ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၅)
မမျှတသည့်ညီညွတ်မှုများကြောင့် အနာဂတ် ကျရှုံးချိန်
( ၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ အတွေးအမြင်ကဏ္ဍတွင် ဖော်ပြခြင်းခံရသော ဆောင်းပါးဖြစ်ပါသည် )
ဂါဦးနွန်းကို ............ သုံးသပ်ရေးသားသည် ။
-------------------------------------------------------------------------------------------------------------
“
မျှော်လင့်ချက်ဆိုတာ အကြောက်တရားထက် ပိုခိုင်မြဲတဲ့ တစ်ခုတည်းသောအရာပဲ ။ မျှော်လင့်ချက်နည်းနည်းလေးဆိုရင်ကို
ထိရောက်တယ် ။ မျှော်လင့်ချက်အစုအဝေးလိုက်ဆိုရင်တော့
အန္တရာယ်များပြီ ။”
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ဆန်းကြယ်တဲ့အတွေးအခေါ်တွေ
၊ စိတ်ဝင်စားစရာဇာတ်ကွက်တွေနဲ့ သွက်သွက်လက်လက်သရုပ်ဖော်ထားတဲ့ ဒီရုပ်ရှင်က တော့ ကျွန်မရဲ့စိတ်ကို
စွဲဆောင်သွားနိုင်ခဲ့ပါပြီ ။
အားခနဲ
အော်သံတစ်သံက ကျေးလက်ရွာလေးတစ်ရွာကနေ ထွက်ပေါ်လာခဲ့ပါတယ် ။ ခဏအကြာမှာတော့ ‘အိပ်မက် မက်နေတာပါ ၊ မင်းကို ဘယ်သူမှ ရွေးမှာမဟုတ်ဘူး
၊ မကြောက်ပါနဲ့’-ဆိုတဲ့ အားပေးနှစ်သိမ့်သံက နောက်ဆက်တွဲ ကပ်ပါလာခဲ့ တယ် ။ ဒါက ဒေသ(၁၂)မှာနေထိုင်တဲ့
ပရင့်မ်နဲ့ကတ်တ်နစ်တို့ညီအစ်မနှစ်ယောက်ရဲ့
အပြန်အလှန်စကားပြောသံတွေပေါ့ ။
ပရင့်မ်ဟာ မကြာခင်
ကျင်းပမယ့်ဆက်ကြေးရွေးချယ်ပွဲမှာ အရွေးခံရမှာကို ကြောက်ရွံ့နေတာပါ ။ ငယ်ရွယ်ပြီး အစ်မ
အပေါ် အစစအရာရာ အားကိုးရှာတတ်တဲ့-ကလေးမလေး-ပရင့်မ်က လူ့အသက်မပြောနဲ့ ၊ တိရစ္ဆာန်လေးတွေရဲ့အသက်ကိုတောင်
သတ်ဝံ့သူ မဟုတ်ပါဘူး ။
သူ့အစ်မ-ကတ်တ်နစ်ကတော့
တောလိုက်မုဆိုးလို့တောင် ဆိုနိုင်ပါတယ် ။ သူမက ရဲရင့်ပြီး မြားပစ်ကျွမ်းကျင်သူတစ်ဦး
