( ၂၀၁၆ အောက်တိုဘာလ(၁၉)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ အနုပညာအကြောင်းဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
“Don't Walk, Run!”ဆိုတာနဲ့ RMပရိသတ်တွေကတော့
သိလောက်ရောပေါ့ ။ ဟုတ်ပါတယ် ။ တောင်ကိုရီးယားနိုင်ငံရဲ့ ကျော်ကြားတဲ့တီဗွီအစီအစဉ်တစ်ခုဖြစ်တဲ့
Running Manရဲ့ဆောင်ပုဒ်ပါ ။ Running Manအစီအစဉ်ကို (၂၀၁၀)မှာ စတင်ထုတ်လွှင့် ခဲ့တာပါ
။ အခုဆို (၆)နှစ်ရှိပါပြီ ။ Running Manဟာ တောင်ကိုရီးယားနိုင်ငံရဲ့အရှည်ကြာဆုံးvariety
showတွေထဲကတစ်ခု ဖြစ်ပါ တယ် ။ လက်ရှိမှာတော့ အမြဲတမ်းအဖွဲ့ဝင်တွေက Yu Jae-suk (ယူဂျယ်ဆော့),
Ji Suk-jin(ဂျီဆော့ဂျင်), Kim Jong-kook(ကင်မ်ဂျုံးဂု), Gary(ဂန်ဂယ်ရီ), Ha-ha(ဟားဟား),
Song Ji-hyo(ဆုန်ဂျီဟို)နဲ့ Lee Kwang-su(လီဂွမ်ဆူ)တို့ပဲ ဖြစ်ပါတယ် ။
(၁) - ယူဂျယ်ဆော့
အနုပညာလောကမှာ ယူဂျယ်ဆော့
၊ MCယူအဖြစ် လူသိများပါတယ် ။ Running Manအဖွဲ့သားတွေကတော့ ယူ့စ်ဝီလီစ် ၊ အကဘုရင်ယူ
၊ ဆဲမ်ဘာယူ ၊ နှံကောင် အစရှိတဲ့နာမည်ပြောင်တွေကို ခေါ်ဝေါ်လေ့ရှိပါတယ် ။ အဖွဲ့ဝင်တွေကြားမှာ
ရေသေနတ် စပိုင်အဖြစ် သတင်းကြီးသူပါ ။ (၁၉၇၂)မှာ မွေးဖွားခဲ့လို့ အခုဆို (၄၄)နှစ်ရှိပါပြီ
။ (၂၀၀၈)မှာ သတင်းကြေညာသူ Na Gyung Eun (နာဂေါင်အန်)နဲ့ လက်ထပ်ခဲ့ပြီး Yoo Ji Hoo(ယူဂျီဟူ)ဆိုတဲ့သားတစ်ယောက်
ရှိပါတယ် ။
အစ်ကိုနှာခေါင်းကြီး ၊ တောဆိတ်-စတဲ့နာမည်ပြောင်တွေနဲ့
Running Manပရိသတ်တွေ အသိများကြပါတယ် ။ Easy Brotherလို့လည်း ဂွမ်ဆူနဲ့တွဲပြီး အခေါ်ခံရလေ့ရှိတယ်
။ ဘာကြောင့်လဲဆိုတော့ နာမည်ဖြဲပြိုင်ပွဲမှာ သူတို့နှစ်ယောက်ကို ဖမ်းရတာ လွယ်ကူလို့ပါ
။ race startလို့ ခေါ်ရတာကတော့ ခပ်ကြမ်းကြမ်းပြိုင်ပွဲတွေမှာဆို ပထမဆုံးအဖမ်းခံရလေ့ရှိတာကြောင့်
သူ အဖမ်းခံရရင် ပြိုင်ပွဲ စပြီ(race start)-လို့ နောက်ပြောင်ကြတာပါ ။ (၁၉၆၆)မှာ ဖွားမြင်သူဖြစ်လို့
အသက်(၅၀)နှစ်ရှိပါပြီ ။ Yoo Su Jeong (ယူဆူဂျောင်း)ဆိုသူနဲ့ လက်ထပ်ထားပြီး Ji Hyun
Woo(ဂျီဟွန်ဝူး)ဆိုတဲ့သားတစ်ယောက်ရှိပါတယ် ။
(၃) - ကင်မ်ဂျုံးဂု
Turboအဆိုတော်အဖွဲ့ဝင်အဖြစ်
ပွဲဦးထွက်ခဲ့သူပါ ။ အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်ခဲ့သလို Running Manမှာ လည်း တိုက်ခိုက်ရေးသမားကောင်းအဖြစ်
