မိုးသောက်ချိန်
ငါ့မျှော်လင့်ချက်…
စာတစ်ကွက်ပဲဖြစ်ဖြစ်
မဂ္ဂဇင်းစာရွက်ထက်မှာ
အရွေးအချယ်ခံခဲ့ရရင်
ဆန္ဒပြည့်ဝ ဝမ်းမြောက်လှပါပြီ ။
ငါ့ဘဝအိပ်မက်…
တစ်နေ့နေ့မှာ ဖြစ်လာနိုးနိုး
မျှော်ကိုးစိတ်ရည်သန်လို့
ကြိုးစားခဲ့တာတွေဟာ
အရာထင်လာတော့မှာပါ ။
ငါ တောင့်တတဲ့အရာ…
စာရေးဆရာဆိုတဲ့ ဂုဏ်ပုဒ်
ငါ့လုံ့လဝီရိယနဲ့ ပေါင်းထုပ်လို့
သုံးနှုန်းခွင့်ရတဲ့နေ့ဟာ
ငါ့ ဘဝ နဲ့ ဆန္ဒ
တစ်ထပ်တည်း ကျတဲ့နေ့ ။ ။