။ ဖခင် ကွယ်လွန်ကတည်းက သူမရဲ့မိသားစုကို အမဲလိုက်တဲ့အလုပ်နဲ့ ရှာဖွေကျွေးမွေးနေသူပါ
။ အသက်ချင်းကွာခြားတဲ့-ညီမငယ် အပေါ်မှာလည်း အလွန်ပဲဂရုစိုက်ရှာပါတယ် ။
ခေတ်အဆက်ဆက်ဖြစ်ပွားခဲ့တဲ့
စစ်ပွဲတွေကြောင့် လူတွေ သေကြေပျက်စီးကြတယ် ။ တိုင်းပြည် မငြိမ်မသက်ဖြစ်ခဲ့ရ တယ် ။ ဒါဟာ
ဒေသခံလူတွေရဲ့ ပုန်ကန်မှု ၊ ကျေးဇူးကန်းမှုကြောင့်လို့ ယူဆတဲ့-သမ္မတကြီး(စနိုး)က ပုန်ကန်မှုတွေကို
ဖိနှိပ်အနိုင် ယူပြီးတဲ့နောက် နိုင်ငံတွင်း တည်ငြိမ်အေးချမ်းစေရေးဆိုတဲ့ဦးတည်ချက်နဲ့
ဥပဒေတစ်ခုကို ထုတ်ပြန်ခဲ့တယ် ။
အဲဒါကတော့ နှစ်စဉ်နှစ်တိုင်း
(၁၂)ခုသောဒေသတွေကနေ လူနှစ်ဦးစီကို ဆက်ကြေးအနေဖြင့် မြို့တော်ဆီ ဆက်သွင်း စေတာပါပဲ
။ အသက်ငယ်ရွယ်တဲ့ မိန်းကလေးတစ်ဦးနဲ့ယောက်ျားလေးတစ်ဦးကို မဲစနစ်နဲ့ရွေးချယ်တာ ဖြစ်ပါတယ်
။ ဒေသအသီး သီးကနေ ရွေးချယ်ခံရတဲ့ လူငယ်(၂၄)ယောက်ဟာ မြို့တော်က စီစဉ်ပြုလုပ်တဲ့ တီဗွီရှိုးပွဲတစ်ခုမှာ
တစ်ဦးကိုတစ်ဦး အသက်သေ တဲ့အထိ တိုက်ခိုက်ရမှာပါ ။ နောက်ဆုံးမှာ လူတစ်ယောက်သာ အသက်ရှင်ခွင့်
ရှိပါတယ် ။
ဆက်ကြေးရွေးပွဲ ရောက်တဲ့အခါ
ကံမကောင်းအကြောင်းမလှစွာနဲ့ ပရင့်မ် အရွေးခံလိုက်ရတယ် ။ လူသတ်ဖို့ဝေးလို့ ဘာမှတောင်
လုပ်ကိုင်တတ်ပုံမရတဲ့-ကလေးမလေးဟာ ဒီပြိုင်ပွဲမှာ အသက်စတေးဖို့သက်သက် သွားရမယ့်အနေအထားပါ
။ ဒါကို သိတဲ့ ပရင့်မ်ရဲ့အစ်မ-ကတ်တ်နစ်က ညီမဖြစ်သူရဲ့နေရာမှာ အစားဝင်ပါရစေလို့ တောင်းဆိုခဲ့တာကြောင့်
အားလုံး အံ့အားသင့် သွားခဲ့ရပါတယ် ။
ဒေသ(၁၂)က ရွေးချယ်ခံရတဲ့ယောက်ျားလေးကတော့
ပီတာမဲလပ်ခ်ပါ
။ လူသတ်ပွဲ တစ်နည်းဆိုရရင် အသက်စတေးဖို့ သွားရောက်ရမယ့်ပွဲဖြစ်တာကြောင့် အရွေးခံရသူတိုင်း
တုန်လှုပ်သွားကြတာချည်းပါပဲ ။ ကတ်တ်နစ်ရော ပီတာပါ တုန်လှုပ်ချောက် ချားစွာနဲ့ သူတို့(ဆက်ကြေးကောက်အဖွဲ့)
ခေါ်ဆောင်ရာနောက်ကို လိုက်ပါသွားခဲ့ရပါတယ် ။