ကျော်ကြားပါတယ် ။ အဖွဲ့သားတွေရဲ့ကြောက်ရွံ့မှုကို စပါတာဂု ၊ ကွန်မန်ဒါ အစရှိတဲ့ စွမ်းဆောင်ရှင်နာမည်တွေနဲ့
အများဆုံးဖော်ပြခံရသူပေါ့ ။ ခွန်အားကြီးတဲ့အတွက် ကျားကြီး(တောကောင်ကြီး)လို့လည်း တင်စားကြ
ပါတယ် ။ ဂျုံးဂုရဲ့အချစ်ရေးကလည်း RMပရိသတ်တွေရဲ့အာရုံကို ဖမ်းစားနိုင်နေပါတယ် ။ အသက်(၄၀)ရှိပြီဖြစ်တဲ့(၇၆)ဖွား-ဂျုံးဂုက
ယခုတိုင် တစ်ကိုယ်တည်းပါ ။ အသက်(၄၀)မှာ အိမ်ထောင်ပြုမယ်လို့ ပြောဖူးခဲ့ပေမဲ့ သိပ်မကြာခင်က
အင်တာဗျူးတစ်ခုမှာ (၄၅)နှစ် ကျမှ အိမ်ထောင်ပြုတော့မယ်လို့ ဖြေဆိုထားပြန်ပါတယ် ။
(၄) - ဂန်ဂယ်ရီ
ဂန်ဂယ်ရီဟာ
LeeSsangအဖွဲ့မှာ အောင်မြင်တဲ့-တေးရေး/တေးဆိုတစ်ယောက်ဖြစ်ခဲ့သလို variety showတွေမှာလည်း
အောင်ပွဲခံနေသူပါ ။ Running Manမှာတော့ တနင်္လာနေ့စုံတွဲအဖြစ် ဂျီဟိုနဲ့တွဲပြီး လူသိများပါတယ်
။ သူနဲ့ဂျီဟိုက ကင်မရာတွေ မရှိတဲ့အချိန်မှာလည်း အလွန်ရင်းနှီးကြတယ်လို့ သိရတော့ အမှန်တကယ်
စုံတွဲတွေဖြစ်နေပြီလားဆိုတာ စဉ်းစားချင်စရာပါပဲ ။ (၇၈) မှာ မွေးဖွားခဲ့တဲ့အတွက် အခုဆိုရင်
ဂယ်ရီက အသက်(၃၈)နှစ် ရှိပါပြီ ။
(၅) - ဟားဟား
အမည်ရင်းက
ဟားဒုန်ဟွန်းပါ ။ ဟားဟား ၊ ဟာရိုရိုလို့ လူသိများပါတယ် ။ ကလေးကြီးလို့လည်း အဖွဲ့ဝင်တွေက
ချစ်စနိုးခေါ်လေ့ရှိတယ် ။ (၂၀၁၂)ခုနှစ်မှာ အဆိုတော်(byul)နဲ့ အိမ်ထောင်ပြုခဲ့ပြီး သားလေး(Dream)ကို
ပိုင်ဆိုင်နေပြီဖြစ်လို့ အောင်မြင်ပျော်ရွှင်တဲ့အိမ်ထောင်ရှင်လို့ ဆိုရမှာပေါ့ ။ (၇၉)ခုနှစ်ဖွားဖြစ်တာကြောင့်
အသက်ကတော့ (၃၇)နှစ် ရှိပါပြီ ။
(၆) - ဆုန်ဂျီဟို
Running Manရဲ့တစ်ဦးတည်းသောမိန်းကလေးဆုန်ဂျီဟိုကို
မြန်မာပရိသတ်တွေကတော့ ဂျူမုံဇာတ်လမ်းတွဲမှာ ပထမဆုံး မြင်ဖူးကြမှာပါ ။ ဂျူမုံရဲ့ဇနီးအဖြစ်
သရုပ်ဆောင်ခဲ့သူလေ ။ (၁၉၈၁)မှာ မွေးဖွားခဲ့တဲ့-ဂျီဟိုက အသက်(၃၅)နှစ် ရှိပါပြီ ။ သူမကို
RM အဖွဲ့သားတွေက အူတူတူဂျီလို့ နာမည်ပြောင်ပေးထားပါတယ် ။ ဒါပေမဲ့ တကယ်တမ်းမှာတော့
Running Manရဲ့ ဆုတံဆိပ်တိုင်း လိုလိုကို ဂျီဟိုကပဲ သိမ်းပိုက်ထားတာပါ ။ ကာယဥာဏပြည့်ဝသူမို့
အမျိုးသား(၆)ယောက်ကြားမှာ ဝင့်ကြွားနိုင်နေတာ မဆန်းပါ ဘူး ။
(၇) - လီဂွမ်ဆူ
သစ်ကုလားအုတ်ဆိုတဲ့နာမည်ပြောင်ကို
ကလန်ကလားအရပ်ကြောင့် ရခဲ့သူ ။ အဖွဲ့ဝင်တွေက ရုပ်ဆိုးတယ်လို့ ရှုံ့ချနေ သလောက် ဂွမ်ဆူက
အာရှရဲ့စတားတစ်ပွင့်ဖြစ်နေပါတယ် ။ အာရှနိုင်ငံတွေဆီ Running Manအဖွဲ့လာရင် ပရိသတ်တွေက
