အရူးတစ်ယောက်လို ၊
မင်းရှေ့မှာ ဒူးထောက် ၊
ဖူးမြှောက်ရိုကျိုးစွာ ၊
ဖူးမြှောက်ရိုကျိုးစွာ ၊
ပူဇော်ပါသော်လည်း ၊
လှည့်ကြည့်ကူဖော် မရ ၊
လှည့်ကြည့်ကူဖော် မရ ၊
ဒီဘဝ …
ငါ့အသည်းလည်း ၊ ဟက်တက်ကွဲ
....
အစကတည်းက မှားယွင်း ၊
ငါ ထင်ခဲ့တာ မင်းက ဒေဝါမင်း ၊
ရှေ့တော်မှောက် ဝပ်ဆင်းခယ ၊
ငါ့ဘဝငါကိုယ်တိုင် ဆက်သ ၊
ခုမှ သိလိုက်ရတာ မင်းက ၊
တန်ခိုးပါဝါ အစိုးရ ဘီလူးယက္ခ ...
ဂါဦးနွန်းကို
Gar Oo Noon Ko
finished : 9:15 AM / 23.11.2013
( 14/2/2015 Valentine Dayက ကန်တော်ကြီးဝင်းထဲမှာ ကျင်းပတဲ့ Pen Myanmarပွဲမှာ ရွတ်ဆိုဖြစ်ခဲ့တဲ့ ကဗျာ )