ရှေ့လျှောက် တွေ့မြင်သမျှမြင်ကွင်းတွေက
သူတို့နှစ်ယောက်ရဲ့စိတ်နှလုံးကို ဖမ်းစားသွားခဲ့ပါပြီ ။ ကောင်းကင်ဘုံကို ရုတ်ချည်း
ရောက်သွားသလား အောက်မေ့ရအောင် အသုံးအဆောင် ၊ အစားအစာတွေက ခမ်းနားပြည့်စုံနေပါတယ် ။
ဖိနှိပ်မှု ၊ အဆင့်အတန်းခွဲခြားမှုတွေနဲ့ တည်ဆောက်ထားတဲ့နိုင်ငံမှာ မွေးဖွားလာခဲ့တဲ့-သူတို့ဟာ
သိတတ်စအရွယ်ကတည်းက ပင်ပန်း ဆင်းရဲစွာ ရပ်တည်လာခဲ့ရတာပါ ။ သူတို့ဒေသမှာဆိုရင် ပေါင်မုန့်ကြမ်းတို့
၊ ဒိန်ခဲတို့ဆိုတာ ရံဖန်ရံခါတောင် စားခွင့်မကြုံတဲ့ အရာ တွေ…။ ဒါပေမဲ့ သူတို့ လိုက်ပါစီးနင်းလာတဲ့ရထားပေါ်မှာတော့
အကောင်းစားမုန့်တွေ ၊ ချော့ကလက်ကိတ်တွေက စားပွဲပေါ်မှာ အပြည့် ။ အချိုရည်နဲ့ ယမကာတွေက
အလျံအပယ် ။
အဲဒီရထားပေါ်မှာ သူတို့ရဲ့နည်းပြဖြစ်သူ
ဟေးမစ်ခ်ျနဲ့ တွေ့ဆုံခဲ့ပါတယ် ။ ဟေးမစ်ခ်ျက
အဓိကအကျဆုံးအချက်ကို ပြော ပြခဲ့တယ် ။ အဲဒါကတော့ စပွန်ဆာပါပဲ ။ ကစားပွဲအလယ်မှာ အမျိုးမျိုးသောလှည့်ကွက်တွေကြား
အသက်မသေဆုံးရအောင် စပွန်ဆာတွေဆီက အကူအညီရယူနိုင်တဲ့အကြောင်း ၊ ဒီလိုမျိုး အကူအညီရနိုင်စေဖို့
ကြည့်ရှုသူပရိသတ် အားပေးနှစ်ခြိုက်လာ အောင် နေထိုင်ရမှာဖြစ်ကြောင်း ရှင်းပြခဲ့တယ် ။
မြို့တော်က သူတို့နေထိုင်တဲ့-ဒေသတွေနဲ့
အကွာကြီးကွာလွန်းပါတယ် ။ ခေတ်မီအဆောက်အအုံတွေ ၊ ခေတ်မီအသုံး အဆောင်တွေ ၊ ခေတ်မီပစ္စည်းတွေနဲ့
ပြည့်နှက်လွှမ်းခြုံနေတဲ့နေရာပေါ့ ။ စားဝတ်နေရေးတောင် ခက်ခဲလွန်းတဲ့-သူတို့အဖို့ အလှ
အပဆိုတာ အလှမ်းဝေးလွန်းတဲ့ကိစ္စတစ်ခု ။ ဒါပေမဲ့ ဆက်ကြေးသမားအားလုံးဟာ တီဗွီအစီအစဉ်တစ်ခုအနေနဲ့
တိုက်ပွဲဝင်ရမှာ ဖြစ်တဲ့အတွက် ကြည့်ရှုသူတွေ နှစ်ခြိုက်စေအောင် (ပွဲမဝင်ခင်) လှလှပပပြင်ဆင်ကြရပါတယ်
။ ကတ်တ်နစ်ရဲ့ အလှပြင်ဆရာ-စင်နာက ဒေသ(၁၂)စုံတွဲကို
