
ပြည်မိုးက
ကျွန်တော့်ပုံစံကိုကြည့်ပြီး စိုးရိမ်တကြီးနှင့် မေးရှာသည် ။ နို့ပေမဲ့ ကျွန်တော်က
ခေါင်းခပ်မာမာရယ် ။
သည်ဖျားနာရုံရောဂါလောက်ကို
မှုမည့်သူ မဟုတ် ။ ရပါတယ်ကွာ…ဟူ၍သာ ခပ်အေးအေးပြောလိုက်သည် ။
ဒီလို
ခေါင်းမာမာဖြင့် ပင်ပန်းသည်ထိုင်းမှိုင်းသည်များကို ဆေးတစ်စုံတစ်ရာ သောက်ခြင်းလည်း
မပြုဘဲ ပေတေ
ကြိတ်ခံကာ
ရန်ကုန်သို့ ရောက်လာခဲ့သည် ။
ရန်ကုန်သို့ ရောက်လို့မှ မကြာ…ထိုညနေ၌ပင်
ကျွန်တော့်တစ်ကိုယ်လုံး ခြစ်ခြစ်တောက်ပူလာ၏ ။ တစ်
ကိုယ်လုံး
ချမ်းလွန်းလို့ တုန်ရီနေပြီး စောင်အထပ်ထပ်ခြုံသော်လည်း မနွေးနိုင် တဟီးဟီးညည်းညူရင်း
ဘာကို
မျှ
ကောင်းကောင်းမသိတော့ ။ ကျွန်တော့်မိသားစုဝင်များက ကျွန်တော် ငှက်ဖျားရောဂါထနေခြင်းဖြစ်မည်ဟု
တွက်ဆကာ
ငှက်ဖျားဆေးတိုက်ကျွေးသော်လည်း အဖျားက မကျ…။ မိသားစုဝင်တွေလည်း ကျွန်တော့်အတွက်
အလွန်အမင်း
စိတ်ပူပန်ကာ ကြံရာမရသည့်အဆုံး နီးစပ်ရာဆေးရုံသို့ တင်လိုက်ကြတော့သည် ။ ဆေးရုံသို့
ရောက်သည်အထိ
ကျွန်တော် သတိအနည်းငယ် ရှိသေးသော်လည်း ဆရာဝန်များက ကျွန်တော့်ကို အောက်ဆီ
ဂျင်တပ်ခြင်း
၊ ဆေးသွင်းခြင်းများ ပြုလုပ်ပြီးသည့်နောက် ကျွန်တော် လုံးလုံးလျားလျားသတိလစ်မေ့မြောသွားပါ
တော့သည်
။
ကျွန်တော်
သတိပြန်ရလာတော့ မီးလက်ဝရွာသို့ ကျွန်တော် ပြန်လည်ရောက်ရှိနေသည် ။ ထူးဆန်းလိုက်
သည်ဖြစ်ခြင်း…။
ကျွန်တော် ရောက်ရှိနေသည့်နေရာက မီးလက်ဝဘုန်းတော်ကြီးကျောင်း ။ ဘယ်လိုဖြစ်တာပါ
လိမ့်…အခြေအနေအရပ်ရပ်ကို
နားမလည်နိုင်စွာဖြင့် ကျွန်တော် အူကြောင်ကြောင်နှင့် ကျောင်းရှေ့တွင် ရပ်နေ
မိစဉ်…
“ ဟင်…တကာကြီးပါလား ။ တကာကြီးတို့ ရန်ကုန်ပြန်သွားကြပြီလေ
။”
ကျောင်းပေါ်မှ
ဆင်းလာသော ကျောင်းထိုင်ဆရာတော်က ကျွန်တော့်ကို မြင်သောအခါ အတန်ငယ်အံ့သြသွား
ဟန်ဖြင့်
ထိုသို့ ပြောလိုက်သည် ။ ဆရာတော်ကို ကြည့်ရသည်မှာ ကျွန်တော့်ကို အမှန်ပင် မြင်တွေ့နေသည့်
ဟန်…။
သည်လိုဆို ကျွန်တော် မီးလက်ဝရွာကို တကြော့ပြန်လာလည်ခြင်းလား…ကြားထဲကအကြောင်းအရာ