ဂွမ်ဆူ ကို မင်းသားတစ်ပါးလို ကြိုဆိုကြလို့ သူတို့အချင်းချင်းတောင် အံ့သြယူရတဲ့အထိ
။ သစ္စာဖောက်ဂွမ်ဆူအဖြစ် လူသိများပါတယ် ။ ဘာကြောင့်လဲဆိုတော့ Running Manပြိုင်ပွဲတိုင်းလိုလိုမှာ
အဖွဲ့သားတွေဟာ သူ သစ္စာဖောက်တာကို တစ်နည်းမဟုတ်တစ်နည်း ခံရလို့ပါ ။ (၈၅)ခုနှစ်ဖွားဖြစ်တဲ့အတွက်
အသက်(၃၁)နှစ် ရှိပါပြီ ။
Variety
Showတွေကနေ ဘာတွေ အမြတ်ထွက်မလဲ
ဒါက မေးခွန်းထုတ်ရမယ့်ကိစ္စပါ
။ စာရေးသူအမြင်မှာတော့ (၁) - အစီအစဉ်ကောင်းရင်ကောင်းသလို အောင်မြင်မှုရမယ် ။ ဒီအခါ
တင်ဆက်သူတွေ၊ ထုတ်လုပ်သူတွေ၊ ပါဝင်အားဖြည့်သူတွေအတွက် ငွေကြေးက အလိုလို လိုက်လာပါလိမ့်မယ်
။ (၂) နိုင်ငံ အတွက်လည်း အကျိုးရှိပါတယ် ။ အခုဆို Running Manကိုကြည့်ရင်း တောင်ကိုရီးယားနိုင်ငံရဲ့အလှအပတွေ
၊ အစားအစာတွေ ၊ ရာဇဝင်သမိုင်းကြောင်းတွေကို စာရေးသူတို့ သိရပါပြီ ။ ရုပ်ရှင်ကရတဲ့အသိနဲ့
မတူသလို သတင်းကရတဲ့အမြင်မျိုးလည်း မဟုတ်ပါ ဘူး ။ variety showမှာ တွေ့မြင်ရပုံက ပိုပြီးနွေးထွေးမှု
ရှိပါတယ် ။ ကိုယ်တိုင် ပါဝင်နေရသလို ခံစားရစေပါတယ် ။ ဒါ့ကြောင့် လူသိများရင် များသလို
နိုင်ငံခြားသား လာရောက်လည်ပတ်နှုန်း တိုးမြင့်လာမှာပါ ။ (၃) - ပရိသတ်တွေကို နိုင်ငံတွင်းကအနုပညာ
ရှင်၊ အတတ်ပညာရှင်တွေနဲ့ မိတ်ဆက်ခွင့်ရမယ် ။ ဟုတ်ပါတယ်…စာရေးသူတို့အများစုဟာ တီဗွီမှာ
ပေါ်လာသူတချို့ကိုသာ သိကြ တာပါ ။ နယ်ပယ်အသီးသီးမှာ တကယ်အောင်မြင်နေတဲ့ ပညာရှင်တိုင်းကို
မသိနိုင်ပါဘူး ။ အထူးသဖြင့် RMမှာဆိုရင် အားကစား သမားတွေကို အမြဲလိုလို ပွဲထုတ်လေ့ရှိတယ်
။ နောက်ပြီး ပညာရှင်တွေရဲ့ဘက်စုံထူးချွန်မှုတွေကို သိမြင်ရတဲ့အတွက် ရင်းနှီးတဲ့ ခံစားချက်ကို
ဖြစ်ပေါ်စေမှာပါ ။
Running
Man ဘာ့ကြောင့် အောင်မြင်နေတာလဲ
မိန်းကလေး(၁)ယောက်
၊ ယောက်ျားလေး(၆)ယောက် ပါဝင်တဲ့ Running Manဟာ လက်ရှိမှာတော့ တောင်ကိုရီးယား နိုင်ငံရဲ့
အောင်မြင်မှုအားအကောင်းဆုံး variety Showလို့တောင် ဆိုနိုင်ပါတယ် ။ တောင်ကိုရီးယားမှာသာမက
ကမ္ဘာအရပ်ရပ်က ပရိသတ်တွေရဲ့ အားပေးမှုကို ခံယူနေရတာပါ ။
ပြောရရင် အွန်လိုင်းအောင်မြင်မှုပမာဏကတော့
သြချရလောက်အောင်ပါပဲ ။ Running Manအစီအစဉ်တွေကို ကိုရီးယား ဘာသာကနေ English ,
Spanish , French , Thai , Malay , Vietnamese , Chinese , Indonesian , Burmese(မြန်မာ)