ပရိသတ် စိတ်ဝင်စားမှု အမြင့်ဆုံးရရှိအောင် အထူးခြားဆုံးဖန်တီးပေးခဲ့ပါတယ် ။
ကတ်တ်နစ်ဟာ ကျွတ်ဆတ်ဆတ်နိုင်ပြီး
အကြောက်အလန့်မရှိဘဲ ပုန်ကန်တတ်တဲ့-မိန်းကလေးတစ်ယောက်ပါ ။ ဒီအချက် ကို အကဲဖြတ်ပွဲမှာ
ဒိုင်တွေကို မထီမဲ့မြင်ပြုလို့ ပြသလိုက်ပါတယ် ။ ဒါပေမဲ့ ထူးဆန်းတဲ့လူ့သဘာဝအတိုင်း ဒိုင်လူကြီး(ဆီနာကာ)က ကတ်တ်နစ်ရဲ့အပြုအမူကို သဘောကျသွားပြီး
အမှတ်အမြင့်ဆုံး ပေးခဲ့တယ် ။ အဲဒီလိုအမှတ်ပေးမှုအပေါ် သမ္မတကြီး(စနိုး)ကတော့ မနှစ်ခြိုက်ခဲ့ပါဘူး ။ ဆူပူအုံကြွမှုတွေကို
မျှော်လင့်ချက်ဆိုတဲ့အရာနဲ့ ချုပ်ထိန်းဖိနှိပ်ဖို့အတွက် ကျင်းပတဲ့ဒီပွဲမှာ ပုန်ကန်တဲ့ကောင်မ
လေးကို အမှတ်မြင့်မြင့်ပေးခြင်းဟာ နောက်ထပ်ပုန်ကန်မှုတွေကို ဖိတ်ခေါ်သလိုဖြစ်လိမ့်မယ်လို့
သူက ယူဆခဲ့ပါတယ် ။
များမကြာမီ လူသတ်ပွဲ
စတင်ပါပြီ ။ စက်ပစ္စည်းတွေနဲ့ ပုံရိပ်ယောင်တွေ ဖန်ဆင်းထားတဲ့-တောအုပ်တုထဲမှာ ဆက်ကြေး
(၂၄)ယောက်ကို တပြိုင်နက် တစ်နေရာတည်းမှာ ချပေးခဲ့တယ် ။ သတ်ဖြတ်ဖို့ အချိန်ကျပြီဆိုတာနဲ့
လက်ရဲဇက်ရဲသမားတချို့က နီးစပ်ရာလူတွေကို သတ်ဖြတ်တော့တာပါပဲ ။ ကတ်တ်နစ်ကတော့ ရန်ငြှိုးလည်း
မရှိ ၊ ကိုယ့်ကိုယ်လည်း အန္တရာယ်မပြုဘဲနဲ့ လူလူချင်း မသတ်ဝံ့တာကြောင့် အားလုံးနဲ့ ဝေးရာဆီကို
ထွက်ပြေးသွားခဲ့ပါတယ် ။
ကြားထဲမှာတော့ လူသတ်ပွဲထဲက
ရက်စက်သူတချို့ရဲ့လုပ်ရပ်တွေကို အသားပေးဖော်ပြထားပါတယ် ။ မြို့သူမြို့သားတွေ ကြည့်ရှုအပန်းဖြေဖို့အတွက်
သူတို့အားလုံးကို အကြောင်းမဲ့ လူသတ်ခိုင်းနေတဲ့လုပ်ရပ်အပေါ် ဆန့်ကျင်ပုန်ကန်ဖို့ မကြိုးစားဘဲ
အချင်းချင်း နှိပ်စက်ညှင်းပန်းမှုမှာ ပျော်မွေ့နေတဲ့လူတစ်စုဟာ ကျန်အားနည်းသူတွေကို
လိုက်လံသတ်ဖြတ်ခဲ့ပါတယ် ။ ကတ်တ်နစ် ကတော့ ကံကောင်းတယ်ဆိုရပါမယ် ။ ဒဏ်ရာအကြီးအကျယ်ရခဲ့ပေမဲ့