တွေကို
ကျွန်တော်များ မေ့လျော့သွားတာလား…။ ဘယ်လိုများပါလိမ့်…
ဆရာတော်က ‘တကာကြီးတို့ ရန်ကုန်ပြန်သွားကြပြီလေ’ဟု…ပြောလိုက်သည်နှင့်
ရုတ်တရက် ကျွန်တော့်စိတ်
ထဲတွင်
အမေတို့အဖေတို့ကို သတိရလိုက်မိ၏ ။ ထိုသို့ တွေးလိုက်မိသည်နှင့် တပြိုင်နက်ဆိုသလို ကျွန်တော်
သည်
မိဘများရှိရာ တောင်တွင်းကြီးနေအိမ်သို့ မျက်တောင်တခတ်အတွင်း ဖြတ်ခနဲ ရောက်ရှိသွားတော့သည်
။
ယခုချိန်အထိ
အခြေအနေမှန်ကို ကျွန်တော် မှန်းဆလို့ မရနိုင်သေး…။
တောင်တွင်းကြီးရှိ မိဘများ၏အိမ်သို့ရောက်တော့
ကျွန်တော့်အမေသည် ထိုင်ခုံတွင် ထိုင်ရင်း ငိုကြွေးနေပြီး
အဖေကလည်း
မျက်နှာမကောင်း ။ ကျန်မိသားစုဝင်အားလုံးလည်း ထိုနည်းတူပင်…
“ အမေ…ဘာဖြစ်လို့ ငိုနေတာလဲ ။ အဖေလည်း မျက်နှာမကောင်းပါလား
။ ဘာဖြစ်ကြလို့လဲ ။”
ကျွန်တော်
အမေ့အနားသို့ တိုးကပ်သွားရင်း မေးလိုက်သည် ။ နို့ပေမဲ့ ကျွန်တော့်အမေးစကားကို မည်သူမျှကြား
ပုံ
မရ…။ အားလုံး၏မျက်နှာတွေက ၀မ်းနည်းပူဆွေးမှုအရိပ်အယောင်တွေနှင့်…။ မိသားစုဝင်ထဲက ဘယ်သူများ
ဘာဖြစ်လို့ပါလိမ့်…။
ထိုသို့တွေးရင်း ကျွန်တော့်ရင်ထဲလည်း ပူဆွေးသွားမိသည် ။
“ ဟင်…ညီလေးများ တစ်ခုခုဖြစ်လို့လား ။”
ဟိုဟိုသည်သည်ဝေ့၀ဲကြည့်လိုက်ရင်း
တောင်တွင်းကြီးအိမ်တွင် ညီလေး မရှိသည်ကို သတိထားမိ၍ ကျွန်တော်
ညီလေးအတွက်
စိုးရိမ်သွားမိသည် ။
“ အာ…မဟုတ်သေးပါဘူး ။ ညီလေးက နေပြည်တော်မှာ အလုပ်လုပ်နေတာပဲ
။ ဟိုမှာ ရှိမှာပေါ့ ။”
ဟုတ်၏…။
ညီလေးက အလုပ်ကိစ္စဖြင့် နေပြည်တော်တွင် တကိုယ်တည်း သွားရောက်နေထိုင်နေသူ ဖြစ်သည် ။
ထိုအိမ်သို့
ကျွန်တော် နေပြည်တော်သို့ သွားရောက်စဉ်က တစ်ညအိပ်ဝင်လည်ခဲ့ဖူး၏ ။ ညီလေးက တစ်ကိုယ်
တည်းသမားပီပီ
တစ်အိမ်လုံး ရှုပ်ပွလျက်ရှိ၍ သန့်သန့်ရှင်းရှင်းနေထိုင်ရန် ကျွန်တော်ကပင် ဆူဆဲဆုံးမခဲ့ရဖူး
သည်
။
စိတ်သည် အလွန်လျင်မြန်သောနှုန်းဖြင့် တစ်စက္ကန့်အတွင်း၌ပင်
အကြိမ်ပေါင်းများစွာ ပြောင်းလဲနိုင်သည်
