အဖြူရောင်
~~~~~~~~~~~~~~~
ငါ ....
အရင်က အရောင် အများကြီးပြောင်းခဲ့ဖူးတယ် ။
ပတ်ဝန်းကျင်ကယက် ရိုက်ခတ်မှုကြောင့်
အဝါ ၊ အနီ ၊ အပြာ ၊ အစိမ်း...
အရောင်အမျိုးမျိုးဆီ ယိမ်းခဲ့ဖူးတယ် ။
အဖြူဖြစ်တဲ့ငါက
အရောင်အမျိုးမျိုး စိတ်လိုရာဆိုးခဲ့ဖူးတယ် ။
ကိုယ်ပိုင်ကာလာ အဖြူရောင်အပေါ်
ယုံကြည်မှုလျော့ရဲလွန်းလို့ ...
ဟိုလူညွှန် ၊ ဒီလူပြောစကားကြား
အရောင်တွေ ထွေပြားခဲ့ဖူးတယ် ။
ဒေါင်းယောင်ဆောင်သော ကျီးဖြစ်ဖြစ်
ကျီးယောင်ဆောင်သော ဒေါင်းဖြစ်ဖြစ်
ဘယ်ဟာမှ အမှန်တရားလောက်
အစစ် မဟုတ်ဘူး ။ အတုသက်သက်ပါပဲ ။
ဖြူပါစေ...ဖွေးပါစေ...အစွန်းထင်း မခံပါစေ...
အနီရောင်မဟုတ်ရင် မရဲရင့်ဘူး ၊
အစိမ်းရောင်မဟုတ်ရင် မလတ်ဆတ်ဘူး ၊
အဝါရောင်မဟုတ်ရင် မထွန်းတောက်ဘူး ၊
ပန်းရောင်မဟုတ်ရင် မနုညံ့ဘူး ၊
အပြာရောင်မဟုတ်ရင် မသစ်လွင်ဘူး ၊
အမည်းရောင်မဟုတ်ရင် မထင်ရှားဘူးလို့
ဘယ်သူတွေကပဲ ပြောကြပါစေ...
ငါ ခိုင်မြဲစွာ ဆုံးဖြတ်လိုက်ပါပြီ ။
ငါ ယုံကြည်စွာ လက်ခံလိုက်ပါပြီ ။
အဖြူသည် ကမ္ဘာပေါ်မှာ အလှပဆုံး ...
ဂါဦးနွန်းကို
အရင်က အရောင် အများကြီးပြောင်းခဲ့ဖူးတယ် ။
ပတ်ဝန်းကျင်ကယက် ရိုက်ခတ်မှုကြောင့်
အဝါ ၊ အနီ ၊ အပြာ ၊ အစိမ်း...
အရောင်အမျိုးမျိုးဆီ ယိမ်းခဲ့ဖူးတယ် ။
အဖြူဖြစ်တဲ့ငါက
အရောင်အမျိုးမျိုး စိတ်လိုရာဆိုးခဲ့ဖူးတယ် ။
ကိုယ်ပိုင်ကာလာ အဖြူရောင်အပေါ်
ယုံကြည်မှုလျော့ရဲလွန်းလို့ ...
ဟိုလူညွှန် ၊ ဒီလူပြောစကားကြား
အရောင်တွေ ထွေပြားခဲ့ဖူးတယ် ။
ဒေါင်းယောင်ဆောင်သော ကျီးဖြစ်ဖြစ်
ကျီးယောင်ဆောင်သော ဒေါင်းဖြစ်ဖြစ်
ဘယ်ဟာမှ အမှန်တရားလောက်
အစစ် မဟုတ်ဘူး ။ အတုသက်သက်ပါပဲ ။
ဖြူပါစေ...ဖွေးပါစေ...အစွန်းထင်း မခံပါစေ...
အနီရောင်မဟုတ်ရင် မရဲရင့်ဘူး ၊
အစိမ်းရောင်မဟုတ်ရင် မလတ်ဆတ်ဘူး ၊
အဝါရောင်မဟုတ်ရင် မထွန်းတောက်ဘူး ၊
ပန်းရောင်မဟုတ်ရင် မနုညံ့ဘူး ၊
အပြာရောင်မဟုတ်ရင် မသစ်လွင်ဘူး ၊
အမည်းရောင်မဟုတ်ရင် မထင်ရှားဘူးလို့
ဘယ်သူတွေကပဲ ပြောကြပါစေ...
ငါ ခိုင်မြဲစွာ ဆုံးဖြတ်လိုက်ပါပြီ ။
ငါ ယုံကြည်စွာ လက်ခံလိုက်ပါပြီ ။
အဖြူသည် ကမ္ဘာပေါ်မှာ အလှပဆုံး ...
ဂါဦးနွန်းကို
( မော်လမြိုင်-စာပေပွဲမှာ ရွတ်ဆိုဖြစ်ခဲ့တဲ့ ကဗျာ )