စပွန်ဆာအကူအညီကြောင့် အသက်မသေခဲ့သလို သူမကို တစ်ဖက်တစ်လမ်းကကူညီပေးတဲ့ ဒေသ(၁၁)ကယူးဆိုတဲ့ကလေးမလေးကြောင့်
လူသတ်ကောင်တွေရဲ့လက်မှ သီသီလေး လွတ် မြောက်ခဲ့ပါတယ် ။
အပြန်အလှန်စောင့်ရှောက်နေတဲ့ကြားကပဲ
ယူးခမျာ တစ်ဖက်ရန်သူရဲ့လက်ချက်နဲ့ အသက်သေခဲ့ရရှာတယ် ။ ယူး သေ သွားတဲ့အတွက် ကတ်တ်နစ်ခမျာ
ရှိုက်ကြီးတငင်ငိုရင်း ဒေသ(၁၁)ကို ဂုဏ်ပြုခဲ့တယ် ။ သူမရဲ့အပြုအမူဟာ ဒေသ(၁၁)က လူ တွေရဲ့ရင်ကို
ထိရှသွားစေခဲ့ပြီး တွန်းအားတစ်ရပ်လိုဖြစ်ခဲ့တာကြောင့် ဆူပူအုံကြွမှုတချို့ ဖြစ်ပွားသွားခဲ့ပါတယ်
။
ပုန်ကန်ခြားနားမှုများကြောင့်
ပွဲစီစဉ်သူ(ဆီနာကာ)တစ်ယောက် သမ္မတကြီး(စနိုး)ရဲ့ပြစ်တင်မှုကို ခံရလို့ ဆူပူမှုတွေ ငြိမ်
သက်သွားအောင် တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ် ။ အဲဒါကတော့ ကြည့်ရှုသူတွေရဲ့အာရုံကို
အစွဲဆောင်နိုင်ဆုံးဖြစ်မယ့် လူငယ်နှစ် ယောက်ရဲ့အချစ်ပါပဲ ။ ပီတာက ကတ်တ်နစ်ကို တစ်ဖက်သတ်ချစ်ကြိုက်နေကြောင်း
တွေ့ဆုံမေးမြန်းခန်းမှာ ဖွင့်ဟဝန်ခံဖူးတဲ့ အတွက် ပရိသတ်တွေက မနီးစပ်နိုင်တဲ့သူတို့စုံတွဲရဲ့ဖြစ်အင်ကို
စိတ်ဝင်စားလျက်ရှိပါတယ် ။ ဒါကို သိတဲ့ ပွဲစီစဉ်သူက အသက်ရှင် ကျန်ရစ်သူနှစ်ဦးဟာ ဒေသတစ်ခုတည်းကသာဖြစ်မယ်ဆိုရင်
အနိုင်ရခွင့်ရှိတယ်-လို့ ကြေညာခဲ့ပါတယ် ။
ပီတာ့ကို ကတ်တ်နစ်
ရှာတွေ့ချိန်မှာ သူ့ခမျာ ဒဏ်ရာတွေနဲ့ ပုန်းအောင်းနေရတဲ့ကာလပါ ။ ကြံ့ခိုင်တဲ့ကတ်တ်နစ်က
ပီတာ အသက်ရှင်အောင် ကူညီဖေးမခဲ့တယ် ။ ပီတာနဲ့ကတ်တ်နစ်တို့ တစ်ဦးကိုတစ်ဦး အပြန်အလှန်ပြုစုရင်း
သံယောဇဉ်တွေ နှောင်ဖွဲ့ခဲ့ ကြတယ် ။ လူငယ်နှစ်ဦးရဲ့ချစ်ခြင်းက ကြည့်ရှုသူပရိသတ်တွေကို
ငြိမ်သက်သွားစေတာကြောင့် ပွဲစီစဉ်သူရဲ့ရည်ရွယ်ချက်ဟာလည်း အောင်မြင်ခဲ့တယ်လို့ဆိုရပါလိမ့်မယ်
။
နောက်ဆုံး - လူ(၃)ယောက်ပဲ
