မိန်းမတို့ ကျိန်စာ
‘ရင်မှာ သိုဝှက်
သိမ်းဆည်းအပ်’…တဲ့
မိန်းမသားအချစ်
ဖွင့်မပြောသင့်ဟု
ဘယ်သူကများ
တားခဲ့သလဲ ။
သူ့အပေါ်ချစ်စိတ်
ယိုစီးဖိတ်လို့
ပင်လယ်ပြင်သို့
မုန်တိုင်းထန်လည်း
သူ ဖွင့်ဟချိန်
စောင့်ရမြဲ …။
ချစ်စကားဖွဲ့ဆို
ထိုမိန်းမကို
နီးနားဝန်းပြင်
ကဲ့ရဲ့ကြဉ်သမို့
ပတ်ဝန်းကျင်ငဲ့
မိန်းမကောင်းဘွဲ့ဆင့်
ကျွန်မတို့ ကျိန်စာသင့်ခဲ့ပြီ ။ ။