
ကိုယ့်ကိုယ်ကို အားပေးခြင်း
တစ်ခါတလေလည်း
ကံဇာတ်ဆရာရဲ့လှည့်ကွက်ဝှက်လုံးတွေကြား
ပြင်းထန်တဲ့ ကယက်ထမှုတွေအောက်မှာ
စိတ်ဓာတ်တွေ ပျက်ပြား ၊
အိပ်မက်တွေ ဝေဝါးသွားတတ်တယ် ။
အဲဒီအချိန်ကျ…
ငါ့နံဘေးမှာ...
ဆွဲကူစရာဆိုလို့ ကောက်ရိုးတစ်မျှင် မဆိုထားနဲ့ ၊
အပ်ချည်တစ်ကြိုးတောင် မတွေ့ရဘူးရယ် ။
အထီးကျန်မှု ဝမ်းနည်းမှုတွေက
ငါ့ကို
နင်းသတ်သွားတော့မယ် ။
ဒီအချိန်မှာပဲ ငါ သတိရမိတယ်...
ဒီအချိန်မှာပဲ ငါ ရေရွတ်မိတယ်...
" ငါ့အတွက် ငါ ရှိတယ် "
" ငါ့ကိုယ်ငါ အားကိုးရမယ် "
ငါ တစ်ကိုယ်တည်း ညည်းဆိုရင်း...
ဂါဦးနွန်းကို … ဖိုက်တင်း
။ ။
(Gar Oo Noon Ko....5ting ။ ။)