ကျန်တော့တဲ့အခါ သူတို့(၃)ယောက်ကို တေ့တေ့ဆိုင်ဆိုင်ဆုံဆည်းစေပြီး အနိုင်အရှုံးကို ဆုံးဖြတ်ကာ
ပွဲကို အဆုံးသတ်စေပါတယ် ။ နှစ်ယောက်တစ်ယောက်ဖြစ်လို့ မမျှတသလို ထင်ရပေမဲ့ (ဆက်ကြေးသမားအများစုကို
သတ်ဖြတ်နိုင်ခဲ့တဲ့)ကေတိုက
လေ့ကျင့်ပါးဝနေတာကြောင့် ပီတာခမျာ ရှုံးနိမ့်မလိုဖြစ်ခဲ့ရတယ် ။ ဒါပေမဲ့ မြားပစ်တော်တဲ့-ကတ်တ်
နစ်ရဲ့မြားချက်ကြောင့်လည်းကောင်း ၊ ပီတာရဲ့တိုက်ခိုက်မှုကြောင့်လည်းကောင်း ကေတိုဟာ
ခွေးသရဲအုပ်ကြီးထဲကို ပြုတ်ကျပြီး အရေးနိမ့်သေဆုံးသွားခဲ့ပါတယ် ။
ပွဲစီစဉ်သူက ကြည့်ရှုသူပရိသတ်တွေ
အာရုံပြောင်းအောင် ဒေသတူနှစ်ယောက် အောင်နိုင်ခွင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့
(မူလစည်းမျဉ်းအတိုင်း) တစ်ဦးကိုပဲ အနိုင်ပေးမှာပါ ။ ပီတာနဲ့ကတ်တ်နစ်တို့ အောင်မြင်ပြီးအထင်နဲ့
ပျော်ရွှင် နေတုန်း ထုတ်ပြန်မှုအသစ်ကို ကြားလိုက်ရတယ် ။ အဲဒါကတော့ အောင်နိုင်သူတစ်ဦးပဲ
ရှိရမယ်-ဆိုတဲ့ဥပဒေသပါ ။ ဒီစကားကို ကြားတဲ့အခါ သူတို့နှစ်ဦးခမျာ အကြီးအကျယ်တုန်လှုပ်သွားရရှာတယ်
။ နှစ်ယောက်လုံး ကိုယ့်ဒေသကိုယ် ပြန်ခွင့်ရပြီလို့ ယုံကြည် ထားခဲ့ပြီးမှ တစ်ဦးကိုတစ်ဦး
မဖြစ်မနေ သတ်ရမယ့်အနေအထား ။
ပီတာက နာနာကျင်ကျင်ပြုံးလိုက်ပြီး…ငါ့ကို မြားနဲ့ပစ်လိုက်ပါ ၊ ငါတို့ထဲက တစ်ယောက်သေရမယ်
၊ ဒါမှ သူတို့အတွက် အောင်နိုင်သူ ရှိလိမ့်မယ်-လို့ ပြောခဲ့ပေမဲ့ ကတ်တ်နစ်ကတော့
လက်မခံပါဘူး ။ အောင်နိုင်သူ ဘာလို့ရှိရမှာလဲ-လို့
ကြွေးကြော်ပြီး နှစ်ယောက်အတူ သတ်သေဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ် ။ ဒါပေမဲ့ နှစ်ယောက်လုံး
သေရင် ပွဲပျက်သွားမယ် ၊ ဒါကို ပရိသတ်က လက်ခံ မှာမဟုတ်တဲ့အတွက် သတ်သေခြင်းကို တားမြစ်ပြီး
ပီတာနဲ့ကတ်တ်နစ်တို့နှစ်ဦးလုံးကို (၇၄)ကြိမ်မြောက် Hunger Gameရဲ့ အောင်နိုင်သူတွေအဖြစ်