, Arabic , Brazilian Portuguese , Russian , Turkish-စတဲ့နိုင်ငံခြားဘာသာတွေဆီ ပြန်ဆိုပေးနေတဲ့
RMပရိသတ်တွေက ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ရှိနေပါပြီ ။
အောင်မြင်တဲ့အစီအစဉ်တစ်ခုဖြစ်အောင်
ဘယ်လိုလုပ်ရမလဲ ။ ဒါက လွယ်မယောင်နဲ့ ခက်ပါတယ် ။ အဓိကကတော့ ကြိုးစားမှုကို ရင်းနှီးရတာပေါ့
။ RMမှာဆို ပါဝင်တင်ဆက်သူ(၇)ယောက်ခမျာ တကယ်ကို အပင်ပန်းခံကြပါတယ် ။ တစ်ဦးနဲ့တစ်ဦး
သာတယ်နာတယ် မတွက်ဘဲ အလုပ်အောင်မြင်ဖို့ကိုပဲ ခေါင်းထဲထည့်ထားကြဟန် တူပါရဲ့ ။ နောက်ပြီး
ရိုက်ကူးရေးဘက်မှာရော ဇာတ်ညွှန်းပိုင်းမှာပါ လစ်ဟာမှုမရှိအောင် ထုတ်လုပ်သူတွေကိုယ်တိုင်
အင်တိုက်အားတိုက်ပါဝင်တာကို တွေ့ရပါတယ် ။ ဒါတင်မက သေး…ပရိသတ်အမြင်မှာ အမြဲတမ်းသစ်ဆန်းနေစေဖို့အတွက်
နိုင်ငံတွင်းသာမက နိုင်ငံတကာအထိ ငွေကုန်ကြေးကျခံပြီး သွား ရောက်ရိုက်ကူးကြတယ် ။ ကစားနည်းတွေကိုလည်း
မရိုးအောင် ၊ အစီအစဉ်ပုံစံကိုလည်း မထပ်အောင် ကြိုးစားစီမံထားတာကို တွေ့ရပါတယ် ။
နောက်ဆုံးတစ်ခုကတော့
ကိုရီးယားနိုင်ငံရဲ့ကြော်ငြာတန်ခိုးလို့ ဆိုရမလားပဲ ။ နိုင်ငံတကာမှာလည်း running
manလို အစီအစဉ်မျိုးတွေ ရိုက်ကူးထုတ်လွှင့်နေပေမဲ့ ကိုရီးယားRMရဲ့ကျော်ကြားမှုကို လိုက်မမီပါဘူး
။ အစီအစဉ် စနစ်ကျပြီး ကောင်းမွန် တာကြောင့်ဆိုပေမဲ့ ပျံ့နှံ့အောင်၊ လူသိများအောင်၊
စိတ်ဝင်စားမှုရှိအောင် လုပ်တတ်ဖို့လည်း အရေးကြီးပါတယ် ။ တောင်ကိုရီးယား နိုင်ငံရဲ့
နိုင်ငံတကာဆီ ပျံ့နှံ့အောင် လုပ်ဆောင်နိုင်စွမ်းက အားကျချီးကျူးဖွယ်ရာပါ ။ ခြုံငုံပြောရရင်
စီမံခန့်ခွဲမှု တော်ပြီး ပါဝင်သူ တွေအားလုံးရဲ့ကြိုးစားအားထုတ်မှုကြောင့်ရော ၊ စိတ်ရှည်ဇွဲသန်မှုကြောင့်ပါ
အောင်မြင်ကျော်ကြားနေတာလို့ ထင်ပါတယ် ။
တောင်ကိုရီးယားနိုင်ငံဟာ
အနုပညာသာမက ကဏ္ဍအဖုံဖုံမှာ ဘာ့ကြောင့် အောင်မြင်နေတာလဲ၊ ဘယ်လောက်အောင်မြင် နေသလဲဆိုတာကို
အတုယူအားကျနိုင်စေဖို့ တင်ပြလိုက်ရပါတယ် ။ Don’t Walk, Run! လမ်းလျှောက်မနေပါနဲ့ …
ပြေးရမယ့်အချိန် ရောက်ပါပြီ ။
Ref : RM members Info
9
Facts you never knew about the Running Man members
Running
Man(TV series) wiki
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
www.facebook.com/writer.GONK တွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။