ဟု
ကျွန်တော်ကြားဖူးခဲ့သော်လည်း ယခုတော့ ကိုယ်တွေ့ဖြစ်၍ ယုံရတော့မည် ။ အဘယ်ကြောင့်ဆိုသော်
ကျွန်
တော်
ထိုသို့ နေပြည်တော်အိမ်၏အကြောင်းကို တွေးလိုက်မိသည်နှင့် တပြိုင်နက်…
“ ဟာ…ငါ နေပြည်တော်က ငါ့ညီရဲ့အိမ်ကို ရောက်နေပါလား
။”
ကျွန်တော့်တစ်သက်နှင့်တစ်ကိုယ်
ဤမျှထိတ်လန့်အံ့သြဖွယ်ရာကို မကြုံတွေ့ခဲ့ဖူးချေ ။ အတွေးလေးနှင့်ပင် ဝေး
ကွာလှသော
တောင်တွင်းကြီးနှင့်နေပြည်တော်ကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားခဲ့သည် မဟုတ်ပါလား
။
ကျွန်တော်
အံ့သြလျက်သားနှင့် အိမ်ထဲသို့ ဝေ့၀ဲကြည့်လိုက်တော့ ညီလေးက အိမ်တွင် မရှိ…။ ညီလေး ဘယ်များ
သွားပါလိမ့်ဟု
တွေးမိပေမဲ့ ထိုအတွေးထက် ကျွန်တော် တောင်တွင်းကြီးမှနေပြည်တော်သို့ မည်သို့ ရောက်ရှိလာ
သနည်းဟူသည်ကိုသာ
အကြိမ်ကြိမ် စဉ်းစားကြည့်နေမိသည် ။
ထိုသို့လေးလေးနက်နက်စဉ်းစားတွေးတောနေခိုက်…
“ ကိုသိန်းအောင်…ကိုသိန်းအောင်…”
ကျွန်တော့်နာမည်ကို
ဟိုးအဝေးတစ်နေရာကနေ ခေါ်ဆိုနေသံ… ။ အသံက နီးလာလိုက် ဝေးသွားလိုက်နှင့်…
အသံက
တိုးတိုးညှင်ညှင်မျှသာဖြစ်သော်လည်း ကျွန်တော့်ကို တစုံတခုဖြင့် စုပ်ယူနေသလိုမျိုး ခံစားမိ၏
။ ဘယ်
လိုပါလိမ့်…၀ိညာဉ်ခေါ်သံများလား
။ အသံက ဘယ်က ထွက်ပေါ်နေပါလိမ့်…။ ကျွန်တော် အသံလာရာဆီသို့
မျက်စိလေးမှိတ်ကာ
နားစွင့်လိုက်မိသည် ။
စောစောက ပေါ့ပါးလွတ်လပ်နေသလောက် ရုတ်ချည်းဆိုသလို
ကျွန်တော့်တစ်ကိုယ်လုံး ကိုင်ရိုက်ခံလိုက်ရ
သလို
နာကျင်မှုဝေဒနာတွေကို ခံစားလိုက်ရပြီး ၀ူးဝူးဝါးဝါးအသံများကိုလည်း ကြားလာရသည် ။ အသံတွေက
ဘာသံတွေမှန်း
မကွဲပြားသေး…။ တဖြည်းဖြည်းနှင့် ကြည်လင်ပြတ်သားလာသောအခါ…
“ ကိုသိန်းအောင်…ကိုသိန်းအောင်…ဟင်… ကိုသိန်းအောင်
သတိပြန်ရလာပြီ ။”
အသံများမှာ
ကျွန်တော့်နာမည်ကို ခေါ်ငင်နေသောအသံများ ဖြစ်နေသည် ။ ကျွန်တော် သတိရလာတော့ မျက်
လုံးများကို
ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်၏ ။ ကျွန်တော်မြင်တွေ့လိုက်ရသည်မှာ နဘေးနားရှိ ထိုင်ခုံတစ်လုံးစီ
