Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

Tuesday, November 29, 2016

တောင်းဆု… ( ကဗျာ )



တောင်းဆု…



ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ…



ဤကမ္ဘာမှာ စစ်မဖြစ်စေဖို့

ကျွန်ုပ် ဆုတောင်းပါရစေ ။



ဤကမ္ဘာမြေ ငြိမ်းချမ်းစေဖို့

ကျွန်ုပ် ဆုတောင်းပါရစေ ။



ဤကမ္ဘာမှာ ထေရဝါဒဗုဒ္ဓသာသနာ

ထွန်းကားတည်တံ့စေဖို့

ကျွန်ုပ် ဆုတောင်းပါရစေ ။



ဤကမ္ဘာမှာ တစ်ဦးနဲ့တစ်ဦး

မေတ္တာတရား ထားရှိစေဖို့

ကျွန်ုပ် ဆုတောင်းပါရစေ ။



ဤကမ္ဘာမှာ တစ်ဦးနဲ့တစ်ဦး

ငဲ့ညှာသနားတတ်စေဖို့

ကျွန်ုပ် ဆုတောင်းပါရစေ ။



ဤကမ္ဘာမှာ သတ္တဝါတွေကို

စာနာညှာတာတတ်စေဖို့

ကျွန်ုပ် ဆုတောင်းပါရစေ ။



ဤကမ္ဘာမှာ ဝေဒနာအသစ်တွေ

ထပ်မံမဖြစ်ပွားနိုင်စေဖို့

ကျွန်ုပ် ဆုတောင်းပါရစေ ။



ဤကမ္ဘာမှာ အစာအာဟာရ

ပေါများကြွယ်ဝစေဖို့

ကျွန်ုပ် ဆုတောင်းပါရစေ ။



ဤကမ္ဘာမှာ ထာဝရ

ငြိမ်းချမ်းသာယာ

ပျော်ရွှင်အေးမြစေဖို့

ကျွန်ုပ် တောင်းဆုခြွေ ။



ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ ။




                                                                                                                               ဂါဦးနွန်းကို

( ဘီးလင်း - ကင်းရွာမှာ ရွတ်ဆိုဖြစ်ခဲ့တဲ့ ကဗျာ )