အို...ယောဂီ
သွားခါစက
ရည်ရွယ်ကြံ
မြတ်မဂ်ဖိုလ်နိဗ္ဗာန်
ဟိုကိုရောက်တော့
သီလတောင်း
ယောဂီဘဝသို့
ကူးကာပြောင်း ။
မှတ်ရှုပွားများ
အမြဲအစဉ်
ဖြစ်၊ပျက်
ရုပ်နာမ်ပင်
မှတ်ရင်းရှုရင်း
ဝေဒနာတိုး
ယောဂီ စိတ်တွေ
ဆိုး ။
ခါးညောင်းလွန်းလို့
ကျောမှီရှာ
ကျွန်မ ယောဂီပါ
တရားထိုင်ရင်း
အိပ်တွေ ငိုက်
ဟိုဟိုဒီဒီ
တိုက် ။
ယောဂီတို့၏ရတနာ
(၈)ပါး မြတ်သီလာ
(၁၂)နာရီ
မကျော်မီလေး
နေ့ဆွမ်း
အမြန်လွေး ။
မဆောက်စဖူးမို့
ပင်ပန်းသည်
ညဘက် ကတုန်ကရီ
ထန်းညက်ခဲလေး
မြိုကာချ
ဗိုက်က တကယ်မဝ
။
ယောဂီအလုပ်
အဓိကဟာ
ဘာပဲလုပ်လုပ်
သတိကပ်ပါ
တစ်နေကုန်
ထိုင်ကာ ရှု
ကိုယ့်ရဲ့ရုပ်နာမ်
ဖြစ်ပျက်မှု ။
ကြားလိုက်ရင်တော့
လွယ်သယောင်ထင်
လုပ်ကြည့်မှပဲ
ခက်မှန်းမြင်
စက္ကန့်မလပ်
ပြေးပြေးလွှား
စိတ်ဆိုတဲ့
သကောင့်သား ။
ကိလေသာထဲ
ခေါင်းစိုက်ချင်
သကောင့်သားကြောင့်
ကံမမွဲခင်
ကြိုးစားကာ
လုံ့လထုတ်
စိတ်ကို ငြိမ်အောင်လုပ်
။
ရှုမှတ်သော်လည်း
မတတ်သာ
သမာဓိက မခိုင်မာ
ကြာတော့ကွယ်
ရှာကြံကြောက်
ရည်ရွယ်ချက်တွေ
ဖယ်ခွာပျောက် ။
စိတ်မပျက်နဲ့…တို့
ယောဂီ
ပန်းတိုင်
နီးလုပြီ
မှတ်ဖန်များရင်
တရားတွေ့
နိဗ္ဗာန်သောင်ကမ်း…အို…တကွေ့…။
ဂါဦးနွန်းကို
( ရွှေဘို - ဆိတ်ခွန် - ဘိုတဲကုန်း(PEN Myanmar စာပေပွဲ)မှာ ရွတ်ဆိုဖြစ်ခဲ့တဲ့ကဗျာ )