တွင်
ကျုံ့ကျုံလေးထိုင်နေကြသော ဇနီးသည်လှယဉ်နှင့် ကျွန်တော့်ညီငယ်သိန်းထွန်း…။ ထိုအခါမှ
အခြေအနေ
အရပ်ရပ်ကို
ကောင်းစွာ နားလည်သွားမိသည် ။
“ ကိုကြီး သတိရလာပြီလား ။ ကျွန်တော့်ကို မှတ်မိရဲ့လား
။”
ငှက်ဖျားပိုးက
ဦးနှောက်ထဲ ရောက်သွားသောကြောင့် ကျွန်တော့်မှတ်ဥာဏ် ပျက်စီးသွားမည်ကို စိုးရိမ်၍ ထိုသို့
မေးလိုက်ခြင်းဖြစ်မည်
။ ကျွန်တော် သိန်းထွန်း၏မျက်နှာကို အသေအချာစေ့စေ့ကြည့်လိုက်ပြီး…
“ မင်း တစ်အိမ်လုံးကို ဖွထားရသလားကွ ။ စာကြည့်စားပွဲတစ်ခုလုံးလည်း
ဖိုင်တွဲတွေ ပြန့်ကြဲနေတာပဲ ။”
“ ဗျာ…”
သိန်းထွန်းခမျာ
အလွန်အမင်း အံ့သြမင်သက်သွားပြီး ခဏကြာမှ…
“ ကိုကြီး ဘယ်လိုလုပ်သိလဲ ။ ဒါမှမဟုတ် ကိုကြီး
ကယောင်ကတမ်းတွေ ပြောနေတာလား ။”
သိန်းထွန်းက
ထိုသို့စိုးရိမ်တကြီး မေးလိုက်သလို ဇနီးသည်ခမျာလည်း ကျွန်တော့်ကို စိုးရိမ်ပူပန်စွာ
ငေးကြည့်နေ
ရှာသည်
။ သို့ကြောင့်လည်း ကျွန်တော် သတိလစ်သွားစဉ် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်ပြောပြလိုက်ရ၏
။
“ အမလေး…အကိုရယ် မသေကောင်းမပျောက်ကောင်းပါလား
။ အဲ့ဒါ ၀ိညာဉ်ထွက်သွားတာပေါ့ ။ တော်သေး
တယ် ။ အကို သတိပြန်ရလာပေလို့…”
ဇနီးသည်က
စိုးရိမ်တကြီးဖြင့် ပြောရှာသည် ။ ဆရာဝန်များကလည်း ကျွန်တော် သတိပြန်ရလာ၍ တအံ့တသြဖြင့်
လာရောက်ကြည့်ရှုကြ
စမ်းသပ်ကြနှင့်…။
ဆေးရုံမှ
ရောဂါသက်သာပျောက်ကင်းသွား၍ ပြန်ဆင်းလာခဲ့သည်အထိ ကျွန်တော့်အဖြစ်အပျက်အပေါ်
ကျွန်တော်
ဝေခွဲမရသေးချေ ။ ကျွန်တော် အမှန်ပင် ၀ိညာဉ်ထွက်သွားခြင်းလား…။ သို့မဟုတ် မေ့မြောနေစဉ်
စိတ်ခြောက်ခြား၍
အိပ်မက်မြင်မက်ခြင်းပဲလား…။
ထိုကိစ္စကို မတင်မကျနှင့်ပင် ကျွန်တော် မေ့ဖျောက်ပစ်လိုက်ရသည်
။ သို့နှင့် တစ်နှစ်ကျော်အကြာတွင် ကျွန်
တော်
ချင်းပြည်နယ်သို့ အလုပ်ကိစ္စနှင့် ထပ်မံရောက်ရှိလာသည့်အခါ ထိုကိစ္စကို အတိအလင်းသိရှိနိုင်စေရန်