သရဖူဆောင်းပေးလိုက်ရပါတော့တယ် ။
အခွင့်အာဏာရှိတိုင်း လုပ်ချင်ရာလုပ်လို့မရဘူး
၊ ငါတို့စိတ်/ငါတို့ခန္ဓာကို ငါတို့ ပိုင်စိုးတယ်-ဆိုတဲ့အချက်ကို
ကတ်တ်နစ်က ရဲရဲရင့်ရင့်ပြသသွားခဲ့ပါပြီ ။ သူမရဲ့ဗီဇအတိုင်း ပုန်ကန်မှုလေးတွေနဲ့ပေါ့
။ အခု ကျွန်မ ပြောပြသွားတဲ့ရုပ်ရှင်ကတော့ အပိုင်း(၃)ပိုင်း ထွက်ရှိပြီးဖြစ်တဲ့ ၊ ရုပ်ရှင်ချစ်သူတွေကြားမှာ
ရေပန်းစားခဲ့တဲ့ Hunger Gameရဲ့ပထမပိုင်းပါ ။
ဒီဇာတ်ကားကိုကြည့်အပြီးမှာ
ကျွန်မ အများကြီး တွေးခဲ့မိပါတယ် ။ ခေတ်လွန်ပုံစံမျိုး (မျက်မှောက်ခေတ် မဟုတ်တဲ့ ပုံစံ
မျိုး)ရိုက်ကူးထားတဲ့-ဒီရုပ်ရှင်ဟာ ကြည့်ရှုသူပရိသတ်ကို အတွေးအခေါ်တစ်ခုခုပေးချင်နေပုံလည်း
ရပါတယ် ။ အဲဒီအထဲကမှ ကျွန်မ သတိထားမိတာက ကျေးလက်ဒေသနေ-လူထုရဲ့ဘဝနဲ့ မြို့တော်နေ-လူထုရဲ့ဘဝ
အနေအထားကွာဟလွန်းပုံကို အဓိက သရုပ်ဖော် ထားတဲ့အချက်ပါပဲ ။
(၁၂)ခုသောဒေသတွေမှာ
နေထိုင်ရသူတွေခမျာ အဝတ်အစားဆိုရင်လည်း သစ်သစ်လွင်လွင် တောက်တောက်ပပ မရှိ ။ စားစရာဆိုရင်လည်း
ကောင်းကောင်းမွန်မွန် မဆိုထားနဲ့ ၊ သာမညအစားအစာတောင် ခက်ခက်ခဲခဲ ရှာဖွေနေရတဲ့-အခြေအနေ
။ ဒီကြားထဲ အရာရာကို ထိတ်လန့်နေရတဲ့အဖြစ် ။ နှစ်စဉ် လူသတ်ပွဲအတွက် ဆက်ကြေးကောက်ခံနေမှတော့
ကိုယ့်မိသားစုဝင်တွေ အတွက် စိုးရိမ်ပူပန်နေရရှာမှာပေါ့ ။
ဒီအဖြစ်တွေကို မြို့တော်နေ-ပြည်သူလူထု
နားမလည်နိုင်ကြပါဘူး ။ ပျော်ပါးဖို့ မော်ကြွားဖို့လောက်ပဲ သတိပြုကြတဲ့ မြို့နေလူတွေရဲ့စရိုက်ကို
အရောင်တောက်လွန်းတဲ့အဝတ်အစားတွေ ၊ ခြယ်သလွန်းတဲ့မျက်နှာတွေ ၊ စာနာစိတ်ကင်းပျောက်နေတဲ့
ရယ်မောသံတွေနဲ့ ထင်ထင်ရှားရှားမြင်အောင် တန်ဆာဆင်ပြသထားပါတယ် ။ နောက်ပြီး ကိုယ်ချင်းစာစိတ်
နိမ့်ကျလွန်းတဲ့အချက် ကို လူသတ်ပွဲနဲ့ နှိုင်းပြထားပုံကလည်း ပေါ်လွင်လှပါတယ် ။ ဒေသအသီးသီးက
လူငယ်လေးတွေကို တစ်နှစ်တစ်ခါ အချင်းချင်း သတ်ဖြတ်ခိုင်းနေတဲ့ကိစ္စနဲ့ပတ်သက်လို့ ဆန့်ကျင်ငြင်းဆိုမယ့်သူ
မရှိဘဲ သာမန်ကြက်တိုက်ပွဲတစ်ပွဲကို ကြည့်နေသလို ၊ ရုပ်ရှင်ကြည့် နေသလို အေးအေးလူလူထိုင်ကြည့်နေနိုင်တယ်ဆိုကတည်းက
သူတို့ရင်ထဲမှာ (ဖိနှိပ်ခံ)လူထုအတွက် ခံစားချက် ကင်းမဲ့နေဟန် တူပါရဲ့ ။ အနေအထား ကွာဟလွန်းတဲ့အခါ
လူကို လူချင်း မမြင်နိုင်တော့တဲ့သဘောများလား ။ သတိထားစဉ်းစားရမယ့်ကိစ္စပါ ။ မြို့တော်နေ-လူထုနဲ့အုပ်ချုပ်သူတွေရဲ့
(တစ်ကိုယ်ကောင်းဆန်ဆန်)မမျှတတဲ့-ညီညွတ်မှုတွေကြောင့် ဒေသ(၁၂)ခုမှာ နေထိုင်နေတဲ့ ပြည်သူတွေရဲ့အနာဂတ်ခမျာ
ကျရှုံးသွားခဲ့ရပါပြီ ။
ဒီရုပ်ရှင်ကတဆင့် ဆင့်ပွားရရှိခဲ့တဲ့အသိတရားကတော့
ကိုယ်ချင်းစာစိတ် ပျောက်ကွယ်သွားတာနဲ့တပြိုင်နက် ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေဟာ (အတ္တဆန်ဆန်)
မမျှတတဲ့ဘက်ကို ဦးလှည့်သွားနိုင်ပါတယ် ။ မမျှတမှုတွေ ညီညွတ်လာခဲ့မယ်ဆိုရင် ကမ္ဘာကြီး
ဟာ မတရားမှု အုပ်စိုးခြင်း ၊ အနိုင့်အထက်ပြုမူခြင်းတွေဆီကို ဦးတည်သွားမှာပါ ။ ဒါ့ကြောင့်
ကမ္ဘာလောကအတွက် အရေးပါတဲ့-ကိုယ်ချင်းစာတရားတွေကို လူတိုင်းရဲ့ရင်မှာ တည်တံ့ရှင်သန်အောင်
ကျွန်မတို့အားလုံး အတူတကွ ပျိုးထောင်ပေးကြဖို့ လိုအပ်သလို ကိုယ်စီကိုယ်ငှ မွေးမြူကြဖို့လည်း
အရေးကြီးပါတယ် ။ Hunger Gameကို ရုတ်တရက်ကြည့်ရင် လက်တွေ့မဆန်လိုက်တာလို့ သာမန်မျှတွေးဆနိုင်ပေမဲ့
အလေးအနက်ထားကြည့်တဲ့အခါ သောကဖြစ်စရာတွေကို မြင်ရမှာပါ ။ ကျွန်မတို့အနာဂတ်မှာ ဒီလိုဆုံးရှုံးမှု
မျိုးတွေ မကြုံတွေ့ရစေဖို့ မျှတတဲ့ညီညွတ်မှုတွေဆီ ဦးတည်ကြရေး မျှော်လင့်တွေးရင်း……
@
ကမ္ဘာလောက
ငြိမ်းချမ်းသာယာပါစေ……
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။