မီးလက်ဝကျောင်းထိုင်ဆရာတော်ထံသို့
ကျွန်တော် ဖူးမျှော်လျှောက်ထားရန် လာခဲ့လိုက်သည် ။
ကျောင်းသို့ရောက်တော့
ဆရာတော်က ကျွန်တော့်ကို မြင်သည်နှင့် ၀မ်းသာအားရပင်…
“ တကာကြီးကို ကျန်းကျန်းမာမာနဲ့ တွေ့ရလို့ ဘုန်းဘုန်း
ဝမ်းသာလိုက်တာ ။ ဟိုတစ်ခေါက်က တကာကြီးတို့
ပြန်သွားပြီး နောက်တစ်နေ့ညနေ နေ၀င်ရီတရောအချိန်ပေါ့
။ တကာကြီး ကျောင်းရှေ့မှာ ရပ်နေတာတွေ့
တော့ ဘုန်းဘုန်းလည်းတအံ့တသြနဲ့ တကာကြီး ပြန်သွားပြီမဟုတ်လားလို့
မေးလိုက်တော့ ချက်ချင်းဆိုသလို
တကာကြီး
ပျောက်သွားတာပဲ ။ ဘုန်းဘုန်းမှာ တကာကြီးတော့ တစ်ခုခုဖြစ်ရှာပြီဆိုပြီး စိတ်မကောင်းဖြစ်သွား
သေးတယ် ။ ကြည့်ရတာ တကာကြီး ၀ိညာဉ်လွင့်လာပုံရတယ်
ဟုတ်သလား ။”
“ တင်ပါ့ဘုရား ။ တပည့်တော် ငှက်ဖျားပိုးကြောင့်
သတိလစ်သွားတာပါဘုရား ။ တပည့်တော်လည်း ဒီကိစ္စကို
မတင်မကျဖြစ်နေတာ ကြာပါပြီ ။ အရှင်ဘုရား ခုလိုမိန့်မှပဲ
တပည့်တော်ရဲ့စိတ်ထဲ ရှင်းသွားတော့တယ် ။”
“ အိမ်း…အိမ်း…လူဆိုတာ သေမျိုးချည်းပါပဲကွယ် ။
ခု တကာကြီးဆို သေမင်းနဲ့ နီးနီးကပ်ကပ်ကြုံဖူးပြီးသွားပြီ
ဆိုတော့ တခြားအလုပ်တွေထက် တရားအလုပ်ကို များများအားထုတ်ပေတော့
။”
“ တင်ပါ့ဘုရား…”
ဆရာတော်ဘုရားကျောင်းက
ပြန်လာတော့ ခေါင်းထဲတွင် အသိတစ်ခုက စွဲစွဲမြဲမြဲ ကပ်ညှိပါလာမိသည် ။ ဟုတ်ပါ
၏…ကျွန်တော့်အဖြစ်က
သေရွာပြန်ဟုမဆိုနိုင်လျှင်တောင် ခန္ဓာကိုယ်တွင်းမှဝိညာဉ် အပြင်လောကသို့ ခဏတာ
ထွက်ခွာသွားခဲ့ဖူးပြီမဟုတ်လား
။ ဤအသက်နှင့်ဤခန္ဓာ မြဲခြင်း မမြဲခြင်းဆိုသည်မှာ အပိုင်းအခြားလေးတစ်ခုမျှ
သာဖြစ်ပြီး
ခဏအတွင်း၌ပင် ကွဲကွာသွားနိုင်သည် တစ်နည်းအားဖြင့် သေဆုံးသွားနိုင်သည်ကို ကျွန်တော်
ကိုယ်
တိုင်ကိုယ်ကျ
ကြုံဖူးသွားခဲ့ပြီမို့ အသေ မဦးခင် တရားဦးနိုင်စေရန် ကျွန်တော် ကြိုးစားအားထုတ်တော့မည်ဟု
ပိုင်
ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်ချလိုက်မိပါတော့သည်
။
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။